Monday, March 12, 2012

ညောင်ရွက်မှို ချဉ်ရည်ဟင်း ရှမ်းစတိုင်လ်

တီချမ်းတယောက် ဟင်းမချက်တာကြာပြီလို့ပြောနေကြသူများ ကဲ ချက်ပါပြီနော်။ ဒီတခါတော့ တနေ့က ဈေးထဲသွားတာ ရှားရှားပါးပါး တွေ့တာနဲ့ ညောင်ချဉ်ကို ရှမ်းတို့ရိုးရာ ချဉ်ရည်ချက်စားမယ် စိတ်ကူးပါတယ်။ ပြောရအုံးမယ် ဇာတ်လမ်းပ ညောင်ချဉ်မှတ်လို့ ဝယ်လိုက်တာ အရွက်က သပြေချဉ်ဖြစ်နေတယ် မပြောချင်ဘူး သူတို့က အထုပ်ကလေးတွေနဲ့ ထုပ်ထားတာဆိုတော့ အပြင်ကနေ သေချာမမြင်ရတာလဲပါတယ်။ ကိုယ်ကလဲ စားချင်စိတ်ကပဲ များနေတော့ ဘာပဲဖြစ်ဖြစ် ဆိုပြီးတော့ ဝယ်ချလာတာ။ အိမ်ရောက်တော့မှ သပြေချဉ်ဖြစ်နေတယ်တဲ့ မောင်ပြောတာပဲ ကိုယ်ကတော့ သပြေချဉ် ဆိုတာ မြင်ကိုမမြင်ဘူးဘူး။ ဝယ်လာတော့မှ ပဲ အော်ဒီလိုပါလားလို့သိရတော့တယ်။ ကိစ္စမရှိဘူး ချက်လို့ စားလို့ဖြစ်ရင်ပြီးတာပဲ ဆိုပြီး ဆက်ချက်တယ်။ ကြည့်ကြစို့......





ပထမဆုံး ပဲပုပ်ချပ်တွေကို ရေစိမ်ထားတယ်။ နောက် နံရိုး တအိုးတည်ထားတယ်။ ပဲပုပ်ကို ရေမစိမ်ချင်ရင်လဲ တီ့ လိုပဲ တခါတည်း အရိုးပြုတ်အိုးထဲ ထည့်ပြီး ငပျင်းတည်နည်းအတိုင်းတည်ပလိုက်ရပါတယ်နော်။ ပွက်လာရင် ပဲပုပ်တွေ သူ့ဘာသာ ဟင်းရည်ထဲ အရသာပျော်ဝင်ကုန်မယ်။ ပွက်လာပြီဆိုရင် မီးအေးနဲ့ တည်ထားပါနော်။





ညောင်ချဉ်ကို ရွေးထားရပါမယ်။ ပြီးတော့ ရေဆေးပြီးစစ်ထားပေးပါ။ သပြေချဉ်ဖြစ်ပါတယ်။ ဆော်ရီး ဘယ်လိုအရွက်လဲ သိချင်ရင် ပုံကို ရိုက်ကလစ်နဲ့အကြီးချဲ့ ကြည့်နော်။





ဒါကတော့ ဟင်းရည် အနှစ်ရအောင် ချက်ရမယ့် အဆင့်ပါ။ ကြက်သွန်ဖြူနီ ခရမ်းချဉ်သီးတွေကို ပုံပါအတိုင်းပြင်ထားပါ။ ကြက်သွန်ဖြူနီကို တီကတော့ ရောကြိတ်လိုက်ပါတယ်။ ခရမ်းချဉ်သီးကိုတော့ သိပ်လဲမကြီးတဲ့ ကိုင်းသီးလေးတွေ ရတာနဲ့ တခြမ်းပဲ လှီးထားလိုက်တယ်။ နောက် ပုံထဲကအတိုင်း ကြက်သွန်ဖြူနီ ကိုဆီသတ်၊ နနွင်းမှုန့်လေးထည့်။





ကြက်သွန်တွေ မွှေးလာပြီဆိုရင် ခရမ်းချဉ်သီးကို ထည့်။ ခရမ်းချဉ်သီးတွေကို မကြေတကြေအနေ ရောက်တဲ့ အထိ မွှေပေးနေပါနော်။





ရပြီဆိုရင်တော့ ခုနက ပဲပုပ်နဲ့ နံရိုးပြုတ်အိုးထဲကို ဟင်းအနှစ်တွေ ထည့်လိုက်ပါ။ နောက် သပြေချဉ်အရွက်တွေ ထည့် ပြီးတော့ အဖုံးခဏ အုပ် ဆား အချိုမှုန့် လိုသလောက်ထည့် အရသာမြည်းပြီးရင် ရပါပြီနော်။





တီချက်တာ အရသာကတော့ အိုကေနေတာပဲ ပြဿနာက ခုမှတက်တာ သပြေချဉ်တွေက ပျော်ကုန်တယ် အဲ့တော့ အရည်သောက်က အဖတ်မပါပဲ အတော်ကိုကျဲကျသွားတာနဲ့ ရေခဲသေတ္တာထဲလှန်တော့ မှိုတွေ တွေ့တာနဲ့ ကောက်ထည့်လိုက်ရတယ် အဲ့တော့မှပဲ အိုကေမှာ စိုပြေသွားတဲ့ အိုအိရှိ ဝက်နံရိုး သပြေချဉ် ပဲပုပ် မှို ရှမ်းစတိုင်လ် အရည်သောက် ရတာပေါ့။





ကဲ ကြည့်လိုက်ဦး ကောင်းလွန်းလို့ ဒီအတိုင်းချည်းပဲ ထိုင်သောက်ပလိုက်တယ် နှစ်ခွက်ဆင့်ပြီးတော့ အေးရော။
ကောင်းမှကောင်းပဲ။ အဲ့နေ့ကလဲ ကြည်လဲ့လဲ့ဦးတို့ရောက်နေတာနဲ့ တုတ်ထိုးလုပ်စားကြသေးတယ်။ လွယ်ကူစားမြိန်တို့ရော အားပေးကြတာနဲ့ အချဉ်ရည်လဲ တအိုးကုန်တာပဲ။ တုတ်ထိုးကတော့ လုပ်နည်းတင်ပြီးသားဆိုတော့ ထပ်မတင်တော့ဘူးနော်။ ပုံတွေတော့ နောက်နေ့မှ တင်ပေးမယ်။ အင်တာနက်ကနှေးနေတယ်။

A Chen
8:46PM
Monday
12th Mar 2012
Home
Bangkok

11 comments:

  1. အ၇မ်းကောင်းမယ့်ပုံဘဲ.တီချမ်းblog ကိုဖတ်၇တာစိတ်ချမ်းသာတယ် တီချမ်းကိုကြည့်၇တာလွတ်လပ်ပေါ့ပါးတယ်
    တီချမ်းတို့အတွဲ၇ဲ့မျက်နှာလေးတွေက၇ိုးသားဖြူစင်တယ်

    ReplyDelete
  2. ငှဲငှဲ ဒီလိုပဲ ဖြစ်ရမယ်လေ ခွီး.....

    ReplyDelete
  3. မြောက်သွားပြီ .. လိုက်ဆွဲ လိုက်ဆွဲ :D

    ReplyDelete
  4. တီချမ်း ဘလော့ကိုလာဖတ်ဖြစ်နေတာ တော့ကြာပါပြီ ။ တိတ်တိတ်လေး ဖတ်ပြီး ပြန်သွားနေကျပါ။ အပေါ်က အရွက်က တောင်သလဲ၇ွက် လို့ ခေါ်တာ ထင်တာဘဲ ။သပြေချဉ်တော့ မဟုတ် ဘူး ။ အချဉ် ဓါတ်က သပြေချဉ်ထက်ပို ကဲတယ် ။

    ReplyDelete
  5. ဟင်းရည်အဆန်းပဲ တီရေ။ အဲဒီ သပြေချဉ်၊ ညောင်ချဉ်မရှိရင် ဘာချဉ်နဲ့ အစားထိုးလို့ရသေးလဲ။ ဒီမှာ ရမရမသေချာလို့လေ။

    ReplyDelete
  6. တီချမ်း

    အရွက်ကိုယ်တိုင်က ချဉ်ပြီးသားလား
    ဘာအချဉ်မှ ထည့်စရာမလိုဘူးပေါ့

    Z

    ReplyDelete
  7. အပေါ်က အနောနိမတ်စ်ပြောတာဖြစ်နိုင်ပါတယ် တောင်သလဲရွက်ဆိုတာ တီကတော့ ဒီအရွက်ကို သေချာမသိပါ မောင်က သပြေချဉ်ပြောတာ အချဉ်ကတော့ ကဲတယ်

    အီဗီ အဲ့အရွက်မရှိလဲ အဲ့ဒီနည်းအတိုင်း ပိန္နဲသီး ချက်စားလို့ ရတယ် ငှက်ပြောဖူးချက်စားလို့ရတယ် မျဉ်ချိုစို့ ချက်စားလို့ ရတယ်လေ လုပ်ကြည့်နော်

    ဟုတ်တယ် အနောနိမတ်စ်ရေ အရွက်ကိုယ်တိုင်ကချဉ်ပြီးသားပါ ဘာမှ ထပ်ထည့်စရာမလို

    ReplyDelete
  8. နောက်ဆုံးမရရင်လဲ တီ့လို မှိုထည့်လိုက်လဲစားလို့ဖြစ်တာပဲ မှိုကတော့ အချဉ်မပါဘူးပေါ့ သူ့ချည်းဆိုရင် မန်ကျည်းနှစ်လေး ထည့်လိုက်

    ReplyDelete
  9. ညောင်ချဉ်ဖူး ကြိုက်တယ်

    ReplyDelete
  10. ကျမတို. လားရှိုးမှာနေတုန်းက ညောင်ချဉ် အပင် အိမ်မှာရှိပါတယ်
    ညောင်ချဉ်ဖူး ချဉ်ရေ ချက်စားတာ ဘယ်လိုကောင်းမှန်းမသိဘူး
    လားရှိုးက ပြောင်းလာပြီး မစားရတော.ဘူး

    ReplyDelete
  11. ကောင်း။ ပုံတခုနဲ့ စာတချို့ကို ယူသုံးပါရစေ။ ကျေးဇူး။

    ReplyDelete