Friday, May 15, 2009

တီချမ်း…၀ါသနာအဖြေရှာ............

တီချမ်း…၀ါသနာအဖြေရှာ............

(ဒနည က မေးပါတယ် မေးခွန်းတွေ က ဘယ်မှာလဲ တဲ့ သူက မှန်မှန်မှမလာတာနော် အဲ့တော့ဘယ်သိပါ့မလဲနော် ကဲပါလေ ဒီမှာရော့ ပြန်ထည့်ပေးထားတယ် မေးခွန်းတွေကို)

၁) စာရေးခြင်း (အမှန်က စာတိုပေစ၊ ကဗျာ ရယ် သီချင်းရယ်ပါ အဲတော့ ၃ မျိုးပေါ့ ခွဲပြောလဲရတယ် မခွဲပဲပေါင်းပြောလဲရတယ် အဲတာကြောင့် ၃မျိုးလို့ပြောတာ။ ဟုတ်ကဲ့ တီချမ်းက သီချင်းလဲရေးပါတယ် (သိတယ်သိတယ် တော်လိုက်တာ လို့တွေးနေပြန်ပြီမှလား...? ခိခိခိ နောက်မှကြုံရင် တီရေးထားတဲ့ ကော်ပီ သီချင်းတွေ တင်ပေးပါအုံးမယ် ဘာလို့ ကော်ပီရေးသလဲဆိုတော့ လေးဖြူ အငဲ မျိုးကြီး ဖဖကသ တို့ပြောသလိုပါပဲ ကော်ပီ လဲသူ့တန်ဖိုးနဲ့သူပါ နောက်တခုက အင်စတျူမန့် ဘာမှမတီးတတ်လို့ပါ.............ခိ)

၂) ရေကူးခြင်း ဟိုးအရင်က တော်တော်ကူးဖြစ်ပါတယ် အမျိုးသားကန်မှာတောင် လက်ရွေးစင် အဖြစ် camp ၀င်ဖူးသေး (စာရေးသူ ၏ အကြွားချပ်) မိညီတောင် ခုသွားချင်နေတဲ့ကန်ပေါ့ ခိခိခိ ဟုတ်တယ်မှလား ဒနည………..ခုတော့ ခြေထောက်မှာ ခွဲစိပ်ပြီးနောက်ပိုင်းရေကူးရင်နာပါတယ် ခဏ ပဲကူးနိုင်တယ် ကူးပြီးနောက်တနေ့ ဆိုအတော်ခံစားရပါတယ် အဲတာလဲ ကြုံရင်တော့ ကူးဖြစ်နေသေးတာပါပဲ အမှန်က ခွဲပြီးခါစ က ဖီဇီယိုသရပီ မ၀င်လိုက်လို့လေ ခုတော့ နောင်တရနေတာပေါ့…..catwalk လဲ မလျှောက်ရတော့ဘူးတဲ့ အဟင့် ပါရီ တို့ မီလန်တို့ က လက်ခံထားတဲ့ ၂၀၀၉ ဆောင်းရာသီ ကွန်ထရက်တွေတော့ လျှော်ရတော့မယ် အဟင့် အဟင့်

၃) လေးချစ်တတ်ခြင်း၊ကလေးလိုချင်ခြင်း၊ကလေးပြုစုပျိုးထောင်ချင်ခြင်း တခါကလဲရေးဖူးပါတယ် ကလေးပြုစုပျိုးထောင်တယ်ဆိုတာ အနုပညာတခုပါ တီသင်ယူချင်တဲ့ တန်ဖိုးထားတဲ့ အနုပညာ တခုပေါ့ (ဟဲဟဲ မိုက်တယ်နော် စကားလုံးတွေက ပြောင်မြောက်ပါ့ မှတ်ချက်=မျောက်မဟုတ်ပါ) ခုလောလောဆယ်တော့ ကိုကိုကာကာ ကို အားကျ ပြီးမနာလိုဖြစ်နေတယ် ဒီတခေါက်ရန်ကုန်ပြန်တုံးကတောင် အမေနဲ့ ရေရေလည်လည်တိုင်ပင်ဆွေးနွေးဖြစ်ကြသေးတယ် ကလေးမွေးစားဖို့လေ တီက ကလေးပဲလိုချင်တာ မိန်းမမလိုချင်ဘူး ခိခိ ကိုယ်က ယောက်ျားပဲကြိုက်တာကို နော်

၎) ဗီဒီယိုကြည့်ခြင်း………အခွေဆို မျိုးစုံအောင်ကြည့်ပါတယ် drama, thriller, horror, comedy, romance, teenagers, PG, NC, Full, ဗုံး၃ လုံးကား အပြာ အ၀ါ ဆင်းရဲသား အော်ဘာတွေရေးမိပြန်ပြီလဲမသိ………..ဟင်း ခက်တယ်…ခက်တယ် တီတီချမ်း…..

၅) ခရီးသွားခြင်း အမှန်က အစက ၀ါသနာ လုံးဝ မပါတာပါ ဒါပေမယ့် ဘ၀ က ဖန်လာတော့ လုပ်သမျှအလုပ်က ခရီးအသေထွက်ရတယ် အရင် က တိုးရစ်ဂိုက်လုပ်တယ်လေ နောက် အခု လုပ်တဲ့ အလုပ်ကလဲ ခြေတိုအောင်သွားရပါတယ် တခါတခါ တော့ ညစ်တယ် ပင်ပန်းလို့ တီ က ပင်ပန်းတဲ့ အလုပ်ဆိုတခု ပဲလုပ်ချင်တာလေ (မဟုတ်တာတွေလျှောက်မတွေးနေနဲ့......ဟွန်း)

၆) ပန်ချီးဆွဲခြင်း၊ ငယ်ငယ်က တော်တော်ဆွဲဖြစ်ပါတယ် ကျောင်းပေါင်းစုံဆုဘာညာတောင်ရဖူးသေး အဟေးဟေး ကြွားရတာ အရသာရှိ ခိခိနောက်တော့ အရွယ်ရောက်လာတော့ အင်စပရေးရှင်းက မလာတော့ ဒေါ်ဂျူးလိုပေါ့အေ အချစ်အကြောင်းရေးလို့မရတော့ဘူးတဲ့ တီလဲ ပုံဆွဲလို့မရတော့ဘူး အိုဘာပဲဖြစ်ဖြစ် ဆိုင်ဆိုင်မဆိုင်ဆိုင်ပေါ့အေ

၇) ဓါတ်ပုံအရိုက်ခံတာပါ အထူးသဖြင့် အနုပညာမြောက်တဲ့ ဟာမျိုးပေါ့လေ အလှရိုက်တာမဟုတ်ဘူးလေနော် နောက်မှတင်ပေးပါအုံးမယ် ရှိသေးတယ် ခိခိခိ တုံးလုံးပုံတွေချည်းပဲတော့လဲမဟုတ်ပါဘူးပေါ့နော်

၈) စာဖတ်ခြင်း ဒါကတော့ တော်တော်များများမှန်ကြပါတယ် ခန့်မှန်းတာ အဲ့တာမှမမှန်ရင်လဲ ............ဒါတောင်အချိန်နဲ့ ကိုက်ပြီးဖတ်တယ်ဆိုလား အချိန်ရှိသမျှဖတ်တယ်ဆိုလား တယောက် က ရွှီးသေး........ခိခိ

၉) သီချင်းနားထောင်ခြင်း နှင့် ကခုန်ခြင်းပါ အရင်က က ရမှာရှက်တတ်ပါတယ် ခုတော့လဲဖြတ်လိုက်ပြီ အဲ့ဒီရှက်ကြိုး.ခိခိခိရှက်တော့ဘူး လှလာတာနဲ့အမျှ ကိုယ့်ကိုကိုယ်ပိုပို ယုံကြည့်မှုရှိလာတယ်လေ............ ဟဟဟ

၁၀) တော်တော်များများမမှန်တဲ့ ဟာပါ ဓါတ်ပုံရိုက်တဲ့ ၀ါသနာပါ အမှန်က အရိုက်ခံခြင်းကစတာပေါ့ နောက် ပန်းချီမဆွဲရတော့လဲ ဓါတ်ပုံရိုက်ဖြစ်လာတယ်ထင်ပါတယ် သဘောတရားနဲနဲတူတယ်လေ အရာတ္ထုတွေ ကိုဘောင်ခတ်တာပဲဟာ ခိခိ နောက်ဒီကောင်က ပိုလွယ်တယ် ခလုတ်နှိပ်လိုက်ယုံပဲ

ကဲကဲကဲ ကျေနပ်ကြရဲလား ဖြေပြီနော် ..................

A Chen
11:50 am
15th May 2009
Bkk

8 comments:

  1. ဘာများလဲလို့
    ဒါပဲကို လာရှင်းပြနေတယ်
    သူ့ ကို သူ နာမည်ကျော်များထင်နေလားတော့မသိ

    ReplyDelete
  2. ဟေ့ဟေ့ တော်တော်လေး နီစပ်ပါတယ်။ ပြောသာပဲ တူအရီး ပါဆိုမှ။


    ချစ်တူမ
    တီခေါ်တဲ့ မိရောင်

    ReplyDelete
  3. ဘသူက မေးတာဒုံး

    ReplyDelete
  4. "Full, ဗုံး၃ လုံးကား"
    အဲ့ဒါဘာတွေလဲ ဒေါ်ချမ်း? မကြားဖူးလို့

ဲယောင်္ကျားပဲ ကြိုက်လဲ ယောင်္ကျားယူပြီး ကလေးမွေးစားပါလား? ချမ်းက အမေနေရာယူပေါ့

    ReplyDelete
  5. ဖတ်သွားပါသည်

    ReplyDelete
  6. အော် ဂလိုကိုး

    သိသားပဲ ပြောမလို့ဟာကို...:D

    ReplyDelete
  7. ဟီးးးးးးးး
    တီ ဘူဒူကိုကြောတာလဲ
    တိဝူးလေ
    တီက နာရီကြီးနဲ့ ပြထားတော့ ဒီက ဦးနှောက်ကို အလုပ်အရမ်းပေးပြီး အိုင်ကျူကို မြှင့်လိုက်တာပေါ့လို့ 

    ReplyDelete