Tuesday, May 10, 2011

ဝတ္တရားနဲ့ အနမ်း (မောင်တို့ ဘတ်ဖို့)


foto from google

ဝတ္တရားနဲ့ အနမ်း

သူငယ်ချင်းတယောက်ကတော့ ပြောပါတယ် အနမ်းတွေအကြောင်း သိပ်မရေးပါနဲ့တဲ့ အဲ့တာတွေက နှစ်ကိုယ်ကြား ပြောရမယ့် ကိစ္စတွေဆိုပဲ....ကိုယ်ကတော့ အဲ့လိုမမြင်ပါဘူး ကိုယ်တို့ နမ်းတော့ ကိုယ်တို့ နှစ်ကိုယ်ကြားပေါ့ သူတို့နမ်းတော့ သူတို့နှစ်ကိုယ်ကြားပေါ့နော် ခုပြောမှာကတော့ ယေဘုယျကိစ္စတွေပါ

သူငယ်ချင်းတယောက် နဲ့ စကားပြောဖြစ်လို့တွေးဖြစ်လာတာလေးတွေပါ....တခြားသူတွေလဲ ကိုယ့် ရီလေးရှင်းရှစ်ပ် ကို ပြန်ဆင်ခြင်နိုင်အောင်ပေါ့နော်......

တနေ့က သူငယ်ချင်း ယောက်ျားလေးတယောက်နဲ့ ကြုံလို့ ပြောဖြစ်တာပါ
သူက ဘာပြောလဲဆိုတော့....သူ့ ရည်းစား ကို သူ သေချာ စိတ်ပါလက်ပါ မနမ်းဖြစ်တာ ကြာလှပြီတဲ့လေ....

ဒီနေရာမှာ စိတ်ပါလက်ပါ နမ်းတယ်ဆိုတာ ကို နည်းနည်း အကျယ်ချဲ့ချင်ပါတယ်

စိတ်ပါလက်ပါနမ်းတယ်ဆိုတာ မနက်စောစော ရုံးအသွား နဖူးပေါ်က ခပ်မြန်မြန်အနမ်းမဟုတ်ဘူး၊ အိပ်ခါနီး နမ်းတဲ့ ဂွတ်နိုက်ထ် ကစ် လဲမဟုတ်ဘူး၊ တနေရာရာ သွားခါနီးလို့ လေဆိပ်တို့ ဘူတာတို့မှာ နမ်းတဲ့ လမ်းခွဲအနမ်း နှုတ်ဆက် အနမ်း မဟုတ်ဘူး။ စိတ်ပါလက်ပါအနမ်းဆိုတာ လူတယောက်ကို ကိုယ်ချစ်သမျှ စိတ်ထဲရှိရှိ သမျှ ကို အနမ်းတခု နဲ့ ဖော်ညွှန်းတဲ့ အနမ်းမျိုးကိုပြောချင်တာပါ။

“ဟုတ်တယ် အဲ့လို မနမ်းဖြစ်တာ တော်တော်ကြာပြီ” လို့ သူငယ်ချင်းက ဆက်ပြောပါတယ်။
“သူ့ကို မချစ်တော့လို့လား....?” လို့ ကိုယ်ကမေးလိုက်တော့....
“မချစ်တော့တာလဲမဟုတ်ပါဘူး၊ တခြားလူ ကိုချစ်မိသွားတာမျိုးလဲ မဟုတ်ဘူး၊ အလုပ် က သိပ်များတယ်လေ။ မောလွန်းတော့ တခါတခါ ကိုယ့်ကိုကိုယ်တောင် မချစ်ချင်တော့ဘူး၊ သူ့ကိုလဲ တခါတခါ တွေ့တောင် မတွေ့ချင်ဘူး။ ဒါပေမယ့် မိန်းမတွေအကြောင်း နင်က ငါ့ထက်ပိုသိပါတယ်လေ....တခုခု ကိုဆို သိပ် ဆန်စတစ်ဖ် ဖြစ်တတ်ကြာတာမှလား.....သူ့ ကို ပုံမှန်မတွေ့ ရင် သူက သူ့ ကိုမချစ်တော့ဘူးလို့ထင်မယ်.....အဲ့အခါကျမှ ပိုဆိုးမှာ”

သူငယ်ချင်းပြောတာ ကိုနားထောင်ပြီးတော့ ကိုယ်တော်တော်စဉ်းစားဖြစ်သွားပါတယ်။ အလုပ်ထဲမှာ တူတူပဲဆိုတော့ အခု ကိုယ်တို့ အဖွဲ့ က လုပ်မယ့် ပရောဂျက် အသစ်အတွက် သူတကယ် အလုပ်များနေတာ ကိုလဲကိုယ်က သိထားပါတယ်။ သူ့ ကောင်မလေး ကိုလဲ ကိုယ်က သိတာပဲလေ တကယ်ဆို သူ့ကောင်မလေးက ကိုယ် မောင့် အပေါ် သဝန်တို တာလောက်ရဲ့ တဝက်တောင် အကဲမပါပါဘူး။ သူတို့ ကတောင် မောင်နဲ့ ကိုယ့် ကို အမြဲ ဒီကိစ္စ အတွက် စကြရတာလေ။ ဒါပမေယ့် သူပြောနေတာ ကိုနားထောင်နေရင်း ကိုယ့် ရဲ့ မိန်းမဆန်တဲ့ဘက်ရဲ့ ဦးနှောက် က ကလန်အကဆန်တွေးနေမိတာက မောင်တို့ ယောက်ျား တွေက ကော ဘာထူးလို့လဲ ဆိုတာပါပဲ။ ဒီလိုအခြေအနေမျိုးမှာ မောင်တို့ ယောက်ျားတွေဆိုလဲ ကိုယ်တို့ လိုပဲ တွေးခေါ်ပြုမူကြမှာပဲလေ။

ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ကို်ယ်တို့တွေဟာ ရီလေးရှင်းရှစ်ပ်တခုထဲကိုရောက်သွားပြီဆိုရင် (ဒီနေရာမှာ အိမ်ထောင်ကျပြီးရောက်တဲ့ ရီလေးရှင်း ပဲဖြစ်ဖြစ် သမီးရည်းစား သားရည်းစား ရီလေးရှင်း ပဲဖြစ်ဖြစ် အကျုံးဝင်မယ်ထင်ပါတယ်) ကိုယ့်ရဲ့ တဘက်သား ကို ......
“ ကိုယ်မင်း ကို တကယ်ချစ်တာပါ၊ ဒါပေမယ့် ဒီနေ့၊ နောက်နေ့၊ နောက်နေ့ ရဲ့ နောက်နေ့၊ ဒီတလလုံး တွေ့ဖို့ မအားသေးဘူး” လို့ ......ဒါမှမဟုတ်....“ချစ်တာတော့ သိပ်ချစ်တာပဲ ဒါပေမယ့် တွေ့ဖို့ မအားဘူး” လို့များ ဘွာတေးလုပ်လို့ရမလားနော်။ အိမ်ထောင်ကျထားတာ ဆိုရင် ပိုဆိုးတာပေါ့ သူနဲ့ ကိုယ်က တအိမ်ထဲနေနေကြတာလေ မအားသေးလို့ အလုပ်မှာပဲ အိပ်မယ် ဒီတပတ် ဒီတလ၊ သူငယ်ချင်းအဆောင်မှာ အိပ်မယ်၊ မိဘ အိမ်ခဏ ပြန်အိပ်မယ် မတွေ့ကြစို့နဲ့ လို့ လုပ်လို့ရတာမှတ်လို့နော်...။

လူတယောက်ကို ချစ်တယ် ဆိုတာ သူ့အတွက် အချိန်ကို မဖြစ်ဖြစ်တဲ့ နည်းနဲ့ ဖြစ်ညှစ်ထုတ်ပြီးတော့ ပဲဖြစ်ဖြစ် ပေးနိုင်ရမယ် လို့ကိုယ်တော့ ထင်တာပါပဲ။

ပြီးတော့ ပိုပြီးအရေးကြီးတဲ့ အချက်က ကိုယ်ပေးမယ်ဆိုတဲ့ အချိန်တွေကလဲ သူ့တယောက်တည်း အတွက်ပဲ ဖြစ်ရမယ်။ ဟိုတယောက်အတွက် တပတ် နောက်တယောက်အတွက် တပတ်၊ နင်က တော့ တနင်္လာ ဗုဒ္ဓဟူး သောကြာ နောက်တယောက်က အင်္ဂါ ကြာသပတေး စနေ တင်္နဂနွေက ကိုယ့် နားရက် ဆိုပြီး လုပ်လို့ မရဘူး။

တကယ်ဆို ကိုယ်တို့ ရည်းစားဖြစ်ကာစ က ချစ်စ ခင်စ ကြင်နာစ အချိန်တွေ ကိုပြန်ပြောင်းတွေးတော တမ်းတ သတိရ အောင်မေ့ကြဖို့ ကောင်းပါတယ်။ အဲ့တုံးကတော့ ခိုးကြောင်ခိုးဝှက် တွေ့ရတာ အကိုတွေ မောင်တွေ မသိအောင် အဖေတွေအမေတွေ မသိအောင် ညီ တွေ ညီမ တွေ မသိအောင်၊ တိတ်တိတ်ကလေး ချိန်း၊ ကျူရှင် တခုနဲ့ တခုကြား ပြေးတွေ့၊ ချစ်သူ့ တမျက်နှာ ကို တွေ့ ရဖို့ အတွက် စွန့်စားခဲ့ ရတာ တွေ ကို ပြန်တွေးကြည့်ကြပါ။
အဲ့တာဆိုရင် ခုလက်ရှိ ဘဝတွေအချိန်တွေ မှာ ချစ်သူ အပေါ် ကိုယ်အေးစက်နေမိတာတွေ ကို အပြစ်ရှိသလို ခံစားရပါလိမ့်မယ်။ အတူတူနေတာ ကြာလာတဲ့ အခါကျတော့ ဘဝ က ကိုယ်တို့ ကို ပေးတဲ့ ဖိအားတွေမှာ နေ့တဓူဝ လုပ် လုပ် လုပ် အလုပ်ပြီးတော့ နောက်တလုပ် ဆိုသလိုပါပဲ။ ဖိအားတွေ ချည်းနဲ့ ပရက်ရှာတွေအောက်မှာ ကိုယ်တို့ တွေအသက် ဝဝ မရှု ရတာ ဘယ်လောက်ကြာသွားပြီလဲ ကြာနေပြီလဲ။ ဒီလိုနဲ့ နောက်ဆုံးမှာ တဘဝ လုံး ရည်စူးထားတဲ့ ကိုယ်ချစ်တဲ့ သူအတွက်၊ အတူနေ အိမ်ထောက်ဘက် အတွက်တောင် အနမ်းလေးတခု စိတ်ပါလက်ပါ မပေးနိုင်တဲ့ ဘဝ ကို ကိုယ်တို့ တွေ ရောက်နေကြပြီ။ မပေးချင်တာ တော့ မဟုတ်ဘူးလေနော်။ ပေးဖို့ အင်အား မရှိတော့ အောင် ဘဝ က တွန်းအားတွေ ဖိအားတွေ ပေးနေတာ။ ဘဝ အမောတွေကြားမှာ ကိုယ်တို့ နစ်မွန်းနေတာ။

ကိုယ်တို့ မိန်းမတွေ အတွက်တော့ မောင်တို့ ယောက်ျားတွေ ပေးတဲ့ စိတ်ပါလက်ပါ အနမ်း တခု စာ ကုတင်ပေါ် က ကိစ္စ ထက် အများကြီး ပိုတာ သွားပါတယ် ပိုအရေးပါပါတယ် ပိုထိရောက်မှု ရှိပါတယ်။ ဒါပေမယ့် မောင်တို့ ယောက်ျားတွေ က ကျတော့ ဒီလောက် များပြားတဲ့ အလုပ်တွေ လူမှု ကိစ္စတွေ ကြားမှာ ကိုယ်တို့ကို “အိပ်” ဖို့ အချိန်ပေးနိုင်ကြရဲ့သားနဲ့.....ကိုယ့် ချစ်သူ၊ ဇနီး မယား အတွက် စိတ်ပါ လက်ပါ ပေးတဲ့ အနမ်းတခု ပေးနိုင်ဖို့ အတွက်ကျတော့ အချိန်မပေးနိုင်ကြဘူးလား။

တကယ်တော့ စိတ်ပါလက်ပါ မနမ်း နိုင်ဘူးဆိုရင် အနမ်းတွေ ဘယ်လောက်ပဲ ပေးပေး မောင်တို့ ပေးသမျှ အနမ်းတွေ ဟာ ကိုယ်တို့ အတွက်တော့ ဝတ္တရား နဲ့ အနမ်းတွေပါ။

ကိုယ်လိုချင်တာ အဲ့လို အနမ်းမျိုး မဟုတ်ဘူး....

A Chen
5:43 AM
10th may 2011
Tuesday
Home
Bangkok

2 comments:

  1. LikeUnlike · · Share · Delete

    *
    *
    Thynn Thynn Hlaing, Eric Phyosakee, Mee Chit and 4 others like this.
    *
    o
    Addy Chen မလိုက်ကြနဲ့လိုက်တာ မကြိုက်ဘူး တခုခု ပြော လူကို နောက်ကနေ တကောက်ကောက်လိုက် အကြောင်းမရှိ အကြောင်း ရှာပြီး အိမ်ကို ဖုန်းတွေဆက် လူတွေ ပြောပြောမကောင်းဘူးလဲ လိုက်မှာပဲ...
    Yesterday at 10:21am · LikeUnlike · 1 personLoading...
    o
    Foe Jel ခက်တာက စိတ်ပါ လက်ပါ ဖြစ်ဖြစ် ဝတ္တရား ဖြစ်ဖြစ် ပေးစရာ လူကို မရှိသေးတား)))))))))))))
    Yesterday at 10:23am · LikeUnlike
    o
    Addy Chen အဲ့တာကတော့ အင်း....အဲ.... တီလဲ မပြောတတ်တော့ဘူး တီ က ရှိပြီးသား လူတွေအတွက် ပဲ ရေးတာ ဆိုတော့.....
    Yesterday at 10:25am · LikeUnlike · 1 personLoading...
    o
    EiPhoo Nge ချစ်ချစ်ကို Tag လိုက်မယ်နော် တီ
    Yesterday at 2:51pm · LikeUnlike
    o
    Addy Chen အင်း ခိခိ
    Yesterday at 2:53pm · LikeUnlike
    o
    Mee Chit ကွက်စ်တိပဲ.. အသေအကြေ ကြိုက်တယ်... :D
    Yesterday at 3:09pm · LikeUnlike
    o
    Addy Chen ကြိုက်ရင် ပီးရော အသေအကြေ ကျေနပ်စ် တယ်.........
    Yesterday at 3:10pm · LikeUnlike · 1 personLoading...
    o
    Addy Chen လိုက်တာတော့ မကြိုက်စ်.........
    Yesterday at 3:11pm · LikeUnlike · 1 personLoading...
    o
    Addy Chen ဟဟဟ
    Yesterday at 3:11pm · LikeUnlike
    o
    Mee Chit ဘာလိုက်တာတုန်း နားမလည်ပေါင်စ်
    Yesterday at 3:12pm · LikeUnlike
    o
    Addy Chen like တာ ပြောတာ refer to first comment
    Yesterday at 3:13pm · LikeUnlike
    o
    Addy Chen ‎:)
    Yesterday at 3:13pm · LikeUnlike
    o
    Addy Chen ဘလောခ် က ပုံ က ပိုရဲတင်းတယ်
    Yesterday at 3:14pm · LikeUnlike
    o
    Mee Chit သြ.. အိုင်စီးစ်... :D ...
    ခဏခဏ ကွန်မန့်ဖတ်နေရတာနဲ့.. note က ပုံတွေနဲ့တော့ ကွိုင်ပဲ
    ကိုယ့်မော်နီတာကို သူများက လှမ်းကြည့်ရင် ဒီပုံတွေပဲ ခဏခဏ ကြည့်နေတယ်ဆိုပီး အထင်လွဲခံရတော့မှာပဲ...
    ထပ်မမန့်နဲ့တော့ .. သိုင်းကျူးစ် :)
    Yesterday at 3:17pm · LikeUnlike
    o
    Aye Mie အင်း..ဘယ်တုန်းက နောက်ဆုံး နမ်းခံရတာပါ လိမ့်..
    Yesterday at 3:21pm · LikeUnlike
    o
    Aye Mie ဒီ နေ့  ဖုန်း ဆက် လာ ရင် မေးအုန်း မှ ပဲ..
    Yesterday at 3:22pm · LikeUnlike
    o
    Addy Chen တော်တော် ဒီအကြောင်း ဒီမှာ ရပ်
    Yesterday at 3:23pm · LikeUnlike
    o
    Nyan Bo Bo မှန် ... ကောင်း ... သင့်လျော်
    Yesterday at 4:06pm · LikeUnlike
    o
    Eric Phyosakee အခုချက်ချင်းတောင် စိတ်ပါလာဘီ... ဖုန်းဆက်ပြောလိုက်တော့မယ်.. :D
    20 hours ago · LikeUnlike
    o
    Addy Chen လူဆိုး (မ)
    19 hours ago · LikeUnlike
    *
    Write a comment...

    ReplyDelete
  2. Pann Ei what should i comment...now i am starting to miss my chit...wish he is here...:-)... i like it...beautiful one!
    May 13 at 10:42am · Like
    Addy Chen eeeeeeeeeeeeeeeeeee miss my chit.eeeeeeeeeeeeeeee
    May 13 at 3:05pm · Like
    Write a comment...

    ReplyDelete