Sunday, November 22, 2009

ည နဲ့ ဘဝ

ည နဲ့ ဘဝ

အထီးကျန်တဲ့ငါ
အထီးကျန်မြို့တော်ကြီးထဲမှာ
ဝေ့လည်လည် လျှောက်လှမ်းလို့

နေ့တိုင်းမပြောင်းလဲတဲ့
ဘဝကို
ယေဘုယျ ကျကျဖြတ်

နေ့ရက်တွေက
ရိုးလွန်းပေမယ့်
စောဒက တက်စရာ
အကြောင်းအရာကမဲ့
ဘဝကအဲ့ဒီလိုပဲ…တဲ့

အထီးကျန်တဲ့သူက
ဘာသာအထီးကျန်

ငေးမောနေတဲ့သူတွေကလဲ
ဘာသာငေးမော

အထီးကျန်ကျန်နဲ့
ငေးမောနေတဲ့သူ
ငါကတော့……
သြော်
ငါ့ဘဝပါလား….

A Chen
11:27 pm
21st November 2009
Home
Bangkok

1 comment:

  1. လူတိုင်းလူတိုင်း သူ့နည်းသူ့ဟန်နဲ့သူ အထီးကျန်နေကြတာ တီချမ်းမသိသေးလို့ပါဗျာ...

    ReplyDelete