Sunday, May 8, 2011

“ဟင့်အင်း” နဲ့ “အင်း”

“ဟင့်အင်း” နဲ့ “အင်း”

စာအုပ်တအုပ်ထဲမှာ ဘတ်ဘူးတယ် ဘယ်သူကများ ပေါက်ပေါက်ရှာရှာ လေ့လာထားတယ် မပြောတတ်ဘူး။ မိန်းမတွေ ပါးစပ်ဖျားမှာ အပြောအများဆုံး စကား (အများဆုံးပြောတဲ့ စကားလို့ ပြောရင် ပိုကောင်းမယ်) က ဘာလဲ ဆိုတော့ “ဟင့်အင်း” ပါတဲ့

အစကနေ အဆုံးထိ မိန်းမတွေ က “ကျေးဇူးပြုပြီး မလုပ်ပါနဲ့” “မလုပ်နဲ့ကွာ” “ဒီလို မလုပ်နဲ့” “ဟိုလို မလုပ်နဲ့”
“ဟင့်အင်း....” “ဟင့်အင်း...” “ယာမာသဲ...”

အဲ့တော့ ယောက်ျားတွေက ဘယ်လို ကောက်ချက်ချသလဲဆိုတော့ (မိန်းမတွေကို မျက်နှာချင်းဆိုင် မပြောရင်နေမယ် စိတ်ထဲကနေ အနည်းဆုံးတော့ တခါ ဒါမှမဟုတ် ယောက်ျားလေးချင်း ပြောကြတဲ့ စကားဝိုင်းတွေ မှာ) မိန်းမဆိုတဲ့ အမျိုးက ပါးစပ်ကနေပြောတာ တမျိုး စိတ်ထဲမှာ ဖြစ်နေတာ တမျိုး....ဆိုပြီးတော့ပေါ့။ ဟန်ဆောင်မှုတွေ သိပ်များတယ် လို့ ဆိုပါတယ်။

ဒီနေရာ မှာ ဖော်ဝတ် မေးလ် ထဲကနေ ရောက်လာတဲ့ စာကလေးတစောင် ကိုသတိရမိတယ်။
ရည်းစားနဲ့ ချိန်းတွေ့မယ့် သမီးကို အိမ်က မထွက်ခင် အမေ ဖြစ်သူက မှာတာပါ သမီး ရင်သားတွေကို သူ့လက် ရောက်လာရင် “ဟင့်အင်း” DON'T လို့ ပြောပါ တဲ့။ အဲသူ့လက်က ချက်အောက်ပိုင်း ကို ရောက်လာပြီဆိုရင်တော့ “ရပ်” STOP လို့ပြောပြလို့ သင်ပေးလိုက်ပါတယ် သမီးက အဲ့တာ နဲ့ ချိန်းတွေ့ ရော ဆိုပါတော့ ပြန်လာတော့ အမေ က မေးပါတယ် သမီးက ဘာပြန်ပြောလဲ ဆိုတော့ အမေသင်ပေးလိုက်တဲ့ အတိုင်းပဲ သမီးပြောပါတယ်တဲ့ သူ သမီး ရင်သားတွေကို ကိုင်ဖို့ ကြိုးစားတော့ သမီး က DON'T လို့ ပြောပါသတဲ့ နောက် လက်က ချက်အောက်ပိုင်း ကို ရောက်လာပြန်တော့ သမီးက STOP လို့ပဲ အမေ သင်ထားပေးတဲ့ အတိုင်း ပြောပြန်တာပဲတဲ့ ဒါပေမယ့် သူ့လက်တွေက လူပျို လက်ဝက်မြီး ဆိုတဲ့ အတိုင်း ရင်သားတွေကိုကော ချက်အောက်ပိုင်း ကိုပါ တပြိုင်တည်းကိုင်လာပါသတဲ့ အဲ့အခါ သမီး က ဒီလိုအခြေအနေရောက်ရင် ဘာလုပ်ရမလဲဆိုတာ အမေ ကဘာမှ မပြောလိုက်တော့ သမီးလဲ ဘာလုပ်ရမှန်းမသိပါဘူးတဲ့ နောက်မှ အော် သူက နှစ်ခု လုံးကိုင်နေတော့ ငါက နှစ်ခု လုံးပြော ရမှာပဲ ဆိုပြီး DON'T STOP လို့ ပြောလိုက်ပါသတဲ့.....ဟင့်အင်း.....နဲ့ ရပ် ဆိုတဲ့ နှစ်ခု စလုံး ဟာ အငြင်း စကားလုံးတွေဖြစ်ပေမယ့် နှစ်ခု ပေါင်သုံးတဲ့ အခါကျတော့ အင်း ဆိုတဲ့ ခွင့်ပြု ဝါကျ ဖြစ်သွားတတ်ပါတယ်

ဒါပေမယ့် ခု ပြောချင်တာကတော့ မိန်းမတွေ က ပါးစပ်က ထွက်တာ တမျိုး စိတ်ထဲဖြစ်နေတာ တမျိုး လို့ယောက်ျားတွေက ပြောကြတယ် ဆိုတဲ့ ကြောင်းပါ

တကယ်လဲ မောင်တို့ ယောက်ျားတွေ ပြော...ပြောချင်စရာပါ ကိုယ်တို့ မိန်းမတွေက တခါတခါ တကယ်ပဲ အဲ့ လိုဖြစ်နေတတ်ပါတယ်.....အများဆုံးပြောတဲ့ စကားက “ဟင့်အင်း” ဆိုတာပါပဲ

ဒါပေမယ့် ဒီအဆိုပြုချက်ကို ပြန်လှန် စဉ်းစားမယ်ဆိုရင် မောင်တို့ ယောက်ျားတွေ ကျတော့ကော ဘာကိုမဆို ဘယ်ကိစ္စ ကိုမဆို အကုန် “အင်း” နေကြပြန်တာပဲ မဟုတ်လား ကိုယ်တို့ ကို အဲ့လို ကောက်ချက်ချတယ်ဆိုရင် ကိုယ်တို့ ကလဲ မောင်တို့ ယောက်ျားတွေ အပြောအများဆုံး စကားလုံး တခုက “အင်း”ဖြစ်တယ်လို့ ကောက်ချက်ချရပါမယ်။ ဥပမာ....

ကောင်မလေးနဲ့ ကောင်လေး ဒီလို မေးကြဖြေကြတယ်ဆိုပါတော့

“သူ တို့ ကိုချစ်တယ်မှလားဟင်”
“အင်း”
“တို့ ကိုစောက်ရှောက်မယ်မှလား”
“အင်း”
“တို့ ကိုလက်ထပ်မှာ မှလား”
“အင်း”
မိန်းမတွေက ဘာပြောပြော ယောက်ျားတွေ ပြန်ပြောတာကလဲ
“အင်း”“အင်း”“အင်း”“အင်း” ပါပဲ။

ကဲဒီလိုနဲ့ နောက်ဆုံး ယောက်ျားက ကတိမတည် ဖောက်ပြန်ပြီ ဆိုရင်တော့ ဦးနှောက်မရှိတဲ့ မိန်းမတွေက သူတို့ အတွက် “အကြောင်းပြချက်တွေ” ကို သူတို့ ဘက် က လိုက်ပြီးတော့ ရှာပေးတတ်ပါသေးတယ်။

“ဟိုမိန်းမ က စတာမှလား”
“အင်း”
“သူ့ ကို ဖြတ်လိုက်ပြီ မှလား”
“အင်း”
“တို့ ကိုပဲ ချစ်နေသေးတာမှလား”
“အင်း”“အင်း”“အင်း”“အင်း”

တကယ်ပါ ကိုယ်ဒီလို စာတွေ ရေးတာ တခါတခါ ကိုယ့်ဘာသာတောင် ဒွိဟဖြစ်လို့ ဝိဝါဒ ကွဲ ရပါတယ် ကိုယ်က ယောက်ျားတွေဘက်က လိုက်ရေးနေတာလား မိန်းမတွေဘက်က လိုက်ရေးနေတာလားလို့လေ။ အမှန်တွေက တကယ်ကိုပါပဲ ယောက်ျားတွေကလဲ တကယ် ဒီိလိုဖြစ်နေတယ် ဆိုရင် မိန်းမတွေကလဲ တကယ့်ကို ဦးနှောက်မရှိတာပါ

(ခြောက်နေတာပဲကောင်းတယ်)

နောက်ဆုံး အဆုံးသတ်နိဂုံးချုပ်ရရင်တော့ စာဘတ်သူပဲ စဉ်းစားကြည့်ပါ
“ဟင့်အင်း” လို့ အပြောများတဲ့ ကိုယ်တို့ မိန်းမတွေက ပဲ တကယ်ပြောတဲ့ စကားနဲ့ စိတ်ထဲဖြစ်နေတာနဲ့ ဆန့်ကျင်ဘက် ဖြစ်ပြီး မောင်တို့ ယောက်ျားတွေ စွပ်စွဲတဲ့ “ဟန်ဆောင်မှု” များတာလား.....

အမြဲတမ်း “အင်း” လိုက်နေတဲ့ မောင်တို့ ယောက်ျားတွေကပဲ ကိုယ့် နှုတ်ထွက်စကား ကတိတခွန်း ကိုတန်ဖိုးမထားဘဲ အရာရာ အင်း လိုက်ပြီးတော့ ဟန်ဆောင်မှု ပိုများသလားလို့.....


A Chen
6:26 PM
8th May 2011
Sunday
Home
Bangkok

5 comments:

  1. အင်း.......မှန်လိုက်တာ။ သူပဲ အနားလက်စ် လုပ်နိုင်တယ်။ ပညာရှိဆိုတော့လဲ သူများထက် ပိုမြင်တာပေါ့။ နောက်ပြီး ခြောက်နေတာပဲ ကောင်းတယ်တဲ့။ ဟုတ်လိုက်တာ၊ သိပ်တော်တဲ့ တီချမ်း။
    တီချမ်း တယောက် အောင်မြင်ပါစေ။
    အားပေးနေတဲ့ အမည်မဖော်လိုသူ ပရိသတ်တဦး။

    ReplyDelete
  2. အမ်းးး
    ဟုတ်သလိုလိုပဲ....
    (ခြောက်နေတာပဲ ကောင်းတယ် )
    :P :P :P :P

    ReplyDelete
  3. တစ်ခါတလေတော့လည်း ဟင့်.........အင်း ပေါ့။ :D

    ReplyDelete
  4. Like · · Share · Delete

    Mee Chit, SoeMya Nandar ThetLwin and 2 others like this.
    Addy Chen မောင် ဂျဲ သေချာကော ဘတ်ရဲ့လား
    May 8 at 6:37pm · Like
    Foe Jel အင်းး . . . . အင်း :D
    May 8 at 6:37pm · Like
    Foe Jel အင်း ဘတ်တယ်ဆိုး)))
    May 8 at 6:38pm · Like
    Addy Chen အဲ့ဒီ “အင်း” ကိုပဲ မယုံတာ ဟိဟိဟိ
    May 8 at 6:39pm · Like
    Foe Jel ဒါဆိုလဲ မိန်းကလေးတွေလို ဟင့်အင်း :DDDDDDD (^_^)
    May 8 at 6:49pm · Like
    Addy Chen အဲ့တာ ကိုလဲ မယုံဘူး အခြောက်တွေလိုပဲ ဘလောင်းဘလဲ ပြောပေတော့ ဟင်းဟင်း
    May 8 at 6:55pm · Like
    Foe Jel အို အို ညည်းကလဲ ညီအမ အချင်းချင်း ပြောရော့မယ် kwi kwiwiwiiwiw
    May 8 at 6:56pm · Like · 3 people
    Lwin Mar Aung တော်သေးရဲ့...ငါကခြောက်နေလို့...ခွိ
    May 8 at 9:22pm · Like
    Addy Chen ကဲ မရီတာ တွေ့ပြီလား မိန်းမတွေလဲ ခြောက်တတ်တယ်ဆိုတာ ဟိ
    May 8 at 11:21pm · Like · 2 people

    ReplyDelete