အင်း ဘာစားရမလဲ လဲ မသိတော့ ခုတလော ရိုးရိုးသားသား ဖိုးသခွားလေးတွေပဲ အာရုံလာနေတယ် အသားတွေပါတွေ သိပ်မစားချင်ဘူး ဒေါ်ချစ် က ဖြူစုတ်စုတ် လို့ ပြောထားတဲ့ အတွက်လဲ အရောင်လေးနဲ့ ချက်ပြီး တင်ချင်ပါတယ် အဲ့တာနဲ့အိမ်မှာ အသင့်ရှိနေတဲ့ ဘဲဥ ကိုပဲ ချက်စားမယ် လို့တွေးပါတယ်။ ကြက်ဥ ကို နောက်ပိုင်းမှာ လူတွေက အလွယ် ချက်စားကြပေမယ့် ကိုယ်ကတော့ ဘဲဥ စစ်စစ် ကိုမှ ကြိုက်ပါတယ် ချဉ်ရည်ဟင်းချက်စားမယ် ဆိုရင်ပြောတာပါ တကယ်လို့ မကျက်တကျက် ကြော်မယ် ဆိုရင်တော့ ကြက်ဥ ကိုပဲ ပိုကြိုက်ပါတယ် အကြော်ဆိုရင်တော့ ကြက်ဥ ပေါ့ ဟင်းချက်စားမယ်ဆိုရင်တော့ ဘဲဥ ပေါ့ ဒီလိုခွဲပါတယ် ရွေးချယ်စရာလဲရှိရင်ပြောတာပါ။
တီ့ တို့ ချက်တဲ့ ဘဲဥ ချဉ်ရည် က အရင်ကြော်ပါတယ် အမေ ဆီက သင်ထားတဲ့ အတိုင်းပါ တီကလဲ ကြော်ပြီး မှ ချက်တာ ပိုကြိုက်ပါတယ် မုန့်ဟင်းခါးတွေ ထဲမှာ ထည့်တဲ့ အိုးဘဲဥ လိုမျိုး ပြုတ်ပြီး ဓါးခြစ်ချက်တဲ့ ချဉ်ရည်ဟင်းဆိုရင် တယ်မကြိုက်ချင်ပါဘူး နောက်ပြီး တချို့ဘဲဥ ကို အချပ်လိုက်ကြော်ပြီး ချဉ်ရည်ဟင်း ချက်တာ ရှိသေးတယ် အဲ့တာမျိုး အမုန်းဆုံးပဲ....ထားပါတော့
ပထမဆုံး ဘဲဥကိုပြုတ်ပါတယ် နောက် အပ်ချည်ကြိုးလေးတွေ နဲ့ ထက်ခြမ်းခွဲပါတယ် ပြီးတော့မှ ဘဲဥ ကိုဆီပူထဲ ခဏ ကြော်လိုက်ပါတယ် အခွံလေးတွေ ရွှေရောင်သန်းလာတဲ့ အထိကြော်ပေးပါ ပြီးတော့မှ ပြန်ဆယ်ပြီး ပန်းကန်ထဲထည့်ထားပါမယ် နောက် ခရမ်းချဉ်သီးလေးတွေ ကိုသေးသေးလေးတွေလှီးထားပါ နောက်ဆုံးပန်းကန် ကတော့ မန်ကျည်းနှစ်တွေကိုဖျော်ထားတာပါ အသင့်ပြင်တာတွေပြီးပြီဆိုရင် ချက်တဲ့စခန်းထပါမယ်နော်
ပထမဆုံး ဆီပူထဲမှာ ကြက်သွန်ဖြူနီ ကိုအရင်ဆီသတ်ပါမယ် တလက်စတည်း အရောင်တင်မှုန့်နဲ့ နနွင်း နည်းနည်း ထည့်လိုက်ပါ ကြက်သွန်ဖြူနီတွေ ရွှေရောင်သန်းလာရင် ခရမ်းချဉ်သီးတွေ ထည့်ပါမယ် ခရမ်းချဉ်သီးတွေ နွမ်းတဲ့ အထိသေချာမွှေကြော်ပေးနေပါ
ခရမ်းချဉ်သီးတွေပုံမှာ ပြထားတဲ့ အတိုင်း အနှစ်ဖြစ်သွားပြီဆိုရင် မန်ကျည်းမှည့် ရေထည့်ပါမယ် ခဏပေးဆူ လိုက်ရင်တော့ ဘဲဥ ထည့်လို့ ရပါပြီ။ ဘဲဥထည့်ပြီးရင် ဆီပျံတဲ့ အထိ ခဏတည်ပေးပါလေ။ ဆီပျံလာပြီဆိုရင်တော့ အိုကေပါပဲ တီကတော့ တခါတလေ အရေလေးဆမ်းစားချင်ရင် ဆီပျံ ရေကျန်လေးလဲ ချက်တတ်ပါတယ်
ပုံမှာ ပြထားတဲ့ အတိုင်း လွယ်ကောင်းသက်သာ မြန်ဆန်အရသာရှိ ဘဲဥ ချဉ်ရည်ဟင်း တခွက်ရပါပြီ
စားကြပါအုံးနော်
ဒါလေးကတော့ ဘောနပ်စ် အချိုတည်းဖို့ ဒူးရင်းသီးပါ
A Chen
7:15 PM
30th April 2011
Saturday
Home
Bangkok
New year trip 03012025
-
အုပ်စုလိုက်ခရီးထွက်ရတာ ပျော်စရာကောင်းပေမယ့် ကိုယ်တကိုယ်စာလုပ်ချင်တာတွေ
မလုပ်ခဲ့ရဘူး။ ခါတိုင်းလို ခရီးသွားပုံကြမ်းခြစ်တာမျိုး မလုပ်နိူင်ခဲ့တာ
ကိုယ့်အ...
3 days ago
ကြက်ဥနဲ့ ငါးသေတ္တာကြိုက်တော့ ဘယ်သွားသွားအဆင်ပြေတယ်။
ReplyDeleteတီချက်ထားတာမြင်တော့ စားချင်လိုက်တာ။
ခုလောလောဆယ်တော့ အိမ်က ပါလာတာတွေနဲ့ နှပ်နေတယ်။ အဲဒါတွေ ကုန်သွားရင် ကြက်ဥချဉ်ရည်ချက်စားဦးမှ ..
ဒူးရင်းတော့ လုံးဝမကြိုက်။ နှာခေါင်းလေး ပိတ်ထားတယ်။း))
ဆီပြန် ရေကျန်မှ ကြိုက်တယ်
ReplyDeleteကိုယ်ချက်တဲ့ဟင်းတွေ အရောင်မပါရတဲ့အကြောင်းက ဘာငရုတ်သီးအမှုန့်မှ မသုံးလို့ပဲ။
ReplyDeleteကြိုက်တယ် ကြိုက်တယ် ကြိုက်တယ် တီချမ်းရေ တို့လည်း အသားဟင်းမကြိုက်ဘူး အဲလိုဟင်းလေးတွေပဲ စားချင်တာ၊ အသားဟင်းက အိမ်က ကာနီဗိုးကြီးအတွက်ပဲ ချက်နေရတာ။ ဒီတခါ ဟင်းရော အချိုပွဲရော မိုက်စ်တယ်....
ReplyDeleteThese messages were sent while you were offline.
ReplyDelete9:39 PM blissofus@gmail.com: တီချမ်းချက်သော ဘဲဥဟင်းမျိုး ချက်စားသည်
အလွန်ကောင်းသည်
ကျေးဇူးတင်ပါအိ :)