Friday, September 23, 2011

ဧရာဝတီ ကာကွယ်ရေး

တီဘလောခ် စရေးကာစ က တင်ထားတဲ့ ပိုစ့်လေးပါ တနေ့ က ရွှေဇင်ဦး က ၂၃ ရက်နေ့ ကျရင် တခုခု ပြန်တင်ပေးပါ ပြောတာနဲ့ ပြန်ရှာ တင်လိုက်ပါတယ်


Wednesday, June 3, 2009

My Irrawaddy


My Irrawaddy

Lovechild of May-kha and Mali-kha
Bride of the histories
She is…
My Irrawaddy

North to South
From the beginning till the end
We own as whole
In Myanmar
She is…
My Irrawaddy

From the silvery snowy Himalayas
Through the ravines and across the mountains
To the plains she comes
Queen of the rivers
She is…
My Irrawaddy

Gently now she streams around Legendary Bagan
(For) Kings may come and Dynasties may go
But she...
With unswerving intentions
Is always true to her people
She is…
My Irrawaddy

“Crack” – There goes the rice pot of the Delta
Broken in pieces.
Men they come and they go
Trash may ride along her waves
Becoming the Delta we grow nowadays but…
She is… (Still)
My Irrawaddy

Gold panning
Mercury rising
Fish dying
Human suffering-
What’s left?

Whatever it takes
She will go on forever;
Flow on forever
Where will the sun set one day?
Somewhere by the river bend
…………….
She is…
My Irrawaddy

Somewhere anywhere
Let us meet by the next river bend
Just you and me
……….
My Irrawaddy

Addy Chen
12:45am
15th May 2009
Home, Bkk
တီ့ သူငယ်ချင်းရဲ့ စာအုပ်အတွက်ရေးပေးတဲ့ကဗျာလေးပါ
တီ အရင်က မြန်မာ လိုလဲရေးဖူးပါတယ် ခုဟာက သူ့စာအုပ်အတွက် မို့လို့ english ရေးပေးတာပါ
စာအုပ် က coffee table စာအုပ်ပါ
မြန်မာလိုပါ ပြန်တင်ပေးလိုက်ပါတယ် ယှဉ်ကြည့်ရအောင်ပါ
တီ့ ကိုယ်တိုင်အနေနဲ့ကတော့ မြန်မာ လိုရေးရတာ ပိုအားရပါတယ်
စကားလုံးရွေးချယ်ရတာ က အစပေါ့လေ
အကြိုက်ချင်းတော့ တူချင်မှတူမှာပါ
ခံစားကြည့်ကြပါ
ဧရာဝတီ
မေခ နဲ့ မေလိခ ကနေ
စလာလိုက်တာ
သူပေါ့
ရာဇ၀င်များရဲ့သတို့သမီးလေ
မြောက်ကနေတောင်
တို့မြန်မာ တပြည်ထဲပိုင်တာ
အစရော အဆုံးရောပေါ့
ဟိုးဖြူဖြူ နှင်းတောင်လွှလွှ ကစလို့
မြစ်ကျဉ်းတွေ၊ တောင်စဉ်တွေဖြတ်
မြေပြန့်ကို သူရောက်ခဲ့ပြီ
မြစ်မင်းဧရာဝတီ
ပုဂံ ကို ပတ်ခွေကာစီးဆင်း
လူမင်းတွေ ဘယ်လိုပြောင်းပြောင်း
ပြည်သူတွေကို မပြောင်းခဲ့တဲ့
သူ့သဘောထား
ခုထိမရိုးသေးဘူး
ပေးဆပ်ဆဲပဲ
မြစ်ဝ က ဆန်အိုး
ခုတော့ကွဲခဲ့ပေါ
့လူတွေဖြစ်လာတယ်
လူတွေပျက်သွားတယ်
အမှိုက်တွေမျောလာတယ်
နှူံးတွေဖြစ်သွားတယ်
ရွှေတွေကျင်တော
့ပြဒါးတွေကများ
လူတွေနဲ့ငါးတွေက….ဒုက္ခများ
နောက်ဆုံးတော့ ဘာကျန်သလဲ
ဘာပဲဖြစ်ဖြစ်
ငါကတော့စီးဆင်းဆဲ
စီးဆင်းမြဲ
“နေ” ဘယ်မှာဝင်မလဲ
တနေရာရာပေါ့ကွာ
မကျေနပ်ရင်
နောက်မြစ်ကွေ့မှာတွေ့မယ်
A Chen
2:24 am
28th April 2009
Home
Bkk

Tuesday, April 28, 2009

ဧရာဝတီ

သူငယ်ချင်း တယောက်ရဲ့ လက်ရာ ဓါတ်ပုံလေးပါ
သူက ကော်ဖီစားပွဲ ဘုတ်အုပ်တအုပ် (Coffee table book) ထုတ်ဖို့ လုပ်နေတာပါ
တီ တို့ ရပ်ကွက်ထဲက (HIV/AIDS fields) သူနဲ့ ခင်တဲ့ စာတိုပေစ တွေ ရေးလေ့ရှိတဲ့
သူတွေ ကို အကူအညီတောင်းပါတယ်
တီလဲပါတယ်ပေါ့ (စိတ်ကြီးနည်းနည်းဝင်နေတယ်နော်.......ဟွန်း.....ငါကွ)

သူ့စာအုပ်အတွက်က အင်္ဂလိပ်လိုရေးပေးရမှာပါ
အင်စပရေးရှင်းက တော်တော်နဲ့မလာတဲ့အတွက်ကြာနေပါတယ်
ခုလောလောဆယ်တော့ ဒါလေးထွက်လာပါတယ်
နောက်မှ အင်္ဂလိပ်လိုဘာသာပြန်ပြီးပေးလိုက်မယ် စဉ်းစားထားပါတယ်
ဖြစ်မလာရင်လဲ နောက် တပုဒ်ဖြစ်သွားနိုင်ပါတယ်
ဒါလေးတော့ ကိုယ့်ဘာသာ ကြိုက်လို့ တင်ထားလိုက်ပါတယ်
ပြီးတော့ သူ့စာအုပ်က
ရီဂျင်နယ် မှာထုတ်မယ့် စာအုပ်ဆိုတော့ မကောင်းရင် ကိုယ်က အခွက်ရှဲပါမယ်
အဲတော့ ကောင်းကောင်းလေးရေးချင်ပါတယ်
ပြီးတော့ ပြောမယ်ဆိုရင် ဒါက ဘာပဲပြောပြော ကိုယ့်ရဲ့ အင်္ဂလိပ်လို
ပထမဆုံးပရင့် ဖြစ်နိုင်တယ်လေနော် ရီဂျင်နယ်မှာပြောတာပါ
အရင်ကတော့ ဘာဘာညာညာ လေးတွေရှိခဲ့ပါတယ် နောက်များမှ ကြုံရင်တင်ပေးပါမယ်
ကိုငှက် ရဲ့စာတကြောင်းကြိုက်လို့ ယူထားပါတယ်.............း)




ဧရာဝတီ

မေခ နဲ့ မေလိခ ကနေ
စလာလိုက်တာ
သူပေါ့
ရာဇ၀င်များရဲ့သတို့သမီးလေ

မြောက်ကနေတောင်
တို့မြန်မာ တပြည်ထဲပိုင်တာ
အစရော အဆုံးရောပေါ့

ဟိုးဖြူဖြူ နှင်းတောင်လွှလွှ ကစလို့
မြစ်ကျဉ်းတွေ၊ တောင်စဉ်တွေဖြတ်
မြေပြန့်ကို သူရောက်ခဲ့ပြီ
မြစ်မင်းဧရာဝတီ

ပုဂံ ကို ပတ်ခွေကာစီးဆင်း
လူမင်းတွေ ဘယ်လိုပြောင်းပြောင်းလဲ
ပြည်သူတွေကို မပြောင်းခဲ့တဲ့ သူ့သဘောထား
ခုထိမရိုးသေးဘူး ပေးဆပ်ဆဲပဲ

မြစ်ဝ က ဆန်အိုး ခုတော့ကွဲခဲ့ပေါ့
လူတွေဖြစ်လာတယ်
လူတွေ ပျက်သွားတယ်
အမှိုက်တွေမျောလာတယ်
နှူံးတွေဖြစ်သွားတယ်

ရွှေတွေကျင်တော့ပြဒါးတွေကများ
လူတွေနဲ့ငါးတွေက….ဒုက္ခများ
နောက်ဆုံးတော့ ဘာကျန်သလဲ

ဘာပဲဖြစ်ဖြစ် ငါကတော့
စီးဆင်းဆဲ စီးဆင်းမြဲ
“နေ”ဘယ်မှာဝင်မလဲ
တနေရာရာပေါ့ကွာ
မကျေနပ်ရင်
နောက်မြစ်ကွေ့မှာတွေ့မယ်

A Chen
2:24 am
28th April 2009
Home
Bkk

1 comment:

  1. ကဗျာလေးက အရမ်းကောင်းတယ် မတီချမ်းရေ...။တကယ့်တော့ ဧရာဝတီဟာ ရာဇ၀င်များရဲ့ သတို့သမီးတင်မကပါဘူး..ကျွန်တော်တို့အားလုံး ရဲ့ မိခင်လည်း ဖြစ်ပါတယ်ဗျာ။

    ReplyDelete