Tuesday, May 10, 2011

ဝက်ချို အစိမ်းကြော် မှိုကန်စွန်း

ကဲ ဒီတခါ လွယ်လွယ်လေး ချက်ပါမယ်။ ခုတလောကျတော့ အမေ က မဲဆိုင် က သူ့မွေးစားသမီး နဲ့ သူငယ်ချင်း ဆီသွားလည်နေတော့ ဘာမှ တောင်ထွေထွေထူးထူး မချက်ဖြစ်ပါဘူး။ မောင်နဲ့ ကိုယ် အရင် ဒုံရင်း ဝယ်စားဘဝ ကို ဟပ်ချလောင်း ဆို ပြန်ရောက်သွားတော့တာပါပဲ။ အဲ့တာနဲ့ တနေ့ ကတော့ ချက်ရမှာလဲ ပျင်းတော့ လွယ်လွယ် ကူကူ ပဲ ဝက်ကို အချိုချက်မယ် ကန်စွန်းလေး ဘာလေး ကြော်စားမယ် ဆိုပြီး လုပ်ဖြစ်တာပါ။





ဒီပိုစ့် မှာ အရေးကြီးတဲ့ ပဲငံပြာရည် ကိုအရင် ကြော်ငြာပါရစေ။ ယိုးဒယား စရောက်ကတည်း က ဝယ်လိုက်တဲ့ ပဲငံပြာရည် တွေအကြည်ကော အနောက်ကော ဝယ်လိုက် ပစ်လိုက် ဝယ်လိုက် ပစ် လိုက် အခု ပုံမှာ ပြထားတဲ့ တံဆိပ် ရမှာပဲ အဆင်ပြေတော့တယ် လီကျင်ကျီ့ လို့ အသ့ထွက်မယ် ထင်ပါတယ် ရှာဝယ်လိုက်ပါ ဘန်ကောက်မှာတော့ ပါရာဂွမ် က ဂေါမန့် မှာ ရပါတယ်။ ကဲ ဟင်းဆက်ချက်မယ် ဝက်သားထဲထည့်ဖို့ ကြက်သွန်ဥ တွေကိုခွာ ထားပါနော် ဥလိုက်ထည့်မှာ မို့လို့ စိပ်မနေပါနဲ့တော့....ပြီးရင် ဝက်သား ကို ပဲငံပြာရည် အချို၊ ကြက်သွန်ဖြူ ဓါးပြား နည်းနည်း ဂျင်း စင်းငယ်ခန့် တို့ နဲ့ ဆား အချိုမှုန့် နယ်ထားပါ ခဏ နှပ်ထားပါ





ပြီးရင် ဆီသတ်ပါမယ် ဂျင်း ဘတ်ကလေး ကို ဓါးပြားရိုက်ပြီး ဆီသတ်ပါ ကြက်သွန်ဖြူ နီ ကိုတော့ မသတ်တော့ပါဘူး ခုန က နှပ်ထားတဲ့ အသား ကိုပဲ လုံးချက်မှာပါ ဂျင်း က မွှေးလာပြီဆိုရင် အသားတွေ ကိုထည့်လို့ ရပါပြီ အသားကို ပုံ ၃ မှာ ပြထားတဲ့ အတိုင်း ပထမ သူ့ဆီကနေ ထွက်လာတဲ့ ရေ နဲ့ ပဲ အရင် တရေ ခန်းပါစေ ပဲငံပြာရည် တကယ်ကောင်းရင် မွှေးတက်လာပါလိမ့်မယ် သိပ်မွှေးလို့ ဗိုက်ကို ဆာလာစေတာ ဒီပဲ ငံပြာရည်ပါ တကယ်ညွှန်းတာ တကယ်ကောင်းလို့ပါ ရှာဝယ်ကြည့်ပါနော် တခြား ပဲငံပြာရည်တွေထက်တော့ ဈေးနည်းနည်း ပိုကြီးတယ် ဒါပေမယ့် တကယ်ကောင်းတော့ တန်ပါတယ် တလက်စတည်း မွှေပေးနေပါ အိုးမကပ်အောင်ဖြစ်ပါတယ်





ပြီးရင်တော့ ရေလေး ကို ဝက်သားမြုပ်ရုံ ထည့်ပြီး နောက် တရေ တည်ပေးပါ အသား နူး မနူး ကိုလဲ မြည်းကြည့်ပေးနေပါ တကယ်လို့ ကိုက်ရတာ မာဆတ်ဆတ်လေး ကြိုက်တယ် ဆိုရင်လဲ တရေ တရေခွဲလောက်နဲ့ ရပါတယ် ရေလျော့ထည့်ပေါ့ နူးနူးလေး ကြိုက်တယ်ဆိုရင်တော့ တီ့ လိုပဲ နောက်တရေ ကို ခန်းတဲ့ အထိ တည်ပါ မနူးသေးရင် နောက်တရေ ထပ်ထည့်ပါ ဒီ ဒုတိယ တရေ ထည့်တဲ့ အခါမှာ တခါတည်း ခုန က အခွံခွာ ထားတဲ့ ကြက်သွန်နီဥ တွေကို ထည့်လိုက်ပါ အဲ့တာ မှ ဝက်သားလဲ ဆီပျံ ကြက်သွန်ဥလဲ နူးအိ အတော်ပါပဲ





ဟင်းက အီမှာ ဖြစ်တဲ့အတွက် ဘိတ်ချဉ်လေး လုပ်ပါမယ် ကြက်သွန်ဖြူ ကို ပါးပါးလေးတွေလှီး ပါ ငရုတ်သီး ပါးပါးလေး လှီး ပါ ခုန က ပဲငံပြာရည် ကို ထပ်ထည့်ပါ ပြီးတော့ သံပရာ သီး ညှစ် လိုက်ပါ အရသာရှိ လိုက်ဘက်ညီတဲ့ ဘိတ်ချဉ် ကိုရပါပြီ တီကတော့ ကြက်သွန်ဖြူ အစိမ်း ကြိုက်တဲ့ အတွက် နည်းနည်းများများ လုပ်ပါတယ်





ဟင်းတမျိုးတည်းဖြစ်နေလို့ ကြက်ဥ ပေါင်းလိုက်ပါသေးတယ် အရင်တခါ က ရေးဖူးပြီးသားပါ လွယ်လွန်းလို့အမြန် နောက်တခေါက်ထပ်ရေးပေးလိုက်တယ် အရင် ပိုစ့် ကို ပြန်ရှာ ပြန်ထည့်နေရင် ပိုကြာလို့
ထပ်ရေးလိုက်တာ ပိုမြန်တယ် ချက်ရင် ပိုတောင် လွယ်သေး ကြက်ဥ တောက်တောက်စင်းထားတဲ့ ကြက်သား ဝက်သား ကြိုက်ရာ နဲ့ (ဝက်က ပိုလိုက်ပါတယ် ကြက်ကို မောင်ကလဲ မစားတော့ ဝက်ပဲ) ခေါက်လိုက်ပါတယ် ဆား အချိုမှုန့် ထည့် ငရုတ်ကောင်း နည်းနည်းထည့် ရေ နည်းနည်းထည့်ပြီးတော့ မိနစ် ၂၀ လောက် ပေါင်းလိုက်တာပါပဲ။ သိပ်သိပ် လွယ်တယ် ဒါပေမယ့် အချိန်အဆ အရေးကြီးပါတယ် မဟုတ်ရင် ပေါ့လွန်း လေးလွန်း ဖြစ်တတ်ပါတယ် ကြက်ဥ နည်းပြီး ရေများရင်လဲ စားမကောင်းပါဘူး အသားများရင်လဲ မာပါတယ် လွယ်ပေမယ့် လုပ်ရခက်တာ မျိုးမဟုတ်ဘဲ အချိန်အဆ လက်ဝင်ပါတယ်





အရွက်လေးလဲ စားချင်သေးတော့ မှို ဘူး တဘူး ဖောက်ပြီးတော့ တရုတ်ကန်စွန်း နဲ့ ကြော်ပါမယ် မှိုလေးတွေကို တလုံး ၃ ဘတ် ရအောင် လှီးပါ တခြမ်း ဆိုရင် ထူပါတယ် ကန်စွန်း ကို လိုချင်သလောက် အရိုး အရွက်သင် လှီး ချွတ် ထားပြီး ရေးဆေး စစ်ထားပါ





မှို က ဘူးမှို ဖြစ်တဲ့ အတွက် ကျက်ပြီး သားဆိုတော့ ကန်စွန်း ကို အရင် ကြော်ပါတယ် တီက ဒီမှာ တော့ ကြက်သွန်ဖြူ မထည့်ပါဘူး ကြက်သွန်နီ ဆို ပိုမုန်းတယ် ကန်စွန်းရွက်ကြော်မှာ ထည့်ရင်ပြောတာပါ အဲ့တာ ကြောင့် မှို နဲ့ ကန်စွန်း ပဲ ပလိမ်း ကြော်လိုက်ပါတယ် ကန်စွန်းတွေ နည်းနည်း အရောင်ပြောင်းပြီဆိုတာ နဲ့ မှိုတွေပစ်ထည့် ခဏ မွှေ ခရုဆီ ထည့်လိုက် ရတာပါပဲ ဆားအချိုမှုန့် ထည့်ဖို့ တော့ မေ့နဲ့နော်....





ကဲ အားပေးလိုက်ကြပါအုံး နောက် နှစ်ရက် ဆက်ပြီး ဒီပုံနဲ့ ကန်စွန်းမှို ချည်းပဲ ကြော်ကြော်ပြီး ထိုင်ထိုင်စားပါသေးတယ် ထမင်းတောင် မပါဘူး ကြိုက်လို့.........

A Chen
10th May 2011
Tuesday
3:48 PM
Bangkok

12 comments:

  1. ဗူးမှိုတောင် ဝယ်ထားသေးတယ် ဟိုနေ့ကပဲ။ ကညွတ်နဲ့ ကြော်တာ ကြည့်ပြီး။ ဒါပေမဲ့ ကညွတ်တွေချည်း အရင် ကြော်စားလိုက်တယ်။ ဗူးကို ဖောက်နေရဦးမှာမို့လို့။

    ReplyDelete
  2. ကိုယ်လဲ ပဲငံပြာရည် ကောင်းကောင်း မရှိဘူး ဖြစ်နေတယ်။ ခရုဆီလဲ ကုန်နေတယ်။ ဒီတော့ကာ ဒီတခါ ဘန်ကောက်တက်ရင် ပါရာဂွန်သွားပြီး အရည်တွေ အဆီတွေ ၀ယ်ဦးမှ ...

    ReplyDelete
  3. Thanks TT chan yay. u r so clever at cooking.

    ReplyDelete
  4. အဲဒီတံဆိပ်သိတယ်..ခရုဆီတို့ဘာတို့လည်း ရှိတယ်လေ...ကောင်းတယ် အိမ်မှာလည်း အဲဒါပဲ သုံးတယ်...:)

    ReplyDelete
  5. ဟုတ်တယ် ဒရတ ကညွှတ်နဲ့ လဲ ကြော်စားလိုက်သေးတယ် နှစ်ဗူး ထပ်သွားဝယ်လာတာ စားချင်လို့ကို

    မအိ ဟုတ်တယ် ယပလက် မှာ ပဲငံပြာရည် တော်တော် ဒုက္ခရောက်တယ် ရွက်လှေတံဆိပ် အရင်က သုံးတာ လုံးဝ အဆင်မပြေဘူး

    no par anonymous yal i learn from my mom

    ဒေါ်ချစ် ဟုတ်တယ် ခရုဆီ လဲရှိတယ် ရေလည်ကောင်းတယ် အိုအိရှိပဲ

    ReplyDelete
  6. I just fried pork kone boung.As u said"Oeishi"..:)....U really good at in cooking.I'll try ur brand for soy sauce later.I use kikkoman.
    Gyidaw

    ReplyDelete
  7. အိုအိရှိ က အီး ပိုနေတယ် ဂျီးတော်

    ReplyDelete
  8. အားလုံးကြိုက်တယ် ဘယ့်နှယ့်လုပ်ရပါ့
    ထိုင်းပဲငံပြာရည်ဘူးလေးကျေးဇူးတီချမ်းရေ
    ရှာဝယ်သုံးကြည့်ဦးမယ်

    ReplyDelete
  9. ဒီနေ့ တော့ ပဲငံပြာရည်ဝယ်ခဲ့ပါတယ်။ ကျေးဇူးပါ။

    ReplyDelete
  10. တီကို အားကျလို့ အဲဒီပဲငံပြာရည်နဲ့ အဲဒီမှိုဘူး ၀ယ်ထားတယ်... ဟိ..း)

    ReplyDelete
  11. တီချမ်း ခရုဆီ ကရော ဘယ်တံဆိပ်ကောင်းလဲ

    ခင်မင်လျှက်
    ဇွန်

    ReplyDelete
  12. ဇွန်ရေ
    တီကတော့ ဟင်းကြော်နေတဲ့ တရုတ်မကြီးပုံပါတဲ့ ယိုးဒယားက ဟာကိုသုံးပါတယ်

    ReplyDelete