Friday, May 22, 2009

တွေးမိတာလေးတွေ…………

တွေးမိတာလေးတွေ…………

မြို့တော်ကြီးမှ ယာဉ်စီးသူများ

ယာဉ်စီးတဲ့သူတွေအကြောင်းမပြောခင် မြို့တော်ကြီးအကြောင်းနဲနဲအရင်ပြောချင်ပါတယ်
အခုကျွန်တော်ရောက်ရှိနေထိုင်နေတာက
ကျွန်တော်တို့တတိယနိုင်ငံတွေထဲမှာဆိုရင်တော့ ခေတ်မှီ ဖွံ့ဖြိုးတိုးတက်ပြီးသားလို့ပြောရင်ရတဲ့
မြို့တော် ဘန်ကောက်ပါပဲ

ပြောချင်တာကတော့မြို့တော်ကြီးမှာနေထိုင်ကြတဲ့လူတန်းစားတွေအကြောင်းပါ
ဟုတ်ကဲ့ စကားမကျန်အောင်ပြောရရင်
လူတန်းစားဆိုတဲ့ စကားလုံးကိုလဲ ကျွန်တော်မုန်းပါတယ်
ထားပါတော့

မြို့တော့ကြီးမှာ လူတန်းစားအများကြီးရှိပါတယ်
ဒါပေမယ့် ဒီမှာတော့ ခေါင်းစဉ်နဲ့ဆိုင်တာလေးတွေပဲပြောပါ့မယ်

ပထမဆုံးပြောချင်တာက
မြို့တော်ကြီးက ရထားစီးသူများပါ
အဓိက ကတော့ နှစ်မျိုးရှိပါတယ်
ကဒ်ပြားသုံးပြီးစီးသူများနဲ့ အကြွေစေ့သုံးပြီးစီးသူများပါ
(အမြင်မတူတာတွေ ရှိနိုင်ပါတယ် ကျွန်တော်ကတော့ မြင်သလိုနဲ့ ပြောတတ်သလိုပဲပြောပါမယ်။ ကျေနပ်စွာ သဘောထားကွဲလွဲခွင့် ရှိပါတယ်၊ လူ့အခွင့်အရေး ဆိုတဲ့စကားလုံးကို နားလည်အောင်လေ့လာနေပါတယ်)
စကားပြန်ကောက်ရရင် ရထားစီးသူများမှာမှ
တချို့က လပေးကဒ်နဲ့စီးပါတယ် အဲဒီလူတွေကိုကျွန်တော်က ကဒ်ပြားနဲ့စီးသူများလို့ခေါ်တာပါ
လပေး ကဒ်မှာမှ နှစ်မျိုးရှိပါသေးတယ်
အကြိမ်အရေအတွက်နဲ့စီးတာနဲ့ ခရီးအကွာအဝေးနဲ့စီးတာပါ
နားရှုပ်သွားလား
ဒီလိုလေ
ပထမ တမျိုးက ဘယ်လောက်ဝေးဝေး စီးစီး သတ်မှတ်ထားတဲ့အတိုင်းပဲဖြတ်တယ်
၂၀ ၊ ၂၅ ဘတ် စသဖြင့်ပေါ့
ဒုတိယ တစ်မျိုးကတော့ ခရီးအကွာအဝေးပေါ်မူတည်ပြီးမှ ဖြတ်တာလေ
ဘယ်နှစ်မှတ်တိုင်ကို ဘယ်လောက် စသဖြင့်ပေါ့

နောက်တမျိုးက အကြွေစေ့ သုံးပြီးစီးသူများပါ
ခရီးအကွာအဝေး အလိုက် အကြွေစေ့လဲ ပြီးကဒ်ပြားဝယ်စီးတာပါ

စကားမစပ် အခုပြောနေတာ မိုးပျံရထား အကြောင်းပါ
ကျွန်တော်နေ့တိုင်း အလုပ် အသွားအပြန်စီးရပါတယ်
တခြားအနေနဲ့ မြေအောက်ရထား နဲ့ ပုံမှန်မြေပေါ်မှာတင်သွားတဲ့ရထား (ကျွန်တော်တို့ဆီမှာတော့ မြို့ပတ်ရထားလိုဟာပေါ့) နှစ်မျိုး ရှိပါသေးတယ်
ကျွန်တော်ကတော့ နေ့စဉ်ထိတွေ့နေရတဲ့ မိုးပျံရထားအကြောင်းပဲပြောမှာပါ

နေ့စဉ်ရုံးတက်ရုံးဆင်းချိန်ဆိုရင် ရထားကလူအရမ်းကြပ်ပါတယ်
ကျွန်တော်တို့ဆီက ဘတ်စ်ကားနဲ့နင်လားငါလားပါပဲ
လေအေးပေးစက်ဖွင့်တာနဲ့ မဖွင့်တာပဲကွာပါတယ်
အခုဒီစာရေးဖြစ်တာကလဲ ဒီနေ့ရထားပေါ်မှာတွေ့ခဲ့ရတဲ့လူတွေကြောင့်ပါ
နိဒါန်းကချီရင်းနဲ့များသွားတာ

ခန္ဓာကိုယ်မှာ အပေါက်ဖောက်ကြသူများ


ကောင်လေးတစ်ယောက်ကဆိုရင်နားမှာ နားကွင်းတတ်ထားပါတယ်
ဟုတ်ကဲ့ ပုံမှန်ဆိုရင်တော့ ဒီခေတ်ကြီးထဲမှာနားဖောက်တာဘာမှမထူးဆန်းပါဘူး
စကားလုပ်ပြောနေတဲ့ကျွန်တော်ကမှ ထူးဆန်းနေနိုင်ပါသေးတယ်
(ဘာကြောင်တာလဲပေါ့နော်)
ဒါပေမယ့် အဲဒီကောင်လေးက သူ့ရဲ့နားသံသီးမှာအကွင်းအကြီးကြီးတတ်ထားတာပါ
၅ ဘတ်စေ့လောက်ရှိတဲ့ ကွင်းအကြီးကိုဖောက်ပြီးတတ်ထားတာပါ
(၅ ဘတ်စေ့ မမြင်ဘူးသူများအတွက် မှန်းရလွယ်အောင် ၅မူးစေ့ကိုမြင်ယောင်ကြည့်နိုင်ပါတယ်)
သူ့နားက ကွင်းကြီးနဲ့ ဘေးသားနဲနဲပဲကျန်တော့တယ်လေ
နှစ်ဘက်စလုံးပါ ကြည့်ရတာအသည်းယားလိုက်တာ
နောက်ကောင်မလေးတစ်ယောက်ကကျတော့ နားမှာဖောက်ထားတာ
လေးပေါက်ပါ (ကျွန်တော့်မှာလဲ လေးပေါက်ဖောက်ထားတဲ့အစ်မတစ်ယောက်ရှိဖူးပါတယ်)
သူတို့ဘယ်လိုစိတ်ကူးနဲ့ ဒီလောက်အပေါက်တွေအများကြီးဖောက်ကြတယ်ဆိုတာမစဉ်းစားတတ်ပါဘူး
အင်းလေ အမှန်ကကျွန်တော်ကိုယ်တိုင်ကဘယ်လိုစိတ်ကူးနဲ့ဒီစာကိုရေးနေသလဲဆိုတာ
အရင်စဉ်းစားရမယ်ထင်တယ်
သီချင်းတစ်ပုဒ်ထဲမှာတော့ နားပေါက်တစ်ပေါက်ဟာ အသည်းတစ်ခါကွဲဖူးခြင်းကိုကိုယ်စားပြုတယ်လို့တော့ဖတ်ဖူးတာပဲလေ
အဓိကပြောချင်တာက ကျွန်တောတို့်ရဲ့ Y2K Generation လို့ခေါ်တဲ့
တချို့ကလဲ Me Generation လို့ခေါ်တဲ့ မျိုးဆက်မှာဘာတွေဖြစ်ကုန်ပြီလဲလို့တွေးမိတာပါ
ကျွန်တော်လဲ လူငယ်တစ်ယောက်ပါပဲ (အသက်အပိုင်းအခြားအရတွက်ရင်ပြောတာပါ)
ဒါပေမယ့် ခံစားလို့မရဘူးဗျ

ဆေးမှင်ကြောင် လို့ခေါ်တဲ့ Tattoo


ဒါကိုတွေးမိတာကလဲ ဘေးနားကလူတစ်ယောက်ကြောင့်ပါ
သူ့လက်မှာရေးထားတာက BELIEVE IN MYSELF ပါ
ဒါပေမယ့် ဆေးမှင်ကြောင်ဆရာရဲ့ကောင်းမှုကြောင့် BELLEVE IN MYSELF ဖြစ်နေပါတယ် သူ့ကိုယ်သူလဲသိပုံမပေါ်ပါဘူး
လူတွေအမျိုးမျိုးကအတွေးတွေ အမျိုးမျိုးနဲ့ Tattoo ထိုးကြပါတယ်
ရုပ်ရှင်တွေထဲမှာဆိုလဲ မင်းသားတွေထိုးထားရင်မိုက်မိုက်ကန်းကန်းပုံစံနဲ့ကြည့်ကောင်းပြီး
မင်းသမီးထိုးထားရင်လဲ လိင်ဆွဲဆောင်မှုအလွန်ရှိပါတယ် နေရာကိုမူတည်ပြီးတော့ပေါ့လေ
ကျွန်တော်လဲ တခါတခါ Tattoo ထိုးဖို့စဉ်းစားကြည့်ပါတယ်
နာမှာကြောက်တာရယ် ပြန်ဖျက်လို့မရနိုင်တာရယ်ကိုတွေးပြီး မထိုးဖြစ်ပါဘူး
သူငယ်ချင်းတစ်ယောက်ကတော့ပြောတယ် ထိုးတယ်ဆိုတာ
တစ်ဘ၀လုံးနဲ့ဆိုင်တဲ့ ကတိက၀တ် တစ်ခုပဲတဲ့
(သူက English လို Commitment ဆိုတဲ့စကားလုံးသုံးသွားပါတယ်)
နောက်တစ်ခါ အရက်မူးမှသွားထိုးအုံးမယ်လေ

ပိတ်ဆို့တတ်သူများ


ဒီမြို့တော်ကြီးကိုရောက်မှ ကျွန်တော် စ ရင်းနှီးရတဲ့ လူတန်းစားတစ်ရပ်ပါ
ဒီလိုပြောရတာက ကျွန်တော် အရင်နေခဲ့တဲ့မြို့ကြီးမှာ ဒီလိုလူမျိုးတွေသိပ်မတွေ့ဖူးလို့ပါ
မရှိလို့တော့မဖြစ်နိုင်ဘူး နဲတာဖြစ်ပါလိမ့်မယ်
သူတို့တွေက ရထားစီးဖို့တက်ရတဲ့ စက်လှေခါးမှာပိတ်တတ်သလို
ရထားဝင်ပေါက်မှာလဲပိတ်တတ်ပြန်ပါတယ်
အဲဒီလိုလူတွေကိုပဲ ကုန်တိုက်ကြီးတွေမှာတွေ့ရပြန်တဲ့အခါ
ပိတ်ဆို့ခြင်းကိုပဲ ဒီနိုင်ငံရဲ့ယဉ်ကျေးမှု တစ်ခုများလားလို့
ဝင်ဝင်လာတဲ့အတွေးကို တော်တော်မောင်းထုတ်ရပြန်ပါတယ်

A Chen
07:45 pm
9th January 2009
Starbucks coffee shop
Phaya Thai
Bangkok

18 comments:

  1. မရောက်ဘူးတော့မပြောတတ်တော့ဘူး..။
    တစ်ခုတော့ရှိတယ်... ကျွန်တော်တို့ စီမှာတော့ယဉ်ကျေးမှုတစ်ခုရှိတယ်..။ ကျွန်တော် ကျောင်းသွားနေကျ metro ဆိုရင် လူဘယ်လောက်ကြပ်ကြပ်..ကိုယ်
    အပေါက်ဝရောက်နေရင် နောက်လူဝင်ဖို့ ...ဆင်းသူဆင်းနိုင်ဖို့ ခဏထွက် ပေးပါတယ် ပိတ်နေတဲ့သူက...။ နောက်တစ်ခု ထိုင်ခုံတွေမှာရေးထားတယ်. သက်
    ကြီးရွယ်အို များနဲ့ မိန်း မများအတွက်တဲ့...။လူချောင်ရင်တော့ယောကျာင်္းတွေ လည်းထိုင်ပါတယ်..။ ဒါပေမယ့် တကယ်သက်ကြီးရွယ်အိုနဲ့ .. အမျိုးသမီးကြိး တွေ လာရင်ထပေးတတ်ကြတယ်...။ ဒါကျွန်တော်လေးစား တဲ့ဒီနိုင်ငံရဲ့အပြုအမု ပါ...။ ဘာရယ်မဟုတ် ဘူး
    ကြုံတုန်းလေး အတွေ့ အကြုံဖလယ်တာပေါ့ဗျာ...။

    ReplyDelete
  2. This comment has been removed by the author.

    ReplyDelete
  3. အဲ့တာတွေ က ဒီမှာလဲ ရှိတယ် ငယ်ရဲ့
    တီပြောချင်တာ က စည်းကမ်း က စည်းကမ်းပါ
    လိုက်နာတဲ့လူတွေရဲ့တန်ဖိုးကသာ ပိုအဓိက ကျတယ်ဟုတ်
    ဒီမှာ ဆို အဲ့ဒီ မိုးပျံရထား အထွက်ပေါက်ဝအတွက် စည်းအ၀ါနဲ့တောင် သပ်သပ်တားထားတာ ထွက်တဲ့လူတွေကို ဦးစားပေးဖို့ လေ
    အင်း....................ဒါပေမယ့်လဲ
    ပိတ်မြဲပိတ်ဆဲပါပဲကွယ်
    အဲ့တော့ တီကလဲ တိုက်ပစ်လိုက်တယ်လေ ခိခိခိ
    ရွှေတွေပဲဟာနော်
    စတာပါအေ ကျမ က ကြောက်တတ်တယ်တော့

    ReplyDelete
  4. အဲဒီနားပေါက်ကျယ်ကြီးတွေပေါ့ .. မြင်ရတာ စိတ်ထဲတမျိုးကြီးပဲ .. ကြောက်တယ် .. အဲလောက်ကြီးလုပ်ထားတာ လှတယ်များထင်နေလားမသိဘူး .. ကြက်သီးထလိုက်တာ ..း(

    မိုးခါး

    ReplyDelete
  5. နားပေါက်ကို အဲ့တာတွေ ဝတ်တာ ကြောက်တယ်၊

    ပိတ်တာတော့ စင်္ကာပူမှာလဲ ဒီလိုပဲ၊ စိတ်တိုအောင်ကို တိုးကျိပ်ထွက်ရတာ၊ ပိုတိုလာရင် အော်ပစ်လိုက်တယ်၊ ဒီမှာတော့ လူတွေက အသိစိတ်ဓာတ်ပိုရှိသလိုပဲ၊ တကယ်ဆို အရှေ့ဘက်က ပိုယဉ်ကျေးတယ်လို ပြောကြတာနော်..

    ReplyDelete
  6. ချင်းလူမျိုးတွေ ရဲ့ယဉ်ကျေးမှုကို အားကျတယ်ထင်ပါရဲ့။ နားပေါက်ကိုပြောပါတယ်။ ချင်းတွေက အဲလိုလုပ်တယ်လေ။ ပြီးတော့ နားတောင်းအကြီးကြီးတွေ ၀တ်တယ်။ သူတို့ကတော့ရိုးရာလေ..။ ဒါကို အားကျလို့နေမှာပေါ့။
း)
    သူများကတော့ ကြောက်တယ်။ အဲဒါမျိုးတွေကို...။

    ReplyDelete
  7. တီရေ.. ဒိနေ့မနက်ပဲ တိုက်တိုက်ဆိုင်ဆိုင် ရထားပျက်လို့ လူကျပ်ပီးးး ရုံးနောက်ကျ မှ
    တီက ရထားတဲ့။
    ပိတ်ဆို့တတ်သူများကတော့ နေရာတကာ ရှိလားမသိ။ သူတို့ကတော့ ရှေ့ကနေ သူတပါးကို ပိတ်ဖနမိတာ သိပုံတောင် မပေါ်။
    တက်တူးတော့ ထိုးချင်သားဗျ။ နား၊ နှာခေါင်း၊ မျက်ခုံး၊ အါးစပ် ဘယ်နားမှာပဲ piearcing တွေ တပ်ထားထားဗျာ၊ (မိန်းခလေးတွေ နားကပ် ပန်တာကလွဲရင်) ကြည့် မတတ်ပါ။ ခောတ် နောက်ကျတယ် ပြောပြောဗျို့။

    ReplyDelete
  8. ရထားစီးရင်တော့ ကြုံရတာပဲ ဒီမှာလဲ။ နောက်လူတမျိုးက ခြေထောက်ချိတ်ထိုင်ကြတာ။ မထိုင်နဲ့ မပြောပါဘူး ပိပိရိရိထိုင်ပေါ့ ခုတော့ စတိုင်ပေးပြီး ခြေထောက်ကြီးလေထဲမြောက်ချိတ် ထားတတ်တဲ့လူတွေကလည်း ရှိသေးတယ် တီရေ။ ရပ်တဲ့လူတွေကိုမှ အားမနာ...
    အပေါကတွေကိုတော့ ကြောက်လို့မပြောတောဘူး။
    ဆေးမှင်ကြောင်ကတော့ စိတ်ရူးပေါက်ရင် ကပ်ခွာလေးဝယ်ကပ်လိုက်ပေါ့း) မထိုးပါနဲ့ ကောင်းဘူး။

    ReplyDelete
  9. နားပေါက်ဆိုရင် ၆ ပေါက်လောက်နဲ့လူမှ ရွေးကြိုက်ထားတာ.. ငှဲငှဲ.. ကိုယ်တိုင်တော့မဖောက်ဘူး.. နာလို့..

    တက်တူးကတော့ တစ်နေ့နေ့မှာ ထိုးဖြစ်အောင်ထိုးဦးမယ်.. ထိုးတတ်တဲ့လူနဲ့မှ တွဲနေတာကွ.. နောက် တငှဲ..

    ပိတ်ဆို့သူတွေကတော့ နားရင်းသာပိတ်ရိုက်လိုက်တော့ပေါ့..

    ReplyDelete
  10. ဒနည ရေ အဲ့ဒီနားပေါက် ၆ ပေါက် က အသည်း ၆ ခါကွဲဖူးတာ ကို ကိုယ်စားပြုလားမေးကြည့်ပါလား
    တငှဲ
    တီလဲ ထိုးမယ် တက်တူးကို တင်ပဆုံနားမှာ
    assex here လို့ ခိခိ
    အကိုကာလသားတွေ ရင်ခုန်အောင် ခိခိ
    နောက်တငှဲ
    ပြီးရင် ဘောင်းဘီ ချက်ပြုတ်ဝတ်မယ် ခိခိ
    ပြီးရင် ဖင်ပေါ်အောင်ခဏခဏ ထိုင်ပြမယ်
    နောက်တငှဲ ငှဲငှဲ ငှဲ..............

    ReplyDelete
  11. တီတီ..ဖတ်သွားတယ်..
    တီတီ့ရေးပုံရေးနည်းလေး ပြောင်းထားတယ်နော်.. =)

    ReplyDelete
  12. အင်းဟုတ်တယ်
    ဏီဏီ
    တီဒါရေးထားတာ ကြာလှပြီလေ
    ရှင်က ရေးတဲ့အချိန် မှမကြည့်တာ
    တီ စာ စရေးကာစ က ရေးထားတာလေးလေ
    အဟောင်းပေါ့အေ
    ပြန်တင်ထားတာ
    ပုံလေးတွေနဲ့
    အရင်ဘလောခ်တင်ကာစ က တင်ဖူးတယ် ဘယ်သူမှမဖတ်ဘူး ခိခိ
    ဘာလဲအရေးအသားက ယောက်ျားဆန်နေတယ် ပြောမလို့လား
    ခိခိ
    ကျတောက ယောက်ျားပါခင်ဗျာ
    ဗျာ ဗျာ ဗျ
    ဟာဟာဟ

    ReplyDelete
  13. T chan,
    I usually wear 2 ear rings. The frist hole was done when my first love said that I am not "a gentleman". The second one was done when my professor said he doesn't hope so much from such outfit-crazy-guy (me). I just want to show that our appearance is not important and just deal with inside.
    I wanna put fire flame tatto on my arm. But my career is kinda not suitable for such stuffs. Whenever I wander Khao San Road, I usually get the idea of tatto but like you, I am not dare to do it. Wishing, i gonna do it one day.
    Glacier

    ReplyDelete
  14. ကိုရေခဲရေ
    ရှင့်မလဲနော်
    တော်တော်အရွဲ့တိုက်တတ်ပါ့လား
    ဖုန်းဆက်လေ တီ့ ကို
    တက်တူး
    တူတူသွားထိုးမယ်
    မနက်ဖြန်တောင် ခေါက်ဆန် နားက သူခိုးဈေးသွားမလို့
    လာမလား

    ReplyDelete
  15. တို့လဲ နားမှာ လေးပေါက်.. နှစ်ပေါက်က မိဘနဲ့ ရည်းစားနဲ့ ဝတ်ခိုင်းတာ ဝတ်ရလို့ ကိုယ်ဝတ်ချင်တာလဲ ဝတ်လို့ရအောင် လေးပေါက်..

    Tattoo ထိုးချင်တယ်၊ သတ္တိမရှိဘူး၊ အသတ်ခံရမယ်လို့လဲ အထက်ပါလူကြီးများက ကြိမ်းမောင်းထားတယ်.. ခါးနားမှာ ပန်းခက်လေးလို ထိုးချင်တယ်

    ReplyDelete
  16. ဒေါ်မေး ရေ တက်တူးကိစ္စက
    ရှင်လဲ အဝေးမှာပဲဟာ
    ဂွတ်တယ်ထင်ရင် ဒူးသာဒူး (အဟိ မြှောက်ပေးတာနော်)
    ပြီးတော့ ကိုယ့် ကိုယ်ပေါ်မှာကိုယ်ထိုးတာ
    နောက်တခုက ခုန ပြောတဲ့ ထိုးချင်တဲ့နေရာကလဲ
    ပရိုက်ဗိတ်ပတ် လစ်မစ်တက်အက်ဆက် ပဲလေ နော် လုပ်လုပ်

    ReplyDelete
  17. တီချမ်းရေ...

    တွေးမိတာလေးတွေ ပြေးကြည့်သွားပြီ...

    ReplyDelete
  18. အသည်းကွဲတာကို ကိုယ်စားပြုတာ မဟုတ်ဘူးတဲ့

    ReplyDelete