တလောကပေါ့အေတို့ရယ်။ ကျုပ်တို့မှာ မြို့ကြီးပြကြီးရယ်လို့ ရောက်ရှိနေထိုင်နေရပေမယ့် ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်ဓလေ့ကိုတော့ ဘယ်မေ့ပါ့မလဲနော်။ အရင် ရွှေပြည်တော်မှာ (နေပြည်တော်မဟုတ်) မှာ နေခဲ့တုံးက ဒီလိုအချိန် ဆောင်း အကုန် နွေ အကူး လေရူးမြူးတဲ့ နွေဦး ကာစ အခါသမယတွေမှာဆိုရင် တို့တယောက် ဈေးအစုံစုံလှည့် သရက်ကင်း လေးတွေရှာဝယ်ရင်း ဈေးသည်တွေနဲ့ ရန်ဖြစ်ခဲ့ရတာ သတိရသေးသာပ။
အော်ခုတော့လည်း ရန်ဖြစ်စရာမလိုအောင် သရက်သီးစိမ်းဆိုတာ ဆယ့်နှစ်လရာသီ ရနေပေမယ့်လဲ ဒီက အသီးတွေက တို့ရွှေပြည်က အသီးတွေလို မွှေးချင်းလဲမရှိ အစေးဆိုတာလဲ နထ္တိ အရသာကျတော့ ဖွယ်တယ်တယ်ရှိ၏ ဆိုသလို (မသိတော့လဲ သေချာမသိပါဘူးအေတို့ရယ် အမောင်လေးပြောတော့ သူတို့ဆီက အသီးတွေက အော်ဂင်းမနစ်ဘူးဆိုလား ဘာလား ကျုပ်တော့ နားမလည်ပေါင်အေ)
ပြောသာပြောရသာပါ ခုတော့လဲမြို့ကြီးပြကြီး အနေကြာလာလို့ သွေးကြီးတာလား ဘာလားတော့ မသိ။ ပြောမပြောချင်တော့ပါဘူးအေ။ တခါတလေတော့ လဲ ငတို့ပြည် ငတို့ရွာက အသီးစိမ်းလေးတွေ တမ်းတမိသား။ အဲ့သဟာနဲ့ ပြောရမယ်ဆိုရင်တော့ ပေါ့အေ..........
ငတို့ပြည်နဲ့ နယ်ချင်းကပ်နေတဲ့ နေရာက အရီးဒေး တို့ အဖွားဖဲ တို့ အလည်လာကြပါရောလား။ အဲ့သမှာ သတို့ ကို ရွာ ဘက်က အသီးစိမ်းလေး ဘာလေး ပေါ်ရင် ဆွဲခဲ့ကြအေတို့ရယ်ဆိုသော့ ခမျာများလဲ တွေ့တာ ဆွဲခဲ့ပေးကြသာပေါ့။ မရမ်းသီး စိမ်းလေးတွေက စိုမှစို၊ ဒညင်းသီးစိမ်းလေးတွေက လတ်မှလတ် ဆိုတော့ အိမ်က လူကြီးနဲ့ သိုင်ပင်ကြတော့ စိမ်စားကြမယ်ပေါ့။ အဲ့သဟာနဲ့.....တွေ့ကြတဲ့အတိုင်း မရမ်းသီး စိမ်းလေးတွေကို ရေစင်စင်ဆေး၊ နောက် ဗူးထဲမှာ ထည့်၊ ဟော ဆေးသကြားခဲလေးတွေ ကြိတ်ပြီး ထည့် ရေသန့်လေးတွေ ဖုံးရုံ လောင်းပေး နောက်တရက်နှစ်ရက်နေ့တော့ စားရရောပေါ့အေ။ ပြေအာရအုံးမယ် အဲ့ဒီ ဆေးသကြားဆိုသာကလဲ တို့တွေ ရွာမှာနေတုံးက အရပ်ထဲက ကုလားမဆိုင်ဝယ်မလား၊ တရုတ်မ ကုန်စုံဆိုင်ပြေးမလား ပေါလအောရပါ့အေ။ ခုတော့ ဒီမှာ မရှိလို့ အဲ့သည် အရီးဒေး တို့ မဲစောက် ကိုမှာရပါပကောလား။ ပြောပြောချင်ဘုအေ။ ကဲကဲ ပုံတွေကိုသာကြည့်သော့.......
အောက်ကဟာကသော့ မရမ်းသီး စိမ်သာကျပြီး စားလို့ရတဲ့အခါ သို့စားဖို့ အိမ်က ဟာကြီးဖျော်တဲ့ ငရုတ်သီးပေါ့အေ။ ငရုတ်သီးအကြက်မှုန့် ဒင်းကြမ်းနဲ့ ပုစွန်ခြောက်မှုန့် ငံပြာရည်နဲ့ အချိုမှုန့် နည်းနည်းထည့်သယ်။ သူတို့ နယ်ဘက်ကပေါ့အေ။ နောက် ငရုတ်သီး မှုန့် ကျအောင်တညနပ်လိုက်ရင် ရေးရင်းဘတ်ရင်းနဲ့ ပါးစပ်ထဲက သွားရည်ကျအောင်လွှတ်ကောင်းပေါ့အေ
အောက်ဆုံးဟာကတော့ အိမ်သား လုပ်တဲ့ ဒညင်းသီး ဆားရည်စိမ် သူကတော့ သော်သော်ကြာမှစားရသယ်။ ပုံမှာပါတဲ့ ရက်စွဲကနေ စိမ်လိုက်သာ မနေ့တနေ့ကမှ ကျက်တယ်ဆိုတော့ စဉ်းစားသာကြည့်ကြတော့။
ကောင်းတာတော့ ကောင်းတယ်အေ ဒညင်းသီးလေးတွေက နုတော့ ကြွပ်ဆတ်ဆတ်နဲ့
ဆီပျံဟင်းလေးနဲ့ ထမင်းပူပူလေးနဲ့ ကုန်းလွှေးလိုက်ရရင်တော့လား..............အညာက အရီးတားတို့ အရီးကွမ်တို့ အဖွားလေး သူသူ တို့ အကုန်မေ့သွားမယ်
A Chen
2:00 PM
22nd March 2011
Tuesday
Home
Bangkok
Tuesday, March 22, 2011
Subscribe to:
Post Comments (Atom)
စိမ်ပုလင်းတွေ...
ReplyDeleteစား စား စား.....စားချင်တယ်
ReplyDeleteကုန်...ကုန်...ကုန် ပြီကွယ်
ReplyDeleteသွားရည်ကျတယ်
ReplyDeletelu soe pel..kone ma post tin tel..
ReplyDeleteDavid Aye Myat - စားချင်တယ်အေ။ အရီးနေတဲ့အခုရွာတော့ ဘာမှ မရှိဘူး။ လက်ဖက်တောင် ၃ နာရီလောက်လှည်းနဲ့သွားရတဲ့ ပျဉ်ကန်း ကမှာစားရတယ်အေ။
ReplyDeleteခေါင်သမှ သိပ်ခေါင်။ အရီးဖြင့် ဇက်တွေ၊ ခါးတွေ တောင့်နေတာတောင် နှိပ်ပေးမယ့်သူမရှိဘူး။ ခေါင်ပါ့အေ။2:02 pm
ရှလွတ်....ရှလွတ်နဲ့ သွားရည်ပြန်သိမ်းသွားရတယ်။
ReplyDeleteညည်းရေးတာ သယ်သဘောကျသအေ
ReplyDeleteသားရေလည်းကျသွားသယ်အေ
ဒညင်းသီး ဆားရည်စိမ် နည်းလည်း မပကါဘူး
ReplyDelete