Monday, May 2, 2011

ကြာဇံကြော်............

ပျင်းနေပါတယ် အလုပ် က ၃ ရက်ဆက်တိုက်ပိတ်လို့ပါ မေဒေး က တနင်္ဂနွေ ဖြစ်နေတော့ ၂ ရက်နေ့တနင်္လာ ကို အစားပြန်ပိတ်ပေးပါတယ် လောင်းလဗ်သည်ကင်းပါပဲ...ပျင်းပျင်းနဲ့ ဘာချက်ရမှန်းလဲ မသိဖြစ်နေတာနဲ့ဒီနေ့တော့ ကိုကာဆူကီ သွားစားကြပါတယ် မဆိုးပါဘူးစားလို့တော့ ကောင်းပါတယ် ဆားဗစ် က ညံ့တာ တခုပဲ စီယမ် စင်တာ က ပါ ထားတော့ အဲ့တာနဲ့ တလောက ရိုက်ထားတဲ့ ပုံတွေထဲက ပဲ ရှိတာလေး တင်ပေးလိုက်ပါတယ် ကြာဇံကြော်ပါ အရင်က အရွက်ကြိုက်တဲ့ ကောင်လေးတွေ ကောင်လေးတွေမောင်တွေကိုကြီးတွေ နဲ့ ချစ်နေကြိုက်နေတုံးကလဲ တခါကြော်ဖူးပါတယ် ဒီမှာကြည့်ပါ

ဒေါ်ချစ်ကတော့ ဖြူစုတ်စုတ် လို့ပြောမယ် ထားတော့ ပြောလဲ ပြောပစေ ကိုယ်ကတော့ စားချင်တာ ချက်စားမယ် အိမ် က ကာနီဘော ကိုလဲ သူ့ဘာသာ စားချင်တာ စားပစေ သူက ကြက်လဲမစား အမဲလဲ မစားတော့ ကိုယ်နဲ့ ခက်တယ် ကိုယ်က တော့ အကုန်စားတယ် ဖြစ်နိုင်ရင် အော်သံတွေပါစားတယ်





ဝက်သား ကို ပါးပါးလှီး ငံပြာရည် ကော်မှုန့် အနည်းငယ် ဆား အချိုမှုန့် ငရုတ်ကောင်း နယ်ထားပါတယ် ဂေါ်ဖီ ကို လှီး ပြီး ရေဆေး စစ်ထားပါတယ် ပြီးရင်တော့ စကြော်လို့ရပါပြီနော် ဆီ ကို အရင် ပူလာအောင် တည်ပါ





ပြီးရင် ခုန က နယ်ပြီး နှပ်ထားတဲ့ ဝက်သား ကို ထည့်ကြော်ပါ ဝက်သား ကျက်ရင် ဂေါ်ဖီ ထည့်ပါ ဂေါ်ဖီ တွေ ကျက် ခါနီးရင် ခရုဆီ နည်းနည်းဆမ်းလိုက်ပါတယ် ပြီးရင် အဲ့တာ ကို ခဏ သပ်သပ်ဖယ်ထားပေးပါ





ဆန်ကြာဇံ ကို ရေအရင်စိမ်ထားပါမယ် ပြီးတော့ စစ်ပြီးတော့ ဆီပူအိုးထဲမှာ ထည့်ကြော်ပါမယ် ပဲငံပြာရည် အနောက် ကို နည်းနည်း ထည့်ပေးပါ အရောင်လှအောင် ဖြစ်ပါတယ် ကြာဇံ တွေကျက်လာတဲ့ အထိ ကြော်ပေးပါ အပေါ့အငံ မြည်းကြည့်ပါ ဆား အချိုမှုန့် အများကြီး မထည့်ပါနဲ့တော်ကြာ ငံ ကုန်မှာ စိုးရပါတယ်





ပြီးရင်တော့ ခုန က ကြော်ထားတဲ့ ဝက်သား ဂေါ်ဖီ ကို ကြာဇံ ထဲ ထည့်ပြီးတော့ သမ အောင်မွှေ ပေးလိုက်ပါ ကြာဇံနူးမနူး မြည်းပါ အနူး လိုတယ်ဆို ရင် ရေနည်းနည်း ထည့်ပြီး ခဏ အုပ် ထားလို့ရပါတယ်





အားလုံး အိုကေတယ်ဆိုရင်တော့ ပန်းကန်ထဲ ထည့်လိုက်ရင် လွယ်ကောင်း သက်သာ မြန်ဆန် အရသာရှိ အိုအိရှိ ဆန်ကြာဇံ ကြော် တပွဲရပါပြီ ကြိုက်နှစ်သက်ရာ အရွက် အရောင် စုံစုံလေး ထည့်ပြီး ကြော်လဲရပါတယ် တီကတော့ အိမ်မှာရှိတာနဲ့ပဲ အမြန်ချက်လိုက်ရလို့ ပါ လွယ်ကောင်းသက်သာ လေ နော် ဟင်းရည်လဲ အလွယ် မြန်မြန် စွန်တန်ပဲ လုပ်လိုက်ပါတယ် နောက်တော့ အိမ်မှာ အသင့်ရှိတဲ့ မုန်ညှင်းချဉ် လေးနဲ့ စားတော့ ကောင်းမှကောင်းပါပဲ အိမ်သားကလဲကြိုက်တယ်လေ





ဒါလေးကတော့ ဘောနပ်စ် ယိုးဒယား ဝက်သားချဉ်ကင်ပါ သူကလဲအထဲမှာ ပဲကြာဇံပါတယ် ဂေါ်ဖီ အစိမ်းတွေ ငရုတ်သီး စိမ်း ဂျင်း တက်တွေနဲ့စားရတာ မဆိုးပါဘူး ကိုယ်ကတော့ မကြိုက် မောင် နဲ့အမေပဲ ကြိုက်တယ် သူတို့ဝယ်စားကြတာ

A Chen
12:48 Am
2nd May 2011
Monday
Home
Bangkok

5 comments:

  1. သိတ်ဂုဏ်ဖော်တာဘဲသူ။

    ReplyDelete
  2. ဟယမ မမကွမ်ကလဲ စွပ်စွပ်စွဲစွဲအမှန်တရား ကို မိုးနတ်မင်းကြီး သိပါတယ်

    ReplyDelete
  3. "အိမ်သားကလဲကြိုက်တယ်လေ" :P

    ReplyDelete
  4. စွမ်ထန်ဟင်းချိုကို ပိုစိတ်ဝင်စားတယ်အေ...၊ ကြာဇံကြော်လည်း မဆိုးပါဘူး ကြာညို့ နဲလို့ ဖြူနေတာရယ် အရသာတော့ ကောင်းမှာပါ။ ကိုယ့်ကြာဇံကြော်ကိုတွေ့ရင် တီချမ်း ခိုက်သွားမယ် ဟင်းဟင်းးးး

    http://www.chitkyiaye.com/2010/07/blog-post_05.html

    ရဲရဲကြီး ကလစ်ကြည့်လိုက်ပါ :))

    ReplyDelete
  5. အိုမကျေနပ်ဘူး မကျေနပ်ဘူး လုံးဝ မကျေနပ်ဘူး ဒေါ်ချစ် ရှင်က ရန်စတယ်လား ပြန်ချက်ပြမယ် လာခဲ့

    ReplyDelete