Wednesday, December 7, 2011

အုတ်မီးလ် စပျစ်သီးခြောက် ကွတ်ကီးလေးတွေ လုပ်ကြမယ်

တီချမ်းတယောက် ဟင်းမချက်တာကြာပြီနော် လို့လာလာအော်နေသူတွေအတွက်ပါ။ အပြောင်းအလဲလေးတမျိုးဖြစ်အောင် ဒီတခါတော့ ဟင်းမချက်ဘဲ မုန့်ဖုတ်လိုက်ပါတယ်။ ငယ်ငယ်ကတော့ ကျိုင်းတုံမှာနေတုံးက ဦးလေးက ကြက်ခြံတွေပိုင်တော့ အဒေါ်က ကြက်ဥတွေ လက်ကားပေးတယ်။ ကြက်ခြံတခုလုံးဆိုတော့ အကွဲတွေကနေ့တိုင်းပါတာကလား။ အဲ့တော့ တီတို့က အလေအလွင့်မရှိရအောင် ကြက်ဥ ကိတ်မုန့်လေးတွေ ဖုတ်ကြပါတယ်။

အဖွားအတွက်မနက်စာလဲရ တခါတလေလဲ ကော်ဖီလေးနဲ့ သောက်လို့အဆင်ပြေ ကြက်ဥတွေလဲ အလေအလွင့်နည်း ဆိုတော့ ဝင်း ဝင်း ဝင်း ပေါ့

ခုလောလောဆယ် အိမ်မှာ သူငယ်ချင်းတယောက် ဒီဇင်ဘာ ဟော်လီးဒေး အလည်ရာက်လာတယ်။ သူက အရင်က မဲစောက်မှာနေတယ်။ ခုတော့ မဲစောက်ထက်တောင်မှ ပိုတောကျတဲ့ မဲစရီယန်ဆိုတာကိုရောက် သွားတော့ အဲ့မှာက ဘာမှ ဝယ်စားဖို့ မလွယ်ဘူး တမြို့လုံးကိုမှ စားသောက်ဆိုင်ဆိုတာ လက်ချိုးရေလို့ရတယ်။ သံလွင်မြစ်ကမ်းပါးပေါ်မှာ တည်ထားတဲ့ တောင်ပေါ်မြို့ကလေးက နေချင့်စဖွယ် သာသာယာယာရှိပေမယ့် သူငယ်ချင်းက အစားမက်တဲ့ထဲကဆိုတော့ အဆင်မပြေဘူး။ အဲ့တော့ သူက အခုတလော ဟော်ဘီ ခေါ်မလား တခုရနေတယ် အဲ့တာကတော့ ကိတ်မုန့်တွေကွတ်ကီးတွေဖုတ်တာပါပဲ။ တီကလဲ ကွတ်ကီး ကို ကိုယ်တိုင်လဲ ကြိုက်သလို တခါတခါလဲ တခုတ်တရ ဝယ်စားလေ့ရှိတော့ ဖုတ်ကြည့်ချင်တာနဲ့ လုပ်ဖြစ်ကြတာပါ။ သူ့အတွက်ကလဲ ၃ ခါမြောက်ဖုတ်ခြင်း တီ့အတွက်ကတော့ အခုမှ အစပေါ့လေ။ အိမ်မှာ အာဗင် ရှိနေတာလဲပါပါတယ်။ ရှိသာနေတာ တခါမှ မသုံးရသေးဘူး။ အရင်အိမ်မှာလဲရှိတယ်။ ပြောင်းသာသွားတယ် မသုံးဖြစ်ခဲ့ဘူး။ ခုအိမ်လဲရောက်တာ ၁ နှစ် ရှိပြီ မသုံးရသေးတော့ လုပ်ကြမယ်ပေါ့။ ပြောရအုံးမယ် ဖုတ်နည်းကို သူက နောက်သူငယ်ချင်းတယောက်ဆီကနေ သင်ထားတာပါ။ အဲ့တာနဲ့ နှစ်ယောက်ပေါင်းလောင်းကျော် ကြည့်ကြတာပေါ့။ ကဲ လောင်းပဲ ကျော်မလား ပြုတ်ပဲကျမလားကတော့ စာဘတ်သူပဲ ကိုယ်တိုင်ရှုတော့။

အောက်ဆုံးမှာ တီတို့ အင်တာနက်က ရှာတဲ့ ရပ်စပီ ကိုလဲ ထည့်ပေးထားပါမယ်။ ရပ်စပီ အတိုင်းလုပ်ကြတာပါပဲ။
ပထမဆုံး ပါဝင်ရမယ့် ပစ္စည်းတွေပြမယ်နော်။



ကြက်ဥက (၂) လုံးပါ။ ထောပတ် က ဆားမပါတဲ့ အဆိမ့်ကိုရွေးဝယ်ပါ။ နောက် ဘေးက မဲမဲ အိတ်က သကြားညိုခေါ် ဘရောင်ရှုးဂါးပါ။ ကြံသကာနဲ့ မှားမဝယ်ပါနဲ့နော်။



ပထမဆုံး အထုပ်က ဂျုံမှုန့်ပါ၊ All Purpose Flour ဆိုတာမျိုးကိုရွေးဝယ်ပါနော်။ သူက ကိတ်မုန့်ဖုတ်တဲ့ အမှုန့် ၊ တခြားအမှုန့်စတာတွေနဲ့မတူပါဘူး။ နောက် ဒုတိယ အထုပ်ကလေးက အုတ်လ်မီးလ်ပါ သူ့ကိုလဲ နို့နဲ့ ကျိုသောက်တဲ့ အမျိုးအစားရွေးဝယ်ပါ Porridge Oats လို့ခေါ်ပါတယ်။ နောက် သူက အစေ့ကြီးသေးလဲ ရှိပါသေးတယ် ကွတ်ကီးအတွက်ကတော့ အစေ့ကြီးမျိုး Big Leaf ကိုရွေးပါ။ နောက်ဆုံးပုံကတော့ အများသိတဲ့ စပျစ်သီးခြောက်ပါပဲ။ Ligo တံဆိပ် အစေ့လွတ် ရွေးလိုက်ပါတယ်။



ဒါကတော့ ဘေးကင်းပေါင်ဒါပါ။ ဘေးက စီနမွန် လို့ခေါ်တဲ့ သစ်ဂျပိုးမှုန့်ပါ။ နောက်ဆုံးကတော့ ချင်ခွက်(ကျင်တွယ်ခွက်) ခေါ် မက်ရှားရင်ကပ်ပါ။ မြန်မာ အင်ဂလိရှ် နှစ်ဘာသာနော်။



ပထမဆုံး ထောပတ်နဲ့ သကြားညို ကို မုန့်နှစ်ဖျော်မယ့် အိုး ခွက် ဇလုံ ထဲထည့်ပါ။ သူ့ ရပ်စပီ အရကတော့ ဘပ်တာခေါ် ဂီးခေါ် ထောပတ်ကို ၂၂၅ ဂရမ်ပြောထားပေမယ့် သူငယ်ချင်းက သူ့အတွေအကြုံအရ ထောပတ်များရင် ဖုတ်တဲ့အခါ ပြဲသွားတတ်တဲ့အတွက် တဝက်ပဲထည့်ပါတယ်။ ဝယ်လာတဲ့ အတုံးက ၂၂၇ ဂရမ်တုံးကို တဝက်ပဲ စိတ်မှန်းနဲ့ ထည့်လိုက်တယ်ကဲ။ ပြောအုံးမယ် တီ့ ဟင်းချက်နည်းတွေမှာ များသောအားဖြင့် ကြည့်ကျက်ထည့်လိုက်တော့တော်သလိုထည့်တို့လိုထပ်ထည့် ပိုရေရော်တို့ပဲပြောတာ သတိထားမိကြမှာပါ။ တီက လက်ဘက်ရည်ဇွန်း ဘယ်နှဇွန်း တို့ ငံပြာရည် ဘယ်လောက်သား တို့ ရေးလေ့မရှိတာလေနော်။ တီ့စာဘတ်ရင် သူလည်ချည်းပဲပေါ့။ နောက်တခုက ဟင်းချက်တယ်ဆိုတာ လက်ဆိပ်ပါပဲလေနော်။ အဲ့တော့ ကြည့်ကျက်သာလုပ်ကြပေါ့။ ထောပတ်နဲ့ သကြားညိုထဲကို ကြက်ဥ နှစ်လုံးတခါတည်း ထည့်ပါ။ နောက်တော့ ပုံမှာ ပြထားတဲ့ အတိုင်း ကျေအောင် ချေပေးပါ။ သကြားကောင်းရင်ကောင်းသလို တခါတည်းမွှေးထွက်လာပါမယ်။ တီချမ်းတို့က လုပ်လိုက်ရင်တွေ့တယ်မှလား ရှယ်ချည်းပဲ ဘာမှမစရသေးဘူး ကွတ်ကီးက မွှေးနေပြီ။ ဖုတ်ပြီးရင် ဘယ်လောက်ကောင်း လိုက်မလဲ လို့နော် တွေးတောင်မတွေးရဲဘူး။ ဆက်လက်ပြီး ချောကလက်ရောင်ပစ်ပစ်လေးရလာတဲ့ အထိမွှေပေးပါ။



သကြားနဲ့ ထောပတ်သင့်ရုံကျေပြီးရင်တော့ ပုံမှာ ပြထားတဲ့ အတိုင်း သစ်ဂျပိုးမှုန့် ကို စဉ်းငယ်ခန့်ထည့်ပါ။ သူကတော့ တီးစပွန်းခေါ် လက်ဘက်ရည်ဇွန်းပဲ တီကတော့ ဟင်းရည်သောက်ဇွန်းနဲ့ တခါတည်းတွယ်လိုက်တယ် လာလေ့ရော့ပဲ။ နောက်တော့ ဘေးက ပုံက ပျားရည်ပါ။ သူငယ်ချင်းက လုပ်ရင်းနဲ့မှ သတိရလို့ တီလဲအိမ်မှာ အသင့်ရှိနေတာနဲ့ ထည့်လိုက်ပါတယ်။ အကောင်းစားဆိုရင် ထည့်သာထည့် မကောင်းဘူးဆိုတာ မရှိဘူး။ နောက်ဆုံး ပုံကတော့ ဘေးကင်း ပေါင်ဒါထည့်နေတာပါ။ ခုနလိုပဲ အရည်သောက်ဇွန်းနဲ့သာကစ်။



ပြီးရင်ဆက်ချေပေးနေပါ။ ဒိန်ချဉ် ထညက်ရည်နဲ့ သောက်ရသလိုဖြစ်လာမယ်။ ဟိဟိ။ ဘေးကတော့ ကွတ်ကီး ဖုတ်မယ့် ဆရာမကြီးပေါ့။ မမယာ လို့ခေါ်ပါတယ်။ ဟိုးနောက်က ဘယ်သူလဲ.....?

အရောင်ညီညီလေးတွေ ရလာပြီဆိုရင် နောက်တဆင့် သွားပါမယ်။



ဂျုံမှုန်ပါ။ ချင်ခွက်နဲ့ ၂၀၀ ဂရမ်ထည့်ပါမယ်။ ပြီးရင် ဆက်မွှေပါ။ နည်းနည်းပို ပစ်လာတော့ နည်းနည်း ပိုအားစိုက်မွှေပါနော်။ ဘေ့စစ် လောဂျစ်တွေ မပြောတော့ဘူး။ ကါန်မွန်းဆန့်ပဲ။



ပြီးရင်နောက်ထပ်ထည့်မယ့်အရာကတော့ အုတ်မီးလ်မှုန့်ပါ။ မြန်မာလိုဆို မုယောစပါးခေါ်မလားဘဲ တီတော့ သေချာမသိ။ သူကတော့ ၂၅၀ ဂရမ်ပါ ခုနလိုပဲ ကျင်ခွက်နဲ့ ချင်ထည့်ပါ။ ဟောလာပြန်ပါပြီ မမယာပုံ ခုနပုံမလှလို့ပြန်ရိုက်ပေးပါဆိုလို့ပြန်ရိုက်ရတာပါ။ ဟိုးနောက်က ကောင်လေးက ချောလိုက်တာ...... အင်း ပြောရင်နဲ့ လေးရောက် ဆက်မွှေနေပါလေ။ ပြောတာလဲ နားထောင်ပေါ့ အမွှေတော့ မပျက်စေနဲ့။



ပြီးရင် စပျစ်သီးခြောက်ထည့်ပါမယ် ၁၅၀ ဂရမ်ပါ တီတို့ ဝယ်လာတဲ့ ဘူးက ၂၅၀ ဂရမ်ဆိုတော့ တဝက်ကျော်ကျော်လောက်ထည့်ပလိုက်တယ်။ ဆက်မွှေပါ။ ရခါနီးပါပြီ။ အိုကေ ဒီအဆင့်အထိရောက်လာပြီဆိုရင် မဆိုးဘူး တဝက်အောင်မြင်လာပါပြီ။ မြည်းချင်ရင် ဝါသနာပါရင် ဒီအချိန်မှာ တကော်လောက်မြည်းလိုက်ပါ။ အရသာသိရတာပေါ့။ စိမ်းတိမ်းတိမ်းပါ။ မဖုတ်မှမဖုတ်ရသေးတာ။ ချို ပေါ့ ငံ မြည်းပေါ့အေ။



ပြီးရင်တော့ အာဗင်ထဲက ဗန်းပေါ်တင်ပါမယ်။ ဒီတခါလဲမင်းသားက အရည်သောက်ဇွန်းပါပဲ။ တကော်လောက်ကော်လိုက် ဗန်းပေါ်ပုံလိုက် နည်းနည်း ဖိချလိုက်လုပ်ပါ။ ပုံကိုသေချာကြည့်။ အရေးကြီးတဲ့ လျှို့ဝှက်ချက်ပြောပြမယ်။ according to y experience နော်......ပုံတဲ့အခါ အရမ်းဖိမပြစ်ပါနဲ့ ခဏနေ အာဗင်ထဲထည့်ဖုတ်တော့ သူက အပူကြောင့် ဘေးကို ပြဲကျပါတယ်။ အဲ့တော့ ကိုယ်က ပုံရုံ ပုံထားရင် သူ့အရပ်နဲ့ သူ့ဇာတ်အိုကေပဲဖြစ်သွားပါလိမ့်မယ်။ တွေ့လားတီတို့ ပုံထားတာ။ သေချာကြည့်။ လိုက်လုပ်။ မလွဲစေနဲ့။ ဒါပဲ။



ဖုတ်ရန်အသင့်ပါ။ အာဗင်ထဲထည့်ပါပြီ။



တီ့အာဗင်က ဂတ်စ် နဲ့ ဆိုတော့ ရပ်စပီထဲကပြောထားတဲ့ အတိုင်း မီးအားကို ၄ မှာ ထားပြီးတော့ ၁၅ မိနစ် ဖုတ်လိုက်ပါတယ်။ တန်းတန်းတန်.......ဒန်...........အပ်ချလောင်း လက်ရှောင်ပုတ်ကောင်........



ဖုတ်ပြီးတော့ ဗန်းအထုတ်ပုံပါ။ ဖိုထဲက ထုတ်ထုတ်ချင်း အပေါ်ယံကြော်တွေက ပျော့နေတတ်ပါတယ်။ ခဏနေတော့မှ အေးသွားပြီး ခဲသွားတာပါ။ ဘေးက ကော်ပြီး ပန်းကန်ထဲအရောက်ပုံပါ။ ပထမ တဘန်းက နည်းနည်း တူးသွားတယ်။ ပုံကို ချဲ့ ပြီးသေချာကြည့်သော်တွေ့မည်။ နှုတ်ခမ်းသားလေးတွေ မဲနေတာတွေ့လား။ ရှုး........

နောက်ဘေးက ဗူးထဲကဟာကတော့ ဒုတိယ တအိုးဖုတ်တာပါ။ ခုနက လုပ်တဲ့ အနှစ်က နှစ်အိုးထွက်ပါတယ်။ ၉ ခုစီ ဆိုတော့ ၁၈ ခုပေါ့။ ဒုတိယ အိုးကျတော့ တတ်သွားပြီး မီးကို ၁ အထိလျော့ချလိုက်ပြီး ၁၀ မိနစ်ပဲ ထားပါတယ်။ ထွက်လာတော့ မတူးတော့ဘူး.......သို့သော် ဘတ်.........အပေါ်က သိပ်မကျက်သလိုခံစားရပါတယ်။ အဲ့တာနဲ့ တခါ ထပ်လှန်ပြီးသကာလ နောက်ထပ် ၈ မိနစ်လောက် ထပ်ဖုတ်ပေးလိုက်တော့ ဘူးထဲက ပုံလို နှစ်ဘက် ကြွပ်လေး ရလာပါတယ်။ ပိုအဆင်ပြေတယ်။ ဘာပဲပြောပြောတီ့ ပထမဆုံးအတွေ့အကြုံ ကွတ်ကီးလေးက အောင်မြင်တယ်ပဲပြောရမှာပေါ။ ကတ်ခွဲထားတယ်နော်။ အောက်မှာ ဘောနပ်စ်တွေပါသေးတယ် အရင်ပိုစ့်ဟောင်းတွေပါပြန်ဘတ်ရအောင် လင့်ခ်လဲ ပေးထားတယ်နော်။



ဒါကတော့ ရပ်စပီပါ။



ဒါကတော့ ဖုတ်အပြီး ဘူးနဲ့ထည့်ထားတဲ့ မုန့်တွေကို ကိုင်ပြီး တပုံထပ်ရိုက်တဲ့ သားသားစားချင်တာ စားလို့ရပြီ ချောင်းဆိုးတော့ဘူး ရင်ကျပ်တော့ဘူး ဆေးလဲသောက်ရတော့ဘူး ဆေးလဲထိုးရတော့ဘူးဆိုတဲ့ ထက်လင်းရင်လူးဆေးကြော်ငြာ အဲလေ မမယာ ရဲ့နောက်ပုံတပုံပါ။ မတူဘူးလားကဲ မိုးဒီကြီးနဲ့.........ချစ်တယ်နော် ကောင်မ အာဘွား..............


BONUS:

ပြောရအုံးမယ် အိမ်မှာ ကခု မမယာ အပြင် အရင်အလုပ်က ကော်လိခ်ဟောင်း အခုဘန်ကောက်မှာ ကျောင်းတက်နေတဲ့ အကိုကြီးတယောက်လဲရောက်နေပါသေးတယ်။ နောက် အိမ်နားက သူငယ်ချင်းကလဲ မမယာလာတော့ လာလည်နေတာနဲ့ လူစုံနေပါတယ်။
အောက်ကဟာတွေကတော့ သူငယ်ချင်းတွေဆုံတုံးဆိုပြီးချက်ချလိုက်တာပါ။ များများချက်တော့ များများစားရတာပေါ့အေတို့ရယ်။



ဒီမှာက အသည်းကြော်နည်း နှစ်ဖြာပါ နည်း (၁) နဲ့ နည်း (၂) ဖြစ်ပါတယ် ။ နည်း (၁) အောက်မှာ စူပါရှယ် အရသာရှိ နာမည်ကြီး မောင့် လက်ဘက်သုပ်လဲပါတယ်နော်။



ဒါကတော့ အရက်ကလေးနဲ့မြည်းရအောင် ကြော်လိုက်တဲ့ အမေ့နည်း စပယ်ရှယ် ဝက်နံကြော်ပါ



ဒါကလေးကတော့ မှိုကြော်ချက်ပါ၊ အရင်ကနည်းမတင်ထားတော့ အမြန်ပဲတင်လိုက်ပါမယ်။ ဆီသတ် မှိုရေဆေးထားတာထည့်၊ ဆားအချိုမှုန့်ထည့် (အချိုမှုန့် မသုံးချင်သူတွေအတွက် ခနော် ကြက်မှုန့် ဝက်မှုန့် လိုဟာမျိုးထည့်လို့ ရပါတယ် အမှန်ကတော့ တူတူပါပဲ) ပြီးတော့ ဆီသတ်ထားတဲ့ ငရုတ်သီးလေးထည့် အရောင်လှတာပေါ့။ အမှန်က ငရုတ်သီးစိမ်း ရှိရင် ပိုကောင်းတာပါ။ ဓါးပြားရိုက်ထားပြီး ဆီသတ်တော့ ထည့်သတ်ရင် မှို ကြော်ချက်ကို ငရုတ်သီးစိမ်းနံလေးနဲ့စားရတပေါ့။ ရေထည့်စရာမလိုပါဘူး၊ မှိုကိုရေဆေးတော့ မှို ကရေကိုစုပ်ထားပြီးသားမို့ပါ။ မီးဖိုပေါ်မှာ ခဏ ထားလိုက်ပြီး ဆီနဲ့ရေ နည်းနည်း ကျန်လောက်ဆိုရင် အရသာရှိတဲ့ လွယ်ကူမြန်ဆန် မှိုကြော်ချက် အစပ်တခွက်ရပါပြီ။ အစပ်ကြိုက်ရင် မထည့်နဲ့ပေါ့နော်။



ဒါကတော့ အအီအဆိမ့်တွေနဲ့ လိုက်အောင် အမြန်လုပ်လိုက်တဲ့ စွန်တန်ပါပဲ။ ချက်နည်းတွေကတော့ ဒီမှာ (၁) နဲ့ (၂) ပါ။ မူကွဲလေးတွေ ထည့်ပေးထားတယ်နော်။

ပျော်ရွှင်ပါစေ။

A Chen
7:00 AM
7th Dec 2011
Wednesday
Home
Bangkok

8 comments:

  1. ဗိုက်ဆာလိုက်တာ .. စောစောစီးစီး .. ဂွီ .. :P ရှယ်ပဲနော် .. ဟီး စားချင်တယ် .. :D

    ReplyDelete
  2. စားချင်စရာလေးတွေ

    မမယာက ချစ်ဖို့ကောင်းလိုက်တာ

    ReplyDelete
  3. တီ ပြန်လာပြီ။ ဒန် တန် တန်
    (လီယို)

    ReplyDelete
  4. တီပျောက်နေတာ။ နောက်ဆုံး ကွတ်ကီးနဲ့ ပြန်ပေါ်လာတယ်။ ကောင်းတယ်။ မုန့်မှန်သမျှအားပေးပါဧ။်

    ReplyDelete
  5. Hi may I know Wt brand of oven? I would like to buy n don't know hw to choose. Thanks.

    ReplyDelete
  6. မိုးခါး စားချင်ရင် ဒေါ်ရီတာ နဲ့ ဖုတ်ပြီး ထည့်ပေးလိုက်မယ်လေ ဟိဟိဟိ

    အနော် =၁= ဟုတ်ပါ့ မမယာ က ချစ်စရာလေး မိုးဒီ လေး လိုပဲနော်

    လီယို တီရှိပါတယ် မရေးဖြစ်တာ

    အီဗီ အက်လိုက်ပြီနော် အိမ်လိုက်ကြည့်ပြီးကြိုက်လို့ ရှင့်ကွတ်ကီးတွေ ကြည့်ပြီး ကျုပ်နောက်မဖုတ်တော့ဖို့ ဆုံးဖြစ်လိုက်ပြီ ရှက်လို့ ဟိ

    အနော် =၂= အာဗင်က အိမ်မှာ ပါတာပါ နာမည်မသိဘူး အပေါ်က ဂတ်စ်နဲ့လေ ထမင်းတည်စရာ ဟင်းချက်စရာ ဂတ်စ် အိုးနေရာ ၄ ခုနဲ့ အောက်က အာဗင် က လျှစ်စစ်ရော ဂတ်စ်ရော သုံးလို့ရတာမျိုးပါ

    ReplyDelete
  7. Megan Lynn, Thet Nandar and 2 others like this.

    SoeMya Nandar ThetLwin ပိုစ့်တိုင်းလိုလိုမှာ ဘယ်သူလဲဆိုတာ ကြော်ငြာသိပ်ဝင်တာပဲ တီချမ်းတယောက်၊ :D

    ကွတ်ကီးဖုတ်ရတာ လက်ဝင်တယ်၊ ခက်တယ်။ ဆိုင်မှာပဲ ဝယ်စားတော့မယ်။
    Yesterday at 7:22am · Like · 1
    Addy Chen အဲ့တာတော့ အမှန်ပဲအမရေ ဝယ်စားတာအကောင်းဆုံး ဝါသနာပါလို့သာ
    Yesterday at 7:33am · Like
    SoeMya Nandar ThetLwin စလတ်ရွက်နဲ့ တို့စားတာ ဝက်ကြိတ်သား ရှမ်းဟင်းကို တီချမ်းဆီက နည်းရလို့ ချက်စားရင်း ချက်တတ်သွားပြီ။ ကျေးဇူး။ :)
    Yesterday at 7:36am · Like
    Addy Chen ပြောပြန်ရင် အမက ပြောတယ် ပြောမယ် မောင် ကလဲ သိပ်ကြိုက်တာ အဲ့တာကို ဟိ
    Yesterday at 7:36am · Like
    SoeMya Nandar ThetLwin ‎:D တော်တော့၊၊၊၊၊၊၊ မပါမဖြစ် ဖြစ်နေပီ။ ညီလေးရော နေကောင်းလား၊ သူက ချောတယ်နော် :P
    Yesterday at 7:39am · Like
    Addy Chen ဟဟဟ နေတော့ကောင်းမယ် ကျတော်နဲ့ မတည့်ဘူး
    Yesterday at 7:39am · Like
    Addy Chen မောင်နဲ့ တော့တည့်တယ် အမေကော ညီကော ခွိ
    Yesterday at 7:39am · Like
    SoeMya Nandar ThetLwin အမလေး... ဟုတ်ပါပြီ၊ :))
    Yesterday at 7:40am · Like
    Moe Khar ဗိုက်ဆာနေဒါ ... တီချမ်းဘလော့မှ တည့်တည့်တိုးတယ် :D
    Yesterday at 7:42am · Like
    Addy Chen မိုးခါး နေကောင်းလား ရီတာ လာမယ် ဘာမှာမလဲ
    Yesterday at 7:43am · Like · 1
    Aye Myat Myat Ko ကြားထဲက ပွဲစားလုပ်နေပြန်ပြီ။
    Yesterday at 7:48am · Like
    Moe Khar နေကတော့ ကောင်းသလား မမေးနဲ့ .. တီရော .. :D လာလည်ရင် မုန့်လုပ်ကျွေးမှာလားဟင် .. :D
    Yesterday at 7:52am · Like
    Addy Chen ကောင်းပါ့ လာလည်လေ လုပ်ကျွေးမှာပေါ့ ဒေါ်ရီတာ ကိုတောင် ရှမ်းခေါက်ဆွဲချက်ကျွေးမလို့ Aye Myat Myat Ko တကယ်ပြောတာ စလုံးက လူတွေအတွက် လက်ဆောင်ထည့်ပေးလိုက်မလားလို့ ဟိဟိ အလွတ်သာလာခဲ့
    Yesterday at 8:11am · Like · 1

    Write a comment...

    ReplyDelete
  8. မုန့်လုပ်မှာသာလုပ်စမ်းပါတီချမ်းရဲ့ အရသာက အဓိက.

    ReplyDelete