လူ၊ မှန်၊ နံရံ၊ ပါးစပ် နဲ့ နားများ
လူတွေမှာ ပါးစပ်တွေရှိတယ်
မှန်တွေမှာ အရိပ်တွေရှိတယ်
နံရံတွေမှာ ပါးတွေရှိတယ်
လူတွေက ငါ့အကြောင်းပြောတယ်
“အတင်း” ပေါ့
မှန်တွေက ငါ့ကိုယ်ငါ ပြန်မြင်စေတယ်
ပုံရိပ်ယောင်ပေါ့
(ဒါပေမယ့် ပြောင်းပြန်ကြီး
အဲ့တာကြောင့်
ထိတ်စီးနဲ့ နောက်ပိတ်လွဲနေသလိုခံစားရတယ်)
နံရံတွေ က လူတွေပြောတာ ကို ပဲ့တင်ထပ်ပေးတယ်
အက်ခိုးပေါ့
ငါ့မှာလဲ နားတွေရှိတယ်
နားတွေလို့ပြောတဲ့အတွက်ကြောင့်
ပလူရယ် အများဖြစ်တယ်
နားတွေရှိတဲ့အတွက်ကြောင့် လူတွေပြောတာကြားတယ်
နောက်နားတဖက်ရှိနေတဲ့အတွက်ကြောင့်လဲ
ကြားထားတာတွေပြန်ပြန်ထွက်သွားတယ်
အဲ့တာမှ အားမရသေးရင်
ငါ့မှာ ငါကြားတာတွေ ကိုပြန်ပြောပြစ်လိုက်ဖို့
ပါးစပ်တပေါက်ရှိသေးတယ်
လိုတိုးပိုလျော့ လုပ်ပေးဖို့ ဦးနှောက် တစုံလဲရှိသေးတယ်
“တန်ပြန်အတင်း” ပေါ့
ကဲ ဘာလိုသေးလဲ
လာလေ
မိုက်ရင် ချမလား???
(ဝန်ခံချက်။ ။
မိညီမ ၏ ကျမနှင့် ကျမ၏အခြားတစ်ဖက်
ကိုဖတ်၍ ဤကဗျာ ကိုရေးဖြစ်သည်။)
A Chen
6th November 2009
3:21 am
Home
Bkk, Thailand
New year trip 03012025
-
အုပ်စုလိုက်ခရီးထွက်ရတာ ပျော်စရာကောင်းပေမယ့် ကိုယ်တကိုယ်စာလုပ်ချင်တာတွေ
မလုပ်ခဲ့ရဘူး။ ခါတိုင်းလို ခရီးသွားပုံကြမ်းခြစ်တာမျိုး မလုပ်နိူင်ခဲ့တာ
ကိုယ့်အ...
1 day ago
မိုက်တယ်ဟေ့
ReplyDelete(ချမယ် လို့ ပြောတာ မဟုတ်ဘူးနော်။ idea ကို ကောင်းတယ်လို့ ချီးကျူးတာ)
နန်းညီရဲ့စာလဲ လေးလေးနက်နက်ရှိတယ်...
ReplyDeleteတီချမ်းရဲ့ ကဗျာလည်း ကောင်းတယ်...
စိန်ခေါ်ထားတာတွေ့တော့ နည်းနည်းတော့ လန့်သွားတယ်...
းဝ)
ပလူရယ် (plural) အများဖြစ်တယ် ဆိုတာကိုတော့ တော်တော်လေး စဉ်းစားယူလိုက်ရတယ်...
ReplyDeleteးဝ)
Brilliant !!!
ReplyDeleteI would say Poem of the Year !!!!
bs
ကောင်း
ReplyDeleteတယ်ဟုတ်တဲ့ တီချမ်း
ReplyDeleteရေးပုံက လန်း
အချက်အပြုတ်က ကျွမ်း
ဝက်ကြံမဆိုင် ကျွေးစမ်း (ပါ)
မအယ်
ကောင်းတယ် ကဗျာလေး
ReplyDelete