
(foto from google)
တကယ်လို့သာ...ဆိုရင်...
တကယ်လို့သာ
ယောက်ျားတယောက်ကို
အဲ့ဒီလောက်
စွဲစွဲလမ်းလမ်း
တမ်းတမ်းတတ
နက်နက်နဲနဲ
ရူးရူးမိုက်မိုက်
မက်မက်မောမော
ဆင်ခြင်တုံတရားမဲ့
အသိဥာဏ် နုံနဲ့စွာနဲ့
မချစ်ခဲ့မိဘူးဆိုရင်...
ဘဝကို အခုထက်ပိုပြီး
သာသာယာယာ
ပျော်ပျော်ရွှင်ရွှင်နဲ့
ကျေနပ်မိမှာပဲ
အချစ်ဆိုတာ...
ဝန်ထုပ်ဝန်ပိုးတမျိုးပါ။
A Chen
6:29 AM
24th March 2011
Thursday
Home
Bangkok
အချစ်ဆိုတဲ့ ၀န်ထုပ်ဝန်ပိုး ဟာ ကိုယ်က လိုလိုလားလားထမ်းထားရတဲ့ ၀န်ထုပ်မျိုးပါ။
ReplyDeleteဘယ်လောက်ပဲရင်တွေနာနေပါစေ၊ ဘယ်လောက်ပဲ နာကျင်စရာကောင်းနေပါစေ၊ မုန်းပစ်လိုက်ရင် အဲ့ဒီ အချစ် ၀န်ထုပ်ကြီး ကျသွားမှာကို သိနေပေမယ့် ရူးရူးမိုက်မိုက် ဆက်ချစ်နေမိတာကိုက ၀န်ထုပ်လို့ သတ်မှတ်လို့ မရတဲ့ အချစ်ဆုလာဒ်ကြီးပါ။
မင်းကိုချစ်ခွင့်ရနေတာ ငါ့အတွက် ဘယ်လိုမှ နောင်တမရနိုင်တဲ့ ဘ၀မှာ ဘယ်လိုမှ မကြုံနိုင်မယ့် ရှုံးနှိမ့်မှုမျိုးပါ။ အဲ့ဒီရှုံးနှိမ့်မှုကို ငါ ရင်မှာပိုက်ပြီး မျက်ရည်တွေစီးကျနေတဲ့ မျက်လုံးတွေနဲ့ မင်းငါ့နှလုံးသားတွေကို နင်းချေသွားတာ ငါ ကျေကျေနပ်နပ်ကြည့်နေမှာပါ။
မင်းကိုသိပ်ချစ်တဲ့ ၀န်ထုပ်ဆိုတာ တကယ်တော့ ခံစားရခက်တဲ့ ငါ့ဘ၀ရဲ့ ပျော်ရွှင်မှု တစ်မျိုးပါ။
ဘုရားရေ ဒေးဗစ်
ReplyDeleteနင်မှ ဟုတ်ရဲ့လား
အခုတလော ငါ့စာတွေကို နင်နားလည်နေတယ်ပေါ့လေ
ခံစားချက်နဲ့ ကိုက်နေတယ်ပေါ့