Thursday, April 28, 2011

ကျိုင်းတုံ ရှမ်းခေါက်ဆွဲ

လာပြီ....လာပြီ....ဒေါ်ချမ်းတီ.....နောက်တခါပြန်လာပါပြီ ရှမ်းခေါက်ဆွဲ ကျိုင်းတုံ မုန့်တီ.....အရင်တခါ တင်ဖူးတဲ့ ရှမ်းခေါက်ဆွဲ နဲ့မတူပါဘူး ဘာလို့လဲဆိုတော့ အရင်တခါ ချက်တာ က အသားသပ်သပ် ဟင်းရည်သပ်သပ်ပါ သူက မြောက်ပိုင်းရှမ်း ပိုဆန်ပါတယ် အခုဟာက အရှေ့ ပိုင်းရှမ်း တီ့မွေးရပ်ဇာတိမြေ ကျိုင်းတုံ က ကျိုင်းတုံ မုန့်တီ တဖြစ်လဲ ရှမ်းခေါက်ဆွဲဖြစ်ပါတယ် ဘာတွေကွာလဲ ဆိုတာကိုတော့ ချက်ကြည့်လိုက်ကြရအောင်နော် ....





ပထမ ပုံ ကိုကြည့်ပါ ဝက်နံရိုး ရှယ်နံရိုး ကို လိုအပ်သလောက်ရေနဲ့ပြုတ်ပါမယ် ပြီးတော့ ပုံ ၂ က အတိုင်း ပဲပုပ် ၂ ချပ်ခွဲကို တခါတည်း ထည့်ပြုတ်ပါမယ် ......နံရိုး ရယ် ပဲပုပ် ရယ် ရေ ရယ် ဒါပါပဲ ပြီးတော့ တီ့ တို့ မျိုးရိုးစဉ်ဆက် မဟာဟင်းရည်ကြည်အောင် တည်နည်းအတိုင်း တည်ပါမယ် အိုး ကို အဖုံးမဖုံးပါနဲ့ မဟုတ်ရင် ဟင်းရည်က မကြည်ဘဲ နောက်သွားပါမယ် ....အရင် ရှမ်းခေါက်ဆွဲက နည်းအတိုင်းတည်ပါ





ဒါကတော့ ဟင်းရည်ချက်ဖို့အတွက် ခရမ်းချဉ်သီး ကို သေးသေးလေးတွေ လှီးထားတာပါ ပြီးတော့ ကြက်သွန်ဖြူ နီ ကို ပုံအတိုင်း များများလေး ကြိတ်ထားပါ ဒါက အသင့်ပြင်ထားရမယ့် နောက်တခုပေါ့





ခုနက ဟင်းရည်အိုး ဆူရင် အဖုံး ကို ပုံအတိုင်း နည်းနည်းလေး ဟပြီးတော့ ဖုံးထားလိုက်ပါ ပုံ ၂ မှာ ပြထားပါတယ် ရှယ်နံရိုးကျက်သွားပါပြီ....ဒါဆိုရင် ဟင်းရည် ပထမပိုင်း တပိုင်းပြီးသွားပါပြီ ခဏတစခန်းရပ် ဘေးက ပုံ ၃ က တလောက အသစ်ဝယ်ထားတဲ့ မက်ဘွခ်အဲ ၁၁ အင့်ခ်ျ ပါ ဟင်းချက်တာနဲ့ ဘာမဆိုင်ပါဘူး တမင်သက်သက် မမကွမ် လို့ ကြွားချင်လို့ ပုံထည့်ထားတာပါ ငှဲငှဲငှဲ....ပြီးတော့ ဘေးကတော့ ကိုင်တာ နှစ်နှစ်ခွဲ ရှိပြီ ဖြစ်တဲ့ နိုကီယာ အဟောင်း အစုတ်လေးပါ ဘေးက မက်ခ်ဘွခ် ကိုပဲ ကြည့်ပြီး ဖုန်းကိုတော့ မမြင်ချင်ယောင်ဆောင်နေလိုက်ပါ (ဒါလဲ မမကွမ် ရေးနည်းအတိုင်းပေါ့)





ဝက်သား ကိုပုံအတိုင်း လေးထောင့် သေးသေးလေးတွေ တုန်းထားပါ ပြီးရင်တော့ ပုံ ၂ မှာ ပြထားတဲ့ အတိုင်း ငရုတ်သီးမှုန့် ကို အရောင်တင်မှုန့် ကော အကြမ်းမှုန့် ကော ထည့်ပါမယ် ပြီးရင်တော့ တတိယ ပုံက အတိုင်း ဆား အချိုမှုန့် ထည့်ပါမယ်





အရောင်တင်မှုန့်ရယ် ဆား အချိုမှုန့် ရယ် ပြီးရင် နနွင်းနည်းနည်းလေး ထပ်ထည့်ပေးပါ ပြီးရင်တော့ နောက်ဆုံးပုံထဲက အတိုင်း ငံပြာရည် နည်းနည်းထည့်ပြီးတော့ နယ်ပြီး နပ်ထားပေးပါ





ကဲ အစစ အရာရာ ပြင်ဆင်ပြီးရင်တော့ စတင်ချက်ပြုတ်ပါတော့မယ် ဆီကို အရင်ပူအောင်တည်ပါမယ် အဆင့်တွေက လုပ်နေကျ လွယ်လွန်လွန်းလို့ အမြန်ပဲ ရမ်းသရူးရေးသွားပါမယ် တီ့ စာဘတ်ရင် တော်ပြီးသား ပဲလေနော် ကဲ ဒုတိယ ပုံက အတိုင်း ကြက်သွန်ဖြူနီ ကို ဆီသတ်ပါမယ်





ကြက်သွန်ဖြူနီ ဆီသတ်လို့ ရွှေရောင်သန်းလာပြီဆိုရင် ခရမ်းချဉ်သီး ထည့်ပါမယ် ပုံ ၂ အတိုင်း ခရမ်းချဉ်သီးတွေ ကျေကုန်တဲ့ အထိ မွှေပေးနေပါ ခရမ်းချဉ်သီးတွေ ကျေကုန်ပြီဆိုရင် ခုနက နယ်ပြီး နပ်ထားတဲ့ ဝက်သား ကိုထည့်ပါမယ် ဝက်သား ကို ခဏ ဆီမွှေးလာအောင် ကြော်ပေးပါ ပြီးရင် ရေနည်းနည်း ထည့်ပြီးတော့ ဆက်တည်ပေးပါမယ်





ကြော်ရင်းနဲ့ မွှေမွှေပေးနေပါ အောက်က အသားတွေ မတူးကုန်အောင်ဖြစ်ပါတယ် ပြီးရင် ဇွှန်းလေးနဲ့ဆယ်ဆယ်ပြီး ဝက်သား နူးမနူး မြည်းကြည့်ပေးပါ ပုံ ၂ ကိုကြည့်ပါ ဝက်သားတွေ အိုကေ ပြီဆိုရင်တော့ အစကနေ ရေရင် ပုံ ၈ က ဟင်းရည်အိုးထဲကို အခု ချက်ထားတဲ့ ဝက်သားကော ဆီတွေ ကော ဘာဘာညာညာ အကုန်လောင်းထည့်လိုက်ပါ





ဝက်သားအနှစ်တွေ လောင်းထည့်လိုက်တဲ့ အတွက် ဟင်းရည် ကို တခါ ပြန်တည်ပေးရပါမယ် ပြီးရင် ခုန ကအတိုင်း ဟင်းရည် ကို ပြန်ဆူပါစေ ဒီနေရာမှ နောက်ထပ်ပြင်ထားရမယ့် ကြက် ဘဲ ပဲ ဝက်သွေးကြိုက်ရာ ကို အရင်ရေနဲ့ပြုတ်ပြီး ကြိုက်တဲ့ အရွယ် အနေတော် အတုံးလေးတွေ လုပ်ထားပါ ပျော့ပျော့လေးစားချင်ရင် ရေနဲ့အရင်မပြုတ်လဲရပါတယ် တီက မာမာလေး ကြိုက်လို့ပါ ပြီးရင် ခုန က ဝက်သား ပဲပုပ်နံရိုးဟင်းရည် ဆူလာရင် အသွေးတုံးတွေ ထည့်ပေးပါမယ် ပြီးရင် ဆားချိုငံပေါ့ မြည်းပေး လိုတိုး ပိုရေနည်းနည်းရောလုပ်ပါ (ရေ ကို ရေရမယ် ဆိုရင် နည်းနည်းပဲ ရောပါ မဟုတ်ရင် ဟင်းရည်က ကျဲပြီး စားမကောင်ဖြစ်နေမယ် ဆရာမ နာမည်မပျက်ချင်ဘူးနော်) လုပ်ပြီးရင် ခဏပေးဆုလိုက်ရင် ကျိုင်းတုံ မုန့်တီ ရှမ်းခေါက်ဆွဲစစ်စစ်အတွက် ပထမအဆင့်အနေနဲ့ ဟင်းရည် ရပါပြီ...

ပြီးပြီလားဆိုတော့ မပြီးသေးပါဘူး ပြင်စရာနောက်တဆင့် ရှိပါသေးတယ် ကြည့်ရအောင်နော်..





ဒီမှာက မြီးရှည်ဖတ် အစို အလွယ်မရတဲ့အတွက် မြီးရှည်ခြောက် ကိုညကတည်းက ရေအရင်စိမ်ထားရပါတယ်
နောက်စားခါနီးကျတော့မှ ပြန်ပြုတ် ပြီးတော့ ရေအေးနဲ့ပြန်ဆေးပြီးမှ ဆယ်ထားပေးပါ
နောက်ဘေးက ပန်းရောင်ဇလုံထဲမှာ မြင်ရတာကတော့လက်ပံပွင့်တွေဖြစ်ပါတယ်
ရေအရင်သေချာဆေး ရွေးပြီးတော့ ရေပြန်စိမ်ထားပါ





ပြီးရင် ပုံမှာ ပြထားတဲ့အတိုင်း ရေနွေးတအိုးသပ်သပ်တည်ပြီးတော့ လက်ပံတွေကို ပြုတ်ပါမယ် ပြီးရင် နူးမနူးမြည်းပေးပြီးတော့ ပန်းကန်လေးထဲ ဆယ်ထားပေးပါ အရင် တီအရင်ချက်တုံးကဆို အလုပ်ပိုရှုပ်မှာစိုးလို့ဆိုပြီး ဟင်းရည်အိုးထဲ ကို လက်ပံပွင့်တွေ တခါတည်း ထည့်ချက်လိုက်တာပါပဲ (အမေရောက်လာမှ ပြောပြတာက လက်ပံ ကို အဲ့လို ထည့်ချက်ရင် ဟင်းရည်တွေက ချွဲ သွားတတ်တယ်တဲ့ လက်ပံကြောင့်ပေါ့) အဲ့တာကြောင့် ရေနွေးဖျော်ပြီး သပ်သပ်ထားတာပါ





ပြီးပြီလား ဆိုမပြီးသေးပါဘူး ကြိုက်တတ်ရင် ဂေါ်ဖီ ကို ပုံထဲ က အတိုင်း ပါးပါးလေးလှီးထားပေးပါမယ်
ဂေါ်ဖီမကြိုက်ရင်ပဲဖြစ်ဖြစ် မရရင်ပဲဖြစ်ဖြစ် ပဲပင်ပေါက်နဲ့လဲ အစားထိုးသုံးနိုင်ပါတယ် နောက် နံနံပင် သံပရာသီး လှီးထားပါ နောက်ဆုံး ပုံကတော့ ပွဲပြင်တာပါ ရှမ်းခေါက်ဆွဲ (မြီးရှည်ဖတ် အမှန်ကတော့ ရန်ကုန်အခေါ်နန်းလတ်အဖတ်ပါ ဒါပေမယ့် မြီးရှည်ခြောက်နဲ့ နန်းလတ်ဖတ်က တကယ်တော့ ကွာပါတယ် မြီးရှည် က အပြုတ်ခံတယ် နန်းလတ်သုံးရင် ဒီနေရာမှာ သိပ်စားမကောင်းဘူး သူက ရေနွေးဖျော်လို့လဲအဆင်မပြေ ဘူး မှလား...မြီးရှည်ဖတ် ကို အစိုကော အခြောက်ကော မရနိုင်ရင် မုန့်တီဖတ် ကိုလဲအစားထိုး အသုံးပြုနိုင်ပါတယ်) ကိုအောက်ဆုံးကနေထည့် ပြီးတော့ ဂေါ်ဖီထည့် လက်ပံပွင့်ပြုတ်တွေထည့် ပြီးတော့ နံနံပင်ထည့်ပြီးပြင်ပါမယ် ပြီးလို့ရှိရင်တော့ ခုန က ချက်ထားတဲ့ ဟင်းရည် ပူပူလေး ကို ဆူနေအောင်တည်ပြီး လောင်ထည့်လိုက်ရင် အင်မတန်မှ ချက်ပြုတ်ရတာ လွယ်ကောင်း သက်သာ မြန်ဆန် အရသာရှိတဲ့ ကျိုင်းတုံမြီးရှည် တပွဲ ရပြီပေါ့နော် တချို့ ကလဲ ဟင်းရည် မဆမ်းခင် ရေနွေးအိုးထဲကို ဇကာ နဲ့အရင် တရေပြုတ်ပါတယ် အရွက်တွေနည်းနည်းလေးနွမ်းအောင်ရယ် ခေါက်ဆွဲ ကို ပါပြုတ်လိုက်တာပေါ့လေ တီတို့ကတော့ ခေါက်ဆွဲက ပြုတ်ပြီးသားဖြစ်တဲ့ အတွက် အဲ့အဆင့် မလိုတော့ဘဲ တခါတည်း ဟင်းရည်ထည့်ပြီး စားမယ့် အဆင့် ကို ဒါရိုက် ခုန်ကျော်လိုက်တာပါ မစောင့်နိုင်တော့ဘူးလေ စားချင်လှပြီ....





ကဲ အားပေးကြပါအုံးနော် ကျိုင်းတုံ မြီးရှည် ကို။ တီကတော့ စားကောင်းကောင်းနဲ့ နှစ်ပွဲ တွယ်လိုက်ပါတယ်





ဒါကတော့ ခေါက်ဆွဲနဲ့ တွဲဘက်တွယ် ရမယ့် ဝက်ခေါက်ကြော်ပဲ ဖြစ်ပါတယ် ရှောက်ရွက်ကြော်လေးတွေပါတော့ ပိုမွှေးပါတယ် ရှောက်ရွက် က စားလို့လဲကောင်းတယ် တီတော့ ကြိုက်တယ်





ပြီးရင်တော့ ဂရပ်စ်ဂျဲလီ လို့ခေါ်တဲ့ ကျောက်ကျောမဲကို အချိုပွဲ သုံးဆောင်ပါအုံးနော် ဒီမှာကတော့ ကျောက်ကျော ကို သကြားရည်နဲ့ ဖျော်သောက်တာ မဟုတ်ဘဲ ကြံသကာမှုန့် ရေခဲ တို့ နဲ့ယိုးဒယားနည်း အတိုင်း သုံးဆောင်ပါတယ် ဒီမှာကတော့ အတုံးလိုက် လုပ်ထားပြီးသား တခါသုံးကော်ခွက်လေးတွေ နဲ့လာပါတယ် သကြား အချို နည်းနည်းပါပြီးသားပါ တီက ပါးပါးလေးတွေပြန်လှီးပြီးတော့ ကြံသကာမှုန့် နဲ့ ရေခဲ ထည့်လိုက်တာပါ အေးအေးလေး မွှေးမွှေးလေးနဲ့ တကယ် စားကောင်းပါတယ်





ဒါတွေကတွေကတော့ ဘောနပ်စ် ပုံတွေဖြစ်ပါတယ် အမေရယ် ညီရယ် မောင် ရယ် ကိုယ်ရယ် ပါ

အားလုံးပဲ ချမ်းသာ ပကတိ ကျန်းမာစွာရှိကြပါစေ လို့ဆုတောင်းပေးရင် အချက်အပြုတ် တီချမ်း တကယ်လုပ် ကဏ္ဍ ကို ခဏ ရပ်နားလိုက်ပါတယ်နော် .....

A Chen
12:07 AM
28th April 2011
Thursday
Home
Bangkok

31 comments:

  1. မောင်ကချောတယ်နော် ချစ်ချင်လာပြီ ဂလု.

    ReplyDelete
  2. အားပေးသွားတယ်။

    ReplyDelete
  3. ဟယ် သူမအိပ်သေးဘူး အဲ့တာကြောင့် ကိုကိုမဆလာ က ပြောတာနေမှာ ဘာတဲ့.....

    မောင့်ကို အားပေးသွားတာလား မမကွမ် မွမွ ဆိုတာကကော ဝက်ခေါက်ကြော် ကိုပြောတာလား မောင့်ကိုပြောတာလား

    ReplyDelete
  4. ကျနော်ကတော့ ပဲပုပ်မီးကင်ထောင်းပီးသားကို ဆီသတ်တဲ့အထဲ
    ထည့်ချက်လိုက်တယ်..။
    မယ်ချမ်းလိုတော့ အချပ်လိုက် မထည့်ဖူးဘူး။
    ပြီး...အမဲသားနဲ့ ကြက်သားနဲ့ ချက်တယ်.။
    ဝက်သားမစားလို့..။
    ဘဲသွေးလဲမထည့်ပါဘူး။ မစားလို့ပါ.။



    ပေါက်

    ReplyDelete
  5. တီချမ်း ညီ အသေလန်းသည်။ <3 <3

    ၂ခါရှိပြီ။ သူ့ကို ဒီမှာ တွေ့တာ။ သူအကြောင်းလေးတွေ ပိုစ့်ရေးရင် အရမ်းအရမ်းကို ပျော်မိမည်။


    စားချင်လိုက်ထှာဟယ်။ :P


    တီချမ်းရဲ့ ကျိုင်းတုံ မြီးရှည်ကို ပြောပါတယ်။ အဟင်းဟင်း ဟင်းဟင်း :))))

    ReplyDelete
  6. ကြက်သွေး MacBook ဆီသတ်ထားတဲ့ဝက်သားအိုး တွေကို သိပ်ကြိုက်ပါတယ် တီရေ။

    ReplyDelete
  7. သူ့မောင်ကိုပဲ ဘာလို့ ကျော်မြင်နေကြတာပါလိမ့်။

    ReplyDelete
  8. အောက်ဆုံးပုံ စိတ်ကုန်။

    ReplyDelete
  9. သို့ 
    နန်မတော်တီချမ်း

    အရမ်းကြိုက်တာပဲ ကျိုင်တုံမုန့် တီကော တီချမ်းညီကိုရော
    ဘာလို့ အဲ့လောက် ချောနေတာလဲ မေးပေးစမ်းပါ
    မိခင်ကြီးက ချော၂ခန့် ၂ကြီးမလို့  ချောတာနေမယ် (ကိုယ့်ဘာသာ ကောက်ချက်ချပလိုက်တယ်)

    မှ
    တခါက ချယ်ရီ

    ပီအက်စ်
    တီချမ်းမိခင်ကြီးနဲ့  ညီပုံကို ဖြုတ်မပစ်ရ

    ReplyDelete
  10. ထိုင်းမှာ (ချင်းမိုင်မှာထင်တာပဲ) အဲ့လိုမျိုးစားဖူးတယ် ။ ဒါပေမယ့်အဲဒါကို ကျိုင်တုံမြီးရှည်မှန်းမသိဘူး

    ReplyDelete
  11. ပေါက်ရေ ဟုတ်တယ် တီလဲအရင်က ပဲပုပ်မီးကင်မှုန့် ကိုပဲ ထည့်တာ အမေက အချပ်လိုက် ဟင်းရည်တည်ကတည်းက ထည့်ရတယ်တဲ့

    မွန်ပတိ မက်ဘွခ်ကတော့ ရှယ်ပဲရှယ်ပဲကောင်းမှကောင်း တကယ်ပြောတာ ပေါ့ပေါ့လေး အေဖိုး ထက်တောင် သေးသေးတယ်

    ဒေါ်ရီတာ ပြောတာ မှန်တယ် မောင့် ကိုပဲ မြင်နေကြတယ် မမကွမ်က အစ အနောနိမတ်စ်တွေအဆုံး နောက်ဆို သူတို့အကြောင်းတင်တော့ဘူး မမရီတာ မနာလိုဖြစ်နေတယ် အောက်ဆုံးပုံ ကို မကျေနပ်ရင် ရှင်လဲ ရှင့်မောင် နဲ့ တင်ပေါ့အေ့

    ချယ်ရီရေ မဖြုတ်ပစ်ပါဘူး ဒီနေ့ မနက်ပဲ အလုပ်ထဲက တယောက်ကို ပြောရသေးတယ် သူက ညီက လှပြီး ကိုယ်ကမလှလို့တဲ့ လေ
    ဒီလိုပေါ့ ကိုယ်က ဥာဏ်ကောင်းပြီးတော်တာကိုးတော် လူတွေက တယောက် တခုပဲ ရမှာပေါ့ ကိုယ်က တော်ပြီး ဥာဏ်ကောင်းတာကိုပဲပိုကြိုက်တယ် ဟိဟိ

    ချင်းမိုင်မှာ ပထရားမှာ ရှိပါတယ် သူက ထိုင်း မြောက်ပိုင်းမှာလဲစားကြတယ် သိပ်တော့မတူဘူး ချက်ပုံ ချက်နည်း

    ReplyDelete
  12. David Aye Myat - စားချင်စရာနော်။ နောက်တစ်ပတ် မဲဆောက်သွားမှ စားစရာရှိတာတွေကို စားမယ်။ ညီလည်းချစ်စရာကောင်းတယ်။ အမေလဲ ချောတယ် (လူရိုင်း တံဆိပ် ဓါးသွေးကျောက်တွေဘာတွေ မမှာရင်ပေါ့)။ ရှင်ကတော့ အရင်အတိုင်းပဲ။ မောင်ကတော့ သနပ်ခါးနဲ့ အနည်းငယ်မှားယွင်းနေသလားလို့ပါ။
    ၁၄ တွေ့မယ်။ ကိုကိုလီလည်းလိုက်မယ်ထင်တယ်။ ပြင်နေတယ်။ မေးကြည့်ပြီး ကွန်ဖန်းလိုက်။11:37 am

    ReplyDelete
  13. တီချမ်းရေ
    စားချင်စရာ
    အများကြီးချက်တာပဲ
    နီးရင်လည်းကောင်းမယ်
    :D

    ReplyDelete
  14. အားလုံးချောစ်
    အမေကချစ်စရာကြီး

    ReplyDelete
  15. ကျော်နှင်းဆီလွင် က ဘယ်မှာနေတာတုံး ဘန်ကောက် ဆိုရင် တော့ လာစားလေ

    အာပတ်လွတ်အောင် ဖြေထားပုံ ရတယ် ငှဲငှဲ

    ReplyDelete
  16. ဘန်ကောက် လာလည်ရင် လာစားပြောတာ ပြီးတော့ ငလျင်သတိထား

    ReplyDelete
  17. ကျနော် က ဘန်ကောက်မှာ လိပ်စာပြောလာချားမယ် :P

    ReplyDelete
  18. နာမည်တွေဘာတွေအရင်ပြောလေ အဆင့်မကျော်နဲပ ကိုလူပြို ရဲ့

    တော်ကြာ တို့က ညာခေါ်ပြီး ဗိုက်ဖောက်ခံရမှာ စိုးတယ်

    ReplyDelete
  19. Hi, i like your cooking recipes and pictures. thanks.

    ReplyDelete
  20. :P တီချမ်း ကျနော်က မိန်းကလေးပါ :P ဘန်ကောက်မှာကျောင်းတတ်နေတာပါ. တီးချမ်းဗိုက်ဖောက်ချင်နေတာတော့အမှန်ပဲ အစားအသောက်တွေ ကို မနာလိုလို့ :P
    ခင်မင်တဲ့
    မယ်ဒီ

    ReplyDelete
  21. စားကောင်းမယ့်ပုံပဲ
    လုပ်စားကြည့်ဦးမှ.... ဂလု

    ReplyDelete
  22. ကျေးဇူး တီချမ်း အဲဒီနည်းအတိုင်းချက်စားလိုက်တာ တော်တော်ကောင်းတယ်။

    ReplyDelete
  23. ညီကချောတယ်။ ကျေးကျေ။

    ReplyDelete
  24. အသားကကျိတ်သားကိုသုံးထားတယ်..ဟင်းေ၇ထဲရောလို့အဆင်ပြေပါ့မလား...အကြံပေးပါအုန်း :D

    ReplyDelete
  25. အဆင်ပြေတယ် အနောရေ တီတောင် တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ပဲ ချက်မလို့ ကြံနေတာ မနက်ဖြန် လွယ်ကူစားမြိန်နဲ့ သူငယ်ချင်းတွေ ကို ခေါ်ကျွေးမလို့လေ တီက အရည်ထဲကို ခရမ်းချဉ်သီး တခါတည်း ထည့်ပြုတ်မယ် အရိုးတွေ ပဲပုပ်ချပ်တွေနဲ့ တူတူ ပြီးတော့ အသားကြိတ်သားကိုပဲ ကြက်သွန်ဖြူနီနဲ့ အနှစ်ချက်မယ် ပြီးတော့ မှ ဟင်းရည်ထဲ ထည့်ရောမယ် အဲ့လိုချက်လဲ ရတယ် အလွယ်ပေါ့

    အဆင်ပြေမပြေပြန်ပြောနော်

    ReplyDelete
  26. တော်သေးတယ်။ေ၇ာလို့ရလို့။မနက်ဖြန်ဘယ်လိုဆက်လုပ်ရမှန်းမသိလို့ အိပ်လို့တောင်မပျော်ဘူး ။ သူငယ်ချင်းတွေလဲခေါ်ထားတာဆိုတော့ ။ ဝမ်းသာလိုက်တာ။

    ReplyDelete
  27. Thank u so much for ur reply. I visit ur blog everyday! :)

    ReplyDelete
  28. ကောင်းတယ်

    ReplyDelete
  29. လာလည်သွားပါတယ်ခင်ဗျား

    ReplyDelete
  30. တီချမ်းရေ စားချင်ပေမဲ့ လုပ်ရခတ်လို့ တီချမ်းဆီကစားသွားပါတယ်
    ချစ်တဲ့
    အိသက်

    ReplyDelete