Friday, May 13, 2011

မမေ့ရက်ဘူး အချစ်ဟောင်းရယ်.....

မမေ့ရက်ဘူး အချစ်ဟောင်းရယ်.....

ပုံပြင်လေး တပုဒ် ပြောပြချင်ပါတယ်......ဘယ်သူ့ ကိုမှလဲ မရည်ရွယ်ပါဘူး တိုက်ဆိုင်သွားတယ်ဆိုရင်တော့ တည့်တည့်ပြောတယ် မှတ်ပါ။

ကိုယ်တို့ရဲ့ ချစ်သူ ရည်းစား မောင်တို့ ယောက်ျားများ တခါတခါ ချိုးတတ်တဲ့အချိုးပါ

မမေ့ရက်ဘူး အချစ်ဦး(ဟောင်း)ရယ် လုပ်နေတာပေါ့.... ကြုံဖူးကြလား အရင် ရည်းစား ကို မမေ့နိုင်တာလေ....ဒီလိုဖြစ်လာတိုင်း မကောင်းဘူး လို့ပြောလို့ မရပါဘူး။ တီချမ်းသုံးသပ်တာ ကို အရင်နားထောင်ကြည့်ပါအုံး.....နော်.....စိတ်ကို နည်းနည်းလျော့.........

“ဘာလို့အဲ့ကောင်မ ကို မမေ့နိုင်သေးတာလဲ” လို့ ဒေါသသံနဲ့ မဆူပါနဲ့။

“ကျမ က ဘာလဲ သူ့ ရဲ့ အစားထိုးလား” လို့ မနာလိုစိတ်ပျင်းပျင်းနဲ့ နှိုင်းယှဉ် မပြောပါနဲ့။

“ကျမ အတွက်ကော ဘယ်လို စဉ်းစားထားလဲ....ကျမ အပေါ် မတရားဘူး လို့ ရှင် မသိဘူးလား အခုထိ သူ့ကို မမေ့နိုင်သေးတာ....” လို့လဲ...ဝမ်းနည်းခံစား အမေးမပွားပါနဲ့။

ချစ်တယ်ဆိုတာနဲ့သတိရတယ်ဆိုတာ ရောမပြောသင့်တဲ့ ကိစ္စ နှစ်ခုပါ။ သပ်သပ်ဆီပါ။ ဒါကို နားလည်ထားရမယ်။

ယောက်ျားတွေ အရင်ရည်းစားဟောင်း ကိုမေ့မရဘူးဆိုတာ...တကယ်တော့ အရင် ကုန်လွန်ခဲ့တဲ့ အချိန်တွေထဲမှာ သူက သူမ ကို နာကျင်ခံစားစေခဲ့ဘူးလို့ ပဲ ဖြစ်ရမယ်။ အဲ့ဒီတုံးက ဖြစ်ခဲ့တာတွေကို သူပြန်ပြီး မပေးဆပ်နိုင်ခဲ့သလို ပြန်ပြီးလဲ အစားထိုးမပေးနိုင်ခဲ့ဘူး။ အဲ့ဒီအချိန်တုံးက သူက ငယ်သေးတယ် မိန်းမတွေရဲ့ သဘောကိုလဲ မစောကျောမိသေးဘူး။ နားမလည်သေးဘူး။ ပြီးတော့ ဒီတယောက်နဲ့ လွဲသွားခဲ့ရင်လဲ သူ့မှာ အခွင့်အရေးတွေ နောက်ထပ်ရှိအုံးမယ်လို့ ငယ်ဂုဏ်တက်နေသေးတဲ့ အချိန်ပေါ့။

ဒီလိုနဲ့ အချိန်တွေလဲ ကုန်သွားခဲ့ပြီ...သူဘေးက မိန်းမတွေလဲ တယောက်ပြီးတယောက် ပြောင်းသွားခဲ့ပြီ...သူလဲ တဖြည်းဖြည်း ရင့်ကျက်လာပြီ (သေချာသတိပြုပါ စာဘတ်သူများ တီချမ်း သူလဲ တဖြည်းဖြည်း အသက်ကြီးလာပြီ လို့ မရေးပါဘူး ရင့်ကျက်တာ နဲ့ အသက်ကြီးတာ မတူတာကို သဘောပေါက်စေချင်တာပါ) ဘဝ မှာလဲ ဒုက္ခ သုက္ခ တွေ တော်တော်များ ကြုံ ခဲပြီးပြီ ဘဝအကြောင်းနားလည်လာပြီပေါ့.....ဒီအခါမှ ရုတ်တရက် သူ နားလည်သဘောပေါက်လာတာက အရင်ရည်းစားဟောင်းအပေါ်သူလွန်ခဲ့တာတွေ အများကြီး ပါလားဆိုတာ ကိုပေါ့။

ဒါပေမယ့်လည်း အချိန်တွေက နှောင်းသွားခဲ့ပြီ.... သူ့ စိတ်ထဲမှာ နောင်တတွေနဲ့ ပဲ ကျန်ရစ်ပြီး သူ့ ခန္ဓာကိုယ်ကတော့ သူမဆီပြန်မသွားနိုင်တော့ဘူး။ သူတို့တွေ ဝေးကွာခဲ့ပြီ ဘဝတွေ ကွာခြားခဲ့ပြီ။ သူ့ အရင်ရည်းစားဟောင်းကို ပြန်သွားမရှာနိုင်တော့ဘူး ...ဒီအချိန်မှာ သူလုပ်နိုင်တာ တခုပဲ ရှိတော့တယ် အဲ့တာကတော့ သူမကို သတိရတာပါပဲ။ သူမ ကို သတိရခြင်းနဲ့ သူ့ ရဲ့အပြစ်တွေကို သတိရနေစေခြင်းအားဖြင့် သူ့ကိုယ်သူ ဒဏ်ပေးနေတော့တာပေါ့။

ယောက်ျားတွေက သူတို့ရဲ့ရည်းစားဟောင်းတွေအပေါ် အပြစ်ရှိနေသလို ခံစားနေရမှ...အခု လက်ရှိ သူ့ မျက်စိရှေ့ က မိန်းမ ကို ပို တန်ဖိုးထားတတ်မှာ။ ဒါမှ သူ့ဘေးက လက်ရှိ ရှိနေတဲ့ မိန်းမကို ပိုပျော်အောင်ထားလိမ့်မယ်။ သူ့ကို တကယ်ချစ်တဲ့ နောက်မိန်းမတယောက်ကို နာကျင်အောင် မလုပ်သင့်တော့ဘူးဆိုတာ သူ ပိုသိလာမယ်။ နောက်တခါ အချစ်ဆိုတာ ကို ထပ်ရှာဖို့ သူ အချိန်မပေးနိုင်တော့သလိုထပ်တွေ့ဖို့လဲ မလွယ်တော့ ဘူးလို့ သူနားလည်လာမယ်။ တကယ်လို့ သာ သူ့ ရှေ့ က မိန်းမ ကို နောက်ထပ်တခါ နာကျင်အောင် လုပ်မိရင် သူ့ဘဝ တလျောက်လုံး နောက်ထပ်ဆပ်လို့ မကုန်မယ့် အပြစ်တွေပိုပိုများလာတော့မယ်။

ရည်းစားဟောင်းပေါ်မှာ တင်နေတဲ့ အပြစ်တွေ မှန်သမျှကို လက်ရှိ ရည်းစား ဒါမှမဟုတ် မယား အပေါ်မှာ ပိုပြီးပေးဆပ်တော့မယ်လေ။ ကဲ အဲ့တာဆိုရင် သူ့ အရင်ရည်းစားဖြစ်ရတာထက် ခုလက်ရှိ ရည်းစားဖြစ်ရတာ က ပိုကောင်းမယ် မဟုတ်လား.....? ပိုပြီးတော့လဲစိတ်ချမ်းသာမယ်လေ။

အမှားရှိမှ အမှန်ပြင်နိုင်မယ်။ အမှားကို ကြောက်မှလဲ ပိုချစ်တတ် တန်ဖိုးထားတတ်လာမယ်လေ။ သူသာ တကယ်လို့ မမှားခဲ့ဘူးဆိုရင် လက်ရှိတယောက်ဖြစ်တဲ့ မင်းကို ကော အခုလောက် ချစ်တတ်ပါ့မလား....?

A Chen

9:22PM

12th may 2011

Thursday

Home

Bangkok

3 comments:

  1. LikeUnlike · · Share · Delete

    *
    *
    Manor Hary, Prince Takashi Sarko and Phyo Maw like this.
    *
    o
    Nyan Bo Bo ရေးတတ်လိုက်တာအေ ... ကျေနပ်တယ် ကျေနပ်တယ်
    23 hours ago · LikeUnlike · 1 personLoading...
    o
    Addy Chen ကျေနပ်ရင် ပြီးရောအေ
    23 hours ago · LikeUnlike
    o
    Aye Myat Myat Ko ‎(( ဒီအချိန်မှာ သူလုပ်နိုင်တာ တခုပဲ ရှိတော့တယ် အဲ့တာကတော့ သူမကို သတိရတာပါပဲ။ သူမ ကို သတိရခြင်းနဲ့ သူ့ ရဲ့အပြစ်တွေကို သတိရနေစေခြင်းအားဖြင့် သူ့ကိုယ်သူ ဒဏ်ပေးနေတော့တာပေါ့။ ))

    တာ့ခ်ျ
    15 hours ago · LikeUnlike
    o
    Phyo Maw ထားခဲ့ဖူးသမျှအကုန်တော့ သတိမရပါဘူး ၂ ယောက် ၃ ယောက်လောက်တော့ သတိရတယ်။ ရတယ်ဆိုတာကိုလည်း ခုရေးထားတာဖတ်ရင်း တွေးကြည့်တော့ အပေါ်ထဲကစာထဲက အကြောင်းအရာမျိုးတွေ အနည်းနဲ့အများပါပဲ။ ပြန်လည်း မသွားနိုင်တော့တာတော့ သေချာပါတယ်။ =D
    14 hours ago · LikeUnlike
    o
    Aye Myat Myat Ko သွားလည်း ဟိုက ပြန်လက်ခံမှာ မဟုတ်တာ သေချာပါတယ် =D
    14 hours ago · LikeUnlike
    o
    Phyo Maw အင်း အဲဒါလည်း အမှန်ပဲ =D
    14 hours ago · LikeUnlike
    o
    Prince Takashi Sarko ‎@addy chan တကယ်ကို အကျိုးရှိပါတယ် တီ
    အခုတလော တာကာအဲ့ဒီအကြောင်းကိုတွေးမိနေတာ
    အခုမှပဲအဖြေရှင်းသွားတော့တယ်
    နောက်ကိုလည်း ဒီလိုဆောင်းပါးမျိုးတွေရေးနှိုင်ပါစေ
    12 hours ago · LikeUnlike
    o
    EiPhoo Nge မှန်တယ် မှန်တယ် .. လက်ရှိ သူ့ဘေးမှာ ကိုယ်ရှိနေရတာကပဲ စိတ်ကျေနပ်စရာ
    10 hours ago · LikeUnlike
    o
    Addy Chen ဝေး................ကြိုက်ကြတယ်ဆိုလို့ဝမ်းသားပါတယ် ဝမ်းမသာနိုင်တာက ဘလောခ် မှာ တင်ထားတဲ့ နောက်ဆုံး နှစ်ပိုစ့် ဘာလို့လဲမသိ ပျောက်သွားပီ.....ဒီမနက် ဖွင့်တော့ ပေါ်မလာတော့ဘူး
    8 hours ago · LikeUnlike
    o
    EiPhoo Nge ဟိ
    7 hours ago · LikeUnlike
    o
    Addy Chen ပြောသာပြောရတာပါ ဒါတွေကလဲ တကယ်တော့ တထောင့်ထဲကနေ ကြည့်ထားတာပါ တခြား ထောင့်တွေလဲ ရှိနိုင်သေးတာပဲလေနော်
    7 hours ago · LikeUnlike
    o
    EiPhoo Nge ထောင့်ကျဉ်း တောင့်ကျယ်
    7 hours ago · LikeUnlike
    o
    EiPhoo Nge ထောင့်မှန်
    7 hours ago · LikeUnlike
    o
    Aye Myat Myat Ko အေးပေါ့ လွတ်တဲ့ငါး ကြီးတာလည်းဖြစ်နိုင်တာပဲ။
    7 hours ago · LikeUnlike
    o
    Addy Chen ဖြစ်နိုင်ချေ ဘယ်လောက်ပိုများမယ်ထင်လဲ ဟိဟိ (နေပါအုံး ကိုကို့ ကိုစောင်းပြောနေတာလား လွတ်တဲ့ငါး ပိန်ပါတယ် အမ်)
    6 hours ago · LikeUnlike
    o
    As Paing တီရေ.. တကယ်မှန်တယ် သိလား... အိမ်က ရည်းစား ဒီပို့စ် ဖတ်ခိုင်းရမယ်
    49 minutes ago · LikeUnlike
    o
    Addy Chen နေပါအုံး မိမိသူ အိမ်က ရည်းစား က မြန်မာလို ဖြင့်မဘတ်တတ်ဘဲနဲ့
    43 minutes ago · LikeUnlike
    o
    Addy Chen ကျမ ဒါကိုပါ ဘာသာမပြန်ပေးနိုင်ဘူးနော်
    43 minutes ago · LikeUnlike
    o
    As Paing မြန်မာဖြစ်သွားပီဗျ
    35 minutes ago · LikeUnlike
    o
    Addy Chen အော် ပြောင်းလိုက်ပြီလား မြန်ချက်
    31 minutes ago · LikeUnlike
    o
    Addy Chen ကျမတောင် အနီရောင်အခန်း ဘာသာပြန်လို့ မပြီးသေးဘူး ခုတော့ လွမ်းစရာတွေဖြစ်ကုန်ပြီပေါ့ အဲလက်နဲ့ မိုးရယ်
    30 minutes ago · Like

    ReplyDelete
  2. သူ့ကိုတော့ ကိုယ့်နားမှာနေပြီး တခြားတစ်ယောက် (အရင် ရည်းစားဟောင်း) နဲ့ ပတ်သက်တဲ့ အရင်အတိတ်က အမှားတွေ ဒဏ်ရာတွေ နောင်တတွေကြားမှာ နှစ်မနေစေချင်ဘူး.. :)

    ReplyDelete
  3. Nang Nyi ဟုတ်တယ် ဟုတ်တယ်
    May 14 at 11:09am · Like
    Write a comment...

    ReplyDelete