Tuesday, May 17, 2011

တူးအန်ဝမ်း

တူးအန်ဝမ်း

ဟွန့်..........

ဟွန့် လို့ စရမယ်ဆိုကတည်းက ဘယ်လိုစာကများ ကောင်းအုံးမှာလဲနော်....ပြောရအုံးမယ်အရပ်ကတို့ရေ....

နှစ်မျိုးပေါင်းထားတဲ့ အရာမှန်သမျှ ပစ္စည်းမှန်သမျှ ဘယ်လောက်မှ ကောင်းမှာ မဟုတ်ပါဘူး၊ ဘုရားရေ တီချမ်း မကြီး ဘာတွေပြောနေပါလိမ့်။ ဒီလိုလေ.....နှစ်မျိုးစပ်ခေါင်းလျှော်ရည် ပေါ်လာခါစက လူတွေက အထူးအဆန်း ဖြစ်တော့ စိတ်ဝင်စားကြတာပေါ့။ ခေါင်းလျှော်ရည် နဲ့ဆံပင်ပျော့ဆေး ရောထားတာတဲ့လေ။ နောက် သုံးကြည့်တော့ သိပ်မစွံပါဘူး။ ကွာလတီလေ သိပ်ညံ့တယ်။ သုံးပါများလာရင် ဗောက်ပါထ လာမယ်။ တချို့ဆို ဆံပင်တွေဘာတွေ တောင်ကျွတ်ကြသေးတယ်ဆိုပဲ။ ထားပါတော့။...(၁)

မျက်နှာသစ်ဆပ်ပြာနဲ့ ဆားဆပ်ပြာတွဲထုတ်ကြပြန်ပါတယ်။ မဟန်ပါဘူး။ ဘယ်နှယ့် မျက်နှာသစ်ဆပ်ပြာဆိုတာ မျက်နှာ ကို သန့်စင်ဖို့ ဆားဆပ်ပြာဆိုတာကတော့ သေနေတဲ့ ဆဲလ်အဟောင်းတွေ ခွာထုတ်မှာ....ဘယ်မျက်နှာကများ နေ့တိုင်း ဒီလောက်အနှိပ်စက်ခံနိုင်ပါ့မလဲနော့....ထားပါတော့ ....(၂)

အဲကွန်း (လေအေးပေးစက်နဲ့) အပူပေးစက် တွဲထုတ်ကြတယ်။ စက်တခုထည်းပဲ နွေဆိုရင် လေအေးထုတ်ပေး တယ်၊ ဆောင်းဆိုရင် အပူပေးတယ်။ စဉ်းစားကြည့်ရင်တော့ ဟုတ်သလိုလိုပဲ။ တကယ်သုံးဖူးတဲ့ လူမှသိတယ် ဒီလိုစက်မျိုး တယ်လွယ်လွယ် ပျက်တတ်တာကိုး။ တရုတ်ပြည်ဘက်မှာ အသုံးများပါတယ်။ အအေးကဲတဲ့နိုင်ငံတွေမှာလဲသုံးကြပါတယ်။ ထားပါတော့....(၃)

ကဲ ရှိသေးတယ် နောက်ထပ် စက်တခုထဲပဲ.......၃ ၄ မျိုးသုံးကြတယ် ဘာလဲသိလား..............?

ကဲပါလေ ခေါင်းစားခံမနေနဲ့ ဆက်ဘတ်ကြည့်လိုက်......
စီဒီဖွင့်တယ်၊ ဗီစီဒီ ဖွင့်တယ်၊ ဒီဗီဒီ ဖွင့်တယ်..........ဟော ခုတခါ အီးဗီဒီ ဖွင့်တယ်.....ပြီးပြီလား မပြီးသေးဘူး.......အမ်ပီသရီးလဲဖွင့်လို့ ရသေးတယ်.....သိကြပါတယ်နော် .....သို့သော် စဉ်းစားကြည့်ကြပါ အဲ့လိုစက်တလုံး အိမ်မှာ ဘယ်လောက်ကြာကြာသုံးရပါသလဲ သေချာတယ် အရင် က ပေါ်တဲ့ ဗီဒီယိုတိပ်ခွေထည့်စက်တွေ လောက်ကြာကြာမခံဘူး သို့သော် ကိုယ်တို့ မြန်မာ လူမျိုးတွေ သိပ်ရက်ရောတယ် တရုတ်စက်မို့လို့ တရက်စုတ်တာပဲ လို့ပြောကြတယ် ခွင့်လွှတ်ကြတယ် လက်ခံကြတယ်....
ထားပါတော့....(၄)

ကဲ.......တီမေးမယ် တကယ်လို့သာ တကယ်လို့သာနော် (ဟိုက်ပိုသက်တစ်ကလီးပေါ့) တကယ်လို့ ဆေးတမျိုးရှိတယ် ဆိုပါတော့ လိမ်းလို့လဲရတယ် သောက်လို့လဲ ရတယ် ဆိုရင် စာဘတ်သူ ဖြေပါ ဒီလိုဆေးမျိုး ကို သောက်ရဲပါ့မလား....?
ထားပါတော့.....(၅)

ဒါပေမယ့် တကယ့်တကယ် အသုံးဝင်တဲ့ ပစ္စည်း ပစ္စည်းကောင်းတွေက ဘယ်တော့မှ ဒီလို အမျိုးမျိုးသုံးလို့ရအောင် ပေါင်းထားတဲ့ တူးအန်ဝမ်းသရီးအန်ဝမ်း ဖိုးအန်ဝမ်း မဟုတ်ကြပါဘူး။ အဲ့လို အရာတွေ က သာမာန် အပေါစား ပစ္စည်းတွေကို ပေါချောင်ကောင်း လိုချင်တဲ့ သူတွေ အတွက် စိတ်ဝင်စားယုံလောက် ဆွဲဆောင်လို့ကောင်းအောင် ထွင်ထားတဲ့ ပစ္စည်းတွေသာပါ။

ကဲ အတည်ပြောမယ်

မိန်းမတွေအနေနဲ့လဲ ဘယ်တော့မှ တူးအန်ဝမ်း သရီးအန်ဝမ်း ဖိုးအန်ဝမ်း ယောက်ျားမျိုးမရှာကြပါနဲ့ မလိုချင်ကြပါ နဲ့ .........သူက ပိုက်ဆံ+ ပညာလဲရှိမယ်၊ အလုပ်ထဲမှာလဲ အောင်မြင်ပြီးတော့+သိပ်ပြီးတော့လဲ ချစ်တတ်မယ်၊ နောက်ပြီးဘောဒီက တောင့်ပြီးတော့+တယောက်ယောက်ဆိုတယောက်ပိတောက်ဆိုမှမိတောက်လို့စွဲစွဲမြဲမြဲ ချစ်တတ်တဲ့လူစားမျိုး၊ .....ဆိုရင်တော့ သေချာတယ် အခြောက်ဆိုမှအခြောက်ပါပဲ(အဲ့လောက်အဘက်ဘက်က ပြည့်စုံကောင်းမွန်နေရင် သေချာတယ် ယောက်ျားမဟုတ်ဘူး အခြောက်ပဲ အခြောက်တွေသာ အဲလောက်တော်နိုင်တာ...အမ်)......လောကကြီးမှာ ရှိရှိသမျှ
အကောင်းတွေချည်းက ဘယ် “ယောက်ျား” တယောက်ဆီမှာ မှ စုမနေနိုင်ပါဘူး။

လောကကြီးမှာ တူးအန်ဝမ်းဆိုတဲ့ ယောက်ျား နဲ့ ပစ္စည်းဆိုတာ ရှိကိုမရှိဘူး.....။
အဲ့ဒီတော့ စိတ်ကူးမလွဲနဲ့ညီမငယ် တခုလောက်ကောင်းတယ်ဆိုရင်ပဲ ကျေနပ်လိုက်ပါ။

ဟွန့်......

A Chen
6:46 AM
May 16th 2011
Monday
Home
Bangkok

16 comments:

  1. ၁.ချမ်းနဲ့ဘယ်လိုပက်သက်လဲ။ အဲဒီသီအိုရီက

    ReplyDelete
  2. ၂။ တူးအင်ဝမ်. သရီးအင်ဝမ်းဖြစ်ရမယ်။ အန်ဆိုတာက. အန်တာလေ.

    ReplyDelete
  3. အင်ဆိုတာက အင်တာလေ။ အက်ခ်ျအေအာ. ဟာ.။ အိတ်ခ်ျအေအာ ဟာ။

    ReplyDelete
  4. တို့ကိုကိုက အခြောက်ကြီးပါလား.

    ReplyDelete
  5. တခုကောင်းရင်ကျေနပ်ရမယ်ဆိုတော့ဘာကိုရွေးရမလဲ။

    ReplyDelete
  6. ကွန်မက်အားလုံးတို့ရေးတာ။

    ReplyDelete
  7. ဒါဆို ဝတ္ထုတွေထဲက အရာရာပြီးပြည့်စုံသော ယောက်ျားတွေက အခြောက်တွေချည်းပေါ့။

    ReplyDelete
  8. 2in 1
    3in 1
    4 in 1
    ဘာမှ မကြိုက်ဘူး။
    သုံးလဲ မသုံးဘူး။
    မယ်ချမ်းပြောသလို မကောင်းဘူးထင်လို့.။
    ကာဖီလဲ တူတူပဲ..။
    အခုတော့ ကော်ဖီချည်းသောက်တော့ ၁မျိုးတည်းပဲ။
    အရင်က သကြားလေး..ခရင်(မ်)မာလေးထည့်တော့..တမျိုးစီ
    သပ် သပ်စီ ထည့်သောက်တတ်တယ်..။
    ဆူပါလိုအထုတ်မျိုး မဝယ်ဘူး။
    ယောင်္ကျားတွေအကြောင်းတော့ ကိုယ်နဲ့ မဆိုင်လို့ ဝင်မပြောလိုတော့ဘူး။

    ReplyDelete
  9. တီချမ်း ဒိုင်တွေမိုက်လှချည်လား.. ငယ်ငယ်တုန်းက ရုပ်ရှင်ထဲက ရန်အောင်ဆိုရင် သိပ်ကြိုက်တာ။ သူလိုယောကျာ်းမျိုးလိုချင်လို့ ။ နောက်တော့.... ဟဲဟဲ.

    ReplyDelete
  10. This comment has been removed by a blog administrator.

    ReplyDelete
  11. တီချမ်း ဘာမှလဲမချက်တော့ဘူးလား
    တီချမ်း ပရိသတ်ပါ
    တီချမ်း ဟင်းချက်တာများ ဖတ်လိုက်ရရင် ချက်ချင်းစားချင်စိတ်ကို ပေါက်ကရော
    diet လုပ်လို့ရမဲ့ ညနေစာလေးတေ ချက်ပေးပါအုန်း

း)

    ReplyDelete
  12. ပထမ ကွန်မန့်် ခြောက်ခုရှင် မမကွမ်....
    ရှင်ကပဲ ကျုပ်ကို စာလုံးပေါင်း ပြင်ပေးချင်သေးသလား....ခွိ
    တီချမ်းနဲ့ ဒီသီဝရီ ဘာမှမပတ်သက်ပါ ကွန်မန့် ရေးသလိုလို နဲ့သူ့ကိုကို က တခုထက်ပိုကောင်းတယ်လို့ကပ်ကြွားသွားတယ် (သေချာပြီလား ကိုကိုက မခြောက်တာ ဟိဟိ)
    ကွန်မန့် အားလုံး တို့ရေးတဲ့ အတွက် ကျေးဇူးပါ

    မမရီတာ
    တီချမ်းစာတွေ ကို ဘတ်ပါ ရယ်ပါ ပြီးရင် မေ့ပစ်ပါ ကောက်ချက်မဆွဲပါနဲ့
    ကောင်းတယ် ထင်ရင် သူငယ်ချင်းတွေကိုပေးဘတ်ပါ

    ပေါက်...ဘာလို့လဲ မသိ အရင် ပန်းစကားတို့ နဲ့ လာကတည်းက ပေါက်ကို မိန်းကလေးလို့ထင်နေတယ် ခုထိ အဲ့တာ က မပျောက် ပေါက် ဆိုက်ကိုရောက်ပြီး သိလာတာတောင် ထားပါတော့...(၇) ကော်ဖီတော့ မပြောတတ် နွားနို့ကတော့ လက်တေး ကိုကော်ဖီ လို့ ခေါ် လို့သူ့ကိုသူ သတ်သေချင်တယ်ပြောတယ်

    ရန်အောင်ကြိုက်တဲ့ အနောနိမတ် တီချမ်း ဒိုင်ကို ကြိုက်တယ်ဆိုလို့ဝမ်းသာပါတယ် တီချမ်းက ဒိုင်လဲ လုပ်ဖူးပါတယ်

    အော်က ပုဂ္ဂလိက လိုက် တိုက်ခိုက်နေတဲ့ အနောနိမတ် ကိုတော့ ဖျက်လိုက်ပါတယ်

    နောက် အနောနိမတ်ရေ ဟင်းချက်ပေးပါမယ်နော် လွယ်ကူ မြန်ဆန် သက်သာ အရာသာရှိ နည်းတွေ လာပါမယ် မျှော့်.......

    ReplyDelete
  13. အိမ်ကလူကြီးဆို အောလ်အင်ဝမ်းအေ့....။ လုံးဝ မခြောက်ဘူး သေချာတယ်။ ဟက်ဟက် ကိုယ့်ကုသိုလ်ပဲ ဆိုပါစို့လေ....။
    တီချမ်း စာအုပ်ရရင် ယူမယ် အရမ်း ဖတ်ချင်တာ၊ ဈေးကြီးတယ် ပြောတယ်၊ လေးလည်း လေးမှာ၊ အားလည်းနာတယ်အေ...:))

    ReplyDelete
  14. သာမီးးချစ်ချစ်လေးကလဲ အောအင်ဝမ်းထင်တာပဲ...မျက်လုံးထဲမတော့...။ ခြောက်မခြောက်တော့သိသေးဘူး။

    ရေခဲမုန့်

    ReplyDelete
  15. ပိုက်ဆံမရှိ+ ပညာရှိ+ အလုပ်ထဲမှာလဲ အောင်မြင်ပြီးတော့+ သိပ်ပြီးတော့လည်း ချစ်မပြတတ်+ နောက်ပြီးဘောဒီကမတောင့်+ တယောက်ယောက်ဆိုတယောက်ပိတောက်ဆိုမှမိတောက်လို့စွဲစွဲမြဲမြဲ ချစ်တတ်တဲ့လူစားမျိုး

    phewwwww ..

    ReplyDelete
  16. Like · · Share · Delete

    Manor Hary, Moon Lay and Nyan Bo Bo like this.
    Nyan Bo Bo ဟွန့်
    May 18 at 4:39am · Like
    Moon Lay ‎:D
    May 18 at 6:47am · Like
    Lwin Mar Aung အခြောက်ပဲရှာယူတော့မှာပေါ့..ညဉ်းသိပါတယ်တီချမ်းရဲ့...ဟိဟိ
    စကားမစပ်...ငါ့ကိုယူမလား...:P
    May 18 at 10:03am · Like
    Addy Chen အံမလေးတော် နင်က ငါ့ထက်ပိုခြောက်နေတာများ ငါနင့်ကို ယူရင် ညစာငတ်မှာပေါ့ဟဲ့ မိလုံးမ ရဲ့
    May 18 at 11:29am · Like
    Lwin Mar Aung ငတ်စရာလား..မိမိချမ်းရယ်..ညဉ်းငါ့အကြောင်းသိပါတယ်..အဟက်
    May 18 at 11:36am · Like
    Addy Chen ခုတော့ လောလောဆယ် ဖူးကက် ကမ်းခြေမှာ မောင်နဲ့ အပမ်းဖြေနေတယ် မိယာ ပါနေတာကတော့ ပွဲဖျက်တဲ့ ဝက်ပေါ့အေ
    May 18 at 11:37am · Like
    Zar Chi Lwin ထောက်ခံတယ် လောဘမကြီးသင့်ဘူး:))
    May 18 at 6:02pm · Like
    Kyaw Myint glad to hear that
    May 19 at 12:24am · Like
    Wintwah Tun ‎:D :D :D
    May 23 at 3:00pm · Like

    ReplyDelete