Monday, May 30, 2011

ပေးဆပ်ခြင်းများစွာနဲ့…

ပေးဆပ်ခြင်းများစွာနဲ့…

“အောင်မြင်တဲ့ ယောက်ျားတယောက်တိုင်းရဲ့ နောက်မှာ မိန်းမတယောက်ရှိတယ်”

ဒီစကားတခွန်းဟာ ကြားရတာများလွန်းလို့ ဖန်တရာတေနေပါပြီ။ အောင်မြင်တဲ့ ယောက်ျားနောက်က မိန်းမ က အောင်မြင်တဲ့ မိန်းမတော့ ဟုတ်ချင်မှဟုတ်လိမ့်မယ်။ များသောအားဖြင့်က အဲ့ဒီယောက်ျား အောင်မြင်ဖို့ ပေးဆပ်နေရတဲ့ အားပေးနေရတဲ့ အဲ့ဒီယောက်ျားရဲ့မာန ကို အရောင်တင်ပေးနေ ဆင်ပေးနေရတဲ့ မိန်းမ ဖြစ်ဖို့များတယ်။ ပြီးတော့ သူမ အတွက်က ပေးပြီးရင် ပေးရင်ပဲ ဖြစ်နေရလိမ့်မယ်။ ကန့်လန့်ကာ နောက်ကွယ်ကနေ လက်ခုပ်တီးပေးနေတာကလဲသူ့အလုပ်ပဲ။ ဒီလိုနဲ့ ယောက်ျားက အောင်မြင်သွားပါလေရော….ဒါပေမယ့် မိန်းမက ကော စိတ်ချမ်းသာပါ့မလား…? ပျော်ရွှင်ပါ့မလား…?

အောင်မြင်တယ် လို့ သူ့ကိုယ်သူ ထင်နေတဲ့ ယောက်ျားတယောက်က ပြောတာ ကိုယ် နားနဲ့ ဆတ်ဆတ်ကြားဖူးပါသေးတယ်။ ဘာတဲ့….

“အောင်မြင်တဲ့ ဘယ်ယောက်ျားတယောက်မဆို မိန်းမတယောက်တည်း ရှိရုံနဲ့ မလုံလောက်ဘူး” ဆိုပဲကျ ကျဖို့ပဲကောင်းသေးတော့တယ်။

ကဲ..ဒါဆို ယောက်ျားတွေအတွက် ပေးဆပ်သူချည်းသက်သက်ဖြစ်နေတာထက်စာရင်တော့… ကိုယ်တို့ မိန်းမတွေ သူတို့ရှေ့ ကနေသာ လျောက်လှမ်းကြပါစို့ရဲ့။

ကိုယ်က ဒီလိုပြောချင်တယ်…..

“သုခ ချမ်းသာနဲ့ပြည့်စုံတဲ့ မိန်းမတယောက်တိုင်း ရဲ့ နောက်ကွယ်မှာ အောင်မြင်တဲ့ ယောက်ျား တယောက်ရှိတယ်” ကဲ ကိုယ်ပြောတာ ဟုတ်မဟုတ် ကြည့်ကြည့် ကြရအောင်။

စာရေးဆရာမ ပေါက်စ နောက်မှာ သူ့ထက် အနုပညာ ပိုင်းမှာ ပိုရင့်ကျက်တဲ့ ပိုပြည့်ဝတဲ့ တဲလန့် ပိုရှိတဲ့ သူ့အတွက် ရှဲဒိုးရေးပေးနေတဲ့ ဝါပိုရင့်တဲ့ စာရေးဆရာ ရင့်မာ ကြီးတယောက်ရှိမယ်ကွယ်။ သူက သူမ အတွက် ရေးပေးမယ်၊ စာစီပေးမယ်၊ တည်းဖြတ်ပေးမယ်၊ ဟော စာအုပ်ထွက်ဖို့ က အစအကုန်လိုက်လုပ်ပေးအုံးမယ်။ သူလဲ စာရေးရင်ရေးမယ် မရေးရင်မရေးဘူး။ သူ စာအုပ်ထွက်ချင်လဲထွက်မယ် မထွက်ချင်လဲမထွက်ဘူး။ သူမကတော့ တလ တအုပ်ပုံမှန်ထွက်မယ်။ထွက်အောင်လဲသူက ရေးပေးမယ်။ ကဲ ပိုသေချာတာကတော့ သူမ က သူ့ထက်ပို နာမည်ကြီးမယ်။ သူမ က ငယ်ဂုဏ်လေးလဲရှိမယ် သာမန်လူတွေအတွက်ပြောရရင် အထင်ကရ ဘွဲ့တခုခု လဲ ရထားမယ်။ဆိုပါတော့ ဥပမာ ပြောတာပါ။

ဒါရိုက်တာ မမလေး တယောက်နောက်မှာလဲ သူ့အတွက် အရာရာ ဖြည့်စည်းပေးမယ် နားလည်တဲ့ ယောက်ျားတယောက်ရှိမယ်။ ဇာတ်လမ်းရွေးတာ ဝတ္ထုဘတ်တာ၊ စာရေးဆရာနဲ့ စကားပြောတာ၊ ဇာတ်ညွှန်းခွဲတာ၊ ရိုက်ကွင်းနဲ့ပတ်သက်ကမျှ မင်းသားမင်းသမီး ရိုက်ရက်ချိတ်တာကအစ ရှုတင် ရက်ချိန်း နေရာရှာတာ အလယ် မီးသမား မှန်သမား စက်အဖွဲ့ ကိစ္စ အဆုံး သူက အကုန်စီစဉ်ပေးမယ်။ သူမက အချိန်တန် ရိုက်ကွင်းထဲမှာ ရိုက်ပြီးတော့ အချိန်တန် ဆုတက်ယူရုံပဲ။

သရုပ်ဆောင်မလေးတယောက်နောက်ကွယ်မှာလဲ အောင်မြင်တဲ့ ဒါရိုက်တာ ယောက်ျား တယောက် က ရှိမယ်။ သူမ သရုပ်ဆောင်တာ ညံ့ရင် သူက သင်ပြပေးမယ်။ သူမ အတွက် သူမနဲ့ လိုက်ဘက်မယ့် ဇာတ်လမ်းတွေ ရွေးပေးမယ်၊ ဇာတ်ညွှန်းခွဲပေးမယ်၊ ဒိုင်ယာလော့ခ် တက်ပေးမယ်။ အကုန်လုံး ကိုသေချာသင်ပြပေးမယ်။

ဟော အလှအပ မက်လောက်စရာနဲ့ ပြည့်စုံတဲ့ မော်ဒယ် ပေါက်စ မလေးတယောက်နောက် မှာလဲ အောင်မြင်တဲ့ ပြည့်စုံ ကုံလုံတဲ့ စီးပွားရေး လုပ်ငန်းရှင်ယောက်ျား တယောက်ရှိမယ်။ သူမအတွက် နေစရာ စီးစရာ သုံးစရာ အကုန်ဖြည့်စည်းပေးမယ်။ ရှော့ပင်းထွက်ဖို့ ဒေါ်လာ ၉ သောင်းလောက်လဲ ပေးအုံးမယ်။

သူမတို့ ရဲ့ နှစ်သိမ့်အပြုံးလေးတွေ၊ အားကိုးတဲ့ အကြည့်လေးတွေ၊ မူနွဲ့နွဲ့ နှုတ်ခမ်းလေးတွေ၊ စူတူတူ အပြုံးလေးတွေ၊ ကုန်ကုန်ပြောရရင် သူမတို့ ရဲ့ မျက်ရည်တစက်က အစ ယောက်ျားတွေအတွက် ရှိသမျှ အားကုန်အင်ကုန် အရာရာဖြည့်စည်းပေးစေချင်တဲ့ တွန်းအားတွေ ဖြစ်မယ်။

ကဲ ကိုယ်ပြောတာ ကို သဘောတူပြီလား….?

သုခချမ်းသာနဲ့ ပြည့်စုံတဲ့ မိန်းမတယောက်နောက်ကွယ်မှာ အောင်မြင်တဲ့ ယောက်ျားတယောက် ရှိတယ်ဆိုတာ။

A Chen
12:38 PM
22nd May 2011
In the air
TG 612
Bangkok-Kunming

11 comments:

  1. ((သုခချမ်းသာနဲ့ ပြည့်စုံတဲ့ မိန်းမတယောက်နောက်ကွယ်မှာ အောင်မြင်တဲ့ ယောက်ျားတယောက် ရှိတယ်ဆိုတာ။))

    ဟုတ်မလိုလိုနဲ့ မဟုတ်သေးဘူး။
    အထူးသဖြင့် နောက်ဆုံးတစ်ခုက ဘေးထွက်နေတယ်။

    ReplyDelete
  2. After reading this, I am now facing the dilemma of
    “အောင်မြင်တဲ့ ယောက်ျားတယောက်တိုင်းရဲ့ နောက်မှာ မိန်းမတယောက်ရှိတယ်”
    and
    "သုခချမ်းသာနဲ့ ပြည့်စုံတဲ့ မိန်းမတယောက်နောက်ကွယ်မှာ အောင်မြင်တဲ့ ယောက်ျားတယောက် ရှိတယ်".
    Mon Petit Avatar

    ReplyDelete
  3. သဘောမတူပေါင်။
    ဥပမာပေးထားတဲ့သူတွေကို သုခချမ်းသာနဲ့  ပြည့်စုံနေတဲ့ မိန်းမတွေလို့  မြင်လို့ မရဘူး ဖြစ်နေတယ်။ ဒါက ရှဲဒိုးတို့  စပွန်ဆာတို့  အားကိုးနဲ့  အယောင်ဆောင်နေတဲ့ သူတွေလို့ ပဲ မြင်တယ်။

    ReplyDelete
  4. ကဲပါလေ ကိုယ်ပြောတာ ကို သဘောတူရမယ် မှ မဟုတ်ပါဘူး
    ခေါင်းအေးအေးသာထားပြီးစဉ်းစားကြည့်ကြပါ

    သုခချမ်းသာဆိုတာက ကိုယ်ကိုယ်တိုင်ကဘာမှ မကြိုးစားရဘဲ အလွယ်တကူ အားလုံး ရတာကို ခေါ်တာဆိုတဲ့ အများသုံးပေတံ နဲ့ တိုင်းတာပေါ့ နော်

    ကိုယ်တွေ လို အသေကြိုးစားတဲ့ လူတွေက ပင်စင်မယူခင်အထိ လခစားဝန်ထမ်းဖြစ်နေပြီးတော့ အဲ့လို အလွယ်ရတဲ့ သူတွေက လူ့သက်တမ်း တဝက်မကျိုးခင် အိမ်ပိုင်ကားပိုင်ဖြစ်နေတာ ကိုပြောတာပေါ့ကွယ်

    ReplyDelete
  5. အင်း သေချာပြန်ဘတ်ကြည့်တော့ မိန်းမတွေကို တော်အောင်ထက်အောင် အားပေးနေတာ မဟုတ်ဘဲ အပေါစား စိတ်တွေမွေးအောင် အားပေးနေသလိုဖြစ်နေပါရောလား

    ထောင့်မတူဘူး

    ဒါကတော့ ကိုယ့်ကြောင့်သာပါပဲ ကိုယ့်မှာ အမြဲတမ်း အလွယ်လိုက်ချင်စိတ်ရှိနေခဲ့တာ အမေ က တောင်အမြဲပြောတယ် နင်သာ မိန်းမ ဖြစ်ရင် =ာ ဖြစ်မှာတဲ့ ဟိ

    ကိုယ်ကတော့ မယားငယ်လောက်ဆိုရင်လဲ ကျေနပ်မှာပါလေ

    ReplyDelete
  6. ကိုယ်တော့သဘောတူတယ်
    Celion Dion ကိုကြည့်ပါလား နောက်ပြီးသီချင်းတွေ
    because you love me တို့ 
    wind beneath my wing တို့ လေ

    ReplyDelete
  7. ဆိုတော့ကာ မိန်းမက သူ့ယောက်ျားအောင်မြင်အောင် နောက်မှာနေ.. ဒါမယ့် သူ ပြည့်စုံချမ်းသာအောင် နောက်တစ်ယောက်ကို သူ့နောက်မှာထား.. အဲလိုလား..

    ReplyDelete
  8. ကိုရီးယားကားတစ်ကားမှာ ဒီဇာတ်လမ်းမျိုး မြင်ဖူးတယ်
    ညီ အစ်မ ၂ ယောက်ကား အငယ်မလေးက အဆိုတော်ကို ငယ်ငယ်ကတည်းကကြိုက်ပြီး ယူလိုက်တယ်
    ထောက်ပံ့မယ့်မမတစ်ယောက်ပေါ်လာတော့ ကောင်လေးက လူပျိုလို့ထင်အောင် နေရတယ်
    ကျန်တာတော့ မမှတ်မိတော့ဘူး ဘတ်ဆုံဖြိုး လားမသိဘူး ဇာတ်လမ်းထဲက မင်းသားနာမည်က
    စီးရီးတွဲတွေ အများကြီး မကြည့်ဖြစ်လို့မှတ်မိနေတာ ဒါတောင် ဇာတ်လမ်းဆုံးတဲ့အထိ မကြည့်ဖြစ်ခဲ့ဖူးထင်တယ်။

    ReplyDelete
  9. မဆိုးဘူး သေချာ သဘောပေါက်တာကတော့ နညပဲ
    အဲ့တာကြောင့် မင်းက ငါထင်တာထက်ပိုတော်တယ် ဖြစ်တာ

    စနေ သေချာတယ်နော် မဘုတ်ကိုပြောလိုက်တော့မယ်

    ReplyDelete
  10. အောင်မြင်သော မော်ဒယ်လ်တချို့နောက်မှာ လက်ဖွာနိုင်သော တပွန်စာတယောက်ရှိတာကတော့ အမြဲ ကြားနေရပါတယ် ... :D

    ReplyDelete
  11. #
    Aung Phyoe သုခ ချမ်းသာနဲ့ပြည့်စုံတဲ့ မိန်းမတယောက် နောက်က အောင်မြင်တဲ့ ယောက်ျား တယောက် ၊ အဲသည်ယောက်ျားနောက်မှာမှ သာမာန်မိန်းမတစ်ယောက် ထပ်ရှိစေချင်တယ် :)) ဖြစ်မလား :P
    Monday at 9:20pm · LikeUnlike · 1 personLoading...
    #
    Nang Nyi ဆိုတော့ကာ မိန်းမက သူ့ယောက်ျားအောင်မြင်အောင် နောက်မှာနေ.. ဒါမယ့် သူ ပြည့်စုံချမ်းသာအောင် နောက်တစ်ယောက်ကို သူ့နောက်မှာထား.. အဲလိုလား..
    Yesterday at 4:29pm · LikeUnlike
    #
    Aye Myat Myat Ko ဘယ်လိုလှည့်ပြောပြော နောက်ဆုံးတော့ ဒါပါပဲ။
    ကပ်ပြီး ရှုပ်နေကြတယ်။
    Yesterday at 6:09pm · LikeUnlike
    #
    Addy Chen အောင်မြင်တယ် လို့ သူ့ကိုယ်သူ ထင်နေတဲ့ ယောက်ျားတယောက်က ပြောတာ ကိုယ် နားနဲ့ ဆတ်ဆတ်ကြားဖူးပါသေးတယ်။ ဘာတဲ့….

    “အောင်မြင်တဲ့ ဘယ်ယောက်ျားတယောက်မဆို မိန်းမတယောက်တည်း ရှိရုံနဲ့ မလုံလောက်ဘူး” ဆိုပဲကျ ကျဖို့ပဲကောင်းသေးတော့တယ်။

    နောက်မှ မောင်လောဘ နှင့် မယ်လောဘ များ ဆိုပြီး တပုဒ် ထပ်ရေးပေးမယ် အဖ နဲ့နည အကြောင်း
    Yesterday at 9:43pm · LikeUnlike · 1 personLoading...
    #
    Aung Phyoe အောင်မြင်တဲ့ယောကျာ်းမပြောနဲ့ သာမန်ယောက်ျားတောင် မလုံလောက်ဘူး ဒါအမှန်ပဲ ။
    Yesterday at 9:49pm · LikeUnlike · 1 personLoading...
    #
    Addy Chen ကောင်းတယ် သာမာန်ယောက်ျားတွေတောင် နှစ်ယောက်လိုချင်နေကြရင် သာမာန်မိန်းမတွေကလဲ လိုချင်မှာပဲ အောင်မြင်တဲ့ ယောက်ျား မိန်းမတွေက ၃ ယောက်စီပဲထား အဲ့တာဆို ကိုယ်တို့ လူ့ဘောင်လောက အသစ်တခုတော့ ထွင်ဖို့လိုမယ်
    Yesterday at 9:53pm · LikeUnlike
    #
    Aung Phyoe အိုးးး၂ ယောက်လောက်နဲ့ ဘယ်လောက်မလဲ Kidding :P
    Yesterday at 10:32pm · Like

    ReplyDelete