Monday, May 16, 2011

ချစ်စရာကောင်းတာလား....မုန်းစရာကောင်းတာလား....

ချစ်စရာကောင်းတာလား....မုန်းစရာကောင်းတာလား....

သူငယ်ချင်းတယောက်က မေးတယ်....“ဘယ်လိုယောက်ျားမျိုးက ချစ်စရာကောင်းပြီးတော့ ဘယ်လိုယောက်ျားမျိုးက မုန်းစရာကောင်းသလဲ”.....တဲ့.....

အင်း ကိုယ်ကတော့ ကိုယ့်ရဲ့ ပုဂ္ဂလ စားသုံးသူစစ်စစ်ရဲ့ ရှု့ထောင့်ကနေ မြင်တဲ့အမြင် နဲ့ ပြောရရင်တော့ .... ..... သေချာတယ်...
ကိုယ့်ကိုချစ်တဲ့ယောက်ျားက ချစ်စရာအကာင်းဆုံးဖြစ်ပြီးတော့ ကိုယ့်ကို မချစ်တဲ့ ယောက်ျား က မုန်းစရာကောင်းတာပေါ့..ဟုတ်ဘူးလား....?

ကဲ သူက ကိုယ့်ကို ချစ်နေတယ်ဆိုပါတော့....သူ့မှာ ချို့ ယွင်းချက်နည်းနည်းရှိနေတယ်၊ ရုပ်ကလဲ သိပ်မလှ ရှာဘူး၊ ပြီးတော့ သူ့ကိုယ်သူ ယုံကြည်မှုလဲမရှိဘူး ပြောရမယ်ဆိုရင်တော့ သူက တကယ်တော့ ကိုယ်နဲ့ မတန်ပါဘူးဆိုပါတော့....ဒါပေမယ့်လဲ သူက ချစ်စရာကောင်းနေသေးတယ်လေ.....ဘာလို့လဲ ဆိုတော့ သူက ကိုယ့်ကို ချစ်နေတယ်ဆိုကတည်းက သူ့မှာ taste ရှိလို့ပေါ့။ သူက အကောင်းကြိုက်တတ်တယ်လေ....

သူက ကိုယ့်ကို မချစ်ဘူးဆိုရင်....သူ့မှာ ကောင်းကွက်တွေ ဘယ်လောက်ရှိရှိ၊ သူ့ရုပ်က ဘယ်လောက်ချောချော၊ ဘက်ကရောင်း ဘယ်လောက်ပဲ ပြည့်စုံပြည့်စုံ.....သူက မုန်းစရာကောင်းနေအုံးမှာပဲ......ဘာလို့လဲဆိုတော့ သူမှ ကိုယ့်ကို မချစ်တာ....။

ကိုယ်တို့ သူငယ်ချင်းတွေကြားမှာ ပြောနေကျ စကားတခွန်းရှိတယ်...အသုံးကျပြီးတော်တဲ့ ယောက်ျားတွေက ကိုယ့်ကို လာ...မချစ်ဘူး...လာချစ်တဲ့သူတွေက ကိုယ့်လောက် တော်တယ်လို့ ကိုယ်က မထင်ဘူး.....ချောတာ မချောတာ ထည့်မပြောသေးဘူးနော်.....ခုခေတ်မှာ ရုပ်ရည်က အသုံးမကျပါဘူး လုပ်ရည်ကိုင်ရည်က သာ အဓိကပါ...

ယောက်ျားတွေ ကိုယ့်ကို ကိုယ်ယုံကြည်မှု မရှိလေ ချစ်စရာကောင်းလေပါပဲ။ ဒါက ရီလေးရှင်းရှစ်ပ် မစခင် အချိန် ကိုယ်တို့ ကို နောက်ကနေ တကောက်ကောက် လိုက်နေချိန်မျိုးမှာပေါ့။ ကိုယ်တို့ မျက်နှာ ကိုပဲ တချိန်လုံး သူ့မှာ ကြည့်ပြီးတော့ ဘယ်အချိန်များ ကိုယ်စိတ်ဆိုး သွားမလဲဆိုတာ စိုးရိမ်ပြီး သူ့ကိုယ်သူ ယုံကြည်မှုမရှိတာမျိုးကို ပြောချင်ပါတယ်။ အဲ့တာနဲ့ပြောင်းပြန်ပဲ.....ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိလွန်းပြီး ဘာလုပ်လုပ် နားထင်သွေးစောင့်နေရင်တော့ မာန်တက်တဲ့ အဆင့်ကို ရောက်သွားပါပြီ။ အဲ့တာဆို သိပ်မုန်းစရာကောင်းသွားပြီပေါ့။

ဒါပေမယ့် အွန်ကွန်ထရာရီ ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိတဲ့ အချိန် ကြာလွန်းလာပြီဆိုရင်တော့ တခါ ချစ်စရာမကောင်းတော့ ပြန်ဘူး။ ဥပမာ တချို့ ယောက်ျားတွေ မိန်းမ က သူ့ကိုတောင်မလိုချင်တော့ဘူး ပစ်ခွာချင်နေပြီ....မလိုအပ်တော့ဘူးလို့ ပြောနေတာတောင် မပျက်နိုင်မဆဲနိုင် မခွာနိုင် မပြီးနိုင် နောက်ကနေ တကပ်ကပ် နွားပိန်တွယ်တွယ်နေတာမျိုး ဆိုရင်တော့လဲ သူ့ကို သူ ယုံကြည်မှု မရှိနိုင်လှချည်လား ကိုယ့်ကိုကိုယ် မချစ်တတ်လှချည်လား၊ အားငယ်တတ်လှချည်လားဆိုပြီးတော့ တမျိုး မုန်းစရာ ကောင်းပြန်ပါတယ်။ အင်းလေ ပြောမယ်ဆိုရင် အဲ့လိုမျိုး ကိုယ့်ကိုကိုယ် မယုံကြည်တတ်တာမျိုးကတော့ ပိုတောင် မုန်းစရာကောင်းပါသေးတယ်။

တကယ်တန်းကျတော့ သူတို့ရဲ့ ကိုယ့်ကိုကိုယ် မယုံကြည်တဲ့စိတ်က ကိုယ့်ကို လာချစ်ခါစ အချိန်အပိုင်းအခြားလေးပဲ ချစ်စရာကောင်းတယ်။ ဥပမာ ကိုယ့်ကို ပထမဆုံးအချိန်ဖုန်းဆက်တုံးက ဖုန်းတဘက်ကနေ ဘာမှမပြောရဲလို့ စကားထစ်နေတာမျိုး.....ဘာပြောရမှန်းမသိလို့ အသက်ပဲ ပြင်းပြင်းရှုနေတာမျိုး...
အဲ့တာ သိပ်ချစ်စရာကောင်းတယ်။ နောက်ပြီး ပထမဆုံး အကြိမ်ချိန်းတွေ့ကြတုံးက ဖြစ်နေတဲ့ မဝံမရဲ အမူအရာလေးတွေ သိပ်သိပ် ချစ်စရာ ကောင်းပါတယ် အဲ နည်းနည်းကြာလာတာတောင် အဲ့လိုမျိုး ဟိုမကိုင်ရဲဒီမကိုင်ရဲ ဖြစ်နေသေးတယ်ဆိုရင်တော့ ချစ်စရာကောင်းတဲ့ အဆင့်ကနေ စိတ်တိုစရာကောင်းတဲ့ အဆင့်ကို ရောက်သွားပြီပေါ့။ အဲ့ကနေ မှ အဲ့ပုံအတိုင်းပဲ ဆက်သွားနေအုံးမယ် ဆိုရင်တော့ မုန်းစရာကောင်းသွားပြီပေါ့ (မောင်ကျမ ကို ရဲရဲမချစ်ရဲပါဘူးလား....နန်းညီ လိုမူနွဲ့ စွာရေးကြည့်သည် ဟိဟိ)

အဲ့တာနဲ့ နောက်တခါ ထပ်ပြောင်းပြန် ယောက်ျားတွေ ကိုယ့်ကိုကိုယ် သိပ်ယုံကြည်မှု ရှိလွန်းနေပြန်ရင်လဲ မာန်တက်တဲ့ဘက်ရောက်သွားပြီးတော့ တမျိုး မုန်းစရာကောင်းပြန်ပါတယ်။ ကိုယ်က သူ့ကို သဘောကျမှန်း သူသိလေ သူက သူ့ကိုသူပိုအထင်တွေကြီးလေ ဘဝင်တွေမြင့်လေ အဲ့တာဆို ပိုမုန်းစရာကောင်းလေ။ လမ်းမှာ ကြုံလို့ ဆုံလို့ တွေ့တဲ့ အခါတိုင်း....ကိုယ့် ကို လုံးဝ ဂရုမစိုက်သလို၊ ကိုယ်ရှိနေတယ်ဆိုတာ သူမသိသလို ပုံစံမျိုး အချိုးမျိုး ချိုးတတ်တယ်။ ကိုယ်နဲ့ကြိုက်ဘူးတဲ့ *အကိုကြီး တယောက်ကို ခုထိ သတိရမိသေးတယ်။ ဒီစာရေးနေရင်းနဲ့ပေါ့။ ကိုယ်သူနဲ့ ကြိုက်တော့ ကိုယ်က ၂၀ သူက ၃၀ မာန်သိပ်တက်တာ ဖုန်းဆက်ပြီး ကိုယ့်ကို ကျူတာတောင် သူက အပေါ်စီးက နေချင်သေးတာ။ ခုထိလဲအသက်သာ ၄၀ ရောက်လာတယ် ဗိုက်တလုံးပူပူနဲ့သူက မာန်တက်ကောင်းတုံးပဲ။ အဲ့တာဆိုရင်တော့ အရင်ကထက် နှစ်ဆ ပို မုန်းစရာကောင်းလာပါတော့တယ်။

ကဲပါလေ အဆုံးသတ်ရရင်တော့ စားသုံးသူတွေရဲ့အမြင်နဲ့ ကြည့်မယ်ဆိုရင် ......ပေါ့နော်....ကိုယ့်ကိုကို ချစ်စရာကောင်းတယ်ထင်တဲ့ ယောက်ျားတွေက မုန်းစရာကောင်းပြီးတော့ ကိုယ့်ကိုကိုယ် မုန်းစရာကောင်းတယ်လို့ ထင်တဲ့ ယောက်ျားတွေ က ချစ်စရာကောင်းနေတတ်ပါတယ်။ သူ့ကိုယ်သူ ချစ်စရာကောင်းတယ်လို့မထင်တော့ သူက ကိုယ့် ကို အကောင်းဆုံးတွေ ပေးနိုင်မှာ မဟုတ်ဘူးလို့ ထင်မယ် အဲ့တာဆိုရင် ကိုယ့်ကို အကောင်းဆုံးတွေ ပေးနိုင်ဖို့ သူအတတ်နိုင်ဆုံး ကြိုးစားတော့မယ်လေ.....မဟုတ်ဘူးလား...။

*(မိုက်တယ် တီချမ်း စာရေးတတ်လာတော့ အရင်က ကြည့်မရတဲ့ ရည်းစားဟောင်းတွေအကြောင်းရေးပြစ်ရမယ် ငှဲငှဲ ရွှေလုံး ငါရေးနေတဲ့တယောက်နင်သိတယ်...ခွိ)

A Chen
2:23 AM
May 16th 2011
Monday
Home
Bangkok

7 comments:

  1. မျက်စေ့ကိုလည်သွားတာဘဲ။
    ခင်။

    ReplyDelete
  2. ဒီခင် က တို့ထင်တဲ့ ခင်လား မမကွမ်

    ReplyDelete
  3. တို့ဆိုသောက်ကြီးကျယ်တဲ့ကောင်တွေ ကိုချစ်တာမပြဘူး သောက်မြင်ကပ်လို့ပစစည်းမရှားပါဘူးအေ။
    ဟုတ်တယ်။
    ခင်။

    ReplyDelete
  4. အဲ့တာကကျတော့ ကိုယ်တို့မိန်းမတွေ ရဲ့ မုန်းစရာကောင်းတဲ့ အချက်ပေါ့ မမခင်ရယ်
    ကိုရီးယားကားတွေ ကြည့်ပါလား မကောင်းတဲ့ အကောင်တွေဆိုးတဲ့ အကောင်တွေ ဆို မိန်းမတွေသိပ်ကြိုက်တယ်

    ReplyDelete
  5. ဟုတ်တယ်...
    သူတို့ကိုယ် သူတို့အထင်ကြီးတဲ့ ယောက်ျားတွေ မုန်းဖို့ကောင်းတယ်။

    ရေခဲမုန့်

    ReplyDelete
  6. Like · · Share · Delete

    Thant Swe, Thet Nandar and 2 others like this.
    Ei Ei Khin ‎"ကိုယ့်ကိုချစ်တဲ့ယောက်ျားက ချစ်စရာအကာင်းဆုံးဖြစ်ပြီးတော့ ကိုယ့်ကို မချစ်တဲ့ ယောက်ျား က မုန်းစရာကောင်းတာပေါ့"
    သိပ်ဟုတ်တာပေါ့။ မှန်ဧ။်။ ထောက်ခံဧ။်။ ...
    May 16 at 2:34am · Like
    Nyan Bo Bo ရည်းစားဟောင်းက မေးဘူးပါတယ် ... "Why do you love me?" တဲ့ ... ဒီတော့ ပြန်ဖြေလိုက်တယ် "Because you love me" လို့ ... သူသိပ် ဘ၀င် မကျချင်ဘူး ... အန်တီချမ်း နဲ့ သူ့ အမြင် ကိုက်ပုံ မရပါဘူး ... ဒို့ ကတော့ အန်တီချမ်းကို ၁၀၀% ထောက်ခံပါသီ :P
    May 16 at 5:57am · Like · 1 person
    Addy Chen ဟုတ်လိုက်လေ မမခြင်ရယ် ယောက်ျားတွေများ ဘာကိုမျှော်လင့်နေမှန်းမသိဘူးနော်...အင်းလေ ကိုယ်တို့ မိန်းမတွေကလဲ ဘာကိုလိုချင်မှန်း ကိုယ်တို့တောင် တခါတခါ သေချာမသိပါဘူး ဘာလို့လဲဆိုတော့ ကိုယ်တို့ လိုချင်တဲ့ အရာတွေက စက္ကန့်မလပ်ပြောင်းလဲနေတာလေနော်.....
    May 16 at 5:59am · Like
    Aye Myat Myat Ko ယောက်ျားတစ်ယောက်က ကိုယ့်အတွက် ချစ်စရာကောင်းနေပြီဆိုတဲ့အချိန်မှာ တခြားယောက်ျားတွေ ချစ်စရာကောင်းသလား မကောင်းသလားဆိုတာ ဘာစိတ်ဝင်စားဖို့ရှိလို့လဲ။
    May 16 at 8:03am · Like · 1 person
    Addy Chen no par i have to keep my options open.......wide OPEN
    May 16 at 8:22am · Like
    Aye Myat Myat Ko အင်း အင်း သဘောပေါက်ပြီ။
    May 16 at 8:27am · Unlike · 1 person
    David Aye Myat Godwiller သူဟာ ကိုယ့်ရဲ့ အဖော်မွန်တော့ အကြောင်းကြောင်းကြောင့် မဖြစ်နိုင်ဘူး။ ဒါပေမယ့် ကိုယ့်ကို သူ့ရင်ထဲကချစ်နေတာကို သိရတော့ အဲ့ဒီသူကိုလည်းကိုယ်က ပြန်ချစ်နေမိတယ်။ ဘယ်လို အခြေအနေမျိုးမှာ ပဲဖြစ်ဖြစ် သူပြောဆိုတာကို ကြားချင်နေတယ်။
    May 16 at 8:44am · Like · 1 person
    Addy Chen ဟုတ်တယ် တခါက တီရေးဖူးသလိုပဲ ကိုယ်နဲ့ အတူနေနေတဲ့ လူက ကိုယ်ချစ်တဲ့ သူဖြစ်ချင်မှဖြစ်မှာ အဲ့လိုပဲ ကိုယ် ဘာမဆိုပြောတဲ့သူကလဲ ကိုယ်နဲ့ အတူတူနေတဲ့သူ ဖြစ်ချင်မှဖြစ်မှာ ဖြစ်နေရင်လဲ သူ့ကို ကိုယ်ချစ်ချင်မှချစ်မှာ ပိုရှုပ်ကုန်ပီ.........
    May 16 at 8:50am · Like · 1 person
    David Aye Myat Godwiller ဘာပဲပြောပြော မတူညီတဲ့ အချစ်မျိုးတွေနဲ့ မတူညီတဲ့သူတွေကို တူညီစွာချစ်မိသွားတာလို့ ပြောလို့ ရမလား?
    May 16 at 8:57am · Like
    Lwin Mar Aung ငါကတော့ငါ့လာချစ်လဲငါချစ်ချင်မှချစ်တယ်။တွဲနေတာမျိုးရှိခဲ့ရင်တောင်စိတ်ထဲကမချစ်ဘူး။သူချစ်တာကိုသာယာလို့သာတွဲနေခဲ့တာ။
    ညဉ်းပြောတဲ့တစ်ယောက်ကိုငါတော့ရေးတေးတေးပဲအေ....ခွိ
    May 16 at 9:11am · Like
    Addy Chen မသမ ငါပြောတဲ့ တယောက်က နင့်သူငယ်ချင်းဆီကနေ ငါလုခဲ့တဲ့တယောက်လေ အဲ့ဒီ သူငယ်ချင်းကတောင် သူ့ရည်းစား ငါ့ဆီပါလာတာ နင့်ကြောင့်ဆိုပြီးတော့ နင့်ကိုခေါ်ဘူးလေ ကျောင်းအုပ်လေဟယ် ငါတို့ သက်ရှည်( နာမည်ဝှက်) တို့ တောင် အဲ့ကျောင်းထွက်တွေဆိုပြီး ခေါ်ကြတယ်ဆိုတာလေ နောက်တော့ စိန်တွေအများကြီး ပိုင်တဲ့ မမကြီးကို ယူတွားတာလေ ယောက်ျားကြီးပါဆိုပြီးတော့ နောက်တော့....ငါလဲမသိတော့ဘူး....အေး သူ့ကိုပြောတာ
    May 16 at 9:13am · Like
    Lwin Mar Aung အေးးးးး..သိပြီသိပြီ...ခွိခွိ
    May 16 at 9:26am · Like
    Addy Chen အေး သိရင်ပီးရော........
    May 16 at 9:27am · Like

    ReplyDelete
  7. Lwin Mar Aung ငါတို့နှစ်ယောက်ပေါင်းပြီးတော့အတော်မွှေခဲ့တာနော့....
    ငါလဲရိုး၇ိုးအေးအေးလေးကနေနင်နဲ့ပေါင်းဖြစ်မှပျက်စီးတာပဲ
    May 16 at 9:27am · Like
    Addy Chen ပြောရဲတယ်
    May 16 at 9:31am · Like
    Nang Nyi ပါရသေးတယ် နန်းညီက.. x(
    May 16 at 9:48am · Like
    Addy Chen ပါရမယ်လေ.........
    May 16 at 9:51am · Like
    Addy Chen ပိုစ့်နဲ့ ဆိုင်တာပဲ မန့်ပါ နည
    May 16 at 9:52am · Like
    Aye Mie နာ လဲ နင် ပြော တဲ. တူ ကို တိ တယ်..
    May 16 at 9:52am · Like
    Addy Chen အဟမ်း အဟမ်း ပိုစ့်နဲ့ ဆိုင်တာပဲ ပြောပါမမ
    May 16 at 9:54am · Like
    Addy Chen ရှုပ်ကုန်တော့မယ် ကွာ
    May 16 at 9:55am · Like
    Nang Nyi မန့်ဘူး .. ကိုယ်ရေးချင်ရာ ရေးမှာပဲ
    May 16 at 9:55am via · Like
    David Aye Myat Godwiller တိရင် ကြောကျ။ နာမတိရို့။
    May 16 at 9:56am · Like
    Aye Mie အ ဟမ်း အီး မေး လ် နဲ. ပို့  လိုက် မယ် လေ
    May 16 at 10:00am · Like
    Addy Chen တိတ်စမ်း ထွက်သွားတော့ နင်တို့ နှစ်ယောက်စလုံး ငါ့ဖဘ ကနေထွက်သွားကြတော့
    May 16 at 10:01am · Like
    David Aye Myat Godwiller ပို့လိုက်။ စောင့်နေမယ်နော်။
    May 16 at 10:01am · Like
    Addy Chen မအေမီ မိယာမ ဘေးမှာထိုင်ပြီးတော့ ကညော့နေတာ
    May 16 at 10:02am · Like
    David Aye Myat Godwiller အို။ ကညော့စရာလား။ ဒီလိုကိစ္စမျိုးဆိုတာ ငယ်သူတွေအနေနဲ့ သိသင့်တာပေါ့နော်။ ဆောင်ရန် ရှောင်ရန်။
    May 16 at 10:04am · Like
    Phyo Maw ဆိုင်မဆိုင်တော့ မသိဘူး မနေ့ညက ကိုရီးယားကားကြည့်နေတာ မင်းသားကို သူ့ညီက ရွဲ့ပြောတဲ့စကား သဘောကျနေတာ ဘဝထဲဝင်လာတဲ့ ကောင်မလေးအားလုံးကို လက်ခံတယ် ထွက်သွားတဲ့ ကောင်မလေးအားလုံးကိုလည်း မလွမ်းဘူး ဆိုတာမျိုး XD တစ်ခါ ပြီး တစ်ခါ တန်အောင် လွမ်းရတာ ပင်ပန်းတယ်လေ =D
    May 16 at 11:03am · Like · 1 person
    Addy Chen ပြီးမှ နောင်တမရနဲ့ မောင်ပီအမ် အဲ့တာကြောင့် ညည်းကို ဘယ်သူမှ ပြန်လက်မခံတော့တာ ခိခိခိ ဟွင်းဟွင်း
    May 16 at 11:20am · Like · 1 person
    Phyo Maw ဟ ဟ ၁၈ နှစ်ထဲကစပြီး ပင်ပန်းလိုက်ရတာ ခု ၂၂ ရောက်တဲ့အထိပါပဲလေ XD
    May 16 at 4:00pm · Like
    Addy Chen တလုံးပဲ ပြောမယ်
    ဝိတ်လျော့.............ခွိ
    May 16 at 7:44pm · Like · 1 person

    ReplyDelete