Tuesday, May 26, 2009
ကြယ်ကိုစီပြီး လေထဲမှာ ရေကိုရှူတဲ့လူ
ကြယ်ကိုစီပြီး လေထဲမှာ ရေကိုရှူတဲ့လူ
ဟိုးဝေးဝေးက
မိုးကောင်းကင်ပေါ်မှာ
တလူလူ တလွင့်လွင့်
အမြီး ကိုတစွင့်စွင့်
ဘယ်တိမ်း ညာယိမ်းလို့
တိမ်တွေကြားမှာ
ကလူဆော့ကစား
အားကျစရာကောင်းအောင်
လွတ်လပ်နေပုံများ
မင်းလေ
အဲ့တာ လေတံခွန်ပေါ့
ဟုတ်လား
တ၀ုန်းဝုန်းနဲ့
မြည်သံပေး
တောင်ပေါ်ကနေတောင်အောက်
ရေမှုန်ရေမွှားတွေ လွှင့်လို့
နေရောင်ခြည်ကြားမှာ
အလင်းနဲ့
သက်တံ့ရောင်စဉ်တွေဖြာ
လှပနေပုံများ
မင်းလေ
အဲ့တာ ရေတံခွန်ပေါ့
ဟုတ်လား
ဖြုတ်ခနဲ တခဏမှာ
မင်းလွင့်ကြွေ
နောက်ဆုံးအချိန်မှာတောင်
အလင်းလေး တပွင့်ပေးခဲ့
ရုတ်တရက်
ငါလှမ်းမြင်တော့ ဆုတောင်း
လှလိုက်တာ
မတည်မြဲတဲ့အလှပါ
ဒါပေမယ့် ပေါ့လေ
ငါကျေနပ်ပါတယ်
မင်းလေ
အဲ့တာ ကြယ်တံခွန်ပေါ့
ဟုတ်လား
အင်းပြောစရာက
တခုပဲကျန်တော့တယ်
အရင်တုံးကရှိခဲ့ဖူးတာလေ
ခုတော့ရှိမရှိ
ကျန်မကျန်
မသိတော့
မသေချာတော့ဘူးလေ
ကိုယ် ထင်ပါတယ်
ရှိခဲ့ရင်တောင်
သိပ်မကျန်လောက်တော့ဘူးလို့
ရှားနေပြီလေ
ဘာလဲသိလား
အဲ့တာ….?
ယောက်ျားတံခွန်
လူရည်ချွန်လို့
တခါက ခေါ်ခဲ့ကြတဲ့
လူတံခွန်ပေါကွယ်
ကိုယ်လွမ်းတယ်………….
(P.S: မိညီမ ရဲ့ chatting ထဲက ကဗျာ post ထဲမှ
စာကြောင်းတကြောင်းကြောင့်
အင်စပရေးရှင်းရပါတယ်
အဲ့တာနဲ့ ချက်ချင်းချရေးလိုက်တာ
၃မိနစ်လောက်ပဲကြာတယ်ထင်ပါ့
ကျေးဇူးပါ ဒနည
P.P.S: ဟိဟိရယ်စရာပြောအုံးမယ်
လူတံခွန်အပိုဒ်မှာ
ဘာပုံထည့်ရမလဲစဉ်းစားတော့
ကိုယ့်ပုံကိုယ်ထည့်ရမလားတွေးမိသေးတယ်
ကိုယ့်ကိုကိုယ်
လူရည်ချွန်လို့ပြောချင်တာမဟုတ်ပါဘူး
လူရည်ချွန် မရှိတော့တဲ့ခေတ်ကြီးမှာ
သူလို ကိုယ်လို လူမသမာတွေကသာ
များနေတယ်ဆိုတာ ပြချင်တာပါ
တကယ်ပါ ကိုယ်လဲ အခွင့်အရေးရရင်
ရသလို မကောင်းပါဘူးကွယ်
အဲ့လိုနဲ့ လူတံခွန်ပုံက မရှိတာပဲလား
ရှားနေတာပဲလား
ဂူဂယ်တာတောင်မတွေ့ပါဘူး
အဲ့တာနဲ့ မထည့်ရတာပါကွယ်)
A Chen
3:19 pm
26th May 2009
Office
Bkk
12 comments:
  1. မိန်းမ တံခွန် လူရည်ချွန်က ကောင်းကင်တမွတ် ကြယ်ကိုဆွတ်လည်း မလွတ်စတမ်း ရမြဲလမ်းတည့်။
    ReplyDelete
  2. လူတံခွန်က ဘယ်ရှိတော့မလဲ။ လိုချင်တဲ့ပုံလေးတောင် Internet ကြီးရှိရက်နဲ့ google ကနေ ရအောင် မရှာနိုင်တာ။
    ReplyDelete
  3. ရောက်တရ် တီ ရေ ။ ဖတ်သွားတရ် ။
    ReplyDelete
  4. ဒေါ်ရီတာ ရေ ယောက်ျားတံခွန် တွေ က ရှိကိုမရှိတော့တာလို့ထင်တာပါပဲအေ
    ReplyDelete
  5. ရှားနေပါပီတီရေ .. တော်တော်ကိုရှားနေပြီထင်တာပဲ .. ရှိဦးမယ်တော့ မျှော်လင့်ပါတယ် ..း)
    ReplyDelete
  6. ညီညီ့ ကဗျာကြောင့် (ညီညီတင်ထားသော စိုင်းဝင်းမြင့်ကဗျာကြောင့်) အင်စပရေးရှင်းရတာဆိုတော့ မုန့်ဝယ်ကျွေးသင့်တယ်.. ဒါထက် ဘယ်တစ်ကြောင်းကြောင့်လဲဟင်
    ReplyDelete
  7. ကြယ်တံခွန်တွေ ရေတံခွန်တွေ
    ဆိုတဲ့ တကြောင်းလေ
    ဒီလောက်သိသာနေတာကို တုံးပ ညုန်းမ ရယ်
    :D
    ဘန်နာ က တီ တုံးလုံးလေးအိပ်နေတဲ့ပုံ အရင် ၀ါသနာပိုစ့်မှာပါတဲ့ပုံ ကို အလျားလိုက်လေးတင်ချင်တာ ခိခိခိ
    ReplyDelete
  8. T Chan,
    I am going back to Myanmar on Friday. After passing a couple of silly and lonely years and a number of sleepless nights, I can go back to my old life. So, it is time to go back home. When I got homesick, depression, loneliness, Myanmar bloggers including you make me so happy. I feel that I am in Myanmar and listening the talkin' of my friends. From you posts, I got the knowledges and I pass everyday with your hot and cold feelings.
    T Chan, i think you are a nice guy and your career is great. I do adore what u r doing and when i come back agin to Thailand, I would like to visit your blog,or, perhaps, your home in Bangkok.
    Wishing you possess the fabulous life and bright future.
    Well, T Chan, Mr.Addy Chen, Ko Aung Myo, bye and see you again in November.
    Glacier
    ReplyDelete
  9. ရေခဲတောင်ရေ တီ့စာတွေက ရှင့်အတွက် အားရှိစေတယ် ဆိုတာ သိရတော့
    ပြောသာပြောတာ နော် ခုထိ ရှင်ဘယ်သူလဲဆိုတာ ကျုပ်မသိရသေးဘူး
    ရှင်ကလဲ ဖုန်းလေးတောင်မဆက်ဘူးနော် ခိခိ
    ခုဆက်ချင်တယ်ဆိုရင် နောက်မကျသေးဘူး
    ရော့အင့် တီ့ နံပါတ်
    ၀၈၄ ၆၇၁ ၁၁၃၅
    ဆက်ခဲ့
    ReplyDelete
  10. ကဗျာက သိပ်ကောင်းတယ် ကဗျာတွေ အမှန်ပြောရရင် ခံစားလို့ရဘူး နားမလည်တာပေါ့ ဒီမှာတော့ စာတော်တော်များများကို တော်တော်လေးကို ကြိုက်တယ် ဆိုကြပါစို့ အချစ်ဒဿနတွေရယ် ခုလိုကဗျာတွေရယ် အမြဲတမ်းဖတ်ဖြစ်တဲ့ ပရိတ်သတ်တစ်ယောက်ပါ
    ReplyDelete
  11. ရောင့်ရဲ့မောင်(or)ရှူရှားမင်းသားကြီး
    အိမ်း....ခုမှပဲငါလည်းရှူရှားမင်းသားကြီးဖြစ်ပေသတော့ကွယ်..
    ဒွေးတော်ချမ်းနှယ်.တူမတော်ကို အဘယ့်သနှယ်ကြောင့်
    တောင်နန်းစံမြောက်နန်းစံခိုင်းရသလေ့ကွယ်.
    ခံချင်းခံ.အဲလေ..စံချင်းစံ..ရှူရှားမင်းသားကြီးက
    ဒွေးတော်နဲ့တူမတော်..နှစ်ယောက်ပေါင်းစံမယ်လေကွယ်..
    ဂွတ်ဖူးလားလေကွယ်...ဟီးဟီး..
    ReplyDelete