Wednesday, May 25, 2011

ကိုယ်မင်းကို ဘယ်တော့မှ….မချစ်ဘူး

ကိုယ်မင်းကို ဘယ်တော့မှ….မချစ်ဘူး

တချို့လူတွေစိတ်လက်ချမ်းသာစွာနဲ့ပြောတာ ကြားဖုူးတယ်။

“တကယ်လို့ သာ အချိန်တွေကို နောက်ပြန်ဆွဲပြီးတော့ အစကနေ ပြန်ရွေးခွင့် ရခဲ့ရင်လဲ ကိုယ် ကတော့ မင်းကိုပဲ ရွေးပြီးချစ်မှာပဲ” လို့လေ။ ကြားဖူးကြလား?

ဒါပေမယ့် တချို့ လူတွေကကျတော့….“တကယ်လို့ သာ ကိုယ့်ကိုအစကနေ ပြန်ရွေးခွင့်ပေးရင် ကိုယ်မင်းကို ဘယ်တော့မှ… ချစ်မိမှာမဟုတ်ဘူး” လို့ ဖြေကြတယ်။

ဒီလိုဖြေတဲ့ လူတွေက ခုလက်ရှိလူကို ရွေးချယ်ခဲ့ပြီးတော့မှ နောင်တ ရနေလို့လားဆိုတော့ မဟုတ်ပါဘူး။ ခုလက်ရှိလူ ကိုမချစ်တော့လို့လားဆိုတော့လဲ မဟုတ်ပြန်ပါဘူး။ လည်သွားပြီ လား?

ပမာပြောရရင် သူက “တကယ်လို့ သာ အချိန်တွေကို နောက်ပြန်ဆွဲပြီးတော့ အစကနေ ပြန်ရွေးခွင့် ရခဲ့ရင်လဲ ကိုယ်ကတော့ မင်းကိုပဲ ရွေးပြီးချစ်မှာပဲ” လို့ဖြေတဲ့ သူလိုပဲ ခုလက်ရှိချစ်သူကိုလဲ နက်နက်ရှိုင်းရှိုင်း ချစ်နေနိုင်တာပါပဲ။

အချစ်ဆိုတာ တခါတလေတော့လဲ ခါးသီးတတ်ပါတယ်။ တခါတလေကျပြန်တော့ ဝန်ထုပ် ဝန်ပိုးတခုလိုပဲ လေးသေးတယ်။ တခါတခါကျတော့ ကိုယ်တို့ ရဲ့ ဆောက်တည်ရာမရမှု desperateness ကနေ မွေးဖွားတယ်လို့ ကိုယ်က ပြောချင်တယ်။

ဘာလို့လဲဆိုတော့ ချစ်မိရင် ပြန်ရုန်းထွက်ရ သိပ်ခက်တယ်လေ။

လူတယောက်ကို အစကတော့ ချစ်မိဖို့ စိတ်ကူးမရှိဘူး။ မချစ်ချင်ဘူး။ ဒါပေမယ့် ချစ်မိသွား တယ်။ ချစ်လဲချစ်မိသွားရော ကိုယ့်မှာ စိုးရိမ်ပူပန်လာရတော့တယ်။ သူနဲ့ မပေါင်းရမှာ သူ့ကို လက်လွှတ်ဆုံးရှုံးရမှာ စိုးရိမ်လာတယ်။ ကိုယ့်မှာ စိတ်လုံခြုံမှု မရှိတော့ဘူး။ တဘက်ကကြည့် ပြန်တော့လဲ ကိုယ်ပေးဆပ်ထားတာတွေ များလွန်းလို့ သူနဲ့ လွဲလို့ မဖြစ်ဘူးလို့ တွေးတယ်။ အခုနေ ရှောင်ထွက်မယ် ရုန်းထွက်မယ်ဆိုရင်တော့ ရသေးတယ် ဒါပေမယ့် ကိုယ်မလုပ်နိုင်ဘူး၊ လုပ်နိုင်တဲ့ အင်အား၊ ရက်စိတ်နိုင်တဲ့ စိတ်ထား ကိုယ့်မှာ မရှိဘူး၊ အဲ့တာတွေထက်ပိုအရေးကြီး တာက ကိုယ် သူ့ကို မခွဲနိုင်ဘူး။ သူ့ကို တွေ့တဲ့ အခါတိုင်း ကိုယ့် စိတ်တွေ နူးညံ့ညံ့သွားတယ်၊ ပျော့ပျော့သွားတယ်။ လမ်းခွဲစကား ကို ဘယ်လိုမှာ နှုတ်က ပြောမထွက်ဘူး။ ဒီလိုနဲ့ ဆက်သွား ရင် သေချာတယ် ကိုယ် ဒုက္ခရောက်တော့မယ်။

ဒီအတိုင်းဆက်သွားရင် တနေ့ကျရင် ကိုယ်ကလဲ သူ့ကို မုန်းရင် မုန်းလာမယ် ဒါမှမဟုတ် သူက ကိုယ့်ကို မုန်းရင် မုန်းသွားနိုင်တယ်။ နှစ်ယောက်စလုံး ခံစားကြရမယ် စိတ်သောက ရောက်ကြ မယ်။ ဘာလို့လဲဆိုတော့ ကိုယ်တို့ နှစ်ယောက်က ချစ်ရက် နဲ့အတူနေနိုင်ဖို့အခွင့်မရှိတဲ့ လူနှစ် ယောက်မို့လို့လေ။ ချစ်ရက်နဲ့ ကွေကွင်းနေရမယ့် ဒုက္ခ ကို ရင်ဆိုင်ရမှာပေါ့။

အဲ့ဒီတော့ ကိုယ့်ကိုသာ အစကနေ ပြန်ရွေးချယ်ခွင့်ပေးမယ်ဆိုရင်…..

“ကိုယ်မင်းကိုဘယ်တော့မှ….ချစ်ဖို့ ရွေးချယ်မိမှာ မဟုတ်ဘူး”

မင်းကိုသာ မချစ်ခဲ့ရင်…နာကျင်ခံစားစရာလဲ မရှိဘူး။

မင်းကိုသာ မချစ်ခဲ့ရင်…ပေးဆပ်စရာလဲမလိုဘူး။ ရွေးချယ်စရာလဲ မလိုဘူး။

မင်းကိုသာ မချစ်ခဲ့ရင်…မင်းနဲ့ ဝေးရမယ့် ဒုက္ခကိုလဲ ကြောက်စရာမလိုတော့ဘူး။

မင်းကိုသာ မချစ်ခဲ့ရင်…ဆောက်တည်ရာမရ ဖြစ်စရာလဲ မလိုဘူး။

မင်းကိုသာ မချစ်ခဲ့ရင်…ကိုယ်က ချစ်မိလို့ အဆုံးမရှိ တဘက်သတ် ပေးဆပ်ပြီးရင်း ပေးဆပ်နေ ရမှာမျိုးလဲ တွေးပူနေစရာမလိုတော့ဘူး။

မင်းကိုသာ မချစ်ခဲ့ရင်…မင်းနဲ့ ပေါင်းဆပ်နိုင်ခွင့် မရှိလို့ ခံစားရမယ့် ချစ်ရက်နဲ့ ကွေကွင်းရမယ့် ဒုက္ခ ကိုလဲ ခံစားစရာမလိုတော့ဘူး။

ကဲ ဒီလိုဆိုတော့ တနေ့ကျရင် ကိုယ်က မင်းကို…

“တကယ်လို့ သာ ကိုယ့်ကိုအစကနေ ပြန်ရွေးခွင့်ပေးရင် ကိုယ်မင်းကို ဘယ်တော့မှ… ချစ်မိဖို့ ရွေးချယ်မိမှာမဟုတ်ဘူး” လို့များ ပြောမိခဲ့ရင် ကိုယ့်ရဲ့ စိတ်ခံစားချက်ကို မင်းနားလည်ပေးမယ် မဟုတ်လားဟင်?...

A Chen

6:03 PM (local time)

24th May 2011

Tuesday

New Era Hotel

Room (2001)

Kunming

China

8 comments:

  1. ဖြောင်း...ဖြောင်း...ဖြောင်း...
    ဘလော့ဂင်းပြီး ပိုတဲ့အချိန်ပေးမယ်လို့ချော့လိုက်ပေါ့။

    ReplyDelete
  2. so nice
    :))))))))

    ReplyDelete
  3. Haha! Now you know? I've told you, but you never listen!

    ReplyDelete
  4. ဖတ်လို့ကောင်းတယ်

    ReplyDelete
  5. မှန်ပြီးရင်းမှန်ပဲ တီရယ်...
    ကွက်တိ ဒတ်ထိ...
    အရမ်းကြိုက်..........

    ReplyDelete
  6. Like · · Share · Delete

    Moon Lay, Khin Oo May, 雪雲 and 2 others like this.
    Khin Oo May ခံစားချက်နစ်ခုရောထွေးနေတယ် တို့အနေနဲ့. ချစ်ခဲ့မိတာ ကြောင့်အစကတည်းက မချစ်ခဲ့မိရင်ကောင်းမှာလို့ တွေးမိသလို. ချစ်ခွင့်ရတဲ့အတွက်လဲ မင်းကိုအမြဲကျေးဖူးတင်နေမှာပါ. လှပတဲကအိမ်မက်ကလေးတွေ မင်းကြောင့်ရခဲ့တယ် မင်းကြောင့်ကိုပျော်ရွင်ခဲ့ရတယ်။ နာကျင်ခဲ့ရတာတွေမေ့ထားလိုက်ပါ့မယ်။
    Wednesday at 8:25pm · Like
    Addy Chen သက်သက်ကြီး မမကွမ် လူဇိုးမကြီး
    Wednesday at 8:27pm · Like
    Phyo Maw ဘာတဲ့ ၁ လောကလုံးကို ထမ်းထားရတာထက် ပင်ပမ်းတယ်ဆိုလား =)
    Wednesday at 8:33pm · Like · 1 person
    Addy Chen အမ် ကိုမဆလာ ကို သူများဆီက လုလာတာလား
    Wednesday at 8:38pm · Like · 1 person
    Aye Myat Myat Ko ကိုယ် ကွန်မန့်ရေးတာ နှစ်ခါရှိပြီ။ ပျောက်သွားတယ်။
    Wednesday at 8:59pm · Like
    Khin Oo May ဟင် တို့ရေးထားတာတွေလဲပျောက်သွားတယ်။
    Wednesday at 9:11pm · Like
    Addy Chen အင်း ဟုတ်တယ် ဘာဖြစ်တာလဲ မသိ
    Wednesday at 9:13pm · Like
    Addy Chen ပုံတွေ ကြည့်တာလဲ မမြင်ရဘူး ဖြစ်ဖြစ် နေတယ် ဖဘ ပြဿနာ တက်နေပြီလား
    Wednesday at 9:13pm · Like
    Khin Oo May ပျောက်သွားမှာပေါ့ တို့ဖျက်လိုက်တာကိုး အဟိ
    Wednesday at 9:14pm · Like
    Addy Chen အမ်
    Wednesday at 9:14pm · Like
    Khin Oo May ဖဘ ပြသာနာ မတက်ဘူး အားလုံးကောင်းတယ။် အားလုံးမြင်ရတယ်။
    Wednesday at 9:14pm · Like
    Addy Chen ကျတော် တခြား ပုံတွေ ကြည့်တာ ကွန်မန့်တွေကော ဘာတွေမှ မမြင်ရဘူး
    Wednesday at 9:15pm · Like
    Aye Myat Myat Ko ကိုယ့် ကွန်မန့်တွေတော့ ပျောက်တယ်
    Wednesday at 9:15pm · Like
    Addy Chen ပြန်ရေးပေးလေ
    Wednesday at 9:16pm · Like
    Addy Chen AMMK
    Wednesday at 9:17pm · Like
    Khin Oo May မရဘူး သူ့ mood က တစ်ခါဘဲရတယ်။
    Wednesday at 9:17pm · Like
    Aye Myat Myat Ko အခုနေ ရှောင်ထွက်မယ် ရုန်းထွက်မယ်ဆိုရင်တော့ ရသေးတယ် ဒါပေမယ့် ကိုယ်မလုပ်နိုင်ဘူး၊ လုပ်နိုင်တဲ့ အင်အား၊ ရက်စိတ်နိုင်တဲ့ စိတ်ထား ကိုယ့်မှာ မရှိဘူး၊ အဲ့တာတွေထက်ပိုအရေးကြီး တာက ကိုယ် သူ့ကို မခွဲနိုင်ဘူး။ သူ့ကို တွေ့တဲ့ အခါတိုင်း ကိုယ့် စိတ်တွေ နူးညံ့ညံ့သွားတယ်၊ ပျော့ပျော့သွားတယ်။ လမ်းခွဲစကား ကို ဘယ်လိုမှာ နှုတ်က ပြောမထွက်ဘူး။ ဒီလိုနဲ့ ဆက်သွား ရင် သေချာတယ် ကိုယ် ဒုက္ခရောက်တော့မယ်။
    Wednesday at 9:18pm · Like
    Addy Chen အမ် ကွန်မန့် ရေးခိုင်းတာလေ ကော်ပီ ပေစ့် ပြောတာ မဟုတ်ဘူး
    Wednesday at 9:18pm · Like
    Aye Myat Myat Ko အဲဒီ အပေါ်က စာပိုဒ်လေးပဲ ကော်ပီကူးပြီး ပြန်ချနေတာ နှစ်ခါရှိပြီ။
    Wednesday at 9:18pm · Like
    Khin Oo May အံ့ပါရဲ့။
    Wednesday at 9:19pm · Like
    Khin Oo May ဒါပေမဲ့သူသိတ်ကြိုက်ရင်အဲသလိုဘဲ ကူးတတ်တယ်။
    Wednesday at 9:20pm · Like
    Phyo Maw အခုနေ ရှောင်ထွက်မယ် ရုန်းထွက်မယ်ဆိုရင်တော့ ရသေးတယ် ဒါပေမယ့် ကိုယ်မလုပ်နိုင်ဘူး၊ လုပ်နိုင်တဲ့ အင်အား၊ ရက်စိတ်နိုင်တဲ့ စိတ်ထား ကိုယ့်မှာ မရှိဘူး၊ အဲ့တာတွေထက်ပိုအရေးကြီး တာက ကိုယ် သူ့ကို မခွဲနိုင်ဘူး။ သူ့ကို တွေ့တဲ့ အခါတိုင်း ကိုယ့် စိတ်တွေ နူးညံ့ညံ့သွားတယ်၊ ပျော့ပျော့သွားတယ်။ လမ်းခွဲစကား ကို ဘယ်လိုမှာ နှုတ်က ပြောမထွက်ဘူး။ ဒီလိုနဲ့ ဆက်သွား ရင် သေချာတယ် ကိုယ် ဒုက္ခရောက်တော့မယ်။
    Wednesday at 9:49pm · Like

    ReplyDelete
  7. Phyo Maw ကိုယ် ဒုက်ခ ရောက်နေဘီ lolz
    Wednesday at 9:49pm · Like
    Addy Chen ဟုတ်တယ် မောင်ပီအမ် ကိုယ်အခု ဒုက္ခရောက်နေပြီ ယောက်ျားမယူနဲ့ မကောင်းဘူး မမကွမ် ကိုမေး မယုံရင် အမ်
    Wednesday at 9:50pm · Like
    Aye Mie အဲ့တာတွေထက်ပိုအရေးကြီး တာက ကိုယ် သူ့ကို မခွဲနိုင်ဘူး။ သူ့ကို တွေ့တဲ့ အခါတိုင်း ကိုယ့် စိတ်တွေ နူးညံ့ညံ့သွားတယ်၊ ပျော့ပျော့သွားတယ်။ လမ်းခွဲစကား ကို ဘယ်လိုမှာ နှုတ်က ပြောမထွက်ဘူး။ ဒီလိုနဲ့ ဆက်သွား ရင် သေချာတယ် ကိုယ် ဒုက္ခရောက်တော့မယ်။
    ဒီအတိုင်းဆက်သွားရင် တနေ့ကျရင် ကိုယ်ကလဲ သူ့ကို မုန်းရင် မုန်းလာမယ် ဒါမှမဟုတ် သူက ကိုယ့်ကို မုန်းရင် မုန်းသွားနိုင်တယ်။
    Thursday at 11:28am · Like · 1 person
    Khin Oo May ကိုယ်မခွဲနိုင်ပေမဲ့သူခွဲသွားရင်လဲ ခံရမဲ့သူက ကိုယ်ပါဘဲ။ ကိုယ်ကသူ့ကိုမမုန်းပေမဲ့သူကကိုယ့်ကို မုန်းသွားရင်လဲ ခံရမဲ့သူကကိုယ်ပါဘဲ။ ကိုယ့်ကိုမချစ်တဲ့သူတစ်ယောက်ကို ဘယ်လိုမှ ဆွဲထားလို့မရတာဘဲ။
    Thursday at 8:23pm · Like
    Khin Oo May အဲ့ဒီတော့ ကိုယ့်ကိုသာ အစကနေ ပြန်ရွေးချယ်ခွင့်ပေးမယ်ဆိုရင်…..
    “ကိုယ်မင်းကိုဘယ်တော့မှ….ချစ်ဖို့ ရွေးချယ်မိမှာ မဟုတ်ဘူး”
    Thursday at 8:24pm · Like
    Khin Oo May
    မင်းကိုသာ မချစ်ခဲ့ရင်…နာကျင်ခံစားစရာလဲ မရှိဘူး။

    မင်းကိုသာ မချစ်ခဲ့ရင်…ပေးဆပ်စရာလဲမလိုဘူး။ ရွေးချယ်စရာလဲ မလိုဘူး။

    မင်းကိုသာ မချစ်ခဲ့ရင်…မင်းနဲ့ ဝေးရမယ့် ဒုက္ခကိုလဲ ကြောက်စရာမလိုတော့ဘူး။
    ...See More
    Thursday at 8:24pm · Like
    Khin Oo May
    မင်းကိုသာ မချစ်ခဲ့ရင်…နာကျင်ခံစားစရာလဲ မရှိဘူး။

    မင်းကိုသာ မချစ်ခဲ့ရင်…ပေးဆပ်စရာလဲမလိုဘူး။ ရွေးချယ်စရာလဲ မလိုဘူး။

    မင်းကိုသာ မချစ်ခဲ့ရင်…မင်းနဲ့ ဝေးရမယ့် ဒုက္ခကိုလဲ ကြောက်စရာမလိုတော့ဘူး။
    ...See More
    Thursday at 8:24pm · Like
    Khin Oo May တို့လဲ နစ်ခါကူးလိုက်တယ်။ အဟိ
    Thursday at 8:24pm · Like
    Addy Chen ဟယ် မမကွမ် ဘာဖြစ်တာလဲ ဒီတပုဒ် ကိုသိပ်ကြိုက်သွားတယ်ပေါ့ ဟွန့်
    Thursday at 10:14pm · Like
    Khin Oo May အမှန်က အားလုံးသိတ်ကြုက်တယ်။
    Thursday at 10:16pm · Like
    Khin Oo May ချမ်းက သိတ်ချစ်တတ်တာဘဲ။
    Thursday at 10:16pm · Like
    Addy Chen အင်းလေ ချစ်တတ်တော့ မကောင်းဘူးလား ခက်နေတာက ခဏခဏ ချစ်တတ်တာပဲ နောက်ဆို အသစ်အသစ်တွေကို မချစ်တော့ပဲ လက်ရှိ အဟောင်းကိုပဲ အချစ်သစ်နဲ့ချစ်နိုင်အောင် ကြိုးစားတော့မယ်
    Yesterday at 12:23am · Like
    Write a comment...

    ReplyDelete
  8. ဟိုက်ရှားဘား.... တီချမ်းကွန်မန့်ထဲကစာသားကြိုက်သွားပြီ။
    ဘာတဲ့
    နောက်ဆို အသစ်အသစ်တွေကိုမချစ်တော့ပဲ လက်ရှိအဟောင်းလေးကိုပဲ အချစ်သစ်နဲ့ချစ်နိုင်အောင်ကြိုးစားတော့မယ်တဲ့...။
    ကျနော်လဲ အဲ့လိုပဲ စဉ်းစားထားတယ်။
    အဟိ။

    ရေခဲမုန့်

    ReplyDelete