Tuesday, May 3, 2011

မောင် သေသွားမှာ ကိုယ်...စိုးတယ်



မောင် သေသွားမှာ ကိုယ်...စိုးတယ်


မနေ့က ဂျူး ရဲ့ ဝတ္ထုအသစ် “ပိုချစ်ရတဲ့ သူကိုယ်ဖြစ်ပါစေ” ကို တညထဲ အပြီး ဘတ်လိုက်ပါတယ်။ မဆိုးပါဘူး၊ ဒါပေမယ့် ဘတ်ပျော်အဆင့်ပဲ ကြယ်နဲ့ သတ်မှတ်ရရင် ကိုယ် က တော့ ၃ ပွင့်ပဲပေးမယ်။ အရင် ဂျူး ကိုတော့ အခုနောက်ပိုင်း ဂျူး က မမီဘူးလို့ပဲ ပြောချင်တယ်။ ပြီးတော့ ဒီဝတ္ထု ကို စကြေညာ ကတည်းက ဘတ်ချင်နေခဲ့တာပါ။ နာမည်ကိုလဲ “ပိုချစ်တဲ့သူ ကိုယ်ဖြစ်ပါရစေ” လို့ပဲ မှားယွင်း မှတ်မိနေခဲ့သေးတယ်။ မနေ့ က လက်ထဲကို စာအုပ်ရောက်မှ သေချာကြည့်လိုက်တော့မှ စာအုပ်နာမည်က ..... “ပိုချစ်ရတဲ့သူကိုယ်ဖြစ်ပါစေ” ဖြစ်နေတာ...အရှေ့နဲ့အနောက် လွဲနေတဲ့ “ရ” ကို ဆရာမ က ဘာလို့များ ဒီလို အခေါ်ရထောက် အောင် ပေးရတာလဲလို့ တွေးမိသေးတယ်။ နောက်မှ အတ္တကျော်ကလဲ သူ့စာအုပ်ကို “ယောက်ျားသားချင်း ပွင့်ပွင့်လင်း” လို့ပဲ “လင်း”တလုံးထဲနဲ့ ပေးခဲ့တာ အမှတ်ရပြီး တမင်ဒီလိုပေးတာ နေမှာ လို့ပဲ တွေးလိုက်ပါတယ်။ ဘတ်ရတာ ထောက်နေတော့ ပိုမှတ်မိတာပေါ့လေ။ စာအုပ် ဘတ်ပြီတော့လဲ အဆိုးမြင်တယ်ပဲပြောပြော မကောင်းမှုတွေ လူသားချင်းချင်းယုတ်မာမှုတွေကို တွေးနေမိပါတယ်။ အဲ့တာကြောင့်လဲ အခု စာကိုရေးဖြစ်တယ်ဆိုပါတော့ ...

အရင်ပိုစ့် နဲ့ ဆက်နေတယ်ထင်ရအောင် နာမည်ကို ပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ လက ကူမင်း သွားတုံးက တရုတ် ရုပ်မြင်သံကြားလိုင်းတခု မှာ ကြော်ငြာ တခု ကြည့်လိုက်မိပါတယ်။ ကြော်ငြာက လက်ကိုင်ဖုန်းကြော်ငြာတာပါ။ ကြော်ငြာထဲက မင်းသမီး က ဖုန်းတဘက်က မင်းသား ကိုဒီလိုလှမ်းပြောပါတယ်။
“တို့ ဖုန်းဆက်လို့ သူ ဖုန်းမကိုင်ရင် တို့ က သူ့ ကို သိပ်စိတ်ပူတယ်”
တကယ်တော့လဲ သူဖုန်းမကိုင်တာ ဘာမှ အလုပ်ကြီး အကိုင်ကြီး လုပ်နေလို့မဟုတ်ပါဘူး။ ဘတ်စကက်ဘော ကစားနေလို့ပါ။

ပြောချင်တာက မောင်တို့ ယောက်ျားတွေဟာ ဘယ်တော့မှ ကိုယ်တို့ မိန်းမ တွေ စိတ်ပူတယ် ဆိုတဲ့ ခံစားချက် ကို ကိုယ်ချင်းမစာတတ်ကြဘူး။ ကိုယ်တို့ တွေ ဘာကို စိတ်ပူနေလဲ ဆိုတာကိုလဲ နားမလည်တတ်ကြဘူး။ ဒီမိန်းမတွေ ပူစရာမရှိ ကြံဖန်ပူနေကြတယ်လို့ပဲ တွေးတယ်။

ချစ်သူ ကောင်မလေး ဆီက တနေ့လုံး ဖုန်းမရဘူး၊ ချစ်သူ က လာတွေ့မယ်ပြောထားပြီးတော့ ရောက်မလာဘူး၊ ကိုယ့် ကောင်မလေး က ဘယ်ကို သွားနေမှန်း ရောက်နေမှန်း မသိဘူး...ဒီလိုအချိန်မျိုးမှာတောင် မောင်တို့ ယောက်ျားတွေက အလုပ်မပျက်၊ စိတ်ပူရကောင်းမှန်းမသိ၊ သူငယ်ချင်းတွေနဲ့ စကားပြော စားသောက်မပျက်၊ အိမ်မှာ အေးအေးဆေးဆေး တီဗီ ကြည့်နေနိုင်ကြပါတယ်။

တကယ်လို့များ....
ကိုယ့်ချစ်သူ ကောင်မလေး အန္တရာယ် တခုခု နဲ့ ရင်ဆိုင်ကြုံတွေ့နေရမလားလို့ သူတို့ ယောင်လို့ တောင် မတွေးမိ ကြပါဘူး။ တွေးရကောင်းမှန်းလဲ မသိကြ ပါဘူး။ တွေးစရာလိုတယ်လို့လဲမထင်ကြဘူး။

ဥပမာ.....
လမ်းပေါ်မှာ လျောက်နေရင်းနဲ့ များ မတော်တဆ အပေါ်က စည်းမဲ့ ကမ်းမဲ့ ပစ်ချလိုက်တဲ့ အရာဝတ္ထု တခုခု အမှန်ခံရမလား...

မြို့နယ် အားကစားကွင်း နားဖြတ်လျောက်သွားရင်း အထဲက လေ့ကျင့်ရင်း မတော်တဆ လွင့်ထွက်လာတဲ့ အဝေးပစ် သံပြားကွင်းကများ ခေါင်းလာမှန်နေမလား...

ရွှေမှုန်ဝင်းလေးလိုများ လမ်းမှာ နှာဘူး အကျင့်မကောင်းတဲ့ ယောက်ျားတယောက်ယောက် ဒါမှမဟုတ် မုဒိမ်းကောင်တကောင်ရဲ့ ယုတ်မာမှုကို ရင်ဆိုင်ကြုံတွေ့နေရမလား

ဘတ်စ်ကားစီးရင်းနဲ့ များ နှမချင်းမစားနှာ တဲ့ အကောင်တွေ ရဲ့လက်သရမ်းမှုကို ခံနေရမလား....

ဒါမှမဟုတ် ကား အက်စီးဒန့် တခုခုထဲမှာများပါနေမလား.....

မောင်တို့တွေတခါမှ စိတ်မပူတတ်ပါဘူး။ ဒီလိုများဖြစ်နေမလားလို့ လဲတခါမှ တွေးလဲမတွေးကြဘူး.... တယောက်ယောက်က တွေးတယ်လို့ပြောရင်တောင် သူတို့ က အူကြောင်ကြောင်နဲ့လို့ ဟာသ လုပ်ရယ်လိမ့်အုံးမယ်....

ဒါပေမယ့် ကိုယ်တို့မိန်းမတွေကျတော့ မောင်တို့နဲ့မတူဘူး။ ရည်းစား ကောင်လေးကို ရှာတဲ့ အချိန်မှာ မတွေ့ခဲ့ရင်၊ သူ့ဆီကတခုခုကြားသင့်တဲ့ အချိန်မှာ ဘာသံမှမကြားရရင်... ကိုယ်တို့တွေဟာ အလိုလိုပဲ သူ တခုခုများ ဖြစ်နေလားလို့ သဘာဝရဲ့ စေ့ဆော်မှု တမျိုးနဲ့ စိတ်ထင့် စိုးရိမ်တတ်ကြပါတယ်

စည်းကမ်း မရှိပြုတ်ကျလာနိုင်တဲ့ အပေါ်ထပ်က ပန်းအိုးကလဲ မောင့် ကို ကိုယ်ဆီကနေ အပြီးအပိုင် ထာဝရ ခွဲထုတ်သွားနိုင် တယ်။ ကားအမြန်မောင်းရတာ ကြိုက်တဲ့ သူ ကိုယ်ဆီကနေပြန်သွားတာဟာ နောင်ဘယ်တော့မှပြန်မလာနိုင်တဲ့ လမ်းကို မြန်းသွားတာလဲဖြစ်နိုင်တယ်။

ဒီလိုမျိုး မိန်းမတွေဟာ တွေးရင်းတွေးရင်း ပိုပို စိတ်ပူလာတတ်ပါတယ်။ အဲ့လိုများ မတော်တဆ တခုခုဖြစ်ခဲ့ရင် နောက်ဆုံးတွေ့ခဲ့တဲ့ အချိန်က သူ့ ကို စိတ်ကောက်ခဲ့တာတွေ၊ စိတ်လုပ်ပြီး စကားကောင်းကောင်းမပြောခဲ့တာတွေကို တွေးတွေးပြီး ဝမ်းနည်းလာတတ်ပါတယ်။

ဒီလိုအချိန်မှာများ မောင်တယောက် ဘွားခနဲပေါ်လာပြီး “ဘာတွေအတွေးကြောင်နေတာလဲ” လို့မေးလာခဲ့ရင်...

“မောင်သေသွားမှာ ကိုယ်စိုးလို့ပေါ့”.......

တခါတခါ ဒီလိုတွေးတတ်တာ သိပ်ကြောင်တယ် လို့ ကိုယ်လဲသိသားပဲ....ဒါပေမယ့် ကိုယ် မောင့် ကို သိပ်သိပ် သိပ်သိပ် ချစ်တယ်လေ.....အချစ်ဆိုတာမျိုးက လူကို မသေမခြင်း အတူတူ ရှိနေနိုင်တယ် ရှိနေမှာပါ ရှိနေပါရစေ ဆိုတဲ့ အသိမျိုး မွေးဖွားပေးတယ် တွေးထင်စေတယ် မဟုတ်လား။

ဘယ်လိုပဲ ဖြစ်ဖြစ်လေ တကယ်လို့ တချိန်ချိန်မှာ ကိုယ်တို့နှစ်ယောက်ထဲက တယောက်ယောက်ကများ နောက်တယောက်ကို အရင်ခွဲခွာပြီး ထားသွားခဲ့ရမယ်ဆိုရင် အတူတူ လှမ်းလျောက်ခဲ့ ရတဲ့ ဘဝ တလျောက်လုံး မှာတော့ “ပိုချစ်ရတဲ့သူ ကိုယ်ပဲ ဖြစ်ပါစေ”......လို့.....

A Chen
4th May 2011
Wednesday
Home
Bangkok

3 comments:

  1. LikeUnlike · · Share · Delete

    *
    *
    Jaboe Lay, Ya Min Thu, Mee Chit and 3 others like this.
    *
    o
    Aung Phyoe အော်ဒင်ရဲ့ မူရင်းကဗျာကို ဖတ်ကြည့်ပြီး Analysis essay တွေ ဘာညာဖတ်ကြည့်မိတော့ သူလည်း addy လို ခံစားပြီးရေးတာ ဖြစ်နိုင်တယ် ... ။ အမှန်ပြောရင် ဝတ္ထုတစ်ပုဒ်လုံးထက် အဲသည်ကဗျာကို ပိုကြိုက်တယ် :D
    Wednesday at 5:53am · LikeUnlike · 1 personLoading...
    o
    Aye Myat Myat Ko မောင်တို့ ယောက်ျားတွေဟာ ဘယ်တော့မှ ကိုယ်တို့ မိန်းမ တွေ စိတ်ပူတယ် ဆိုတဲ့ ခံစားချက် ကို ကိုယ်ချင်းမစာတတ်ကြဘူး။ ကိုယ်တို့ တွေ ဘာကို စိတ်ပူနေလဲ ဆိုတာကိုလဲ နားမလည်တတ်ကြဘူး။ ဒီမိန်းမတွေ ပူစရာမရှိ ကြံဖန်ပူနေကြတယ်လို့ပဲ တွေးတယ်။
    Wednesday at 7:49am · LikeUnlike
    o
    Nang Nyi
    အဲ့ဒါဘာလို့ အဲ့လိုကွာနေတာလဲ.. သူတို့ကျတော့ စိတ်ပူရတာတောင် ရှက်နေကြသလိုပဲ.. တခါ ခရီးကပြန်လာပီး တရက်တိတိ ဖုန်းအဆက်သွယ်မရတော့ သူက စိတ်ပူနေသတဲ့.. သူက ရန်ကုန်မှာလည်းမဟုတ်တော့ ရှိသမျှ ဘော်ဒါတွေကို ဖုန်းဆက်ပီး အိမ်သွားကြည့်ခိုင်းသတဲ့.. နောက်တော့ ဖ...ုန်းအဆက်သွယ်ရတော့ ဒေါသတကြီး ဆူသေးတယ်.. ပီးတော့ ပြောတယ်.. (ငါ့မှာတော့ အဖိုးကြီးကျနေတာပဲ မင်းကို စိတ်ပူလိုက်ရတာ.. ဘော်ဒါတွေကိုတောင်အကူညီတွေတောင်းလို့.. ရှက်စရာကြီး) တဲ့.. ကိုယ့်ချစ်သူကို စိတ်ပူတာ ရှက်စရာလို့ ဘာလို့ ယောက်ျားတွေက ထင်ကြတာတုန်း???See More
    Wednesday at 9:52am · LikeUnlike · 2 peopleLoading...
    o
    Aye Myat Myat Ko ချဉ်ဖို့ကောင်းတယ်။ (ဒါပေမဲ့ ကိုယ်က အချိုမကြိုက်ဘူး။ အချဉ်ပဲကြိုက်တာ)
    Wednesday at 10:01am · LikeUnlike · 1 personLoading...
    o
    Nang Nyi ရေးထဲအေ.. မေးတာတော့ ဖြေဝူး.. သိချင်တာက အဲ့လို ကွာခြားနေတာက ဟော်မုန်းတို့ဘာတို့ကြောင့်လား.. နေထိုင်မှု သဘာဝကြောင့်လား.. ဘာက ဘာဖြစ်နေလဲ သိချင်တာ
    Wednesday at 10:02am · LikeUnlike
    o
    Aye Myat Myat Ko
    သိမှ မသိတာ။ ချဉ်တာပဲ သိတယ်။

    ယောက်ျားလေးတွေ တွေးမပူတတ်တာကတော့ တကိစ္စတည်းမဟုတ်ဘူး။ အရာရာပဲ။

    ငယ်ငယ်တုန်းက စာမေးပွဲခန်းထဲဝင်ခါနီးအချိန်တွေ ပြန်စဉ်းစားကြည့်။ မိန်းကလေးတွေက ရရ မရရ ပူတာ။ အခန်းထဲ ဝင်ခါနီး ပျာယာခတ်ကြတာ။ ယောက်ျားလေးတွေက ရရ မရရ အေးအေးပဲ...။

    ပြန်ထွက်လာရင် မိန်းကလေးတွေ စာဝတီးသိုက်လို အဖြေတိုက်ကြတာ။ သူတို့တွေက ဘာမှကို မှတ်မလာဘူး။ အထဲကကိစ္စ အထဲပဲ ထားခဲ့တာ။See More
    Wednesday at 10:06am · LikeUnlike

    ReplyDelete
  2. o
    Aye Mie မပူတတ်လွန်းတဲ့ နေရာမှာတော့..ပြိုင်ဘက်မရှိလွန်းလို့ ..တစ်ခါတစ်ရံ..မှာစိတ်နာသလိုလိုကြီးတောင်ဖြစ်မိတာ..နောက်တော့လဲကိုယ်ဖြစ်စေချစစ်
    Wednesday at 10:08am · LikeUnlike
    o
    Aye Mie မပူတတ်လွန်းတဲ့ နေရာမှာတော့..ပြိုင်ဘက်မရှိလွန်းလို့ ..တစ်ခါတစ်ရံ..မှာစိတ်နာသလိုလိုကြီးတောင်ဖြစ်မိတာ..နောက်တော့လဲကိုယ်ဖြစ်စေချစစ်
    Wednesday at 10:08am · LikeUnlike
    o
    Nang Nyi ဟာ ဒါတော့မတူဘူး.. ဒါဖြင့် နညဟာ အတော်မပူတတ်တဲ့ မိန်းမလို့လည်း ပြောလို့ရမလားမသိဘူး.. စာမွဲဖြေလည်း ဘဒေါ့မှ မပူ.. ခုလည်း သူများစိတ်ပူနေမလားလို့ မပူ.. တခါတလေ ခရီးသွားတဲ့အခါ ချစ်သူကို ပူပန်တာကလွဲလို့ တခြားဟာတွေမပူ.. မိဘနဲ့ ပက်သက်ရင်တော့ တွေးပူတာရှိတယ်.. ဒါပဲ.. ဟိ
    Wednesday at 10:16am · LikeUnlike
    o
    Aye Myat Myat Ko ဟုတ်တယ် တကယ်တော့ ကိုယ်လည်း တစ်ကိစ္စပဲ ပူတာ။ စာမေးပွဲကို ပေယျလကန် သဘောထားတာ အနှစ် ၂၀ လောက်ရှိပြီ။ =D
    Wednesday at 10:20am · LikeUnlike
    o
    Addy Chen စောစောစီးစီး ကွန်မန့်တွေကြောင့် ကျေနပ်သွားတယ် ဂျူး ရောင်ကြောင့် ပါးပြောင်တာပဲ
    Wednesday at 10:22am · LikeUnlike
    o
    Addy Chen နန်းညီ ဖြေရရင်တော့ လူပါးဝတာပေါ့ကွယ် အဲ့ အချိုးတွေကို ကိုယ်တွေလဲချိုး နိုင်အောင် ကြိုးစား မတတ်ရင် လာသင် မသေချာရင် စာအုပ်ဝယ်ဘတ်
    Wednesday at 10:23am · LikeUnlike · 1 personLoading...
    o
    Aye Myat Myat Ko သင်ပါလိမ့်မယ် စောင့်နေ။ မိန်းမများကလည်း ဒါကိုပဲ ကျေနပ်နေတာ။
    Wednesday at 10:24am · LikeUnlike
    o
    Addy Chen ‎Aye Myat Myat Ko စာမေးပွဲ ကိစ္စ အပြင် နောက်တခုရှိသေးတယ် ပြီးသွားရင် ပြီးသွားသလိုနေတတ်တာ သူတို့ နဲ့ ပဲ မဆိုင်တော့ သလိုလို
    Wednesday at 10:24am · LikeUnlike
    o
    Addy Chen အဲ့တာတော့ ကိုယ့် နှာခေါင်း ပါမပါ သာဆိုင်တဲ့ ကိစ္စ တီချမ်း ဘာဘာဘာ မှမတတ်နိုင်ပါလားကွယ်
    Wednesday at 10:25am · LikeUnlike
    o
    Addy Chen ကွန်မန့် တွေကိုကြည့်ခြင်းအားဖြင့်
    ၁) လူတွေ ဖဘ ပေါ်မှာ ပိုရှိကြတယ်
    ၂) ဖဘ က လူတွေ ပိုစာဘတ်တယ်
    ၃) လူတွေ ဖဘ နဲ့ပို အချိန်ကုန်တယ်
    ၄) ဖဘ ကို မြန်မာပြည်က အက်ဆက် ရနေသေးတယ် (စာပို့ရမယ်)
    ၅) နည ရတ လစာယူနေကြသော်လည်း အလုပ်မလုပ်ကြပါ ခွိ
    Wednesday at 10:27am · LikeUnlike
    o
    Nang Nyi အလုပ်လုပ်နေတယ်ကွ !!! ဟင်းးး
    Wednesday at 10:27am · UnlikeLike · 1 personLoading...

    ReplyDelete
  3. o
    Addy Chen ပြောတာဘဲ.......ပြောတာဘဲ .....မန်ဒါလီ လဲ ဘဲ ပဲ......
    Wednesday at 10:28am · LikeUnlike
    o
    Aye Myat Myat Ko အလုပ်ထွက်ပြီးသွားပြီ။
    Wednesday at 10:28am · LikeUnlike
    o
    Addy Chen ဟယ်..............( အော် နောက်နေတာကိုး........)
    Wednesday at 10:30am · LikeUnlike
    o
    Addy Chen ‎Aung Phyoe ကိုယ်ရေးတာကိုတော့ မကြိုက်ဘူးပေါ့လေ
    Wednesday at 10:38am · LikeUnlike
    o
    Mee Chit ဟုတ်တယ် .. သူတို့စိတ်မပူတတ်ဘူး.. အဲ့လိုစိတ်မပူတာကိုပဲ မချစ်တော့လို့လားလို့ စိတ်ပူရပြန်ရော...
    Wednesday at 10:39am · LikeUnlike
    o
    Lwin Mar Aung ငါတို့ကတော့ပြောင်းပြန်(တလွဲမတွေးနဲ့နော်...ဟွန့်).....
    ငါ့ကောင်လေးကငါ့ထက်စိတ်ပူတတ်တယ်။ ငါကတော့အေးဆေးပဲဖြစ်နေတာ
    များတယ်။ ငါကသွေးအေးသတ္တ၀ါဖြစ်နေတယ်။ သူနဲ့ဆိုရင်
    Wednesday at 10:53am · LikeUnlike
    o
    Addy Chen သင်္ကြန်နွေဦး တူးပို့ တူးပို့ တုံချမ်းချမ်းတုံချမ်း ပိတောက်တွေ ရွှေလူး နှစ်သစ် ရောက်လို့ ချမ်းတုံချမ်းတုံချမ်း

    ဒီတခါ ကိုရီးယား သွားရင် ငါ နင့်ကို “ဘာ” လက်ဆောင် ပေးရမလဲသိပြီ
    Wednesday at 10:56am · LikeUnlike
    o
    Lwin Mar Aung ဖလမ...မဟုတ်တာတွေတွေးမနေနဲ့..နင်တို့ထင်နေတာတစ်ခုမှမဟုတ်ဘူးး
    Wednesday at 11:59am · LikeUnlike
    o
    Addy Chen တို့ ဘာမှ မပြောဝူး
    Wednesday at 12:00pm · LikeUnlike
    o
    Addy Chen မိုးနတ်မင်းကြီးသိပါတယ်
    Wednesday at 12:00pm · LikeUnlike
    o
    Lwin Mar Aung တော်ပြီ...နင့်notes တွေနောက်ဆိုဘယ်တော့မှဝင်မပွတ်ဘူး။
    ဟုတ်ရင်ဟုတ်တယ်ငါပြောတာပဲအေ့။ မဟုတ်ပါဘူးပြောနေရင်။
    တော်ဘီ..မုန်းးးးးဒယ်ကမ
    Wednesday at 12:01pm · LikeUnlike
    o
    Thet Nandar ta kae lar?
    Wednesday at 12:23pm · LikeUnlike
    o
    Addy Chen ပြောတာပဲပေါ့အေ....
    Wednesday at 12:24pm · LikeUnlike
    o
    Ya Min Thu LIKE x 2
    Wednesday at 3:57pm · LikeUnlike
    o
    Phyo Maw သေလောက်အောင် စိတ်ပူတာပေါ့ ချစ်တာ မချစ်တာနဲ့ မဆိုင်ဘူး စောင့်ရှောက်ချင်စိတ်နဲ့ပဲ ဆိုင်လို့ထင်ရဲ့ အဲ... ငိုတာပဲ သည်းမခံနိုင်တာ =)
    Wednesday at 6:18pm · Like

    ReplyDelete