Monday, May 2, 2011

တို့ အတွက် သေရဲလား....

တို့ အတွက် သေရဲလား....


သူဌေးသမီးလေးက အပေအတေကောင် ကို ကြိုက်တယ်၊ ကောလိပ်ကျောင်းသူ မမ က လမ်းသရဲကောင် ကို ကြိုက်တယ် ဗိုင်းကောင်ကျောက်ဖိသမီးလိမ္မာလေး က လူဆိုးကောင် ကိုကြိုက်တယ် စသဖြင့် ထိုနည်းနှင်နှင် ထိုပုံဆန်ဆန် ထိုဇာတ်လမ်းနီးနီး တွေအများကြီး ရုပ်ရှင် ဗီဒီယိုတွေထဲမှာ တွေ့ဖူးကြမှာပါ။ မြန်မာကားတွေ ပိုများတယ်။* ယိုးဒယားကားတွေမှာလဲ တွေ့ရတယ် ရွှေမင်းသမီး သူဌေး သမီး က အိမ်က မာလီ ကိုကြိုက်တာ အဲ လမ်းသရဲ ကြိုက်တဲ့ ကောင်မလေးတွေ တော့ ဟောင်ကောင်ကား ကိုရီးယား ကားတွေမှာ ပိုအတွေ့များတယ် ပြီးတော့ ဒီလိုဇာတ်လမ်းတွေက များသောအားဖြင့် နောက်ဆုံးမှာ တယောက်ယောက်ကတော့ သေတာပဲ ကျန်တဲ့ တယောက် ရဲ့ ရင်ခွင်ထဲမှာ နောက်တယောက် က သွေးအလိမ်းလိမ်းနဲ့သေရင်သေ မသေရင် ကားမှောက် မသေရင် လူဆိုးတွေနဲ့ ချပြီး သေ အို တမျိုးမဟုတ် တမျိုးတော့ သေကိုသေမှာ...မယုံရင် သေချာကြည့်

တကယ့် လက်တွေ့ မှာတော့ ကိုယ်တို့တွေ အားလုံးကလဲ တကယ်လက်တွေ့ကျကြပါတယ် မိန်းမတွေပညာသင်ထားတာ ဒီလို လွယ်လွယ်ကူကူ အလိမ်ခံရဖို့ မဟုတ်.....လည်တယ် မပြောနိုင်တောင် သိပ်တော့ မတုံးကြတော့။** ပြီးတော့ အပြင်မှာ လက်တွေ့ ကျတဲ့ မိန်းမတွေက အဲ့လို လူဆိုးတွေ လမ်းသရဲတွေအပေအတေတွေ ကို ချစ်မိတဲ့ ကြိုက်မိတဲ့ မိုက်ရူးရဲ မိတဲ့ ကောင်မလေးတွေ နည်းသွားပါပြီ။ ခုခေတ်ကောင်မလေးတွေမှာ မျှော်လင့်ချက်ရှိတယ် ပန်းတိုင်ရှိတယ် ဦးတည်ချက်ရှိတယ် ရည်ရွယ်ချက်ရှိတယ်။ အဲ့လို ရုပ်ရှင်မျိုးတွေကို မတော်လို့များ ကြည့်မိကြရင်တောင် ကြည့်ပြီးရင် ရယ်မိကြမှာပဲ ...ဒီလိုကြည့်လိုက်ရင် ရိုမန်တစ်ဖြစ်သလိုလိုထင်ရတဲ့ ရုပ်ရှင်တွေဟာ တကယ့်လက်တွေ့ဘဝမှာတော့ ဘယ်လိုမှ နည်းနည်းမှ ပါးပါးလေးတောင်မှ ရိုမန်မတစ်ပါဘူး.....

ရုပ်ရှင်ဖြစ်လို့ ကောင်လေးတွေက မင်းသားတွေ ရုပ်ရှင်ထဲမှာဆိုတော့ ကြည့်လို့လဲလှ ပြောတဲ့ စကားလေးတွေက ကြွေချင်စရာကောင်း ကောင်မလေးကလဲ လှမှလှ မို့လို့သာ ရိုမန်တစ်ချင်စရာဖြစ်ချင်ဖြစ်နေမှာ အပြင်လက်တွေ့ ဘဝမှာတော့ .....နိုး...............ပဲ

ပြီးတော့ ပြောရမယ်ဆိုရင် ယောက်ျားလေး ဘယ်နှယောက်ကများ pretty woman ကြည့်ပြီးတော့ လက်တွေ့ဘဝမှာ ရစ်ချက်ဂီယာ လို လမ်းပေါ်က အလေအလွင့် မိန်းမပျက် ကို တကယ် လက်ထပ်သွားတယ် ကြားဘူးလဲ နော်

လမ်းသရဲ လူဆိုး အပေအတေ စတာတွေဟာ တကယ်တော့ မိန်းကလေးတွေရဲ့ စိတ်ကူးယဉ် ချစ်သူတွေသာပါ။ ပြီးတော့ သူတို့တွေ ကို ရုပ်ရှင်ဇာတ်လမ်းတွေမှာ မင်းသားဖြစ်စေတာကလဲ သူတို့ ရဲ့ကာရိုက်တာ ဘာညာ ဒါမှမဟုတ် သူတို့ရဲ့ သူရဲကောင်းဆန်တဲ့ ရိုမန်တစ်ဆန်တဲ့ အပြုအမူတွေဘာတွေကြောင့် တခုမှ မဟုတ်ဘူး။ ဒါဆိုရင် ဘာလို့လဲဆိုတော့ မိန်းမတွေက ဒီလို ချစ်သူတွေဟာ သူတို့ အတွက် “သေရဲတယ် (သို့) သေရဲလိမ့်မယ်” လို့ ယုံကြည်ကြလို့ပဲ။

တကယ်က ရိုးရိုးလေး ရှင်းရှင်းလေး။ စဉ်းစားကြည့်လေ...ရွှေလင်ဘန်း နဲ့အချင်းဆေးပြီး အခြွေအရံတွေနဲ့ မွေးလာတဲ့၊ ဘဝ မှာ ဘာဆို ဘာမှ ဒုက္ခမခံဘူးတဲ့ ဘယ်သူဌေးသား သူကြွယ်သားဆိုပါတော့။ တကယ့်တကယ် အရေးရယ် အကြောင်း ရယ် သေခြင်းတရားနဲ့ ရင်ဆိုင်တွေ့တဲ့ အချိန်...မှာ သူ့ အသက်နဲ့ လဲပြီး ကိုယ့်အသက်ကို ကာကွယ်ပေးမယ် လို့ မိန်းကလေးတွေအနေနဲ့ ယုံကြည်ဖို့ ခက်ခဲမယ် မှလား။

ဒါပေမယ့် လူဆိုးတယောက်။ လမ်းသရဲတကောင်၊ အပေအတေအလေအလွင့် လူငယ်တယောက်ကတော့ ဒီလိုမျိုး အခြေအနေမှာ ကိုယ့်ကို အသက်ပေးပြီးချစ်ဝံ့ ကြမယ်။ ချစ်ရဲ ကြမယ်၊ ချစ်နိုင်ကြမယ်။ ဘာလို့လဲဆိုတော့ သူတို့လိုသူတွေအတွက် ဆုံးရှုံးစရာက ဘဝမှာ သိပ်များများ စားစား မရှိလို့ပဲ....

(ဒီနေရာမှာ ဂျူး ရဲ့ဇာတ်ကောင် ကောင်မလေး ရေကူးသင်ချင်တာ ကို ကိုယ်သတိရမိတယ် ပိုလဲ နားလည်လာနိုင်တယ်)

လောကမှာ ဘယ်မိန်းကလေးမဆို ကိုယ့်ချစ်သူက ကိုယ့်ကို အသက်စွန့်ပြီး ချစ်တယ် ဆိုတာမျိုး လိုချင် ယုံကြည်
မျှော်လင့်ချင်ကြတာပဲလေ။ ဒါပေမယ့် တခါတခါ ကိုယ်တို့တတွေ တဘက်လူ ကို “ကျမ ကိုချစ်သေးရဲ့လားဟင်” လို့တောင် မေးဖို့ ခွန်အားမရှိတော့တဲ့ အခါမျိုးမှာ ဘယ်လို သတ္တိမျိုး နဲ့ “ကျမ အတွက် သေရဲလား အသက်စွန့်ဝံ့လား” လို့ မေးနိုင်မှာလဲနော်။

အဲ့တော့ ကိုယ်တို့တွေ ဘာလုပ်ကြလဲဆိုတော့...... ကြည့်လိုက်လို့ ကိုယ့်အတွက် အသက်စွန့်နိုင်မယ် ထင်ရတဲ့ သူမျိုး ကို ရှာဖွေပြီးချစ်သူအဖြစ် ရွေးချယ်ထားမိကြတော့တာပေါ့။ ပြီးတော့ တသက်လုံး အဲ့လို အနေအထားမျိုး အစမ်းသပ်ခံရဖို့ မကြုံပါရစေနဲ့ ဆိုတဲ့ ဆုတောင်းမျိုးနဲ့ပေါ့လေ။

*(အိမ်မှာ မောင့်ကို အမြဲ ပြောရတယ် မြန်မာကားတွေ များများကြည့် နင်တိုးတက်မယ်လို့ ဟုတ်တယ်လေ ကလေးတွေက အမွှေးတောင်မပေါက်သေးဘူး (သည်းခံပါ) ချစ်ကြိုက်တာနဲ့ ခိုးပြေးဖို့ပဲ သင်ပေးနေတယ် တီချမ်း ဒီစာတပုဒ်တော့ ဒေါသ ရသ သင့်နေပါလိမ့်မယ် ကိစ္စ တော့ မရှိပါဘူးလေ ကိုယ်က ပညာပေးရေးနေတာ မှ မဟုတ်တာနော် အမြင်မတော်တာတွေဆင်တော်နဲ့ခလောက်ဆိုသလို တွေ့ရင်တော့ ရေးရမှာပဲ ငှဲငှဲ)

**(ဒေါ်ရီတာ အတွက်မှတ်ချက်။ စကားကပ်မပြောရ ချွင်းချက်များ ရှိနိုင်သည်)

A Chen
02:02 AM
02 May 2011
Monday
Home
Bangkok

13 comments:

  1. (ဒေါ်ရီတာ အတွက်မှတ်ချက်။ စကားကပ်မပြောရ ချွင်းချက်များ ရှိနိုင်သည်)
    ;)

    ReplyDelete
  2. တခါမှ သူ ကိုယ့်အတွက် အသက်များ စွန့်နိုင်မလားလို့ မတွေးဘူး။ သူဖြစ်ဖြစ် ကိုယ်ဖြစ်ဖြစ် သေမှတော့ ဆက်လို့ ဘယ်ရတော့မလဲ။ ကိုယ်က ရုပ်ဝါဒီ။

    (မှတ်ချက်။ တမိုင်လောက်က ခွာပြောသည်)

    ReplyDelete
  3. အရမ်းချစ်လွန်းရင် သေစေချင်တယ် ဆိုတာမျိုးလား lol

    ReplyDelete
  4. After death, love will be leaft to the alive only.Isn't it?
    Gyidaw

    ReplyDelete
  5. ကဲ ကိုယ်ပြောတယ် မှလား တကယ့် လက်တွေ့မှာတော့ လူတွေအကုန် တကယ် လက်တွေ့ဆန်ကြပါတယ်လို့ ကွန်မန့်တွေ ကိုပဲ ကြည့်တော့

    ReplyDelete
  6. #
    Nang Nyi ကွိုင်ဘဲ .. ဒါဖတ်ပြီး တွေးစရာ နည်းနည်းများသွားပြီ
    11 hours ago · LikeUnlike
    #
    Addy Chen ရုပ်ရှင်ထဲမှာပဲရှိတာနော်
    4 hours ago · Like

    ReplyDelete
  7. တီရေ.. တီ့ရဲ့ပို့စ်နဲ့ အခုတင်ထားတဲ့ ကျွန်တော့်ပို့စ် လင့်လုပ်လို့ရရင် ကောင်းမယ်.. သဘ၀ချင်း တူနေသလားလို့.. အဟတ်

    ReplyDelete
  8. တွေးခေါ် ဆင်ခြင်တတ်မဲ့ အသက်အရွယ်၊ ပတ်ဝန်းကျင်ထိတွေ့မှုနဲ့လဲ ဆိုင်မယ်လို့ ယုံကြည်ပါတယ်။ ဆယ်ကျော်သက်အရွယ်တွေမှာ တကယ်လုပ်ရဲတဲ့၊ ခဲ့တာတွေ ကြုံဖူး ကြားဖူးပါတယ်။ မြန်မာပြည်မှာ Romeo & Juliet ရုပ်ရှင် (1980 ဝန်းကျင်လောက်ကထင်တယ်) ပြတုန်းကလည်း လူငယ်စုံတွဲတွေ အတော်များများ suicide လုပ်ကြလို့ တော်တော်လေး ဂယက်ရိုက်ခဲ့ဖူးပါတယ်။ ရုပ်ရှင်တွေ (မြန်မာရုပ်ရှင်အပါအဝင်) ကြောင့် ပါဘဲ..။

    ReplyDelete
  9. သူသူရေ လင့်ခ် လေ

    ကေအမ်အေ ရေ ၁၈ ရာစု က အတွေးအခေါ်တွေ ထားခဲ့ပါ

    ReplyDelete
  10. ဟုတ်ကဲ့ပါ ခင်ဗျား

    ReplyDelete
  11. အော် ယောက်ျားကြီး ကိုး..........

    နာမည် အတိုကောက်တွေ ဆိုရင် မိန်းမ ပဲ မှတ်နေတာ သူတို့ က အူ ပိုတိုတယ် ဆိုတာကိုး (အမ်)

    တကယ်က အနာတမီ အရဆိုရင် သူတို့ က ပိုရှည်တာပါ ကိုယ်တွေ ထက် တပေ တိတိ ပိုရှည်တယ် တဲ့ ပြောတာပဲ

    ဘာပဲ ပြောပြော နာမည် အတိုကောက်တွေတွေ့ရင် မိန်းမပဲ ထင်နေတာ ဘာလို့လဲ မသိ

    ReplyDelete
  12. I like this post. Let me share on fb.

    ReplyDelete