Monday, May 25, 2009
မချော ၄ ယောက် ကိုယ်တယောက်
သတိရတယ်ကွယ်
ရန်ကုန်ကိုရော..............
သူငယ်ချင်းတွေကိုရော............................
...........ကိုရော
အမှတ်တရ တင်တာပါ အမှန်က မွေးနေ့ လက်ဆောင် ကဗျာတင်မှာပါ
ထုံးစံအတိုင်းစကားချီးနည်းနည်း လျှာရှည်ရတာပေါ့လေ
ဒါတီ ရန်ကုန်မှာတုန်းက တော်တော်တွဲဖြစ်တဲ့ မမတွေပါ
တီနဲ့ အသက်မတိမ်းမယိမ်းတွေ တယောက်မှမပါပါဘူး ခိခိခိ နည်းနည်း ကြီး ကြပါတယ်
မျက်မှန်နဲ့ ဆံကောက် Brunet က တီ့ အမ ဆိုလဲ ဟုတ် အကို ဆိုလဲဟုတ်ပါ တီ့ ကိုအနှိုင်အကျင့်ဆုံးကလဲသူပါပဲ
နောက်လ ကျရင် သူ့မွေးနေ့ ရှိပါတယ် အဲ့တော့မှအကျယ်ပြောပါမယ် သူ့အကြောင်း
ခုမွေးနေ့ရှင်က သူနဲ့ ပတ်သက် ပြီး တီခင်ရတဲ့အမပါ သူတို့ က ၄ ယောက်ပူးကြီးတွဲကြပါတယ်
နောက်ပိုင်းတီ တို့ နဲ့ ပေါင်းမိပြီး ရထားတွဲကြီး ဖြစ်လာတာပါ
ခုကဗျာရေးပေးထားတဲ့မွေးနေ့ရှင်က အီ့ညှောင်မ လို့တီ တခါတခါ ခေါ်ပါတယ် သူက စကားပြောရင် ပဲတွေများပြီး သကာလ အသံက အီ့ညှောင့် အဲညှက် ဖြစ်ဖြစ်နေလို့ပါ ပြီးတော့ သူက ဘာမှမလုပ်ထားပဲနဲ့ ကို ကောင်းနေတဲ့ ရုပ် ပေါက်ပါတယ် (ခိခိ ရုပ်ခံနဲ့ လုပ်ကြံလို့ရတယ် ဆိုတာ သူ့ ကိုပြောတာနေမှာ)
အဲ့ကြောင့်လဲ သူအခု လုပ်နေတဲ့အလုပ်နဲ့ သူ့ရုပ်က အံဝင်ဂွင်ကျ ကိုဖြစ်နေတာ စိတ်ဝင်စားသွားပြီမှလား ဘာအလုပ်လုပ်လဲဆိုတာ (ပြောပြဘူး သတ်ရင်သတ် နမ်းချင်နမ်း ခိခိခိ) ဘယ်ဘက်ပုံ ၁ က ထောင့်ဆုံး မမ ၀၀ က တီ့ အမ ကျောင်းနေဘက်ပါ သူလဲတီ့ ကိုအရမ်းခင်ပါတယ် သူက အရမ်းလဲချစ်စရာကောင်းပါတယ် တလုံးတခဲကြီးလေ ခိ ပြီးတော့ မွေးနေ့ကဗျာရှင် မမ ပါ သူ့နောက်က ခေါင်းလေးပဲပေါ်နေတာက တီ က ချစ်စနှိုးနဲ့ ၀က်ဝံ လို့ခေါ်တဲ့ ကိုကိုကြီးပါ သူက အရမ်းစောင့်ရှောက် လို့ အရင် အလုပ်တူတူလုပ်တုံးက ခရီးထွက် ရရင် သူနဲ့ ပဲထွက်ချင်ပါတယ် ခိခိ အလုပ်ကိစ္စပဲနော် ကျန်တာမပါ (သိနေတယ် အတွေးတွေကို ခိခိ) နောက်ပြီးတော့ မချော ၄ ယောက် ကြားက အမိုက်စားလေးက တော့ အီဖေကိုယ် ပေါ့ ခိခိ ပြီးတော့ ခုန က ပြောတဲ့ တီ့အမ ဆံကောက် နောက် အရင် အလုပ်တူတူလုပ်ပြီး အဲ့တုံးက နည်းနည်းမှအကြောမတဲ့ တဲ့ အက်မင် မမ ပါ ခုတော့လဲတည့်လိုက်တာ မှ ဟိုဘက်ကမ်း ခိခိ အလုပ်တူတူ မလုပ်ရတော့လို့ဖြစ်မယ်း=)
နောက်တပုံကိုရှုပါ ညာဘက်က ကဗျာရှင်မမ ရယ် တီ့အမ ရယ် အလည်က တီ တို့ ရဲ့ dance instructor ဆရာ ဖဦးထုပ် ရယ် (သူက တီ တို့ ထဲက တယောက်နဲ့ ဘာညာဘာညာ ခိခိ ခန့်မှန်းကြည့်နော် ပြီးတော့ တီရယ် နောက် မမ၀၀ တယောက် က တီ ဟိုတလောက ရေးတဲ့ ကဗျာ စောယူရီဂယ်လာ ရိုးမြူးလက်စ် စမစ်ဒွန်း (အံမလေးဟဲ့ ရှည်သောနော်) နဲ့ တူတူ တွဲကြတာ ဟိုးလွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက ခင်တဲ့ သူငယ်ချင်းပါ အရမ်းခင်ပါတယ် အင်း ပြင်သစ်ကျောင်း အာလီးယောင်စ့် မှာ တက်တုံးက စခင်ကြတာထင်တယ်
အဲ့လိုပေါ့ အင်း အဲ့ဂလို
လာပါပြီ လာပါပြီ
ဒါကတော့ မွေးနေ့ ကဗျာ ရှင် မမ လှလှ ပါ ထထ ကမက တော့ တီလဲမသိ ကတော့ကတယ် ခိခိ အပေါ်ပုံတွေ က စဒိုးနား ပက်ဒီ ဘားမှာ ရိုက်ထားကြတာ လေ ခိ ကဲကဲ သူ့အကြောင်းလေးတွေ သိချင်ရင် အောက်က ကဗျာ လေးကိုဖတ်ကြည့်ကြပါနော် ကဗျာ နာမည်ကို “သူမ” လို့ပဲ ရိုးရိုးလေးပေးထားတယ်
သူမ
ဆေးပညာတွေအများကြီးသင်ခဲ့တာ
ဆေးကုဖို့မဟုတ်ပါဘူး
အဲတာဆိုဘာအတွက်လဲ?
သူမ နဲ့ ဘုရားပဲ သိမယ်။
အပျိုလတ် ဖြစ်နေတာ
ရွေးချယ်မှုနဲ့ မဟုတ်ပါဘူး
အဲတာဆိုဘာလို့လဲ?
ရွေးချယ်စရာအများကြီးတွေကြားမှာ
တွေဝေခဲ့မိလို့ပါ။
(အဟင့်.............
ကိုယ်မှားသွားတယ်ကွယ်)
သူမ
မျက်လုံးတွေရီဝေနေတာ
မူးနေလို့မဟုတ်ပါဘူး
အဲတာဆိုဘာလို့လဲ?
အော်ရီဂျင်နယ်ပါ။
ရောရောနှောနှောနေတိုင်း
မင်းကို သူမ
သဘောကျနေတာမဟုတ်ပါဘူး
အဲတာဆိုဘာလို့လဲ?
သူမရဲ့ဝသီမို့လို့ပါ။
(မသိရင် ကစားနေတယ်ထင်မှာ
တကယ်ကလဲ ကစားနေတာပဲတဲ့
သူမ ကိုသိတဲ့ သူငယ်ချင်းတွေ က
ပြောကြပါတယ်လေ)
ဖွန်ကြောင် ကြောင်နေတာ
ရည်းစားမရှိလို့ မဟုတ်ပါဘူး
အဲတာဆိုဘာလို့လဲ?
ကောင်လေးချောချောလေးတွေ
မြင်ရင်မနေနိုင်လို့ပါ။
(ခိခိ ဂယ် ပြောတာ)
အသံကညောင်နာနာပါ
တမင်လုပ်ပြောနေတာမဟုတ်ပါဘူး
အဲတာဆိုဘာလို့လဲ?
ပဲလေ ပဲ
ပဲပေါ့။
အသက်လဲကြီးနေပြီ
အချိန်လဲမစီးသေးဘူး
အဲတာကဘာလို့လဲ?
ပေါင်ချိန်လေ ပေါင်ချိန်
၁၃၀ တောင်မပြည့်ချင်ဘူး။
ဘောစ့်ကိုလဲနော်
သူမက မှန်း
ခုများတော့ပါသွားပြီ
ပရမ်း ဘက်လှည့် စမ်း။
အမြဲတမ်း ရှိနေတာကဘယ်သူတွေလဲ
သူငယ်ချင်းတွေရယ်
(ခမ်း ဂီ ပု မီ)
မောင်ငယ်တီချမ်းရယ်
ပဲခူးရိုးမ က ၀က်ဝံ အညိုတကောင်ရယ်
အားလုံးက ချစ်ကြပါတယ်။
Remembrance for 22nd April 2009
Congratulation u r 40!
hahahaha
just kidding
!#$%^&*()@
A Chen
3:08 am
30th April 2009
Home
Bkk
8 comments:
  1. kom: happy birthday
    25 May 09, 23:13
    kom: beautiful
    25 May 09, 23:41
    ကြယ်ဖြူစင်: happy birthday par..
    ReplyDelete
  2. မောင်
    တီချမ်းရေ...
    လာလည်တယ်နော်..ဘယ်တုန်းကပြန်ေ၇ာက်လဲ
    long အချိန် မ see ဘူးနော်
    (long time no see)
    :P
    ချောင်းဆိုးပျောက်သွားပြီလား
    ဆေးရောမှန်မှန်သောက်ရဲ့လား
    တီချမ်းကိုတိုင်စရာရှိသေးတယ်
    ReplyDelete
  3. ဦးဖဦးထုပ်နဲ့ ဘာလိုလိုဆိုတာ ပါးချင်းကပ်နေတဲ့ တစ်ယောက်ပဲ ဖြစ်မှာပေါ့
    မှန်ရင် ဝန်ခံပါ
    ReplyDelete
  4. ပျော်ရွှင်ပါစေ မမလှလှး))
    ဟက်ပီးဘတ်ဒေးပါ ..း)
    ReplyDelete
  5. ဒေါ်မေ ရေ
    မမှန်ပါဘူးကွယ်
    သက်ရေ ဘယ်သူများလဲ?
    ReplyDelete
  6. တုံးတာပေါ့ သူက.. အဲ့ဒီ တယောက် အလှဆုံးဟာ.. ဟဟ
    ReplyDelete
  7. ဟုတ်ပါ့
    ဒေါ်မေရယ်နော်
    တုံးချက်ကတော့ အံ့ရောပဲနော်
    အင်း ရှင်ပြောတဲ့
    အဲ့တယောက်ကိုတော့ပေါ့နော်
    လူတွေကပေါ့နော်
    အရမ်းအရမ်းလှတယ်လို့ တော့ ပေါ့နော်
    ပြောပြောနေကြပါတယ်ပေါ့နော်
    ခိခိခိ ပေါ့နော်
    အဟင်း လို့ ပဲရယ်နေလိုက်ပါတယ်ပေါ့နော်
    ရိုးနေပြီဆိုတော့ ပေါ့နော် ခိခိခိ ပေါ့နော်
    ReplyDelete
  8. တီ အလန်းဆုံး........
း)
    ReplyDelete