Wednesday, February 2, 2011

မောင်ဗေဒါ



မောင်ဗေဒါ

ဗေဒါငယ်ငယ်
မာန်ကြွယ်ကြွယ်
မလှသော်လည်း ကြံ့ခိုင်တယ်
ဘဝ ကိုလဲ ရုန်းကန်တယ်
ရေကိုလဲ စုန်မယ်
လေကိုလဲ ဆန်မယ်
မုန်တိုင်းကိုလဲ အံ့တုမယ်

အတ္တိသယ ဆိုသော်လည်း
လှတယ်
စိတ္တဇ ဟုဆိုသော်လည်း
ရမယ်

ဗေဒါ ငယ်ငယ်
မလှသော်လည်း အရှုံးမခံတယ်
ဘဝကိုလဲ ရုန်းကန်တယ်

A Chen
4:33 PM
2nd Feb 2011
Wednesday
Bangkok

မနက်က ညီမငယ်တယောက်က ဖဘ မှာ ဆရာဇော်ဂျီ ရဲ့ ဗေဒါ စီးရီးထဲက “ရဲခဲ့သည်ပဲ” (ဘယ်ဘက်က လောလောဆယ် ကြိုက်နေတဲ့ ကဗျာ ကော်နာ ကို ကြည့်ပါ) ဆိုတဲ့ ကဗျာလေး ကိုတင်ပါတယ်။

နေ့လည်ပိုင်းကျတော့ ဖဘ မှာ ပုံတွေ လျောက်ကြည့်ရင်းနဲ့ မမပန်ပန် ပုံတပုံမှာ ကွန်မန့် မန့်ရင်း ကဗျာ တပုဒ်ရေးပါတယ်။ အစကတော့ ဒန်းဇင်းလေဒီ (နောက်နေ့တင်မယ့် ကဗျာ) နဲ့ ဗေဒါ ကို “နှိုင်းယှဉ်” ပုံစံလေးရေးထားတာပါ။ နောက်တော့ သပ်သပ်ခွဲထုတ်လိုက်ရင် ပိုကောင်းမယ်ထင်လို့ ဗေဒါ က သပ်သပ် တပုဒ်ဖြစ်လာပါတယ်။ ပုံကိုတော့ ဂူဂဲလ် ကနေရပါတယ်။

ပန်းတွေ ဆိုရင် မိန်းကလေးနဲ့ တင်စားတတ်ကြလို့ ကိုယ်ကတော့ သန်ရာသန်ရာ ကောင်လေး အနေနဲ့ မြင်ကြည့်တယ်။ အဲ့တာကြောင့် ကဗျာ နာမည် ကို မောင်ဗေဒါ လို့ပေးပါတယ်။ ဆရာဇော်ဂျီ ကိုပြောင်လှောင်လိုခြင်း အလျင်းမရှိကြောင်း အရင်ပြောချင်ပါတယ်။

စကားကုန်။ (မကျန်အောင်ပြောတာပါ စကားကြွင်းမဟုတ်ဘူးနော်)
သူငယ်ချင်းက မေးပါတယ် ....နင်က မောင်ဗေဒါလားတဲ့ ပြန်ဖြေလိုက်တယ် “ဟင့်အင်း မဟုတ်ဘူး” လို့
“ကျမ က ဘဲအုပ် တရာ နှစ်ရာမက သုံးရာလောက် နဲ့ တွေ့ချင်တဲ့ မဗေဒါပါ” လို့
ဟိဟိဟိ လူအပြောခံရအောင် လုပ်မိပြန်ပြီ

3 comments:

  1. lolz

    အောက်ဆုံးပိုဒ်ကို ရယ်တာ

    ReplyDelete
  2. ဗေဒါပန်းလေးကိုလည်း ကြိုက်တယ်၊ ကဗျာကိုလည်း ခံစားလို့ရတယ်၊ ရုပ်ရှင်ကလည်း မဆိုးဘူး ကြည့်ဖူးတယ်၊ မဗေဒါနဲ့ တွဲတာ ဘဲအုပ်တွေဆိုတော့ကာ ဘဲသားလည်းကြိုက်တယ်။ ရှင်းအောင်သေချာပြောခဲ့တယ်နော်။ :P

    ReplyDelete
  3. ဒီမှာ ဒေါ်ရီတာ ရယ်တယ် ဆိုတာ ပါးစပ်ကို ဖြဲပြီး ဒီလို ဟားဟားဟားဟား လို့ ရယ်ရတယ်
    တစိမ့်စိမ့်တွေးလေ ရယ်ချင်လေလား ဒေါ်ရီတာ

    ဒေါ်သလင်း ရှင်ကလဲ စကားကုန်ပြောလိုက်တာပေါ့လေ

    ကဗျာ ကိုပဲ မန့်ကြပါ
    တကယ်ပဲ

    ReplyDelete