Friday, May 27, 2011

အလင်းကိုမြင်ပြီ


အလင်းကိုမြင်ပြီ

ရာပန်ဇယ်)

ရက်ပေါင်းများစွာ ပြတင်းက ကိုယ်ကြည့်နေ
လပေါင်းများစွာ အပြင်သို့ အတွင်းကကြည့်
နှစ်ပေါင်းများစွာ ဘယ်တော့မှ ကိုယ်မတွေးခဲ့
ကိုယ် ဘယ်လောက်အထိ အသိအမြင်မဲ့

အခုတော့ကိုယ် ကြယ်ရောင်များကြားမှာ လင်းနေ
အခုတော့ကိုယ် အရာအားလုံး ကိုမြင်
ရပ်လို့ကြည့် အရာတိုင်းလင်းစင်
ကိုယ်ရှိသင့်တဲ့ ဌာနေ

ကိုယ်နောက်ဆုံးအလင်းများကိုမြင်
မြူတွေဟာ ဖယ်ရှားလို့ သွားသလို
ကိုယ်နောက်ဆုံး အလင်းများကိုမြင်
ပြာလင်တဲ့ ကိုယ့်ကောင်းကင်ဖြူး
ဒါတကယ့် နွေးထွေး အစစ် အလင်း
ကမ္ဘာမြေတောင် ရပ်တန့်ရွေ့ပြောင်းသလို
အရာအားလုံးဟာ အသွင် ရုတ်တရက် အကုန် ပြောင်းပြီ
မင်းအနားရှိနေလို့...

ယူဂျင်း)

ရက်ပေါင်းများသွာ အိပ်မက်နောက်ကိုယ်လိုက်လေ
လပေါင်းများစွာ မှုံဝါး ကိုယ့်ဘဝလေး
နှစ်ပေါင်းများစွာ ထင်ရှင်းပြီး ကိုယ်မတွေ့နိုင်
အရာအားလုံး ရှိတည်ခြင်း

အခုတော့ သူ ကြယ်ရောင်များကြားမှာ လင်းနေ
သူ့ကြောင့်သာ ကိုယ်အရာတိုင်း အသိတွေလင်း
သူ့ကြောင့်သာ ရှင်းလင်းစွာ
ဘယ်သွားရမှန်းကိုယ်သိ

တူ)
ကိုယ်နောက်ဆုံးအလင်းများကိုမြင်

ယူဂျင်း)
မြူတွေဟာ ဖယ်ရှားလို့ သွားသလို

တူ)
ကိုယ်နောက်ဆုံး အလင်းများကိုမြင်

ရာပန်ဇယ်)
ပြာလင်တဲ့ ကိုယ့်ကောင်းကင်ဖြူး
(ကြည်စင်တဲ့ ကိုယ့် ကမ္ဘာဟာဖြူး)

တူ)
ဒါတကယ့် နွေးထွေး အစစ် အလင်း
ကမ္ဘာမြေတောင် ရပ်တန့်ရွေ့ပြောင်းသလို
အရာအားလုံးဟာ အသွင် ရုတ်တရက် အကုန် ပြောင်းပြီ
မင်းအနားရှိနေလို့...

တူ)
ကိုယ့်အနားမင်းရှိနေလို့....

A Chen
22nd May 2011
Sunday
10:40 AM
on the plane
TG 612
Bangkok - Kunming
Before take off

2 comments:

  1. Oooooo I love that movie so much :) Lovely !! CKA:)

    ReplyDelete