Monday, April 9, 2012

ဝက်သားလုံးကြော်

တလောက ကြည်လဲ့လဲ့ဦးလာတုံးက လုပ်ကျွေးသွားတဲ့ ဝက်သားလုံးကြော်နည်းလေးနဲ့ ထပ်ကြော်ထားတာပါ။ ဘယ်သူလဲ မသိဘူး တလောက ဘယ်ပိုစ့်မှာလဲ မသိဘူး ဝက်သားလုံးကြော်လုပ်နည်း တင်ပါအုံးတီချမ်းလို့
တောင်းဆိုထားတာနဲ့ ခုတော့ ကြုံလို့ ပုံတွေပါ သေသေချာချာရိုက်ပြီး တင်ပေးလိုက်ပါတယ်နော် .......

နည်းကတော့ ကြည်လဲ့ပေးသွားတဲ့နည်းလေးပါပဲ။ သူ့နည်းက လွယ်လဲလွယ်တယ် နောက် များများလဲ စားရတယ် လူများများနဲ့ စုစားကြရင် လုပ်စားကြည့်ဖို့ ရှယ်ပေးလိုက်တယ်။ သူကတော့ ရောင်းတန်း နယ်နည်းပေါ့။ အသားနည်းနည်း အစာများများ ဆိုလိုတာပါ။ ကိုယ့်ဘာသာစားတော့လဲစိတ်ကြိုက် အသားများများ အစာ နည်းနည်း နဲ့ နယ်ပေါ့နော်။ ဟုတ်ပါတယ် ဝက်သားလုံးကြော်မှာ အဓိကက အသားကိုနယ်တာပါပဲ။ ကဲ ကြည့်ရအောင်နော်။

ကြည်လဲ့ပေးသွားတဲ့နည်းက အသား ၁၀ သားအတွက်ပါ။ အသား ၁၀ သားကို နယ်နည်းပါတဲ့နော်။

အသား ၁၀ သား (ဝက် ကြိတ်သား)
ဟင်းချက် ကော်မှုန့် TBS ၃ ဇွှန်း
ပဲမှုန့်စိမ်း TBS ၃ ဇွှန်း
ကြက်သွန်နီ တောက်တောက်စင်း ၂ ဥ
ဆား အနည်းငယ်
အချိုမှုန့် အနည်းငယ်
ပဲငံပြာရည်အနောက် အနည်းငယ်
သကြား အနည်းငယ်
တရုတ်မဆလာ အနည်းငယ်
ငရုတ်ကောင်းမှုန့် အနည်းငယ် စတာတွေနဲ့ အသားကိုနယ်ပြီး နှပ်ရပါမယ်တဲ့





တီကတော့ အသားဝယ်လာတာ ၄၀၀ ဂရမ်လောက်ဖြစ်သွားတော့ ကြည့်ကျက်ပြီးတော့ပဲ ထည့်လိုက်တယ် တီချမ်းထုံးစံအတိုင်း လက်မှန်းနဲ့ လက်သရမ်းရတော့တာပေါ့နော် သို့သော်လဲ မွေးကတည်းက တော်တီးတီးတော် တဲ့ သူများထုံးစံ အတိုင်း အိုကေမှာ စိုပြေပါပဲ။ ကြည့်ပါ ပထမ က ကြိတ်သား ၄၀၀ ဂရမ်ပေါ့။ နောက် ကော်မှုန့် ထည့် ပဲမှုန့်စိမ်းထည့်၊ ပုံ ၂ နှင့် ၃ ကိုကြည့်နော်။





ကြက်သွန်နီ တောက်တောက်စင်းတာထည့်။ ငရုတ်ကောင်းမှုန့်ထည့် သကြားထည့် တရုတ်မဆလာထည့်......ပုံ ၂ ကိုသေချာကြည့်ပါ ပဲငံပြာရည်အနောက်လေး နည်းနည်းထည့်ပါသေးတယ်။ အော်နောက်လျှို့ဝှက်ချက်တခု ပြော
ပြရအုံးမယ် နယ်ရတာ ကောင်းအောင် တီက နှမ်းဆီနည်းနည်း ထည့်လိုက်ပါသေးတယ်။ ရေလေးနည်းနည်း
ထည့်လဲ ရပါတယ်။ တီကတော့ အချေဆိုတော့ နှမ်းဆီပဲ။ ခုတလော သင့်ရင့်ပြွန်ကနေ ကိုရီးယားဟင်းချက်နည်း
တွေကြည့်တာများပြီး ဆက်စမီအွိုင်း ကိုဓါတ်ကျနေပါတယ်။ နီနီခင်ဇော် လိုပေါ့ ပဲဆီ နှမ်းဆီ စက်ဆီပဲလေနော်။။။





ပြီးရင်တော့ သေသေချာချာ နံ့နေအောင်နယ်ပါ။ နှံ့ပြီဆိုရင် ပုံမှာ ပြထားတဲ့ အတိုင်း အလုံးလေးတွေလုံးပါ။ အလုံး လုံးတဲ့အခါမှာ အနေတော်ဖြစ်ဖို့သိပ်အရေးကြီးတာ သတိပြုပါ။ မဖြစ်ရင် ဘာဖြစ်မလဲဆိုတော့ ပြောပြမယ်။ အလုံးကြီးလွန်းရင် အထဲက မကျက်ပဲနေပါမယ်။ အလုံးသေလွန်းရင် မြန်မြန်တူးလွယ်ပါမယ်။ အပြားလေးတွေ လုပ်မလားလို့တွေးမိသေးတယ် အပြားလေးတွေလုပ်ရင် ဝက်သားလုံးကြော်ဘယ်ဖြစ်တော့မလဲနော် ဝက်သား
ပြားကြော်ဖြစ်သွားမှာပေါ့နော်..... အဲ့တော့ နာမည်အပျက်မခံနိုင်ပါဘူး ဝက်သားလုံးကြော်ဖြစ်အောင် ကြိုးစားလုံး ပါ။ မရရအောင်လုံးပါ တီချမ်း ကိုနာမည်မဖျက်ပါနဲ့။





ပြီးရင် ဆီပူအောင်အရင်တည်ပါ။ ဆီပူပြီဆိုရင်တော့ မီးအလည်အလတ်လောက်နဲ့ ဝက်သားလုံးလေးတွေ ထည့်ကြော်ပါ။ အလုံးတွေကို အကျက်ညီအောင် တူလေးနဲ့အထက်အောက်လှန်ပေးဖို့ မမေ့ပါနဲ့နော်။





ပြီးရင်တော့ ဆီစစ် ဇကာ နဲ့ ကြော်ပြီးသားလေးတွေကို စစ်ထားပါ။ နောက်တော့မှ စားမယ့် ပန်းကန်ထဲ တစ်ရှုး တထပ်ခံပြီးတော့ ဝက်သားလုံးလေးတွေ ထည့်ပြီးရင် တည်ခင်းလို့ရပါပြီ။ ပုံကိုကြည့် လှတယ် မှလား ပုလဲလုံးညီ ကြိုးနဲ့သီ ဆိုတာ ကဗျာထဲမှာတင်ရှိတာ မဟုတ်ဘူး တီချမ်း ဝက်သားလုံးမှာလဲ ရှိတယ်ကွ။ (ဒီတခါ နယ်တာ ဆရာမ မပါတော့ ပဲမှုန့် နည်းနည်းများသွားတယ် အခွံတွေ နည်းနည်းမာ ကုန်တယ်။ ပြီးတော့ လျှာရှည်ပြီး ရေမထည့်ပဲ ချေပြီး နှမ်းဆီထည့်လိုက်တာလဲပါမယ်။ အိုကိစ္စ မရှိပါဘူး အရသာရှိဖို့က အဓိက သူများ တွေတောင် မမာမာအောင် ရေသန့်ဗူးထည့်ကြော်နေကြတာပဲနော် ကိုယ်က ပဲမှုန့် နဲ့မာ တာ မာပစေ မာမာက တော့ မာမာပဲ လို့ မာရေကြောရေ ပြောပလိုက်မယ် ဟွင်းဟွင်း)





နောက် အချဉ်စပ်စရာ ချီးပမ်းချဉ် မရှိတာကော ပျင်းတာကော နဲ့ ပေါင်းစပ် အကြောင်းပြပြီး သကာလ အလွယ် ရှိတဲ့ ဆူကီ့ အချဉ်နဲ့ပဲ တို့စားပလိုက်တာပါပဲ။ ကဲ လွယ်လဲလွယ် ကောင်းလဲကောင်းတဲ့ ဝက်သားလုံးကြော်....... တီချမ်း ကိုယ်တိုင်ဖော်စပ်၍ ယိုးဒယားပြည်တွင် ခေတ္တ ထုတ်လုပ်သည်။ လူမျိုးဘာသာမရွေ မသုံးဆောင်နိုင်ပါ။

A Chen
9:09 Am
Monday
9th Apr 2012
Home
Bangkok

7 comments:

  1. ဘာလို့ပဲမှုန့်ထည့်ရတလဲတီ

    ReplyDelete
  2. ဟင်းချက်တာတွေလဲ ကြိုက်....

    စကားပြောဟန်လဲ ကြိုက်...

    စာရေးဟန်လဲ ကြိုက်...

    Z

    ReplyDelete
  3. ဟုတ်တယ် ။အပေါ်က Evy မေးသလိုဘဲ၊ ၀က်သားလုံးကြော်ထဲကို ပဲမှုန်.ဘာလို.ထည်.တာလဲဟင်။ “
    အမြဲတမ်းတော. ကော်မှုန်.ထည်.တာ၊ပဲငံပြာရည်ထည်.တာ၊ ကြက်သွန်နီထည်တာတွေသိတယ်လေ။
    ပဲမှုန်.ထည်.တာတော.မသိလို.။

    ReplyDelete
  4. ပထမဆုံးအကြိမ်ရောက်တာ။ စာရေးတာပုံလေးက ဖတ်ရတာ စိတ်ချမ်းသာတယ်။ ဝက်သားလုံးကတော့ အားတိုင်းကြော်နေကျ။ ပဲမှုန့်တော့မထည့်မိဘူး။ နွားနို့ထည့်တယ်။ ဒီတစ်ခေါက် ကြော်ကြည့်ဦးမယ်။

    ReplyDelete
  5. မွေးကတည်းက တော်တီးတီးတော် တဲ. တီချမ်းအစားဖြေရရင်တော.
    ပဲမှုန်.တွေက တချို.အကြော်ကြော်ရင် ထည်.တယ်လေ
    ဘူးသီးကြော် ကြက်သွန်ကြော် အစရှိသဖြင်.ပေါ.
    အကြော်မှုန်.အပြင် ပဲမှုန်.ထည်.တော.ပိုကောင်းတယ်ဆိုလား
    ပုံ
    မွေးကတည်းက တော်တီးတီးတော် သူတစ်ဦး

    ReplyDelete
  6. အီဗီရေ ကြည်လဲ့က ပြောတော့ပြောတယ် ပဲမှုန့် ဘာ့ကြောင့်ထည့်ရတာလဲဆိုတာ တီမမှတ်မိတော့ဘူး အောက်က အနောနိမတ်စ်ဖြေတာပဲ ကြည့်လိုက်တော့ အမှန်ကတော့ တီထင်တယ် ရောင်းတန်းဆိုတော့ ဝက်သားနည်းနည်းကို အလုံးများများ ထွက်အောင်လုပ်တာပေါ့ ကြက်သွန်ထည့်တာလဲဒီသဘောပဲဖြစ်မယ် အဲ့တာမှ အသားနည်းနည်း ကို ပွဲများများ ထွက်မယ် အမှန်ကတော့ ပဲမှုန့် ထည့်တာ သိပ်မကောင်းဘူး သူက အသားကို နည်းနည်းမာစေတယ် အဲ့တာကြောင့်တီကတော့ နောက်တခေါက်ဆိုရင် ကော်မှုန့်နဲ့ပဲ လုပ်မယ် စိတ်ကူးတယ်

    ဇက်နဲ့ မြတ်ကြည်ရေ ကြိုက်တယ်ဆိုလို့ကျေးဇူးပါ

    ReplyDelete
  7. တီ ကိုနာမည် ဖျက်လိုက်တယ်။ လုံးရမှာပျင်းလို့ အပြားကြီးတွေပဲ ကျော်လိုက်တယ်။ ကောင်းတာပါပဲ

    ReplyDelete