အရင်တပတ်ကဆို တပတ်ထဲ ၄ ခါတောင် ကြော်စားဖြစ်တယ် အမေကတောင် ပြောယူရတယ် ခဏခဏ စားတာ မကောင်းဘူးတဲ့ အသည်းကြော်ပြောပါတယ်...မတတ်နိုင်ဘူးလေနော် ကိုယ့်အကျင့် က အဲ့လိုပဲ ကြိုက်တာဆို ရင် ခဏခဏ စားတယ် မကြိုက်တာဆိုရင် ပိုက်ဆံပေးမယ် ပြောတောင် မစားဘူး....ဒီလိုနဲ့ပဲ............
အရင်တခါကလဲ ကိုယ်ကြော်တဲ့ အသည်းကြော် ကို တင်ဘူးပါတယ် ဒီမှာပါ ချက်နည်းက တူတူပဲဆိုပေမယ့် ပြန်ဘတ်ကြည့်လိုက်ပါလေ မတူတာတွေ့ရပါလိမ့်မယ် .....
အပေါ်ပုံကတော့ ပြင်ဆင်ထားရမယ့် ဟာတွေပါ အသည်း ကိုပါးပါးလှီးပြီးတော့ ကော်မှုန့် ဆားအချိုမှုန့် ငံပြာရည်နည်းနည် ငရုတ်ကောင်းမှုန့် စတာတွေနဲ့ နယ်ထားပါမယ် ပြီးရင်မကြော်ခင် အရင်နယ်ထားရပါမယ်။ ပြီးရင် ဂျင်း ကို အချောင်းသေးသေးလေးတွေလှီးထား၊ ကြက်သွန်နီ ဥတွေကို ၈ စိပ်ကွဲအောင်လှီးထား။ ငရုတ်သီးခြောက်လေးတွေကို ရေစင်စင်ဆေးထားပါ။ ပြီးရင် ပန်းကန်ထဲမှာ အဲ့လို လှလှလေးပြင်ထားပေးပါ။ အဲ့တာ က ပုံရိုက်ဖို့ သာမဟုတ်ဘဲ ကြော်လှော်တဲ့ အခါမှာလဲ အဆင်ပြေစေပါတယ်။
တီချမ်း ဆိုရင် ဘာပဲ လုပ်လုပ် သေချာ သပ်ရပ် ရမယ်မဟုတ်လားနော် (ဖြစ်ကတတ်ဆန်းလုပ်ရအောင် မိန်းမ မှမဟုတ်တာနော်)
ပြီးရင် ပုံမှာ ပြထားတဲ့ အတိုင်း အိုးထဲ ကိုဆီထည့်ပါ။ ပြီးတာနဲ့ တခါတည်း ငရုတ်သီးခြောက်လေးတွေ ထည့်လိုက်ပါ။ ဟုတ်ပါတယ် ဆီမပူခင်ထည့်ရမှာပါ။ ဆီပူလာရင် ငရုတ်သီး က တဖြည်းဖြည်းကျက်လာပါမယ်။ ဆီပူမှ ထည့်ရင် ငရုတ်သီး က ကျွမ်းသွားပါမယ် အဲတာကြောင့် ဆီအိုးတင်တာနဲ့ တပြိုင်တည်း ငရုတ်သီးခြောက် ကိုထည့်ပါ ဆီပူလာရင် ငရုတ်သီး က အနံ့ နည်းနည်း ထွက်လာပါလိမ့်မယ် အဲ့တာဆိုရင်တော့ ကြက်သွန်နီ နဲ့ ဂျင်း ကိုထည့်လို့ရပါပြီ ငရုတ်သီး ကိုတူးတဲ့ အထိမစောင့်ပါနဲ့နော်........(နောက်မှ သတိမပေးဘူးမပြောနဲ့)
ကြက်သွန်နီ နဲနဲနွမ်းရင် ခုနက နယ်ပြီးနှပ်ထားတဲ့ အသည်းကို ထည့်လို့ရပါပြီ မီး ပူပူလေးနဲ့ ခဏ ကြော်ရင် ရပါပြီ အသည်းကို အကြာကြီးမကြော်ပါနဲ့ ကြာကြာကြော်ရင် အသည်း က မာပြီး စားမကောင်းတတ်ပါဘူး အသည်းလေးတွေ အကုန်အရောင်ပြောင်းပြီ (ကျက်သွားပြီ)ဆိုရင် ရပါပြီ
အိုးချခါနီးမှာ အပေါ်တတိယ ပုံမှာ ပြထားတဲ့ အတိုင်း သကြားနည်းနည်း နဲ့ ခရုဆီလေး နည်းနည်းထည့်ပေးပါ ဆားအချိုမှုန့် က ခုန က နယ်တုံးက ထည့်ပြီးသားဖြစ်တဲ့ အတွက် ထပ်မထည့်တော့ပါဘူး...
ကဲ မလွယ်လားနော် အဲ့တာဆိုရင် တီ့ မိုတို အတိုင်း လွယ်ကောင်း သက်သာ မြန်ဆန် အရသာရှိ အသည်းကြော်လေး တပွဲရပါပြီ ကြက်သား ဝက်သား တွေကို အသည်း အစား ထည့်ပြီး ကြော်ရင်လဲ ကြက်ကုန်းဘောင် ဝက်ကုန်းဘောင် စတာတွေ ရတဲ့ တြိ ရတနာ နည်းသုံးဖြာ ပါပဲနော်
ပြီးရင်တော့ အချိုတည်း ရအောင် ပန်းမက်မုံလေးတွေစားသွားပါအုံးနော် ဒါက ဝူခုန်းကားထဲ က မျောက်မင်းဝူခုန်း တာဝတံသာ ပေါ်တက်ပြီး ခဏခဏ ခိုးစားတဲ့ ပန်းမက်မုံပါ ခုတော့ တရုတ်တွေ က ကမ္ဘာအနှံ့လှည့်လည်ရောင်းချတဲ့ အတွက် တီတို့လဲ ထိုင်းတို့ ဌာနေ ဘန်ကောက်မြေမှာတောင် စားနေရပါပြီ ငယ်ငယ်ကတော့ တောင်ကြီးမှာ မက်မုံအစိမ်းလေးတွေ ကို သကြားရည်နဲ့ စိမ်စိမ်ပြီး စားကြပါတယ်။ အသီးက အမွှေးလေးတွေပါလို့ စားခါနီးမှာ ဂွမ်နီအိတ်တို့ ဘောင်းဘီ တို့ နဲ့ပွတ်ပွတ်ပြီး စားခဲ့ရတာ မှတ်မိတယ် ခုဟာကတော့ သိပ်မတူပါဘူး သူက အခွံစားလို့ မရလို့ ခွာစားရတာပါ သရက်သီး အမှည့်နဲ့ နည်းနည်း အရသာတူတယ် သရက်သီး အမှည့်လောက်လဲမချိုပြန်ဘူး ခြုံပြောရရင်တော့ သိပ်စားမကောင်းပါဘူးပေါ့နော် ကဲရှင်းရော.......အလည်ပုံက အမေက ခွာပေးနေတာပါ နောက်ဆုံးပုံ ကတုတ်နဲ့ထိုးပြီး မောင့်ကို ကိုင်ခိုင်းထားတာ ဓါတ်ပုံရိုက်ဖို့အတွက်...
ဒါကတော့ ၁၂ လ ရာသီ ဘန်ကောက်မှာ ရတဲ့ သရက်သီးစိမ်းပါပဲ သူက အချို အချဉ် နှစ်မျိုး ရှိပါတယ် တီကတော့ အချဉ် ပိုကြိုက်လို့ အချဉ် ဝယ်စားဖြစ်တယ် မောင်ကတော့ အချို ပိုကြိုက်တယ် ဘေးက နှစ်ခွက်မှာ အမဲက တီ့ ဘာသာဖျော်ထားတဲ့ ငံပြာရည် အကျက်မှုန့် ပုစွန်ခြောက်မှုန့် အတို့ပါ ဘေးက ဆိုင်ကပေးတဲ့ ငရုတ်သီး အစိမ်းမှုန့် ဆား နဲ့ တို့စရာပါ မကုန်သေးပါဘူး အောက်မှာ ကျန်ပါသေးတယ်
ဟုတ်ကဲ့ နာနတ်သီး ပါ ငရုတ်သီးမှုန့် ပျားရည် သကြား စတာတွေနဲ့ ရောသမမွှေထားတာပါ အိုအိရှိပါပဲ အားပေးကြပါအုံးနော်........
A Chen
2:35 AM
24th April 2011
Sunday
Home
Bangkok
သရက်သီးနဲ့ နာနတ်သီး ရှလွတ်သွားတယ် .. :D
ReplyDeleteတီချမ်း ဆိုရင် ဘာပဲ လုပ်လုပ် သေချာ သပ်ရပ် ရမယ်မဟုတ်လားနော် (ဖြစ်ကတတ်ဆန်းလုပ်ရအောင် မိန်းမ မှမဟုတ်တာနော်)
ReplyDeleteတီချမ်း ဒါကတော့ ညည်း ကျုပ်တို့ မိန်းမထုကြီး တရပ်လုံးကို သားရေကွင်းနဲ့ ပစ်ပြီး ရန်စလိုက်တာပဲအေ...စပ်ဖျင်းဖျင်းနဲ့အေ့....
အသည်းကြော် မကြိုက်၊ အသီးစုံတော့ သားရေကျသွားသကွယ်.....:)
ကောင်းတယ် မိုးခါးစား ဘန်ကောက်လာရင် လုပ်ကျွေးမယ်
ReplyDeleteဒေါ်ချစ် မိန်းမထု တရပ်လုံး ကိုမစရဲပါ လက်သီးကြောက်၏
ဒေါ်ရီတာကိုသာ စတာပါ ပရိုက်ဗိတ်ဂျုတ်ပါ ရှန့်
မီးမီးကြောက်ကြောက်
အသည်းကြော်စားချင်တယ် တီချမ်း။
ReplyDeleteစားချင်ရင် လာလေ ငှဲလျောင်း ငှဲလျောင်း
ReplyDeleteသရက်သီး ဂလု ...
ReplyDeleteနာနတ်သီး ချဉ်ရင် ကြိုက်ဝူးးးးး အသဲကြိုက်ဝူးးးးး
ReplyDeleteဒါမယ့် အသဲအစား တခြားတခုခုနဲ့ ကြော်မယ်...း)
ကောင်းတယ် ပီအိုနီ
ReplyDeleteအသဲမကြိုက်ရင် ဝက် ကြက် ကြိုက်တာ အစားထိုးပြီးကြော်ပေါ့ မသေချာရင် ဒီမှာ ကြည့်လိုက်
http://chenaddy.blogspot.com/2011/04/blog-post_16.html
တီတောင် မနေ့ညက ကြော်စားသေးတယ် ဝက်နဲ့ ကောင်းမှကောင်း
ဗစ်ရေ သရက်သီး ဂလုရင် နောက်နေ့ သရက်သီး နဲ့စားတဲ့ တို့စရာ ချက်နည်း တင်ပေးအုံးမယ် ယိုးဒယားနည်း
တီချမ်းရေ
ReplyDeleteသရက်သီးနာနတ်သီးစားချင်လိုက်တာ
ဒီမှာဈေးကြီးတယ် အစိမ်းရှားတယ်
အားကျထှာ
သရက်သီးစားချင်လိုက်တာ...
ReplyDeleteCome n eat all.Delicious as usual...:D
ReplyDeleteYour brcketed 1st scentence makes me lol.You challenged or kidded us???????????......:)
I'll try your fried liver next week.Tks again.
Gyidaw
အိမ်မှာ အတူနေတဲ့လူတွေ လာမေးကြည့်လှည့်ဦး။ မီးဖိုချောင်ဝင်ရင် ဘယ်လို၊ ဟင်းချက်ရင် အရသာက ဘယ်လိုဆိုတာ...
ReplyDeleteတီဖျော်ထားတဲ့ ငံပြာရည်အလှော်မှုံလေး နဲ့ တို့စားရင်ပိုကောင်းမယ် ထင်တယ်
ReplyDeleteအသဲတော့ မကြိုက်ဘူး
တီချမ်း ထိုင်းတွေဖျော်တဲ့ ငပိစိမ်းစားနဲ့ ဖျော်တဲ့ငပိဖျော်နည်းလေးရေးပေးပါနော်။ လုပ်စားချင်လို့ပါ။နောက်ခေါက်မိုဒန်းလုပ်နည်းလေးရောဘဲ သိချင်ပါတယ်။
ReplyDeleteကျေးဇူးတင်ပါတယ်။
လွင် က ဘယ်သူလဲ ဒေါ်ဂျူလား ငပိစိမ်းစားဖျော်တာ လုပ်ပေးမယ် မိုဒန်း က ဘာပြောတာလဲ တီမသိ
ReplyDelete