Saturday, May 7, 2011

သရက်သီး နဲ့ တို့စရာ (ယိုးဒယားစတိုင်လ်)

ကဲ ဒီတခါတော့ နှစ်တိုင်း ရန်ကုန်ဈေးလေးတွေ မှာ သရက်သီး သည်တွေ နဲ့ရန်ဖြစ်တဲ့ ပွဲတိုင်းကျော် လောကကြီး ကို ခါးစောင်းတင်မယ့် သောင်းတင်မ တီချမ်း ရွှေဘလောခ် လာ စာဘတ်သူတွေကို ယိုးဒယားစတိုင်လ် သရက်သီး စိမ်း နဲ့ တို့ စရာ ငပိ ချက်ကကျွေးပါမယ်

သရက်သီးတွေကို မျိုးစုံစားလို့ ရပါတယ် အရင်ကဆို တီ လုပ်စားတတ်တဲ့ ကျိုင်းတုံက တို့ စရာ နည်းတွေ လဲပြောပြီးပါပြီ.....ပဲပုပ်မှုန့်တွေ နဲ့စားတာရှိတယ် ကြက်သွန်ဖြူ ဆီချက်နဲ့စားတာ ရှိတယ် ငရုတ်သီးဆီချက်နဲ့စားတာ ရှိတယ် ဆားအချိုမှုန့်နဲ့စားတာ ရှိတယ် ငံပြာရည် အကြက်မှုန့်နဲ့ စားတာ ရှိတယ် စစသဖြင့် ပေါ့ မျိုးစုံရှိတယ် အခု နည်းက အမေ ငယ်ငယ်ကလေးထဲက ခဏခဏ ချက်တဲ့ နည်းပါ တီကတော့ ခုမှအမေ့ဆီကနေ သင်လိုက်တာပါ ခုတော့ တီချမ်းလဲ ချက်စားတတ်လာပြီပေါ့.....
ကဲ ချက်နည်းလေး ကို ကြည့်ကြရအောင်နော် နည်းနည်းတော့ အလုပ်ရှုပ်မယ် သို့သော် အကြာကြီး ထား အစားခံတဲ့ အတွက် အဆင်ပြေပါတယ် ..........





ပထမဆုံး ထန်းလျက် ကို ရေကျို ရပါတယ် (အမှန်ကတော့ ကြံသကာ သုံးရင် ပိုအဆင်ပြေတာပါ ကြံသကာ ကို ရှယ်ရှာ ဝယ်ရင် အမှိုက်သရိုက်မပါတဲ့ အတွက် တခါ ထပ်စစ်စရာမလိုပါဘူး....) လောလောဆယ်တော့ မရှိရှိတဲ့ ထန်းလျက်ပဲ ပေါ့ .....ထန်းလျက် နည်းနည်း ကို အိုးထဲ ထည့် ရေ စင်းငယ်ခန့် ထည့် ပြီးတော့ ကျိုပါ ထန်းလျက်တွေ ပျော် လာတာ ကို သေချာ သိရဖို့အတွက် ဇွန်းလေးနဲ့ မွှေနေပါ အောက်မှာ အကုန်ကြေကုန်ပြီ ဆိုရင်တော့ ပုံမှာ ပြထားတဲ့ အတိုင်း အဝတ်သန့်သန့် နဲ့ စစ်ပါမယ်....ထန်းလျက်တွေ ကိုအကုန်သေချာ စစ်ပြီးတော့ ခဏ ဖယ်ထားပါ.....အော် တလက်စတည်း ခုန က အိုးကိုလဲ တခါတည်း ဆေးထားလိုက်ပါ





နောက်ထပ်ပြင်ထားရမှာကတော့ ကြက်သွန်နီ ကို ပါးပါးလှီးထားပါ အရမ်းပါးပါးကြီးမ လုပ်ပါနဲ့ အကျိုခံ အောင် သင့်ရုံပေါ့....ငပိစိမ်းစားလိုပါမယ် ဗူးလေးနဲ့ ဟာပါ နောက် ဘေးက ဗူးကြီးက ပုစွန်ခြောက် အကောင်သေးသေးလေးတွေပါ ရေဆေးပြီး စစ်ထားပါ အမှန်က ပုစွန်ခြောက် အကောင်လေးတွေ များများထည့်
ရင်ပိုကောင်းပါတယ် ခုတော့ ပုစွန်က ဟိုနေ့က ကြာဇံ သုပ်စားတုံးက ကျန်တာ ကို သုံးမှာ မို့လို့ပါ ထားတော့ နည်းနည်းနည်းနေလို့ တီက ပုစွန်ခြောက် မှုန့် နည်းနည်း ထပ်ထည့်ပါမယ် ပြီးတော့ ငရုတ်သီး အကြမ်းမှုန့် လိုပါမယ်





ဒီအဆင့်မှာတော့ ခုန က ဆေးထားတဲ့ အိုးကို ပြန်သုံးပါမယ် အိုးထဲ ကို ပထမဆုံး ခုန က စစ်ထားတဲ့ ထန်းလျက်တွေ ပြန်ထည့်ပါမယ် ပြီးရင်ခဏ ပေးပူလိုက်ပြီးတော့ ပုစွန်ခြောက်လေးတွေ ထည့်ပါမယ် ခဏနေရင် ငပိစိမ်းစား ကို ဇွန်း နဲ့ ကလော်ပြီးထည့်ပါ ပြီးရင် ငပိစိမ်းစား ကို ကြေအောင် မွှေပေးပါ....ပြီးရင် ကြက်သွန်နီ တွေပါ တခါတည်း ထည့်ပါမယ် ပြီးရင် မွှေနေပါ တဆက်တည်း မွှေနေပါနော် မဟုတ်ရင် တူးကုန်မှာ စိုးလို့ပါ





ပြီးရင်တော့ တဆက်တည်း လိုလို ငရုတ်သီးမှုန့် နဲ့ ပုစွန်ခြောက်မှုန့် တခါတည်း ထည့်ပါမယ် ပြီးရင် မွှေပေးနေပြီး ခဏလေး ဆူတာနဲ့ ရပါပြီ ဆူပြီဆိုတာနဲ့အိုးမြန်မြန်ချလိုက်ပါ





ပြီးရင်တော့ အိုးထဲက ဟာကို ခဏ အအေးခံထားလိုက်ပါ ပြီးရင်တော့ ကြိုက်နှစ်သက်ရာ ဗူးလေးနဲ့ ထည့်ပြီး ရေခဲသေတ္တာ (သိပ်မသစ်) ထဲမှာ ထားပြီး အကြာကြီး မကုန်မချင်း စားလို့ ရပါတယ်နော် (အော် ကော်ရှင်း ပေးရရင် ဗူးထဲ က ဟာကို စားတိုင်း ပန်းကန်သေးသေးလေးနဲ့ ထည့်စားပါ ဗူးထဲကနေ တခါတည်း တို့ မစားပါနဲ့ ကြာကြာထားချင်ရင်ပြောပါတယ်).....ဘေးကတော့ တို့စားရမယ့် သရက်သီးပါ မြန်မာပြည်မှာ ဆိုရင်တော့ မချစ်စု အစိမ်းလေးနဲ့ စားရင် စပါယ်ရှယ် ပါပဲ ဒီမှာတော့ အဆင်ပြေတဲ့ ရှိတဲ့ အင်အော်ဂန်းနစ်တွေ နဲ့ပဲ နှစ်ပါးသွားနေရတာ ကြာပေါ့....

အိုဗာအော် မှတ်ချက်

ဆား အချိုမှုန့် လုံးဝ မသုံးပါ
လူမျိုးဘာသာမရွေ သုံးဆောင်နိုင်ပါသည်

A Chen
7:32 PM
7th May 2011
Saturday
Home
Bangkok

5 comments:

  1. ကြည့်ရင်းနဲ့သားရေကျတယ်။ နည်းအဆန်းလေးပဲ၊ အဲလိုတစ်ခါမှမစားဖူးဘူး။ ငံပျာရည်၊ ငရုပ်သီးနဲ့ နယ်တာပဲစားဖူးတာ။

    ReplyDelete
  2. အဆန်းလေးပဲ တီချမ်း

    ReplyDelete
  3. တီရေ .. အလွယ်လေးထင်လို့ မလွယ်ပါလား။
    ဒါမဲ့ စားကောင်းမယ့်ပုံပဲ။

    ReplyDelete
  4. သွားရည်ကျလိုက်တာနော်

    ReplyDelete
  5. အီဗီ နဲ့အနောနိမတ်စ် ဟုတ်တယ် နည်းက အဆန်းလေး

    ဂျူ လွယ်ပါတယ် ရှုပ်တာ တခုပဲ

    စုဘူး တစ်ရှုး ယူလေ

    ReplyDelete