Friday, March 9, 2012

နာကျင်ခြင်းနဲ့ လဲမယ့် နုပျိုမှု




စာမရေးဖြစ်တာကြာပါပြီ။ အာရုံမလာတာကော မအားတာကော စုံနေလို့ပါ။ အရင် နှစ်ပတ်က သင်တန်း ပေးနေလို့ မအားတာနဲ့ အိမ်ပြန်ရောက်တော့ ပျင်းနေတာနဲ့ နောက်အိမ်က အင်တာနက်ကလဲ နှေးနေတာ ပုံတောင် တင်လို့ မရဘူး အဲ့လို အကြောင်းတွေ စု ပေါင်းကာစုပြီးသကာလ ဘာမှမရေးဖြစ်တာ ၂ ပတ်ကျော်ပေါ့။ မနေ့ညကတော့ မောင်က ကြည့်တာနဲ့ ယိုးဒယား ရုပ်ရှင် ခေတ်ကား တခွေလိုက်ကြည့်ဖြစ်ပါတယ်။ 30+ on sale ဆိုတဲ့ အခွေပါ။ ဇာတ်လမ်းက မင်းသမီးလုပ်တဲ့ ကောင်မလေးက နိုင်ငံခြားက ပြန်လာတဲ့ ချစ်သူကို လေဆိပ်မှာ လာကြိုတဲ့ အခန်းနဲ့ စပါတယ်။ ချစ်သူပြန်အလာကို ဝမ်းသားအားရ
ပျော်ရွှင်ပြီး လာကြိုတဲ့ ကောင်မလေးမျက်နှာကို မြင်မြင်ချင်း ဖြစ်သွားတဲ့ အကောင်မျက်နှာက အီးမှန်သလိုပါပဲ။ သူစိတ်ပြောင်းလာခဲ့ပြီလေ။ အသစ်တွေ့လာပြီပေါ့။ လေဆိပ်ကနေကြိုလာပြီး အကောင်နေတဲ့အိမ်တောင်
မရောက်သေးဘူး လမ်းမှာပဲ ရှိသေးတယ် ကားထဲမှာ အကောင်က ဖြတ်စကားပြောတဲ့ အခန်းပါ။ သူအသစ်တွေ့
နေပြီတဲ့လေ။ လွယ်လိုက်တာနော်။ ကောင်မလေးက ငိုယိုပြီးတော့ ပြောတာက ချစ်ခဲ့တာ ၇ နှစ် ဒီလိုပြောလိုက်တော့လဲ လွယ်လိုက်တာနော်။ ပျက်ဆိုတော့ ပျက်ရောလား။ ကောင်မလေးကတော့ ရှင်းပါတယ်။ ခုချက်ချင်း ကားထဲက ထွက်လို့ တခွန်းပဲပြောတယ်။ အကောင်လဲကားထဲက ထွက်ရော မောင်းထွက်သွားတာပဲ။ အကောင်က နောက် ကနေ ပြေးလိုက်ပါသေးတယ်။ တောင်းပန်မလို့ ပြန်ဆက်မလို့ တခုမှ မထင်လိုက်ပါနဲ့။ သူ့အိတ်တွေပါသွားလို့ပါ။ ကောင်မလေးကလဲ သတိရသွားလို့ထင်ပါတယ်။ ကားရပ်ပြီး အထုပ်တွေကို ကားထဲကနေ ဒေါသနဲ့ ဆွဲချပြီး ဆက်မောင်းသွားပါတယ်။

ဒီရုပ်ရှင်ကိုကြည့်ပြီးတော့ ကိုယ်အတွေးတွေဝေပါတယ်။ အဲ့ဒီတော့ ရီလေးရှင်းရှစ်ပ် P နဲ့ မရှစ်ပ် ပဲ T နဲ့ ရှစ်ထိ တာလား ဒါမှမဟုတ် လုံးလုံးကို Sh*t ပဲလား။ (၇) နှစ်ဆိုတဲ့ အချိန်တွေက အလကားလား? ကိုယ်တို့တွေ ယောက်ျားတယောက်ကို အဲ့လောက် အချိန်များများ ရင်းနှီး မြုပ်နှံသင့်ရဲ့လား? ဘာ အာမခံချက်ရှိသလဲ? တခါက ရေးဖူးပါတယ်။ ကိုယ်တို့တွေရဲ့ နုနယ်ပျိုမြစ်မှုတွေကို လဲသင့်မလဲသင့်ဆိုတာနဲ့ပတ်သက်ပြီး......နုပျိုမှုတွေက ပြန်မရပါဘူး။ မိန်းကလေးတွေ သိပ်သတိထားသင့်ပါတယ်။ ကိုယ့်ရဲ့ ရင်းနှီးမြုပ်နှံ့မှု ကပ်ပီတယ် (Capital) ကို ကိုယ်ကြည့်ရမယ်။ ခုပြောနေတာ ချက်ချင်းရည်းစားထား ချက်ချင်းကောက်ယူဖို့ ပြောနေတာ မဟုတ်ဘူးနော်။ အချိန်ယူရမယ် သို့သော် အချိန်ယူတာမှာလဲ လစ်မစ်ရှိရမယ် ပြောနေတာ။ မိန်းကလေးတွေအတွက် နုပျိုမှု က တန်ဖိုးမှလား။

ထားတော့ ဆက်စပ်ပြီးတော့ တလောက အဖြစ်အပျက်တခုကို ပြန်ဖောက်သည် ချချင်သေးတယ်။

အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့ သူငယ်ချင်း လူပျိုကြီးတယောက် အသည်းကွဲတာ တနှစ်ကျော်ပြီးသကာလ အချစ်မြစ်ထဲမှာ ပြန်ပျော်ဝင် နှစ်မြုပ်နေပြန်ပါပြီလို့ သူငယ်ချင်းတွေကြားထဲ တခါထပ်ပြီး ကြေညာလာပါတယ်။ သူက သူ့အခု ကောင်မလေးက ဘယ်လို ပုံစံလဲလို့ ကိုယ့်ကို မှန်းခိုင်းပါတယ်။

“နင့်အရင်ကောင်မလေးထက် အသက်ပိုငယ်ရမယ်”
“သိပ်တော်တာပဲ နင်ပဲ ငါ့ကို နားအလည်ဆုံး” လို့ သူက ပြောပါတယ်။

သူ့အခု ကောင်မလေး အသစ်က သူ့ထက် အသက် ၁၆ နှစ်တိတိငယ်ပါတယ်။ တကယ့်ကိုနွားအို မြက်နုကြိုက်ပါပဲ
အသက် ၃၉ နှစ်ရှိနေတဲ့ အိမ်ထောင်မကျသေးတဲ့ လူပျိုကြီး က ရည်းစားထားတယ်ဆိုရင် သူ့ထက် ငယ်တဲ့ သူကို မရှာလို့ သူ့ထက် အသက်ပိုကြီးတဲ့ ပိုအိုတဲ့ မိန်းမကို ရှာမလားလို့နော်။ အံ့ပါရဲ့ ယောက်ျားတွေများ။

ပြီးတော့ ဒီတနှစ် ချစ်သူများနေ့မှာ သူတယောက်ထဲဖြစ်စရာမလိုတော့ဘူး။ သူ့ချစ်သူ ကောင်မလေး အသစ်စက်စက်နဲ့ ဘာလုပ်မယ် ညာလုပ်မယ် ဘာညာနဲ့ စွတ်ကြွားနေတဲ့ အဲ့ဒီ သူငယ်ချင်း အကောင်ကို ကိုယ်လဲ အမြင်ကပ်ကပ်နဲ့ “ကောင်မလေး ငယ်ငယ်လေးတွေ ဆိုတာ အကိုအောင် (အကောင်အို) တွေကို အနှေးနဲ့အမြန်တော့ ထားခဲ့မှာပဲ” လို့ သတိပေးပြောလေးတော့ ပြောလိုက်သေးတယ်။

လူလတ်ပိုင်းယောက်ျားတွေရဲ့ ကောင်မလေး ငယ်ငယ်တွေအပေါ်မှာ ဆွဲဆောင်နိုင်မှုတွေက....သူ့ရဲ့ ရင့်ကျက်မှု၊ တည်ငြိမ်မှု၊ အသိအမြင်ကြီးမှု၊ အောင်မြင်မှု၊လေးနက်မှု စတာတွေအပြင် သူမတို့ အပေါ် အလိုလိုက်မှု၊ အကြိုက်
ဆောင်မှု၊ ခွင့်လွှတ်သည်းခံနိုင်မှု၊ ချစ်ခင်စုံမက်မှု စတာတွေပါ။ အဲ့ဒီအရာတွေက သူတို့နှစ်ယောက်ရဲ့ အသက်ကွာဟမှု ကိုမေ့သွားစေတဲ့ ဆွဲဆောင်မှုတွေပါ။

ဒီလိုနဲ့ မကြာတဲ့ နေ့တနေ့မှာပဲ ကောင်မလေးက ဒီယောက်ျားဟာ သူ့အတွက် သိပ်ကို အသက်ကြီးတယ်လို့ ခံစား ရလာတဲ့ နေ့တနေ့ကို ရောက်လာခဲ့ရင်....ဒီလူကြီးဟာ သူ့အရင် ဂျင်နရေးရှင်းက လူပါလားလို့ အသိဝင်လာခဲ့ရင်၊ သူ့ကြွက်သားတွေက တင်းရင်းမှုမဲ့ပြီး သူ့ မျက်နှာပေါ်က အရေးအကြောင်းတွေကို အရင်လို ရင့်ကျက်မှု ကိုယ်စားပြုတာလို့ မမြင်တော့ဘဲ အိုမင်းမှု ကိုယ်စားပြုတယ်လို့ မြင်တွေ့လာခဲ့ရင် လက်ချင်းတွဲပြီး တူတူနှစ်
ယောက် လျောက်လည်ကြတဲ့အခါ လူလည်ကောင်မှာ ဈေးပတ်ကြတဲ့အခါ ပွဲလမ်းသဘင်တွေ ဆင်ကြတဲ့အခါ ဒီလူကြီးက ကိုယ်နဲ့ မလိုက်ပါဘူးလို့ ခံစားလာရလိမ့်မယ်။ အဲ့လို အချိန်မျိုးမှာ ကိုယ်နဲ့ သက်တူရွယ်တူ ဒါမှမဟုတ်လဲ အသက်အရွယ်သိပ်မကွာတဲ့ ယောက်ျားပျိုပျို ရွယ်ရွယ်ကို တွေ့လာတဲ့ အခါ အကိုအောင် ကို ချန်ထားရစ်ဖို့ လွယ်လွယ်ကူကူဖြစ်လာတာပေါ့။

“အဲ့လိုတနေ့ ရောက်လာနိုင်တယ်ဆိုတာ ငါသိပါတယ်” လို့ အသက် ၃၉ နှစ်အရွယ် သူငယ်ချင်းက နှုတ်ခမ်းကို ကိုက် အံ့ကိုကြိတ်ပြီး ပြောပါတယ်။

သူက ရှိခဲ့ဖူးတယ်၊ရခဲ့ဖူးတယ် ဆိုတဲ့ အသိကိုပဲ လိုချင်သလို တကယ့် တကယ်တော့လဲ ရှိခဲ့ဖူးတယ် ရခဲ့ဖူးတယ် ဆိုတာလောက်အထိပဲ ရနိုင်တယ်ဆိုတာလဲ သူ သေသေချာချာ သိနေပါတယ်။

သူက လမ်းခွဲရတဲ့ နာကျင်မှု နဲ့ သူ့ဆီကနေ ပျောက်ဆုံးသွားတာ ကြာပြီဖြစ်တဲ့ နုနယ်ပျိုမြစ်မှုကို တခဏပဲ ဖြစ်ဖြစ်
ပြန်ခံစားကြည့်ချင်သေးတာလေ။

မိန်းကလေးတွေဘက်ကနေပြန်ကြည့်ရင်တော့ ကိုယ့် နုပျိုမှု နဲ့ လဲမယ့် အရာက ကိုယ့်တဘဝလုံးကို အာမခံချက် ပေးနိုင်ရဲ့လားဆိုတာနဲ့ တိုက်ရမယ့် မှတ်ကျောက်ပါ။ ယောက်ျားတွေ ရွေးချယ်မှု လုပ်နေသလို ကိုယ်တို့ လဲ ရွေးချယ်နေကြတာပဲလေနော်။ တွဲမယ့် ချစ်သူရွေးတယ်။ နေမယ့် အိမ်ရွေးတယ်။ တည်ဆောက်မယ့်ဘဝရွေးတယ်။ အဲ့တာတွေကို ကိုယ်တို့တွေ အများစုက နုပျိုမှုနဲ့ လဲရမှာမှလား..........

ဟိုပုံပြင်ထဲကလိုပဲ ကိုယ်တွေရဲ့ နုပျိုမှုက ရွှေခွက်နဲ့ လဲရမှာလေနော် အချိန်တွေဆွဲလွန်းရင် ကြေးခွက်နဲ့
တွေ့နေမယ် သို့သော် ကိုယ့်ရွှေခွက်ကိုပေးရမှာ သူ့ဘက်ကဘာပါလာမလဲလဲကြည့်ရမှာပေါ့နော်
ရှေးလူကြီးတွေများ သိပ်တော်တယ်

မဟုတ်ရင် အောင်မြင်တဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့ မိန်းမဖြစ်အောင် ကြိုးစားပေတော့...... အဲ့အခါကျပြန်တော့လဲ အထီးကျန်မှု ပဲ ရွေးချယ်စရာ ကိုယ်မှာကျန်နေနိုင်တာကို သတိရ။ မဟုတ်ရင်တော့လဲ ကိုယ့်ကို လာကြိုက်မယ့် သူတွေက ကိုယ့်ထက်အသက်ပိုငယ်တဲ့ ကောင်လေးတွေ ဖြစ်နေပြန်ရော။ ခက်တော့တာပဲ လောကကြီးက မိန်းမတွေအတွက်မတရားပါဘူးလေ။

A Chen
8:09 PM
Friday
9th March 2012
the Orange coffee shop
Phaya Thai
Bangkok

12 comments:

  1. ဟယ်...ဒါမျိုးဆို တို့ထက်တောင် တီချမ်းတို့က ပို ရေးတတ် ဖွဲ့တတ်သေး
း))))

    ReplyDelete
  2. တီချမ်းရဲ့ ဒီလို အတွေးမျိုးလေးတွေ ဖတ်ရတာ သဘောကျတယ်။ ကျေးဇူး။
    ယောက်ကျားတွေဘက်ကော..မိန်းမတွေဘက်ကော တွေးပြီးရေးတတ်တာ။

    ReplyDelete
    Replies
    1. ကြိုက်တယ်ဆိုလို့ကျေးဇူးပါ

      အဲ့လိုရေးထားတာတွေ ကိုစုပြီး စာအုပ်စီစဉ်နေပါတယ်
      ထွက်လာရင် အားပေးပါအုံးနော်

      Delete
  3. တွေးတတ် ရေးတတ် လိုက်တာ တီချမ်းရယ်
    ဒီလိုစာမျိုး စောစောက ဖတ်မိရင် တော်တော် တန်ဘိုးရှိလိုက်မယ့်ဖြစ်ခြင်း။
    အနော ကို မပိတ်သေးလို့ကျေးဇူးပါ

    ReplyDelete
    Replies
    1. ဒီလိုစာမျိုးကြိုက်တတ်တယ် ဆိုရင် တီအရင်က ဆောင်းပါး ဆိုတဲ့ ကက်တဂိုရီအောက်မှာ ရေးထားတာ အပုဒ် ၇၀ ကျော်ရှိတယ် အနောရေ မပိတ်ဖြစ်သေးပါဘူးကွယ်

      Delete
  4. လောကကြီးက မိန်းမတွေအတွက်မတရားပါဘူးလေ။အင်း..တီချမ်းတွေးသလိုဘာလို့မတွေးမိပါလိမ့်။
    လမ်းခွဲရတဲ့ နာကျင်မှု....ပျောက်ဆုံးသွားတာ ကြာပြီဖြစ်တဲ့ နုနယ်ပျိုမြစ်မှု.....တဲ့။မြကျေး

    ReplyDelete
    Replies
    1. ဘုရား ဘုရား ဒေါ်မြကျေး မကြံကောင်းမစည်ရာ

      တီချမ်းလိုသာလိုက်တွေးကုန်ကြရင် ဒုက္ခတွေများကုန်မှာပေါ့

      တကယ်ကော တီချမ်းလို တွေးချင်လို့လား ဟိဟိ

      Delete
    2. ပာုတ်မလားလို့ရေးကြည့်တာပေါ့..ခွိ။မြကျေး

      Delete
  5.ှစာရေးကောင်းတဲ့ တီချမ်း

    Zune

    ReplyDelete
    Replies
    1. ကျေးဇူးပါ ဇွန်းရေ

      နောက်တခါလာရင် ခက်ရင်းပါခေါ်ခဲ့နော်

      Delete
  6. ခေါ်ခဲ့ မှာပေါ့ :)

    Z

    ReplyDelete