Friday, May 27, 2011

မောင်တို့ ခေတ်သစ်ယောက်ျားတွေ

မောင်တို့ ခေတ်သစ်ယောက်ျားတွေ

ကိုယ်ငယ်ငယ်တုံးက ကြားဖူးတာပါ။ အရင်ခေတ်တွေတုံးက မိန်းမတွေ အိမ်ထောင်ဘက်ရွေး ကြမယ် ချစ်သူရည်းစားထားကြမယ်ဆိုရင် နံပါတ်တစ် ပထမ ဦးစားပေးတွေဟာ ဆရာဝန်၊ အင်ဂျင်နီယာ၊ အာခီတက်ခ်၊ ဘာညာစတဲ့ ပညာတတ်ယောက်ျားတွေက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တွေအဖြစ် နာမည်ကြီးခဲ့ကြပါတယ်။ နောက် ကုန်သည်၊ သူဌေးသား၊ စီးပွားရေး သမား စတာတွေကလဲ အကြိုက်တွေ့စရာတွေပါပဲ။ ဒီလို ပညာတတ် စီးပွားရေးသမား စတာ တွေဟာ မိန်းကလေးတွေအတွက် ကြင်ယာဖက် ရှာစရာသာမက မိဘတွေကလဲ သမက်ဖမ်း ချင်စရာလူမျိုးတွေဖြစ်ခဲ့ကြပါတယ်။ ဟောသူတို့ထက်ပို ရှေ့ ကျရင်တော့ ရှေ့နေ ၊မြို့အုပ်၊ မြို့ပိုင်၊ နယ်ထောက်၊ ဝန်ထောက်၊ တက္ကသိုလ်ကျောင်းအောင်၊ ဘွဲ့ရ စသဖြင့်ပေါ့လေ။ သူ့ခေတ်နဲ့ သူ ဆိုသလိုပေါ့။

ဒီလို ပညာတတ် စီးပွားရေးသမားတွေ ဟာ မိန်းမတွေအတွက် ဘဝ အာမခံချက်ပေးနိုင်တယ်။ လုံခြုံမှုပေးနိုင်တယ်ပေါ့လေ။ ဒါပေမယ့် သူတို့မှာ ချို့ယွင်းချက်တခုတော့ရှိတယ်။ အဲ့တာက ဘာလဲဆိုတော့….သူတို့တွေက ပညာဂုဏ်၊ ဥစ္စာဂုဏ်မောက်တတ်ကြတဲ့ အတွက် “ရိုမန်တစ်” ဖြစ်မှု အပိုင်းမှာ အားနည်းတာပေါ့လေ။ သူတို့ ရဲ့ပညာဂုဏ် ဥစ္စာဂုဏ်တွေကြောင့်လဲ မိန်းမတွေ ကို သူတို့ထက် တဆင့်နိမ့်တဲ့သူတွေလို့ နှိမ်ချင်စရာ သဘောထားတတ်ကြပါတယ်။ ဒါပေမယ့် ဒီလိုချို့ယွင်းချက်ကလေးက အသေးအမွှားပါ။ ပိစ်အော့ဖ်ကိတ်ခ်၊ ဒရော့ပ်စ်အောဖ့် ဘီယာပါ ခွင့်လွှတ်လို့ ရနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ မိန်းမတယောက်ကို မားမားမတ်မတ်ရှေ့ကနေ ဦးဆောင်မယ့် ယောက်ျားတွေဟာ အိမ်ထောင်ဦးစီးတွေပါ ရိုမန်တစ်စရာမလိုပါဘူး။ အားကိုး စရာဖြစ်ရင် အိုကေပါပြီ။

သိပ်မကောင်းပေမယ့် အရင်ခေတ်တွေတုံးက ဝတ္ထုရှားလို့ ကမ္ဘာ့ ဂန္တဝင် ဖြစ်ခဲ့တဲ့ ဂျိန်း အော်စတင် (Jane Austin) ရဲ့ မာန နဲ့အာဂါတ (Pride and Prejudice) ထဲမှာ အဓိက ဇာတ် လိုက် မင်းသမီး အဲလစ်ဇဘက်ကို သူတို့ရဲ့ အကို ဝမ်းကွဲဆွေမျိုး နီးစပ်တော်တဲ့သူက အိမ်မှာ လာတောင်းတော့ အဲလီဇဘက်က သူ မချစ်ပါဘူးဆိုပြီး ငြင်းလိုက်တဲ့ သူကို ပိုက်ဆံရှိတယ်၊ လယ်တွေ မြေတွေပိုင်တယ် မိသားစု အတွက် ဘဝအာမခံချက်ပေးနိုင်တယ် ဆိုတာလေး တချက်ထဲနဲ့ သူ့သူငယ်ချင်းမလေးက ချက်ချင်း ကောက်ယူပစ်လိုက်ပါတယ်။

* ထားပါတော့ ကိုယ့်အတွေးအခေါ်တွေတောင် ရာစု တော်တော်များများ ခေတ်နောက်ပြန် ပြန် ဆွဲနေပြီ။ တနေ့က ရုပ်ရှင်ချန်နယ်တခုမှာ ပြန်ပြလို့ ကြည့်မိရင်း တွေးမိတာတွေပါ။ နောက်ပြီး ကိုယ့်ပတ်ဝန်းကျင်မှာ အများစုမြင်နေရတာတွေကို ရေးချင်တာလဲဖြစ်တယ်။

ဂျိန်းသာ ခုထိ ရှိနေအုံးမယ်ဆိုရင်တော့ ဝတ္ထု ကိုတမျိုးပြောင်းရေးရတော့မှာဘဲ လို့ တွေးမိလို့ ပါ။ မဟုတ်ရင်လဲ ဂျူးတို့ ဘာတို့လို မိန်းမဝါဒီ လို့ နာမည်အတပ်ခံရတဲ့ စာရေးဆရာမတွေ က ပြန်ပြင်ရေးသင့်နေပြီ။

ခေတ်သစ်ယောက်ျားတွေ လို့ ခေါ်ရမယ့် မောင်တို့ ၂၁ ရာစုနှောင်းယောက်ျားတွေဟာ ပညာ တွေလဲ အများကြီး တတ်ချင်မှတတ်တော့မယ်၊ ငွေတွေလဲအများကြီးရှာ နိုင်ချင်မှ ရှာနိုင်မယ်၊ ရာထူး ဂုဏ်သိမ်တွေလဲ ကြီးကြီးမားမား ရှိချင်မှ ရှိတော့မယ်၊ ယောက္ခမတွေ တွေ့တာနဲ့ ကိုယ့် သမီးတွေအတွက် သွားရည် တမြားမြား ကျချင်စရာယောက်ျားမဟာတွေလဲ ဟုတ်ချင်မှ ဟုတ် တော့မယ်။

ခုခေတ်သစ်ယောက်ျားတွေဟာ သိပ်သိပ် စန်းစန်းတင့် (sensitive) ဖြစ်တယ်။ သူတို့ရဲ့ အား ငယ်တဲ့ တခြမ်း ကိုဖော်ထုတ်ပြဖို့လဲ တယ်ဝန်မလေးကြတော့ဘူး။ ယောက်ျား နှင့် မိန်းမသည် တန်းတူဖြစ်သည်။ ထို့အတွက်ကြောင်း အိမ်ထောင့်တာဝန်တွေကို မိန်းမတွေသည်လဲ တန်းတူ ညီမျှ သာတူညီမျှ ပါဝင်ထမ်းရွက်သင့်သည်၊ ထမ်းရွက်ရမည်။ မောင်တထမ်း မယ်တရွက်ခေတ် မဟုတ်တော့။ မောင်ကတထမ်းဆိုရင် မယ်ကလဲတထမ်းပဲ ဆိုပြီး ဂျဲန်ဒါ (Gender) စင်စတိုက် (Gender sensitize) လုပ်ထားတဲ့ ခေတ် ဂျဲန်ဒါ မိန်းစတရမ်း (gender mainstream) လုပ် ထားတဲ့ ခေတ်ကိုရောက်နေပါပြီ။

နောက်ပြီး ခေတ်သစ်ယောက်ျားတွေဟာ ကိုယ့်ကိုယ်ကိုယ် အတွက် တွက်တတ်ပြီးတော့ အတ္တလဲကြီးကြပါတယ်။ ကိုယ့်ရည်းစား တွေကို ကိုယ့်အားကိုယ်ကိုးဖို့ အတွက်လဲ အားပေးတတ်ကြပါသေးတယ်။ တကယ်ပါ ကိုယ်မြင်နေရတာ များပြီ။ စားသောက်ဆိုင်တွေမှာ စားကြ သောက်ကြ ပြီးရင် မိန်းကလေးတွေကို ရှင်းခိုင်းတဲ့ ယောက်ျားလေးတွေက အများစု၊ အဲ့လိုမှ မဟုတ်သေးရင်လဲ အမေရီကန် စစ်စတမ် (American system) ဆိုပြီးတော့ ကိုယ့်အား ကိုယ် ကိုးကြေး ကိုယ့်ဘာသာကိုယ်ရှင်းကြေး ဆိုပြီး မိန်းမတွေကို တန်းတူနေရာပေးတတ်နေကြပါသေးသည်။ အံ့သြဖွယ်ကောင်းလေစွ။ ပြီးတော့ ပိုဆိုးတာက အဲ့လိုတွေ လုပ်ရဲနေလျက်က အိမ်ထောင်ဦးစီး အိမ်ဦးနတ်ဆိုတဲ့ ဂုဏ် ကိုလိုချင်နေသေးသည်။ ခေတ်သစ်ယောက်ျား အများစု သည် အလုပ်ကိုသာ လက်ကြောတင်းအောင်မလုပ်ချင်လျှင်နေမည် ခုနပြောတဲ့ အိမ်ဦးနတ်ဂုဏ်ကိုတော့ လိုချင်ကာ အခန့်သား နေရာယူချင်ကြသည်မှာ ခေတ်ကြောင့်ပဲလား..ဘာလား ဝေခွဲရန်ခက်ခက်လှချေတော့။

တကယ်ပါ အရင်ခေတ်ယောက်ျားတွေဆိုရင် ရှက်လို့ လဲသေမယ့် အနေအထားတွေကို အခု ခေတ် ယောက်ျားတွေက အပြုံးမပျက်လုပ်နေနိုင်ပြီလို့ ကိုယ်ပြောရင် ကိုယ့်ကို တဘက်သတ် စွပ်စွဲတယ် ပြောတယ် လို့ မပြောပါနဲ့။

အရင်းစစ်တော့လဲ အမြစ်မှာ ပေါ်တယ်ဆိုသလို တကယ်တော့လဲ တချိန်လုံး တန်းတူ အခွင့် အရေး လိုချင်လွန်းလို့ တိုက်ယူချင်နေကြတဲ့ တိုက်ယူခဲ့ကြတဲ့ ကိုယ်တို့ မိန်းမတွေ အပြစ်ပါပဲ။

ဒီလိုခေတ်သစ်ယောက်ျားတွေ ပေါ်ပေါက်လာတာဟာ တကယ်တော့ ကိုယ်တို့ ခေတ်သစ်မိန်းမ တွေကလဲ စွမ်းလွန်းလာတာပါပါတယ်။ သမီးရည်းစားကြားမှာ အိမ်ထောင်တွေကြားမှာ ဦးစီး ဦးဆောင် ဟာ မိန်းမတွေ ဖြစ်လာကြပါပြီ။ အခု ခေတ်သစ်ယောက်ျားတွေ ရဲ့ ရည်းစားတွေ က ဆရာဝန်မတွေ၊ ရှေ့နေမတွေ၊ ပညာတတ်မိန်းမတွေ၊ ဘီးဇစ်နက်စ် ဝိုးမန်းတွေ ဖြစ်ကုန် ကြပြီ လေ။ ကဲ ကိုယ်ပြောတာ ဟုတ်သလား မဟုတ်ဘူးလား စာဘတ်သူပဲ ဆုံးဖြတ်ပါလေ။

A Chen
5:26 PM
Monday
23rd May 2011
New Era Hotel
Kunming, China

မှတ်ချက်

ကိုယ်လေးစားသော စာဘတ်သူတယောက်က ဒီအပို်ဒ် ကို ဝေဖန်ထားတယ် ကိုယ်ရေးချင်တာ ကို မရောက်ဘူး ဖြစ်နေတယ် ပြန်ပြင်ပါအုံးမယ်

14 comments:

  1. မှန်လိုက်တဲ့ တီ......
    ရှိသေးသပါ့ အရင်ခေတ်ကလို ဒီယောကျာ်းက ဆရာဝန်မို့ အင်ဂျင်နီယာမို့ သူဌေးသားမို့ မိန်းမတွေက ပစ်ယူလိုက်တာမျိုးမဟုတ်ဘဲ.. ဒီမိန်းမက ဆရာဝန်မို့ အင်ဂျင်နီယာမို့ သူဌေးသမီးမို့ ယူလိုက်တာတွေပေါ့...

    ReplyDelete
  2. အဲဒါကြောင့် မိန်းမအခွင့်အရေးဘာညာ ဘာညာဆို ကိုယ်က ပျင်းလွန်းလို့ အိပ်နေမယ်ချည်း ပြောတာ။ (အခွင့်အရေးလိုချင်ရင် ကိုယ့်ဘာသာပဲလုပ်မယ်။ သူများတွေပါ ကိုယ်စားမပြုနိုင်ဘူး။ မအားလို့။)

    ပြီးတော့ တစ်ယောက်တည်း သဘောနဲ့ဆို မဟာယောက်ျားသားဝါဒီ လို့ ပြောတတ်တဲ့လူမျိုးပဲ ကြိုက်တယ်။

    တကယ်တော့ လောကရဲ့သဘောကိုက အလျော်အစားပုံစံချည်းပဲ။ အခွင့်အရေးလိုချင်ရင် ဝန်ထုပ်ဝန်ပိုးလည်း ခေါင်းပေါ်တင်ရမယ်။ ကျားကျားကျား ဆိုတာတွေ ရှေ့ရောက်လွန်းတော့ လူချင်းတူရင် အခွင့်အရေးပိုရသလို၊ အပြစ်ချင်းတူရင် ပိုကြီးလေးတာပဲမဟုတ်လား။

    သဘောထားသေးတယ်ဆိုတဲ့ ခေါင်းစဉ်မှာပဲ စဉ်းစားကြည့်။ ယောက်ျား နဲ့ မိန်းမ ဘယ်ဟာ ပိုရုပ်ပျက်တယ်လို့ သတ်မှတ်ကြလဲ။

    ကြွားတယ်ဆိုတဲ့ ခေါင်းစဉ်မှာလဲ စဉ်းစားကြည့်။ ကြွားတဲ့ ယောက်ျား ပိုသိက္ခာကျတယ်။ လူ ရီစရာဖြစ်တယ်။ အဲဒါ ကျားတွေရထားတဲ့ အခွင့်အရေးကြောင့် ပိနေတဲ့ ဝန်တွေ။

    အမြင်ကျယ်တဲ့လူတွေ လှုပ်ရှားကြလိမ့်မယ်။ ကိုယ်ကတော့ အမြင်ကျဉ်းတယ်။ ပျင်းလို့။

    နောက်တွေးမိတာ တစ်ခုက ငါဝါဒီတွေဟာ နောက်ထပ် ဘာဝါဒီမှ ဆက်ဖြစ်လို့ မရတော့ဘူး။ ခေါင်းစဉ်ပြောင်းချင်ရင် ငါ ကို အရင်ဖြုတ်မှ။

    ReplyDelete
  3. စကားမစပ် မိန်းမတွေ အူတိုတယ်ပြောပြောနေကြတာလေ တကယ့် တကယ်က ခန္ဒာဗေဒ အရ မိန်းမ တွေ ရဲ့ အူ က ယောက်ျားတွေ ထက် တပေ တိတိ ပိုရှည်တယ်တဲ့ သိလား

    ReplyDelete
  4. တို့ခေတ် တအားနောက်ကျနေပြီထင်တယ်
    ခေနဲ့အမှီလိုက်မှဖြစ်မယ် ဂလိုဆိုရင်တော့ =D

    ReplyDelete
  5. ဟုတ်လိုက်တာ မှန်လိုက်တာ။ အဲတာကြောင့်ကိုး။ မိန်းမတွေချမ်းသာမှ ဖြစ်မယ်။

    ReplyDelete
  6. အဲ့ဒါတွေ သိပ်မတွေးချင်ဘူးအေ
    ဟင်းချက်ပီး တင်ပါ အဲ့ဒါသဘောကျဆုံးပဲ
    ခုတလော ဟင်းတွေ မတင်တာကြာပီ

    ReplyDelete
  7. ဟုတ်ကဲ့ပါ အနော်မိမတ်စ်ရေ

    ဟင်းချက်တာတွေ က တင်ဖို့ ရှိပါတယ် ပုံတွေ မတင်ရသေးလို့ပါ
    ပုံအရင် တင်ပြီးရင်တော့ စာရေးတာက လွယ်ပါတယ် တင်ပေးပါ့မယ်

    ReplyDelete
  8. မရီတာ မန့်တာကိုသဘောကျထှာ

    ReplyDelete
  9. သိပါဘူးအေ အဲလို အနားလဇစ် လုပ်ဖို့ကို...၊ ယောက်ျားတွေ အဲသလို ဖြစ်လာတာ ကျားမ အခွင့်အရေး တန်းတူတာ မတူတာထက် ယောက်ျားတွေ စာပိုတတ်လာလို့ လို့ပဲ မြင်ပါတယ်။ သူတို့ထက် စာပိုတတ်တဲ့ မိန်းမတွေနဲ့တွေ့တော့လည်း ခမျာတွေ ခံကြရရှာတာပါပဲ။ တဦးတယောက်ချင်းစီရဲ့ ထက်မြက်မှုနဲ့လည်း ဆိုင်သေးတယ်။ ဟူးဝဲသပန့် လို့ မေးရလောက်အောင်... မိန်းမဦးဆောင်တဲ့ အိမ်ထောင်ဘက်တွေ ရှိလာတာနဲ့အမျှ ယောက်ျားတွေ နောက်တန်းရောက်ကုန်ကြတာတွေလည်း ရှိနေတာ။ အရင်က မိန်းမတွေ လင်ရွေးတဲ့ခေတ်ကနေ ခုခေတ် ယောက်ျားတွေလည်း မယားရွေးနိုင်တဲ့အနေအထား ရောက်လာကြတာ။ ဒီလိုပါပဲ တီချမ်းရယ် ရွေးနိုင်သူက ရွေးကြလိမ့်မပေါ့....

    ReplyDelete
  10. ကျန်သွားတယ် ပြောဖို့...။ ဟိုခေတ်က လူတွေက မိန်းမတွေကို ဂုဏ်သိက္ခာ လုံခြုံမှု ပေးတယ်။ အဲဒီအတွက် သူတို့ပါဝါကို သူတို့ ကြေနပ်ကြတယ်။ မာန်တက်ကြတယ်။ ရှေ့ဆောင် ဦးရွက်ပြုရတာကို ကြေနပ်ကြတယ်။ ခုခေတ် ယောက်ျားတချို့မှာ အဲလိုစိတ် မရှိကြတော့ဘူး သက်သာရင် ပြီးရော ဖြစ်လာကြပြီ တီရဲ့....

    ReplyDelete
  11. ဟုတ်တယ်ဒေါ်ချစ် အမှန်တော့ အားလုံးရွေးချယ်မှုပါပဲ

    ဒုတိယ ကောမန့်ကလဲ သိပ်မှန်တာပဲ ခုခေတ်ယောက်ျားတွေ က နောက်လိုက် ဖြစ်ဖို့ဆိုလဲ နှစ်ခါ စဉ်းစားစရာမလိုဘူး ဆိုသလိုပါပဲ
    တခုပဲ အရင်ကတည်းက ရှိလာတဲ့ (သောက်) သုံးမကျတဲ့ သူတို့ ရဲ့ မဟာယောက်ျား မာန တွေကြောင့် နောက်လိုက်လုပ်နေတဲ့ အချိန်မှာ တောင် နောက်လိုက်ကောင်းဖြစ်အောင်မလုပ်နိုင်တာဘဲ
    အများစုကိုပြောတာပပါ တွေ့ဘူးသလောက်ပေါ့လေ တကယ်ပါ ရှားပဲ ရှားတာလား ကိုယ်ကပဲ တွေ့ရလောက်အောင် ကံမကောင်းသေးတာလား

    ReplyDelete
  12. Like · · Share · Delete

    Hay Mar and Mee Chit like this.
    Aye Mie so true
    10 hours ago · Like
    Aye Mie သူ့  အ တွက် စာအုပ်စာတမ်းတွေ ရှာ ပြီး လာ ပို့  တဲ့ သူ ကို ကိုယ့် အား ကိုယ် ကိုး တဲ. အနေ နဲ. တက် စီ စီး ပြီး ပြန် ပါ တဲ့..ကား ၅ နာ ရီ စီး ရတဲ. ခရီး ကို ပြန် ရ မယ့် သူ ကို ကား ဂိတ် တောင် လိုက် မပို့  ချင် တာ လေ..
    10 hours ago · Like
    Addy Chen မအေမီ ကိုကြီး အကြောင်းမပါရင် စကားကိုမပြောတတ်တော့ဘူး
    နိုင်ဂန်ဂျား က နေ တကူးတကန့် မှာရတဲ့ ဒုက္ခတွေ ကိုထည့်ပြောအုံးလေ ဟွန့်
    8 hours ago · Like
    Write a comment...

    ReplyDelete
  13. hi, Tchen

    yr opinion is dam right, i agreed, but to some extend.

    Nang Myint

    ReplyDelete
  14. Like · · Share · Delete

    Ngwe Lamin, Hay Mar and Mee Chit like this.
    Aye Mie so true
    Friday at 2:38pm · Like
    Aye Mie သူ့  အ တွက် စာအုပ်စာတမ်းတွေ ရှာ ပြီး လာ ပို့  တဲ့ သူ ကို ကိုယ့် အား ကိုယ် ကိုး တဲ. အနေ နဲ. တက် စီ စီး ပြီး ပြန် ပါ တဲ့..ကား ၅ နာ ရီ စီး ရတဲ. ခရီး ကို ပြန် ရ မယ့် သူ ကို ကား ဂိတ် တောင် လိုက် မပို့  ချင် တာ လေ..
    Friday at 2:42pm · Like
    Addy Chen မအေမီ ကိုကြီး အကြောင်းမပါရင် စကားကိုမပြောတတ်တော့ဘူး
    နိုင်ဂန်ဂျား က နေ တကူးတကန့် မှာရတဲ့ ဒုက္ခတွေ ကိုထည့်ပြောအုံးလေ ဟွန့်
    Friday at 4:29pm · Like
    Lwin Mar Aung
    အရင်းစစ်တော့လဲ အမြစ်မှာ ပေါ်တယ်ဆိုသလို တကယ်တော့လဲ တချိန်လုံး တန်းတူ အခွင့် အရေး လိုချင်လွန်းလို့ တိုက်ယူချင်နေကြတဲ့ တိုက်ယူခဲ့ကြတဲ့ ကိုယ်တို့ မိန်းမတွေ အပြစ်ပါပဲ။

    ဒီလိုခေတ်သစ်ယောက်ျားတွေ ပေါ်ပေါက်လာတာဟာ တကယ်တော့ ကိုယ်တို့ ခေတ်သစ်မိ...See More
    Yesterday at 1:37pm · Like
    Addy Chen အေး မိလုံး နင်လဲ ခေတ်သစ် အခြောက်မ လို့မပြောရဘူး တွေးတာခေါ်တာ သိပ်တူတာပဲ ဂရိတ်မိုင်း သင့်ခ် အလိုက်ခ် ပေါ့ ခွိ
    Yesterday at 2:43pm · Like
    Write a comment...

    ReplyDelete