Wednesday, May 27, 2009
နန်းဆန်တဲ့ တူအရီး (သို့) ငပေါဂေဟာနှင့်အပြိုင်ပေါခြင်း
myittaryongpyan: မောနင်းအာဝါးးးးးးးး
End of messages received while you were offline at 9:16 AM on Wednesday
myittaryongpyan: နိုင်ဂံဂျားပြန်တစ်ယောက်ရဲ့ ငြီးချင်း (Tag Post) http://myittaryongpyan.blogspot.com/
Addy: အာဘွား နင်းနင်း
myittaryongpyan: ဟီးဟီး
Addy: ဟဲ့ ဟဲ့ စောစောစီးစီး ဘဇာဖြစ် ဆေးသောက်ခဲ့ဘူးလား
myittaryongpyan: သောက်ဖို့မေ့နေတယ်
Addy: ဖြစ်ရမယ် ငါ့တူမ
Sent at 9:32 AM on Wednesday
myittaryongpyan: အိမ်ခဏလည်မယ်
စောင့်
Addy: တူမတော် ငှဲ့ အဒွေးတော်ဆီ အခစားမ၀င်ရသေးဘုနော့
ခိခိ
myittaryongpyan: ယခုပင် မစိုင်းအခစားဝင်ရန် လျှောက်တင်ပါသည် ဘုရားးးးးးးးးးးးးးး
Addy: သင့်လှပေ၏တူမတော် သင့်လှပေ၏
တူမတော် ရဲ့မောင်တော် ကော ကျန်းမာလန်းဖြာ လျက်ရှိရဲ့ မှလားကွယ့်
myittaryongpyan: ကျေးဇူးကြီးမားလှကြောင်းပါ ဒွေတော်
Addy: ဒွေး ပါအေ့
myittaryongpyan: ဟီး
မွှားသွားလို့
အရှိန်ပျက်သွားပြီ
Addy: အင့် နန်းဟန် ကိုမစောင့် ရှန်း တာကြောင့် ပျက်တဲ့ တူမတော် ဒွေးတော် ကယ်ချင်ပါ့ပေမယ့်လဲ ရှင်တော့ဘုရား က ဒီလိုအပြစ်မျိုး ကို သည်းခံခဲပေတယ့်ကွယ့်
ဒါကြောင့် တူမတော် ကို ငမိုက်သားများနဲ့ တောင်စွယ် နေကွယ်ရင်......................
myittaryongpyan: အောင်မယ်မင်းရယ်မှ ဖြစ်ရမယ်
ကယ်တော်မူပါအုံး
Addy: ရုံးအပြန်ကိုစောင့်ခေါ်စေမယ်ကွယ့်............................
myittaryongpyan: သေပဟ
Addy: ဒွေးတော် စကား ဆုံးပါစေအုံးလေ တူမတော် ညည်းချင်းက စ တော့ ပြောခက်ရ ရတက်ပွေပေမယ်
Sent at 9:36 AM on Wednesday
myittaryongpyan: ဒီနေ့ ချစ်တီနဲ့ နန်းဆန်ဆန်လေး ချက်မယ်။
myittaryongpyan: ဒွေးတော်ရေ
ကျန်းခံသာလို့ မာပါစရှု
ရှင်
Addy: တူမတော်ရဲ့ မောင်တော် ရှူရှ မင်း ပို့သတဲ့မေတ္တာကြောင့် ကျန်းမာ ပကတိ လန်းဖြာစွာရှိပေတယ် တူမတော်
myittaryongpyan: ဟဟဟဟ
မှားပါတယ်နော်
ပါလာပြန်ပြီ
Addy: တူမတော် သတိထားမှပေါ့ကွယ် ထီးဟန်မှောက် နန်းဟန်ပျောက်ရင်ဖြင့် ကုလားဖြူ ကျွန်သဘောက်တွေနဲ့ ဘယ်မှာ ခြားပါတော့မလဲကွယ့်သတိထားပါကွယ်
Sent at 9:43 AM on Wednesday
Addy: ဒွေးတော် တို့ နန်းရိုက်နန်းရာ ဆွေမျိုညာသဟာတွေ ဟာဖြင့် ထီးသုံးနန်းဟန် ကိုစောင့်ထိန်းရပေမယ် မဟုတ်လားကွယ့် အဲ့သဟာကြောင့် သတိထားပါတူမတော် ပြောအဆို အနေအထိုင်စသဖြင့် နန်းမူနန်းဟန်ကြွယ် ရမယ့်ကွယ့်
myittaryongpyan: မှန်ပါ့ဒွေးတော်
တူမတော် လိုက်နာပါ့မယ် ဘု၇ား
အမိုက်အမှားလေးမို့ ခွင့်လွှတ်တော်မူးပါ့ ဒွေးတော် ဘုရားးးးးးးး
Addy: သင့်လှပေတယ် တူမတော် တူမတော်ဟာဖြင့်ရင် ဒွေးတော် ရဲ့ သင်ကြားမှုအောက်မှာ နန်းဟန်ကြွယ်ကြွယ် နဲ့ ဒွေးတော် ကိုဂုဏ်တက်စေပေမယ်ကွယ့်
myittaryongpyan: ရွှေစိတ်တော် ငြိုလို့ မပူပါနဲ့ဒွေးတော်
Addy: တူမတော် စာလုံးပေါင်းလေးတွေကလဲ တကယ်တန်းတော့ ဒွေးတော်တို့ ရဲ့ မြန်မာမှု မြန်မာဟန် ကိုထိန်းတဲ့အရာ မှာ သေချာမှုရှိရမယ်ကွယ့် ဆင်ခြင်ပါတူမတော်
myittaryongpyan: တူမတော်သဟာဖြင့် ဒွေးတော်ရဲ့ သွန်သင်ဆုံးမမှု အောက်မှာ ထာဝရ ခစားလျှက်ပါ
မှန်လှပါ ဒွေးတော်
ခဏလေး ချစ်တီ
အဲဒါကို ပိုစ့်တင်ပါလား
ဟီးဟီ
အခုခေတ် ကလေးတွေ စိတ်ဝင်စားတာပေါ့
Addy: စိတ်ကူးရှိပေတယ် တူမတော်ငှယ့်
myittaryongpyan: သေချာရေးမယ်
အိုကေ
စပြီ ဒါဆို
ဝမ်း
တူး
သရီး
Addy: ခုတူမတော်နဲ့ ဒွေးတော်ရဲ့ ချက်တင် ခန်း ကိုတင်မယ် လို့ ရည်ရွယ်ထားပေတယ်တူမတော်
myittaryongpyan: သင့်မြတ်လှကြောင်းပါ ဒွေးတော်
Addy: ကဲကဲ ညီလာခံ အရ
တိုင်းရေးပြည်ရာလေးတွေ ဆွေးနွေးကြပေအုံးစို့ရဲ့ တူမတော်
myittaryongpyan: တူမတော်ရဲ့ မအားမလတ်တဲ့ တာဝန်တွေကြောင့် အခစား ပျက်ကွက်ခဲ့တာကိုဖြင့် ရှေးဦးစွာ တောင်းပန်ပါတယ် ဒွေးတော်
ကျန်းခန်သာလို့ မာပါစ ဒွေးတော်
Addy: အိမ်း ကျန်းမာပေတယ် တူမတော်
အရင်ရက်တွေကဖြင့် ဒွေးတော် လဲ လူကြီးသဘာဝ ချူချာပေတယ် ကွယ့်
သို့ပေသော်လည်း စင်္ကပူရ အရပ်နေ
မောင် ကာကာဂျိုမင်းကြောင့် ဒွေးတော် မှာ ချူချာကြောင်း မပြောရဲပေဘူးတူမတော်
myittaryongpyan: အင်း ... အထိမ်းတော်တွေ လျှေက်တင်တာဖြင့် ဒွေးတော်ရဲ့ ကျန်းမာရေး မကြာခဏ ဆိုသလို နေထိုင်မကောင်းဖြစ် ဆိုပ...
ဂရုစိုက်တော်မူပါ ဒွေးတော်
တူမတော်က မအားလပ်တော့ ဒွေးတော်ကို ပြစ်ထားသလိုများ ဖြစ်လေမလားလို့ စိတ်တော်ပူပန် နေမိပါရော့ ဘုရားးးးး
myittaryongpyan: အင်း မောင်မင်း ကာကာ ဘာများ ဒွေးတော်ကို စိတ်ငြိုငြင်အောင် ပြုတော်မူပါသလဲ ဒွေးတော်
Addy: အကြောင်းအရင်း ကိုလင်းရလျှင်ဖြင့် ထိုထို ဂျိုကာ မောင်မောင် ကြားလျှင်ဖြင့် ဒွေးတော်ရဲ့ ချူချာ ဆိုသဟာ ကို သူ့ရဲ့ ကုလားဖြူစကား ဘောနပ် လို့ ခေါ်တဲ့အပိုပေး အလိုက်ထည့် မှာထည့်ရေးကာ ကလောင်ဆော့ မှာ စိုးမိပေတယ် တူမတော်
myittaryongpyan: အင်း ဒါဟာဖြင့် ဒွေးတော်ကို ချစ်ခင်ကြည်ဖြူ လှပေသောကြောင့်ပါ ဒွေးတော်ရယ်
စိုးရိမ်တော် မမူပါနဲ့ ဘုရားးး
Addy: အိမ်းကောင်းလေစွ ကောင်းလေစွ တူမတော်
myittaryongpyan: တူမတော် တာဝန်နဲ့ အဲဒီအရပ်မှာ နေစဉ် တကြိမ်တခါ ဆုံတွေ့ဘူးပါတယ် ဒွေးတော်
Addy: ဒီလို အိမ်နီးချင်းနိုင်ငံ တိုင်းတပါးမင်းညီမင်းသားတွေ ရဲ့ ကျိုးရို မှုကိုတွေ့ရတာ ဒွေးတော် နှစ်ထောင်းအာရဖြစ်မိပေတယ်ကွယ်
myittaryongpyan: နောက်တဖန်များ တွေ့ခဲ့ရင် နှုတ်ခွန်းဆက်ခဲ့ပါမယ် ဒွေးတော်
မှန်လှပါ ဒွေးတော်
Addy: သင့်တော်ပေတယ် တူမတော် ဒွေးတော် တို့ ကလဲ ကြီးမြတ်တဲ့သဘော ပြည့်ဝတဲ့ စိတ်အလှ ကိုပြသရပေမယ်ကွယ်
myittaryongpyan: ဘုန်းတန်ခိုးကြောင့် ချစ်ခင် ကြည်ဖြူ ရှိလျှက်ပါ ဒွေးတော်
မှန်လှပါဒွေးတော်
Addy: အိမ်းကောင်းပေစွ ကောင်းပေစွ
myittaryongpyan: ယနေ့ညီလာခံမှာ ဒွေးတော် ဘာများ မှာကြားမွက်ခွန်း ချွေ မှာပါလဲ ဒွေးတော့်
Addy: အိမ်း
myittaryongpyan: တူမတော် လိုက်နာလျှက်ပါ ဘုရား
Addy: အရေးကတော့ ဖြင့် ပေါ်ပေပြီ တူမတော်
myittaryongpyan: တင်ပါ့ ဒွေးတော်
Addy: ရှူရှ နိုင်ငံတော်နေ ညီနောင်နှစ်ပါးက တူမတော် ကို တင်တောင်းထားတယ် ကွယ့် တူမတော်
ဤအရေးအတွက် ဒွေးတော် က တူမတော်ရဲ့ ဦးရီးနဲ့ တိုင်ပင် ကာမှာ တူမတော် ရဲ့ သဘောထားကိုလဲ ဒွေးတော် တို့ က တိတ်အင်တူကွန်ဆစ်ဒရေးရှင်း အမှုပြုချင်ပေတယ် တူမတော်
myittaryongpyan: မြတ်စွာဘုရား
တူမတော်ရဲ့ ဘ၀ရွေးချယ်ခွင့်ကို ဒွေးတော် မည်သို့ဆုံးဖြတ်စေချင်ပါသတုန်း ဘုရား
တူမတော် သဘောမှာဖြင့် ဒီညီနောင်တွေကို ရန်မပွားစေ လိုပါဘူး ဒွေးတော်
Addy: ဒွေးတော် သဘောကတော့ မင်းသားငယ်က တူမတော်ကိုမှမရရင် ဖြင့် အဆိပ်ရည်သောက် ဇိဝိန်ခြွေဖျောက်မယ်လို့ လူငယ်မာန်နဲ့ အသံပစ်နေတယ် တူမတော်
myittaryongpyan: မြတ်စွာဘုရားးးးးးးးးးးး တူမတော် မိုက်မှားပြီနဲ့ တူပါတယ် ဒွေးတော်
Addy: သဟာကြောင့် ဒွေးတော် သဘောက တော့ မင်းသားငယ် ကိုတူမတော်နဲ့ လက်ဆက်ပေးပြီးသကာလ မင်းသားကြီး ကိုလဲ မျောက်သစ်ကိုင်းလွတ်မဖြစ်ရလေအောင် ဒွေးတော်ပဲ အနှစ်နာခံ ပစ်သာကြံမယ် စိတ်ကူးမိပေတယ် တူမတော်
myittaryongpyan: အောင်မလေး ဒွေးတော် ဘုရား
Addy: သင့်တော်ပေရဲ့မဟုတ်လား တူမတော်
myittaryongpyan: တူမတော်ရဲ့ အသည်းကို ဟက်တက်ကွဲစေမယ့် စကားကို ချွေရက်ပါပေတယ် ဒွေးတော် ဘုရား
တူမတော်ဟာဖြင့် ဒွေးတော်နဲ့ ဦးရီးတော်ကို မိဘသဖွယ် ကိုးကွယ်ခဲ့ပါတယ်။ မျက်နှာသာ ပေးတော်မူပါ ဘုရားးးး ပေးတော်မူပါ ဘုရားးးးး
Sent at 10:09 AM on Wednesday
Addy: အိမ်း
အဒွေးတော် ဝေခွဲရခက်ပေတယ် တူမတော်
myittaryongpyan: ဒွေးတော်လည်း စဥ်းစားဆင်ခြင်ပေးတော် မူပါ့ ဘုရားးး
တူမတော်တို့ရဲ့ ချစ်ခင်ဆုံမက်မှုဟာဖြင့် ကြာငြောင်းခဲ့ပါပြီ ဒွေးတော်
Addy: စဉ်းစားဆင်ခြင်ရင် မင်းသားကြီး မျက်နှာ ဒွေးတော်အတွေးဝင်ဝင်လာပေတယ် တူမတော်
myittaryongpyan: ပေးအပ်တဲ့တာဝန်တွေကြောင့် ဆုံမက်ရန် ခက်ခဲနေရကြောင်းပါ ဘုရား
ဆင်ခြင်တော်မူပါ ဘုရားးးးးးး
Addy: မင်းသားငယ် ဘက်ကြည့်ပြန်တော့လဲ တူမတော့် အပေါ် မေတ္တာစိတ်တွေ ယိုဖိတ် များလွန်းနေတယ် မဟုတ်ပေလားကွယ့်
myittaryongpyan: မှန်လှပါ ဒွေးတော်
Addy: အိမ်း ဒွေးတော် စိတ် ဥာဏ်အလင်းပွင့် ပြီတူမတော်
myittaryongpyan: ဆုံးမပါ ဒွေးတော်
မွက်ကြားတော်မူပါ
နာခံလျှက်ပါ
Addy: ဒွေးတော် ဦးရီးတော်နဲ့ တိုင်ပင် ပြီးသကာလ တူမတော် အတွက် မင်းညီမင်းသား နှစ်ပါးလုံး ကို တောင်ညာစံ မြောက်ညာစံ ထားရင် သင့်တော်ပေမယ် မဟုတ်လားတူမတော်
myittaryongpyan: ဒွေးတော်နဲ့ ဦးရီးတော်ရဲ့ ဆုံးမမှုကို မလွန်ဆန်ဝံ့ ကြောင်းပါ ဘုရား။။
သင့်တော်သလိုသာ စီစဉ်ပေးတော်မှုပါ ဒွေးတော် ဘုရားးးးးးးးး
Addy: အိမ်း နန့်တော်မူပေတယ် တူမတော် ဒွေးတော် တူမ ပီသပေတယ် ဦးရီးတော်ကြားလျှင် အားရ နှစ်ထောင်းဖြစ်ပေလိမ့်မယ်ကွယ်
myittaryongpyan: မှန်လှပါ ဘုရား
မှန်လှပါ
Addy: အိမ်း
ကဲကဲ တူမတော်
myittaryongpyan: မှန်ပါ့
Addy: အရီးတော် အခု ပြောကြားသမျှ တင်ကာသ လိုက်ပေတော့မယ်ကွယ့်
myittaryongpyan: နာခံလျှက်ပါ ဒွေးတော်
တူမတော် တာဝန်ထမ်းဆောင်သော အရပ်သို့ သွားခွင့်ပြုတော်မှုရန် လျှောက်တင်ကြောင်းပါ ဒွေးတော်
Addy: ကောင်းပေစွ ကောင်းပေစွ
myittaryongpyan: ဦးခိုက်လို့ နှုတ်ဆက်တော် မှုပါတယ် ဒွေးတော်
Addy: ညီလာခံ ရုတ်သိမ်းစေ
Sent at 10:25 AM on Wednesday
myittaryongpyan: မှန်လှပါ သင့်မြတ်ကြောင့်ပါ ဘုရား
16 comments:
  1. ဟာဟ
    ဒွေးတော်နဲ့ တူမတော်ကတော့ ကိုက်ပါ့
    အတိုင်အဖောက်ကိုညီနေတာပဲ...
    ReplyDelete
  2. ဒီလို မလျော်ကန် မသင့်မြတ်တာတွေ မြင်ရကြားရတာ၊ လူ့တိုင်းလူ့ပြည်ကြီး နေဖို့တယ်မကောင်း ရွှေရင်ကြား ဓါးနဲ့မွှေ သေဖို့သာ ကောင်းတော့တယ်။ (ဒေါ်ခင်မျိုးချစ် ငယ်ငယ်က အတန်းထဲမှာ ဂဏန်း မှားတွက်မိရင် ဒါမျိုး ညည်းလေ့ရှိသတဲ့)
    ReplyDelete
  3. ဟိဟိဖတ်လို့ကောင်းတယ်..တော်လိုက်တာ..'ဒွေးတော် တို့ နန်းရိုက်နန်းရာ ဆွေမျိုညာသဟာတွေ ဟာဖြင့် ထီးသုံးနန်းဟန် ကိုစောင့်ထိန်းရပေမယ် မဟုတ်လားကွယ့်' ..တီအမြဲအဲလိုပြောနော်.မောရင်ရေသောက်..
    ချစ်တူမ
    ကြယ်ဖြူစင်
    ReplyDelete
  4. တူမတော် ကလည်း မငြင်းရှာပေဘူးကို။
    တောင်ညာစံ မြောက်ညာစံ လည်း သင့်မြတ်သလို
    စီစဉ်ပါဖြစ်သွားတော့ တာပဲ
    မနိုင်ဘူး ဂယ်ပဲ ဂယ်ပဲ
    ReplyDelete
  5. ကောင်းလိုက်တဲ့ ပို့စ်လေးပါလားတီရေ
    ReplyDelete
  6. မူးသွားတာပဲ
    ဂယ်ပဲ
    ReplyDelete
  7. ဂယ်ပဲ
    ဂယ်ပဲ
    ဂယ်ပဲ
    HE. Great Glacier Thadoethiha
    ReplyDelete
  8. ကျနော်မျိုးမ လာရောက် ဖတ်ရှုတော်မူသွားကြောင်းပါ အဆွေတော်...
    ReplyDelete
  9. တီရေ... မနေ့က ချက်သာချက်တာ ဒီလောက်ပေါမှန်းမသိဘူး။ ဟီးဟီး အခုပြန်ဖတ်မှ ကိုယ်ရေးကိုကြည့်ပြီး တော်တော်ပေါမှန်းသိတယ်။ ဒါပေမယ့် နောင်လာနောင်သားတွေ မှတ်းသားရတာပေါ့နော် ဒွေးတော်။
    ချစ်တူမ
    တီခေါ်တဲ့ မိရောင်
    ReplyDelete
  10. ဒူဝေေ၀ .. မူးတော်မူပေတယ် .. ဒွေးတော် နဲ့ ဒွေးတော်ရဲ့ တူမတော်ရေ .. သို့ပေကြောင့် .. ပြန်တော်မူပေဦးမယ် အန်တီ ဒွေးတော် .. :D
    ReplyDelete
  11. ဒီဒွေးတော် “တိတ်အင်တူကွန်ဆစ်ဒရေးရှင်း” ဆိုတာ ကျေးတောသား ကျွန်တော့်ကို လင်းစမ်းပါအုံး။
    မှတ်သားရပါ၏။
    ReplyDelete
  12. This comment has been removed by the author.
    ReplyDelete
  13. take into consideration ပါကွယ်
    ReplyDelete
  14. ရောင့်ရဲ့မောင်(or)ရှူရှားမင်းသားကြီး
    အိမ်း....ခုမှပဲငါလည်းရှူရှားမင်းသားကြီးဖြစ်ပေသတော့ကွယ်..
    ဒွေးတော်ချမ်းနှယ်.တူမတော်ကို အဘယ့်သနှယ်ကြောင့်
    တောင်နန်းစံမြောက်နန်းစံခိုင်းရသလေ့ကွယ်.
    ခံချင်းခံ.အဲလေ..စံချင်းစံ..ရှူရှားမင်းသားကြီးက
    ဒွေးတော်နဲ့တူမတော်..နှစ်ယောက်ပေါင်းစံမယ်လေကွယ်..
    ဂွတ်ဖူးလားလေကွယ်...ဟီးဟီး..
    ReplyDelete
  15. ကဲကဲ တူမတော်
    မောင်တော် ရှူရှ မင်းသားကြီးပြောတာ ကြားတယ်ထင်ပ
    ဒီတော့ ကာပြောစရာတခုရှိတာက
    ဒွေးတော်က တော့ သက်တော်အရငယ်ပေမယ့်
    နောင်အခါ သားမြေးမြစ် ထွန်းပေါက်လာရာဝယ်
    ရောထွေးယှက်တင် ရှုပ်ရှင်းအမှု မပြုရလေအောင်
    ဒွေးတော်က မယ်မယ်ကြီး
    တူမတော်က မယ်မယ်လေး အဖြစ် အခုကတည်းက စီမံခန့်ခွဲရင် သင့်တော်ပေမယ်ပ
    ReplyDelete
  16. ဒီနှစ်ယောက်နဲ့ ဝေါင်ဝေါင်ရှေးတော့မည်...
    နောက်ဆို သားတော်တွေ.. မောင်တော်တွေ လာခေါ်နိုင်တယ်
    လစ်မှ
    ReplyDelete