Thursday, September 29, 2011

မနံတာ အတွက် ကော်ရည်ခေါက်ဆွဲ

အမေရိက ရောက် အမတယောက် က တကူးတက တောင်းဆိုလာပါတယ်။ ကော်ရည်ခေါက်ဆွဲချက်နည်းလေး တင်ပါအုံးတဲ့။ အရင်တခေါက် ၂ လ ပိုင်း မြန်မာပြည်ပြန်တုံးက ချက်နည်းကို အမ ဆီမှာ မေးခဲ့လို့ တင်ဖို့ အသင့် ပုံတွေ ရှိပါတယ်။ ထုံးစံအတိုင်း အလုပ်တွေက မအား၊ အလုပ်က အားပြန်တော့လဲ ခရီးကများ၊ အကြွေးတွေက တင်၊ ခရီးက ပြန်လာရင် ခရီးအကြောင်းကလဲ ရေးချင်၊ ကြားဖြတ်ပိုစ့်လေးတွေပေါ့။ နောက် ခုတလော ကင်မလာ အသစ်ဝယ်တော့ ကြွားချင်စိတ်ကလဲများ၊ အို တယောက်တည်းနဲ့ ကို ၇၅ မျိုးလောက် ရှုပ်နေတာပါ။ တကယ်ပါ။ ခုထိ ဘူဆန်ကလဲ ဒုတိယနေ့ ကကို မတက်သေးဘူး။ တခါ ကြားထဲမှာ ဒေါ်သလင်းနဲ့ သွားထားတဲ့ ခေါက်ရိုက် နား က စဗျစ်ခြံတွေအကြောင်းနဲ့ ဘန်ကောက်နား (၃ နာ၇ီအကွာလောက်က အီတလီ မြို့လေးအကြောင်း) လဲရေးချင်သေးတယ်။ ရေးရမယ့် အကြွေးတွေ များနေပြီ။ တခါ သောကြာ ၃၀ စက်တင်ဘာ ကျရင် ရန်ကုန် ကို တပတ်လစ်ပါအုံးမယ် ဆိုတော့ ကျန်ပြန်ပြီပေါ့။

အဲ့လိုနဲ့ ပဲ ဆင်ခြေဆင်လက်တွေများနေတာ ဘလောခ် လေးကိုလဲ ပြစ်ထားတာကြာပေါ့။ ကြားထဲမှာတော့ ဖော်ဝပ်မေးတွေထဲက ရသမျှ ဧရာဝတီ နဲ့ ဆိုင်တာလေးတွေ ကို တင်ပါတယ်။ ဆားချက်တာပဲပြောပြော ဒေါက်ကယူမန့် လုပ်တယ်ပဲ ဆိုဆို တစုတစည်းထဲ ဘတ်ရအောင်ပေါ့။ ထားပါတော့ အဲ့လို တကယ့် တကယ် ကိုယ်စာစရေးတဲ့ ရည်ရွယ်ချက် ကိုယ်ရေးချင်တာတွေ ရေးမယ်ဆိုတာလဲ ရေးရင်နဲ့ လျောက် လျောက်ရင်းနဲ့ ပျောက်ဆိုသလိုဖြစ်နေတာ ကြာပေါ့။ ခုတော့ မဖြစ်ချေဘူး ပြန်လုပ်အုံးမှ ဆိုပြီး လက်ပြန်သွေးရတာပါပဲ။ နောက်နေ့ ဘာဖြစ်မယ် မှမသိတာနော်။ အာရုံက လာချင်မှ လာမှာလေ။ လာတုံးလေး လုပ်ထားမှ။

ကဲ ပြောနေကြာတယ်၊ မပြောရင်မကြာဘူး........လာလေ့ ကော်ရည်ခေါက်ဆွဲ....ပြောရင်တော့ သိပ်လွယ်တာ လွယ်လွန်းလို့ ရေးတောင်မရေးချင်ဘူး ဖုန်းနဲ့ပဲ ပြောပြလိုက်ချင်တာ။ အဲ့တော့ လိုတိုရှင်းပဲ ရေးမယ် ကြည့်ကျက်ဘတ် ပြီး အဆင်ပြေသလိုချက်...

ဘေ့စစ် အစာပလာကတော့ ကြာဇံချက်နဲ့ တောင်ဆင်ချင်ပါတယ်။ တခါတည်း ကြားညှပ်ကျော်ညာလိုက်မယ် ကြာဇံချက် ချက်နည်း သိချင်ရင် ဒီမှာ သွားကြည့်။ အဓိက ပါရမယ့် အစာပလာတွေကတော့ ပုံကိုကြည့်ပါ။





ပဲပင်ပေါက် ရွေးပြီးသား ရှာဝယ်ပါ မဟုတ်ရင် ဘာဖြစ်လဲဘာမှမဖြစ်ပါဘူး ရွေးရတာ အလုပ်ရှုပ်တာပေါ့အေ။ သံပရာသီး၊ ကြက်သွန်မိတ်၊ မွှေးပဲမှုန့် အကျက်၊ ကျားမင်း မဆလာ၊ ခနော် ဝက်မှုန့်၊ ကြက်သွန်ဖြူ။





နောက်အရေးကြီး ပစ္စည်းတခုကတော့ ကန်စွန်းရွက် (သူတို့ ဘာသာ သူတို့ ဆည်ဆောက်ဆောက် မဆောက်ဆောက် ကန်စွန်းကတော့ စိန ကန်စွန်း ကမှ ပိုကောင်းတယ်။ ရိုးတံ တုတ်လေကောင်းလေပဲ။ ပြီးရင် အနေတော်လေးတွေ သင်ထားပါ။ ဘယ်လိုလုပ်ရမလဲ မသိရင် ပုံကြည့်။ ဦးကြီးပု လို အဖြူ အမဲ စာအုပ်ထုတ်တာမဟုတ်ဘူးနော် ဒေါ်ချမ်း က ကာလာနဲ့ စိုနေတာ။ ဟွန်း...





မှိုမွှေးခြောက် ကိုရေနွေးစိမ်ထားပါ။ ပွတက်လာအောင်။





ကြက်သား ကို ပြုတ်။ အသားတွေ ပြန်ဆယ် နွင် ပြီးတော့ အရိုး ကို အိုးထဲ ပြန်ထည့် ပိုချိုအောင်။ နွင်ပြီးသား အသား ကို နှစ်ပုံ ပုံ ကြီး တပုံ သေးတပုံ။ ဘာလို့ လဲ မမေးနဲ့ နောက်ပိုင်းမှာပါလာမယ် ဆက်ဘတ်။





ကြက်သွန်ဖြူလေးတွေကို တော်ရုံ ထောင်း ပြီးတော့ ဆီသတ်ပါ။ ကြက်သား ခုနက အကြီးပုံ ကို ထည့် ပြီးတော့ ပဲငံပြာရည်အကြည်လေးထည့် ပြီး ဆား အချိုမှုန့် နည်းနည်း ထည့် ပြီး ဆီသတ်ပါ။ အမှန်ကတော့ ဆီနဲ့ လှိမ့်တာပေါ့။ ဒီနေရာမှာ ကြိုက်တတ်ရင် ငရုတ်ကောင်းမှုန့်လေးလဲ ထည့်ပါအုံးမွှေးတာပေါ့။ တချို့ ကိုကိုပို မမပိုတွေက အချိုမှုန့် မသုံးချင်ဘူး ဘာညာ ရှိပါတယ်။ ခုန က ပြထားတဲ့ ခနော် ကြက်မှုန့် ဝက်မှုန့် ကို အစားထိုးထည့် တီကတော့ ချိုအောင် အကုန်ထည့်တယ်။ အရိုး ပျော့ပျော့ ပွပွ ဖောင်းဖောင်း အချိုမှုန့် ကိုတော့ အာဂျီနိုမိုတို ကတည်းက အားပေးလာတာ ခုထိ သိပ် သစ္စာရှိတယ်။





ကြက်ဥ ခေါက်ပြီး မွှေလိုက်ပါ။ တလုံး နှစ်လုံး တော်သလိုပေါ့။ ကော်မှုန့်ကိုလဲ ရေအေးလေးနဲ့ ဖျော်ထား ၉ ရေနွေးမသုံးပါနဲ့ ပြီးမှ ကပ်သွားရင် ဘာကြီးလဲ မမေးနဲ့ တီလဲ မဖြေတတ်ဘူး။ အင်စထရပ်ရှင် ကိုသေချာဘတ်ပါ။ ၏ သည်မရွေး လိုက်ချက်ပါ။

မှတ်ချက်။ ။မန်းတလေး မြီးရှည်ဆိုရင်တော့ အပူနဲ့ ဖျော်တယ် အဲ့တာ နောက်တခေါက်မှ ချက်ကျွေးမယ်။





ပြီးရင် ခုန က တည်ထားတဲ့ ကြက်ပြုတ်ရည် ကို အရိုးဆယ်ပါ။ အရိုးတွေ ကုန်ရင် ပဲငံပြာရည် အနောက် နည်းနည်းထည်ပါ။ နည်းနည်းနော် မများစေနဲ့ မဲသွားမယ်။ ပြီးတော့ ခုန က ကော်ရည်ဖျော်ထားတာကိုထည့်။ အပြစ်အကျဲ ကိုကြိုက်သလို ချိန်ထည့် ကျဲ ရင် ရေရော (လျှို့ဝှက်ချက်တခုပြောပြမယ် အစကတည်းက ကြက်ပြုတ်ရည် ကို နည်းနည်းဖယ်ထား အရမ်းပြစ်သွားလို့ လိုရင် ရောရအောင်။ ကော်မှုန့် ကို တခါတည်း အကုန်မထည့်နဲ့ အပြစ်အကျဲ ချိန်ပြီး ဖြေးဖြေးလောင်းထည့် မွှေရင် အရေးကြီးတယ် တဘက်တည်းကိုပဲ တသမတ်မွှေပါ မွှေနေတုံးမှာ ခုန က ခလောက်ထားတဲ့ ကြက်ဥ ကိုထည့် အမျှင်မျှင်လေးတွေ ဖြစ်လာမယ်) အပြစ်အကျဲ လိုသလောက် အနေတော်ရပြီဆိုမှ ငရုတ်ကောင်းလေးဘာလေးထည့်။ ရေလည်ထည့်ပြစ်။ ပြီးရင် ဆား အချိုမှုန့် ကြက်မှုန့်ဝက်မှုန့် ထည့်။ ချိုပေါ့ငံ မြည်း။ အိုကေရင် ဆက်မယ်...





မှိုခြောက် (ကြာဇံချက်ထဲထည့်တဲ့ဟာလိုမျိုး ကြွက်နားရွက်ခေါ်တယ်) ရေစိမ်ထား။ ပန်းခြောက် ရေစိမ်ထား။ ပြောသားပဲ ကြာဇံချက်နဲပ ဘေ့စစ် တူပါတယ်လို့။ နောက် ခုန ပထမပိုင်းတုံးက ရေနွေး စိမ်ထားလို့ ပွနေတဲ့ မှိုမွှေးခြောက် ကို ပါးပါးလှီး (ပုံအတိုင်း)။

ပြီးရင် မှိုခြောက် (ကြွက်နားရွက်) ပန်းခြောက် မှိုမွှေးခြောက် အစဉ်အတိုင်း ထည့်ပြီး ဆက်မွှေပေး။ အစဉ်အတိုင်းမထည့်လဲ ရတယ် တခုချင်းစီထည့်ထည့် ပြုံပြီးတော့ပဲ ထည့်ထည့် အိုးထဲ ရောက်ဖို့ သာ ပဓာန။ တီက ပုံလှလှလေး ရိုက်ရမှာ မို့ တခုချင်းစီထည့်တာ။ အိုကေနော်။





ပြီးရင် အချို အပေါ့အငံ အရသာမြည်း။ အိုကေပြီးဆိုရင် ဟင်းရည်ရပြီ။





အချဉ် လုပ်နည်းကတော့ လွယ်ပါတယ် မုန်လာဥ အဖြူ ကို ပါးပါးလှီး ပြီးတော့ အချောင်းလေးတွေ ဖြစ်အောင် ပြန် လှီးပေးထားပါ။ ပြီးတော့ အသင့်စား ဗူးနဲ့လာတဲ့ စိမ်းစား ငပိ အနည်းငယ် ကိုရေသန့် အနည်းငယ်နဲ့ ဖျော်ထားပေးပါ။ ပြီးတော့ ခုန က လှီးပြီး ရေစိမ်ထားတဲ့ မုန်လာဥ နဲ့ ရောနယ် ပြီး ငရုတ်သီး အကျက်မှုန့်လေး နည်းနည်းထည့်လိုက်ရင် ကော်ရည်ခေါက်ဆွဲနဲ့ သိပ်သိပ်လိုက်တဲ့ လျှာကျွမ်းပြန် ငပိထောင်း ရပါမယ်။ ဒါကတော့ အများစားလို့ လုပ်ရတာပါ တီ့ဘာသာ ဆို တီက ကော်ရည်ခေါက်ဆွဲ ကို ဒီအတိုင်းပဲ ကြိုက်ပါတယ်။ ငပိနဲ့ တွဲမစားတတ်ပါဘူး။





နောက်တမျိုးကတော့ ကြက်သွန်ချဉ်ပေါ့ ကြက်သွန်နီ ဥ ကြီး ကို ပါးပါးလှီးပြီးတော့ အချဉ်ရည် ချီတို လိုဟာမျိုးနဲ့ နယ်လိုက်တာပါပဲ။ အဲ့တာတော့ အအီပြေလေး ကြိုက်တယ်။





ပြီးရင် အကုန်ပြီးပြီဆိုတော့ ပွဲပြင်ကြမယ်။ ပဲပင်ပေါက် နဲ့ စိန ကန်စွန်း ကိုရေနွေးဖျော်ထားပါ။ ပြီးတော့ ကြွပ်ကြွပ်လေးဖြစ်စေချင်ရင် ရေအေးလေးနဲ့ ပြန်ဆေး ပြီးမှ ဆည်။ တီကတော့ ဗိုက်ထဲရောက်မယ့်ဟာတွေ အဲ့လောက် ဂျေးမများနေဘူး။ ကြက်သွန်မိတ် ပါးပါးလှီးထား။ ကြက်သား အပုံသေး ကို ပန်းကန်လေးနဲ့ ထည့်။ ခေါက်ဆွဲဘတ် ကို အလုံး အပြား ကြိုက်ရာ ဝယ်ပါ။ တီကတော့ အပြားပဲ ကြိုက်တယ်။ အလုံးဆိုကြော်မှ။





ပန်းကန်ထဲ ဟော့သလိုလေးထည့် သေချာလှအောင်ပြင် ခေါက်ဆွဲ ထည့်၊ ကန်စွန်းရွက် ပဲပင်ပေါက်ထည့် ကြက်သွန်မိတ်လေးဖြူး ပြီးတော့ ကြက်သားလေးတွေ တင် အိုကေပြီဆိုရင် ဟင်းရည်ပူပူလေး ကြိုက်သလောက် လောင်းပြီးတော့ လျှာဂျွန်းပြန် ငပိထောင်း ကြက်သွန်ချဉ်တွေ နဲ့ အုပ်လိုက်ရင် ....





A Chen
4:19 AM
29th Sept 2011
Thursday
Home
Bangkok

19 comments:

  1. နွေးနေခြည်September 29, 2011 at 8:31 AM

    ကျေးဇူး တီရေ... စားချင်နေတာနဲ့ အတော်ပဲ

    ReplyDelete
  2. ခရစ္စတလ်September 29, 2011 at 8:56 AM

    ဘယ်နေ့က ချက်လိုက်တာပါလိမ့် လွတ်သွားတာ နာသကွာ :(

    ReplyDelete
  3. ကြုံတုန်းဆော်လိုက်သေးတယ် "တချို့ ကိုကိုပို မမပိုတွေက အချိုမှုန့် မသုံးချင်ဘူး ဘာညာ ရှိပါတယ်။"

    ReplyDelete
  4. နက်ဖြန်ချက်စား မြည်။

    ReplyDelete
  5. နနခရေ လုပ်လေ ကြာသလားလို့

    ဒေါ်သလင်း ချက်တာ ၂ လပိုင်းကလေ ရန်ကုန်မှာ ဟိ

    မဝေ တိုက်ဆိုင်လို့ ကိုယ့်ကိုပြောတယ်ထင်နေတာပါ ဟိ

    ဗစ်....ချက်ချက်

    ReplyDelete
  6. ဘန်ကောက်နား (၃ နာ၇ီအကွာလောက်က အီတလီ မြို့လေးအကြောင်း) ကို အချိန်ရခဲ့ရင် မမေ့ပါနဲ့ နော်။ ရေးပေးပါအုံး ..တီ

    ခင်တဲ့
    ဖြိုး

    ReplyDelete
  7. များတို့ ကတော့ မနေ့ က ချက်ထားတဲ့ ဝက်လက်စွတ်ပြုတ်ပိုနေရင် ဒီနေ့  ကော်ရည်ခေါက်ဆွဲ နဲ့ ညားပြီသာမှတ် ဒီနေ့ ကျန်တဲ့ဟာနောက်နေ့ မစားချင် မဝဲလဲမဝဲရက်တဲ့ သူတွေအတွက်အဆင်ပြေတယ်လေ

    ReplyDelete
  8. ချက်လိုက်မယ် ကြာသလားလို့ ကောင်းလိုက်မဲ့ ကော်ရည်ခေါက်ဆွဲ

    ကျေးကျေး

    ReplyDelete
  9. တီချမ်း
    ကော်ရည်နဲ့ မှဘဲ သရေယိုတော့တယ်
    စားချင်တယ် ချက်ချင်ဘူးတီချမ်းရေ

    ကျေးဇူးပါ ဖတ်ပြီး သူများကို ချက်ခိုင်းမယ်

    ReplyDelete
  10. ဖြိုးရေ ရေးမှာ ရေးမှာ ရေးကိုရေးရအုံးမှာ ဒေါ်သလင်း က ကော်မရှင်မပေးသေးလို့ စောင့်နေတာ သူပေးတာနဲ့ ရေးမှာ ဟိဟိ

    အနောနိမတ်စ် ဝက်လက် ကို ပြစ်ပြစ်လေး ချက်လိုက်ပြီးတော့ ရေစိမ်လေးနဲ့ ဝက်လက် ခေါက်ဆွဲ လုပ်စားလဲ မိုက်တယ် လမ်းမတော်နားကလိုလေ စားချင်လာပြီ မနက်ဖြန် ဒီအချိန်ဆို ရန်ကုန်ရောက်ပြီဆိုတော့ သွားဆွဲမယ်ဟေ့

    ဦးရွှေဇင် ခုတလော တောင်းဆိုတာ အကုန်လုပ်ပေးနေတယ်နော် ဧရာဝတီဆိုလဲ ဧရာဝတီ ချက်ဆိုလဲချက်

    စည်းစိမ် တီ့လို ယောက်ျားယူလိုက် ပြီးတော့ စားချင်တာ ချက်ခိုင်း ဟိ

    ReplyDelete
  11. တီရေ... ကော်ရည်ချက်ထားတာ စားချင်စရာလေး။ မှိုများရင် ပိုကြိုက်တယ်ဗျ။ ခေါက်ရိုင်နားက စပျစ်ခြံတွေရှိတဲ့ အီတလီမြို့လေးဆိုတာ ပတ်ချောင်းကို ပြောတာလား။ ဒါမှမဟုတ် Flora fantasia ရှိတဲ့ မြို့လေးကို ပြောတာလားဗျ။
    (လီယို)

    ReplyDelete
  12. leo ရေ palio khao yai walking street ကိုပြောတာပါ

    ReplyDelete
  13. T Chan....
    Talking lay twe a yan kyaik tal....

    ReplyDelete
  14. တီ့
    မန်းတလေး မြီးရှည်စားချင်တယ်
    ချက်ချင်ဘူး

    ReplyDelete
  15. တီချမ်းရေ ကော်မစ်ရှင်ကို ပေးမယ်လေဟယ် ရေပေါတဲ့အခါပေါ့ ... :P
    ကြာကက်သားနဲ့ကော်ရည်ချက်စားနေ့ကြရင် ခေါ်လိုက်နော်။

    ReplyDelete
  16. ချားချင်တယ်၊ တား တား ချားချင်တယ်၊ တီတီ တားကို ကျွေးဦးနော် ..

    ReplyDelete
  17. တီ ခရီးတွေထွက်နေတာလား။ နေကောင်းတယ်ဟုတ်?
    ဘယ်နားရေးရမှန်းမသိလို့ ဒီမှာလာရေးသွားတယ်။ ကော်ရည်ခေါက်ဆွဲ ငမ်း ရင်းနဲ့။း)

    ReplyDelete
  18. တီ ဘယ်တော့စားရမှာလဲ။ မချက်တတ်ဘူး။ တီချက်တာပဲစားချင်တယ်။
    မရဘူး...မရဘူး...ခုလာချက်ကျွေး...ကျွေးဆို

    ReplyDelete
  19. ကော်ရည်ခေါက်ဆွဲလေးကို အခုမှတွေ့တယ်..
    တစ်နေ့လုပ်စားအုံးမယ် တီချမ်းရေ..
    ဟိုတစ်လောက တီချမ်းကိုသတိရလို့တွေ့တဲ့နေရာမှာရေးသွားတာ..
    ခုလိုက်ရှာနေတာ ရှာလို့မရတော့ဘူး..ဘယ်နေရာမှာရေးထားလည်းဆိုတာမေ့သွားတယ်..
    တီချမ်းတစ်ယောက် ကျန်းမာပျော်ရွှင်စွာ လူမူရေးအလုပ်တွေလုပ်နေတာကြားရတာဝမ်းသာပါတယ်..
    ဒီ့ထက်ပိုပြီး အောင်မြင်ပါစေ..အားလုံးအဆင်ပြေပါစေ..
    စိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ အသက်ရာကျော်ရှည်ပါစေ..

    ReplyDelete