Friday, February 11, 2011

ကနေတဲ့ မိန်းမငယ်

ကနေတဲ့ မိန်းမငယ်


ကနေတဲ့ မိန်းမငယ်

ကနေတဲ့ မိန်းမငယ်
ဒန်းစင်းလေဒီ လို့ ခေါ်ကြတယ်
သူ့အလှ သူ့ဘဝ
ဖန်တီးသူတွေမြင်ကြတယ်
ပုံတွေ ရိုက်မယ်
စာတွေရေးမယ်
ပန်းချီ အရောင်ချယ်ကြတယ်

ရှင်သန်ရာကမ္ဘာထဲမယ်
ကမယ် ခုန်မယ် သီချင်းဆိုမယ်
ခဏတာဆိုလဲ ပျော်ပျော်နေမယ်
ဘဝတာ တိုလဲ တိုပါစေကွယ်
လူတွေ လူတွေ
လှတယ်ဆိုပြီး မခူးခင်ကွယ်

အလှကြောင့် ဘဝပျက်မယ်
အလှကြောင့် ဘဝခက်တယ်
အပင်ပေါ်ကနေ ပန်ဆင်သူလက်ထဲ
သက်ဆင်းသော်လည်း
အသက်ပျောက်ရတယ်
အဆင်းလှသော်လည်း
ဘဝက မလှတယ်
ဒန်းစင်းလေဒီ
ကနေတဲ့ မိန်းမငယ်

A Chen
4:18 PM
2nd Feb 2011
Wednesday
Bangkok

ခုတလော မမပန်ပန် ရဲ့ ဖဘ ကို ခဏခဏ ရောက်ပါတယ်။ တနေ့ကလဲပုံတပုံ အမြတ်ထုတ်ပြီးကဗျာ ရေးပါတယ်။မဘတ်လိုက်ရတဲ့ သူတွေအတွက် ဒီမှာပါ
ဒီနေ့လဲ ထပ်ရောက်တော့ နောက်တပုံ ကိုမန့်ရင်းနဲ့ ကဗျာ ဖြစ်သွားပါတယ်။ ကလေးဆန်ဆန်ပဲ ရေးထားတာပါ။ ရိုးရိုးတွေးပြီး ရိုးရိုးပဲ တင်ပြပါတယ်။ အဖွဲ့အနွဲ့ထက် အကြောင်းအရာ ပိုစောင်းပေးထားတာပါ။ ကိုယ်ကလဲ ကဗျာဆရာ နာမည်ခံနိုင်တဲ့ အဆင့်မရှိပါဘူး။ ရောက်ရာ ပေါက်ရာ လျောက်ရေးပါတယ်။ အမန်နျူရယ်ပေါ့ ပရော်ဖက်ရှင်နယ် မဟုတ်ပါဘူး။

ကိုယ့် ကဗျာတွေက တကယ့် အဒိုလန့်စန့် ပါပဲ အရင်ကလဲ မွေးနေ့ ဆုတောင်းကဗျာတွေ ရေးပေးလေ့ရှိပါတယ်။ ကာရံမဲ့ထက် ကာရံနဲ့ ကဗျာ တွေ ကိုပိုကြိုက်တတ်ခဲ့တယ် (သစ္စာနီ တို့ ဘာပြောပြော အဟိ) ငယ်ငယ်က မိုးသောက်ပန်း တေဇ တို့ကျောင်းသား ရွှေသွေး မင်္ဂလာမောင်မယ်တွေ ဘတ်တာများလို့

ပုံတွေ သုံးခွင့်ပြုတဲ့ မမပန်ပန် ကိုကျေးဇူး အထူးတင်ကြောင်းပြောလိုပါတယ်။

No comments:

Post a Comment