Tuesday, April 10, 2012

TCKO (T Chen Kyae O)

သိတယ် စားချင်စရာလေး တီချမ်းချက်ထားတာ တော်လိုက်တာကွယ် လို့တွေးနေကြပြီမှလား ဒီလို စားချင်စရာ အရသာကောင်းကောင်းလေးရအောင် ဘယ်လိုများ တော်တီးတီးတော် လက်စွမ်းပြလိုက်လဲ သိရအောင် ဆက်ဘတ်ကြည့်ကြရအောင်နော်။





ခုတလောတော့ လုပ်စားတာတွေ များနေလို့ ဘယ်ကနေ စတင်ရမှန်းတောင် မသိဘူး။ တီချမ်းတယောက်လဲ
ရေးရင်းရေးရင်းနဲ့ ပရိတ်သတ်လက်ခံမှု အရ ဟင်းချက်ဘလောခ်ဖြစ်မှန်းမသိဖြစ်လာပြီ။ ခုတလော အိမ်မှာ
ချက်တာများလွန်းတော့ လူတွေလဲ မနာလိုဖြစ်နေကြပြီ။ ဒီအပတ် အိမ်မှာ လူတော်တော်စုံကြတယ်။ ညီဝမ်းကွဲတယောက်ရောက်နေသလို အော်ဇီက သူငယ်ချင်းတယောက်လဲ ရောက်နေ နောက်မွေးစားသားကလဲ
ဗီဇာ ကိစ္စ ပြည်တော်ခဏပြန်မယ်ဆိုတော့ ကဲ အဲ့တာဆို မာလာဟော့ပေါ့ လုပ်ကျွေးမယ်ဆိုပြီးတော့ ဘာရှိသလဲ ကြည့်တော့ ဘာမှ မရှိဘူး အဲ့တာနဲ့ လွယ်လွယ်ကူကူ ကြေးအိုးပဲ လုပ်ကျွေးမယ် ဆိုပြီးတော့ လွယ်ကူစားမြိန်ကို ဖုန်းဆက် သူရုံးက အပြန် မုန်ညှင်းရွက်ဘာညာဝယ်၊ အသားဝယ်လာ ဆိုပြီးတော့ ကြေးအိုးပဲ လုပ်ဖြစ်ကြတယ်။ လုပ်မယ်ဆိုတော့လဲ တခါမှ မလုပ်ဘူးဘူး အဲ့တော့ အေအေဘီ ကနေ မေးလိုက်တော့ တယောက်က လင့်ခ်ပေး တယ် မြူးရဲ့ဘလောခ်လင့်ပါ။ နောက် ကိုယ့်ဘာသာ ထပ်ရှာလိုက်တော့ စုဘူးအိမ် ကိုထပ်တွေ့တယ်။ ဒီလိုပဲ လိုက်ဘတ် လိုက်ကြည့်တော့လဲ ချက်တတ်သွားတာပါပဲ။ မွေးကတည်းက တော်တာဆိုတော့ ညှင်းညှင်းညှင်း....





ကဲ ပြင်ဆင်တာ အရင် စပါမယ်နော်။ ကြေးအိုးကလဲ ကယိကထတော့များတယ်။ မွစိလေးတွေ လုပ်ရတာများလို့
အသားကို အရင်ပြင်ပါမယ်။ ကြိတ်သားကို လိုသလောက် ဝယ်ပါ။ အဆီပါတာလေးရွေးဝယ်ပါနော်။ အဲ့တာမှ စား
ကောင်းတာ။ တီတို့ကတော့ ၂ ကီလိုထင်တယ် လွယ်ကူစားမြိန်ဝယ်လာတာ။ အသားတွေကို နယ်မယ့်ဇလုံထဲ
ထည့် ကော်မှုန့်၊ ဆား၊ အချိုမှုန့်၊ သကြား၊ ပဲငံပြာရည်အကြည်၊ နှမ်းဆီ နည်းနည်းထည့်ပြီးတော့ နှံ့အောင်နယ်ပေး ပါတယ်။ ပြီးရင်ပုံအတိုင်း နှပ်ထားလိုက်ပါနော်။





အသည်းလေးတွေကိုလဲ ပါးပါးလေးလှီးပြီးတော့ ကော်မှုန့်၊ ခရုဆီနည်းနည်း ဆား အချိုမှုန့် တို့နဲ့ နယ်ပြီး နှပ်ထားပေးပါ။





ဟင်းရည်တအိုးကို အရိုးတွေနဲ့ တည်ထားပါ။ ဆားအချိုမှုန့် တို့ ခနော် ဝက်ခဲ တို့နဲ့ ညနေကတည်းက ကြိုတည် ထားပါတယ်။ ဟင်းရည်ကို ဆူတာနဲ့ မီးအေးပြီး တီချမ်း မဟာဟင်းရည်ကြည်အောင်တည်နည်းအတိုင်း ဖြေးဖြေး ချင်းတည်ထားပါတယ်။ နောက် အူချိုတွေကိုတော့ သပ်သပ်မလုပ်ချင်တာနဲ့ ဟင်းရည်အိုးထဲ ပစ်ထည့်ထားလိုက် ပါတယ်။ သူက နည်းနည်းကြာကြာလေး ပြုတ်ရတော့ ပစ်သာထားလိုက် ဘာမှမဖြစ်ဘူး။





ပြီးတော့ မှ ကျက်ပြီဆိုတော့ ဆယ်ထားလိုက်မယ်။ အောက်က ဝက်သားလုံး 7-11 က အဆင်သင့်စားဝက်သားလုံး ပါပဲ။ သူ့ကိုတော့ ချက်တဲ့အခါမှာ ထည့်ပြုတ်ဖို့ ဒီအတိုင်းပဲထားထားပါမယ်။ ဟင်းရည်ထဲထည့်ပြုတ်ထားရင် ပွ သွားတတ်လို့ပါ။





ကြာဇံ ကိုရေစိမ်ပြီး စစ်ထားပေးပါ။ ဆန်ကြာဇံ ကိုရွေးဝယ်ပါနော်။ ငုံးဥ ကိုလဲ ပြုတ်ပြီး ခွာထားပါ။





ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူ ကို ဘလန်ဒါနဲ့ကြိတ်ပြီးတော့ ရှာလကာရည် နဲ့ သကြားပါလေရုံလေးထည့်ပြီး ဖျော် ထားပါတယ်။ နောက်တော့မှ ချီလီဆော့ထ် နဲ့ ရောလိုက်တော့ အလွယ် အချဉ်ရည်ရတာပေါ့။





ကြေးအိုးဆိုရင် မပါမဖြစ်က ကျူချိုင်ပါ။ ၃ စင်တီလောက်လေးတွေလှီးထားပါ။ မုန်ညှင်းကိုလဲ သင်ပြီး ရေဆေးစစ်ထားပါမယ်။





ပြုတ်ပါတော့မယ်။ အိုးအလွတ်ထဲကို ခုနက ဝက်ပြုတ်ရည် ကြိုက်သလောက်ထည့်ပါ။ နောက် ဝက်သားလုံးလေးတွေပစ်ထည့် ခဏ ဆူအောင်တည်ပေးပါမယ်။ ခုနက နယ်ပြီးနှပ်ထားတဲ့ အသားတွေကို ဇွှန်းနဲ့ ကော်ကော်ပြီး လုံးထည့်ပါ။





အရည်ဆူလာရင် အရွက်ထည့်၊ ငုံးဥ ထည့် နောက် ခဏထပ်ပေးဆူ ပြီးတော့ ကြာဇံထည့်ပါမယ်။ ကြာဇံက ပရီအကြို စိမ်ပြီး ဖြစ်တဲ့ အတွက် ကြာကြာပြုတ်စရာမလိုပါဘူး။ ကြာကြာပြုတ်ရင် ကြာကြာမစံရဘဲမြန်မြန် ပြဲပါမယ်။ ကြာဇံထည့်ပြီးတာနဲ့ အသည်းထည့်၊ ဆား အချိုမှုန့်ထည့်၊ တချက်နှစ်ချက်လောက်မွှေပေးလိုက်ရင် ရပါပြီ။ အသည်းကို နောက်ဆုံးမှ ထည့်တာ သူက မြန်မြန်ကျက်လွယ်လို့
ရယ် ကြာကြာပြုတ်ရင် မာပြီးစားမကောင်းလို့ရယ်ပါ။ အသည်း ကို အဲ့လိုလေး ထည့်မွှေလိုက်မှ အရည်လေးက နည်းနည်း နောက်တောက်တောက်ဖြစ်ပြီး ဆိုင်လို ထွက်လာပါတယ်။ ခုနကတည်းက အိုးထဲမှာ ကြိုပြုတ်ထားတဲ့ အူချိုကိုတော့ သေးသေးလေးတွေညှပ်ထည့်လိုက်ပါတယ်။





ဆီချက် အတွက်ဆိုရင်တော့ ခုနက ပြုတ်ထားတာတွေအကုန်ကို ဇကာနဲ့ ဆစ်ထုတ်လိုက်ပါ။ နောက် နယ်မယ့် ဇလုံထဲထည့် ပဲငံပြာရည်အကြည်ထည့်။ ဆား အချိုမှုန့် နည်းနည်းထပ်ထည့် နှမ်းဆီ နည်းနည်းလေးထည့် ပြီးရင် နယ်လိုက်လိုက်ရင် အရသာရှိတဲ့ ကြေးအိုးဆီချက်တပွဲရတာပေါ့နော်။ ခုနက ဆစ်ထုတ်လိုက်တဲ့ အရည်ကို ကျူချိုင်ထည့်လိုက်ရင် ဟင်းရည်ရပါပြီ။ ချိုပေါ့ မြည်းပြီး လိုတာထပ်ထည့်ပါ။ အချဉ်လေးနဲ့ တွဲဘက်စားလိုက်ရင် ရှယ် တီစီကေအို ပေါ့နော်။

အသားလုံးလေးတွေက နည်းနည်းကြီးသွားတယ် လွယ်ကူစားမြိန်လက်ချက်ပဲ။





ဒါလေးတွေကတော့ အရည်သောက်နဲ့ ဆီချက် ယှဉ်ပြထားတာပါ။ အရည်သောက်ဆိုလဲ နှမ်းဆီနည်းနည်းလေး ထည့်လိုက်ပါအုံးနော် အဲ့တာမှ ဆိုင်ကလို ကြေးအိုး အရသာကော အနံ့ကော ရပါမယ်။ လုပ်ရတာလဲ လွယ် စားလို့လဲကောင်း ဆိုင်က လို အချိုမှုန့်တွေများပြီး ချွဲပစ်မနေတဲ့ စားပြီးရင် ရေမငတ်တဲ့ TCKO လေးပါနော်။

ရေလည်ကောင်း အရမ်းကောင်း ဂွတ်ရှယ်ကောင်း ကောင်းလွန်းလို့ မွေးစားသားက တောင် နှစ်ပွဲတွယ်ပါတဲ့ တီချမ်းကြေးအိုးပါနော်။

ဘော်နပ်စ်

နောက်နေ့ကျ ပရိတ်သတ်တယောက်တောင်းဆိုထားတဲ့ ဟာတခု တင်ပေးမယ်။ မှန်အောင်ဖြေ (၂) မှတ်။


A Chen
2:03 AM
Thursday
12th Apr 2012
Home
Bangkok

17 comments:

  1. တော်တီးတီးတော်တဲ. ကြီးတော်ချမ်း
    ပဲပြားကော ?

    ReplyDelete
  2. ပဲပြားကို တမင်မကြိုက်လို့မထည့်တာပါကွယ်

    ပဲပြားပါမှ ကြေးအိုးဖြစ်မယ် ဘယ်သူပြောလဲ ငါးဖယ်လုံးလဲမပါဘူးလေ

    ကျောက်ကပ်လဲမပါဘူးလေ နော်

    ReplyDelete
  3. စားချင်ထှာ...

    ReplyDelete
  4. နွေးနေခြည်April 12, 2012 at 1:35 PM

    အလုပ်ရှုပ်လိုက်တာ.. စားတော့စားချင်သား :P

    ReplyDelete
  5. အိုး။ သွားမုန်းတယ်။ ရှင့်ကိုမုန်းတယ် ဒေါ်တီချမ်း။ ကျမကိုကျတော့ လုပ်မကျွေးဘူး။
    ကိုမင်းမင်း၊ ရှင့်ကိုလည်းမုန်းတယ်။ သွား။

    ReplyDelete
  6. အေးစန္ဒာရေ မြတ်ကြည် ကျေးဇူးပါ

    နနခ ပေါ်မလာတာအတော်ကြာပါပေါ့လား အလုပ်မရှုပ်ပါဘူးအေ့ လွယ်ပါတယ် ပြင်ထားပြီး အကုန်ထည့်ပြုတ်ရုံပဲ

    မမိမိယာ လာရင် လုပ်ကျွေးမယ်လေ နင်မှမလာတာ

    ReplyDelete
  7. တော်ပြီးရင်းကိုတော်နေတာပဲ။ ရှင့်ဘလော့ကိုရောက်ရင် ဗိုက်ဆာလို့တဲ့ သူငယ်ချင်းကကွန်ပလိန်းတက်သွားတယ်။

    ReplyDelete
  8. ဘန်ကောက်ရောက်ရင် Tchan အိမ်ကိုအလည်လာချင်တယ်......... :P

    ReplyDelete
  9. အိမ်အလည်လာမယ်ဆိုတာနဲ့ စကားမေးတောင် မရတော့ဘူး တီချမ်း ... ဝမ်းနည်းတယ် တကယ်ပဲ ..း(

    ReplyDelete
  10. ဟော်တော့ ရှင်က နာမည်တောင် မဖော်ပြရဲဘဲနဲ့များ အိမ်လည်လာအုံးမယ် တကယ်ပဲ

    ဘန်ကောက်မှာနေတာဆိုရင်တော့ လာသာလာပါ တခုခုတော့ စားရစေရမယ် ကဲ ကျေနပ်ပလား လာရင်လဲမြန်မြန်လာနော် ကျုပ်က မေကုန်ရင် ပြန်ပြီ

    တလက်စတည်း အီဗီရေ ကျုပ်က အစက အစားအသောက်ဘလောခ် မဟုတ်ပါဘူးကွယ် လုပ်ရင်း ဖြစ်သွားတာပါ သူငယ်ချင်းကို ပြောလိုက်ပါ လာလည်တာကျေးဇူးပါလို့နော်

    ReplyDelete
  11. တီချမ်း ချက်သွားတာ လွယ်သားပဲ..

    ReplyDelete
  12. တီချမ်းသာ ချက်လိုက်ရင် ဘာပဲ ဖြစ်ဖြစ် လွယ်သွားတာချည်းပဲလေ

    ReplyDelete
  13. ဟုတ်ပါ့အေ.....

    ReplyDelete
  14. တီချမ်း..ကျူချိုင်ဆိုတာ ဘာလဲဟင်......လုပ်စားချင်လို့ပြောပြပါနော်..

    ReplyDelete
  15. ကျူချိုင်ဆိုတာ ကြက်သွန်မိတ်လိုပဲ အနွယ်ဝင်တူတယ် သူက အပြား

    မန်ဒရင်းက ကျူ (၉ ) ချိုက် ခေါ်တယ် ဖူ့ကျန့် က ကျူးချိုင် ခေါ်တယ်

    သံဈေးမှာ ရှိတတ်တယ် ကျူးချိုင်လို့ မေးရင် သိကြပါတယ်

    စူပါမားကက်တွေမှာ ဝယ်မယ်ဆိုရင်တော့ ကြက်သွန်မိတ်နဲ့တူတဲ့ အရွက်ပြားပြားတွေ ရှာဝယ်ပါ

    ReplyDelete
  16. Thank you Tchan. <3

    ReplyDelete