Wednesday, March 14, 2012

ကောင်းကင်ဘုံရနံ့ နတ်သားရနံ့




ဟောင်ကောင် ရုပ်ရှင် လာဗင်းဒါး (Lavender) ဆိုတာကြည့်ဘူးပါသလား။ လာဗင်ဒါး ဆိုတာ ရေမွှေးပန်းကိုခေါ်တာပါ။ ခရမ်းရောင်လေးတွေရှိတယ် ဥရောပဘက်မှာ ပေါက်တယ် ခရမ်းရောင်ပန်းခင်းကြီး တခုလုံး လမ်းကြား ညီညီလေးတွေနဲ့ တွေးကြည့်စမ်းပါ ဘယ်လောက်များ ဆွတ်ပျံ့ ကြည်နူးစရာကောင်းလိုက်မလဲလို့ အဲ့လို ပန်းခင်း ခရမ်းရောင်ပေါ်မှာ နတ်သားတပါး ပျံ နေမယ်လို့ မြင်ရောင်ကြည်စမ်း။ ဘေးမှာတော့ ရထားတစင်းပြေးနေတယ် ရထားပေါ်မှာ ကျန်ခဲ့တဲ့ ကောင်မလေးက မနက်စာ စားပွဲပေါ်မှာ ငိုနေတယ်။ မျက်ရည်တွေက ရေခွက်ထဲကို တစက်စက်ကျလို့ ရေတွေတောင် လျှံကျလာတဲ့အထိပဲ။ အဲ့ဒီ ရုပ်ရှင်ကို ကဗျာ တပုဒ် ရေးဖူးပါတယ်။ ဒီမှာ ဘတ်ပါ။

ရုပ်ရှင်က မင်းသမီး/အဆိုတော် Kelly Chen ။ ဟောင်ကောင် အဆိုတော် Eson Chen နဲ့ မင်းသား Takeshi kaneshiro ဂျပန် တရုတ်စပ်မင်းသား တို့ ပါဝင် သရုပ်ဆောင်ထားကြတာပါ။

ဇာတ်လမ်း အကျဉ်းက ဒီလိုပါ။ မင်းသမီးက အရိုမား သရပစ် လို့ခေါ်တဲ့ ရနံ့ ကုထုံး ပညာရှင် ချစ်သူသေသွားတာ မကြာသေးလို့ အသည်းကွဲနေတယ်၊ မင်းသမီးရဲ့ အိမ်နီးနားချင်း ဂေး အဖြစ် အီစန်ချမ်း က သရုပ်ဆောင်ထားတာ။ တနေ့တော့ မင်းသမီး ရဲ့ တိုက်ခေါင်မိုးပေါ်ကို နတ်သားတပါး (တာကရှိ) ပြုတ်ကျလာတယ်။ ဟုတ်ကဲ့ ကိုယ်တို့လဲ သူသူကိုယ်ကိုယ် နတ်သားပဲဖြစ်ဖြစ် နတ်သမီးပဲဖြစ်ဖြစ် ကိုယ့်အိမ် ဘယ်ကိုနီ ပေါ်ကို ပြုတ်ကျစေချင် ကြတာပေါ့။ ဒါပေမယ့်လေ ရတာမလို လိုတာမရတဲ့ ဂျဇူး (ဂျဇူး ဆိုတာ ဘာကိုပြောချင်တာလဲ လို့ သိချင်သူများ John Carter of MARS ကိုကြည့်ကြကုန်) လောက မှလား။ အဲ့ဒီ နတ်သားက လူ့ပြည်မှာ အသက်ရှင်ဖို့ အတွက် အချစ်လိုတယ်။ တခါတခါ ခန္ဓာကိုယ်ချင်းထိစပ်တဲ့ အချစ်နဲ့ အသက်ဆက်လို့ ရပေမယ့် တကယ်က အချစ်စစ် လိုတယ် အငွေ့ဖြစ်စေ အချစ် စစ်ရမယ်။ ဒါပေမယ့် မင်းသမီးက အရင်ရည်းစား အန္ဒရူး ကို သတိရနေတုံးပဲ။ တမ်းတနေတုံးပဲ။ အိန်ဂျယ်နဲ့ တောင်ရှေ့မဆက်နိုင်ဘူး။ ကြားထဲမှာ အရင် အန္ဒရူး တုံးကလဲအသေအလဲ လိုက်ကြိုက်ခဲ့တဲ့ အိမ်နီးနားချင်း ဂေးမမ ကလဲအိန်ဂျယ်ကို အသေရရ အရှင် ရရ။ မင်းသမီး အသီနာ ကလဲ အိန်ဂျယ်ကို ချစ်မလာ အိန်ဂျယ်က လဲအချစ်စစ် ကိုလိုအပ်နေကျန်တာကိုတော့ ငွေရောင်ဖန်သားပြင်ပေါ်မှာသာ ရှုပေတော့........

ကိုယ်ကတော့ ဖိနပ်တွေကို သီချင်းဖွင့်ပြီး အိန်ဂျယ်က ကစေတဲ့ အခန်း၊ အသီနာ အိန်ဂျယ် ကိုချစ်မိဖို့ အတွက် သူ့နတ်ပြည်က သူငယ်ချင်းတွေက လူယောင်ဖန်ဆင်းပြီး ကူတဲ့အခန်း မင်းသမီး လမ်းလျောက်တာကို တီလုံးနောက်ခံနဲ့ ရိုက်ပြတဲ့ အခန်း နောက် ဥရောပမှာ လာဗင်းဒါး ပန်းခင်းဘေးမှာ ရထားပေါ်ကနေ မင်းသား ခုန်ချ အတောင်ပံဖြန့် ပျံတဲ့ အခန်း တွေ ကို ကိုယ်သိပ်ကြိုက်ပါတယ်။

ရီဗျူး ဘတ်ချင်သူတွေ အတွက်က ဒီမှာ သင့်ရဲ့ ပြွန်ကနေ ကြည့်ချင်သူတွေ အတွက်က ဒီမှာ တရုတ်ဝီကီ ကနေကြည့်ချင်သူတွေ အတွက်က ဒီမှာ ဒေါင်းလုတ်လုပ်ချင်သူတွေ အတွက်က ဒီမှာ ရှာကြည့်ကြကုန်။

ကဲ တီချမ်း တို့ ထုံးစံအတိုင်း မလိုအပ်တာတွေ လျှာရှည်နေလိုက်တာ ရုပ်ရှင်ရီဗျူး ဖြစ်နေပြီ။ တကယ်ရေးချင်တာက ခုမှလာမှာ........ရုပ်ရှင် ထဲမှာ အခန်းတခန်း ပါတယ်။ အိန်ဂျယ်က သူနေလာခဲ့တဲ့
ကောင်းကင်ဘုံကို လွမ်းလို့ ရနံ့ ပညာရှင် မင်းသမီးကို ကောင်းကင်ဘုံ ရဲ့ ရနံ့ ဖော်စပ် ခိုင်းတာ။ ယီလိင် ယီလိင် ဆိုတဲ့ ရနံ့ တမျိုး ပါတာ ကိုယ် နာမည်ကြောင့် မှတ်မိနေတယ်။

ခုမှ ပိုစ့်က စမယ်။ ခုနက ခြေဆင်း။ ကိုယ် ဘတ်ဖူးတာနဲ့ ကိုယ်တွေးမိတာလေးတွေ ဆက်စပ်ပြီး ပြောချင်တာ။

အင်္ဂလိပ်နဲ့အမေရိကန် သိပ္ဗံပညာရှင် (လောကဓါတ် ပညာရှင် လို့ ခေါ်ရတာကို ပိုကြိုက်တယ်) တွေရဲ့ လေ့လာမှု
တွေ့ရှိချက်တွေအရ ရနံ့တွေက လူတွေ ရဲ့ မှတ်ဥာဏ် မန်မိုရီ ကို လှုံ့ဆော်ပေးတယ် ဆိုပါတယ်။ ကိုယ်တို့ဦးနှောက် ထဲမှာ ရနံ့ ကို သိမှတ်တဲ့ ပွိုင့် နဲ့ မန်မိုရီ ကိုတာဝန်ယူတဲ့ ပွိုင့် တွေက နီးနီးလေးမှ တကယ့်နီးနီးလေးပဲ လို့ဆိုပါတယ်

အဲ့ဒီအဆိုကိုယ် ကိုယ်က လုံးဝ ဥသုံ ဘုတ်ဆုံ လိုထောက်ခံပါတယ်။ ရှင်းပြမယ်။ ကိုယ်တို့တွေ ဖြစ်ဖူးကြတာ တခုရှိတယ်။ အများစု အတွက် မပြောဘူး ကိုယ့်တသီးပုဂ္ဂလ ပဲ ပြောမယ်။ သူငယ်ချင်းတွေ မိတ်ဆွေတွေ မိဘ မောင်နှမ သားချင်းတွေ ရဲ့ အီးနံ့ ကို ကိုယ်မှတ်မိနေတယ်။ တယောက်ယောက် ပေါက်ရင် အဲ့တာ သူပဲ လို့ ကိုယ့်မှတ်ဥာဏ်က တခါ ရှုဖူးရင် မှတ်မိနေတယ်။ အမြဲမှန်တယ် ကြိုက်သလောက် ငြင်း ပြီးရင် ဝန်ခံရမယ်။

နေအုံး အဲ့ဒီ ဥပမာ က သိပ် ရိုမန်မတစ်ဘူး ဖြစ်နေတယ်။ နောက်တမျိုး ပြောင်းပေးမယ်နော်။

ဖြစ်ဖူးကြမှာပါ။ အနံ့ တခုခု ကိုရလိုက်တဲ့ အချိန်မှာ နေရာ တခုခု ကို သတိပြန်ရတာ။ ပိုလွယ်တဲ့ ဥပမာက မုန့် အနံ့ တခုခု ကို ရလိုက်တဲ့ အခါ ငယ်ငယ်က ဘဝလေးကို ပြန်ပြောင်း သတိရတာ။ မိုးရွာလို့ မြေသင်းနံ့ လေးရရင် ချစ်သူနဲ့ တူတူ လည်ဖူးတဲ့ မြေနီလမ်းကြားလေးကို သတိရတာ။ အကောင်ပုပ်နံ့ ရရင် ကိုယ်သတ်ခဲ့ဖူးတဲ့ လူသေ အလောင်းကောင် မြုပ်တဲ့ ည ကိုပြန်သတိရတာ (အလကားစတာ) စသဖြင့်ပေါ့။

ကိုယ်ကတော့ အနံ့ အာရုံ အရမ်းကောင်းတဲ့ အထဲမှာ မပါဘူး။ အနံ့ နဲ့ နေရာတွေ ကို မတွဲ မိတတ်ဘူး။ ဥပမာ အနံ့ တခု ကိုရတာနဲ့ ဘယ်နေ့ ဘယ်နေရာ ဆိုတာမျိုး ကိုယ့်မှတ်ဥာဏ်ထဲမှာ ပေါ်လာလေ့မရှိဘူး။ အနံ့ နဲ့ဆက်စပ်ပြီး ကိုယ့်မှတ်ဥာဏ် နဲ့ ကိုယ် ဆက်စပ် တွဲမိ သတိရ တတ်တာက လူပဲ။ ဟုတ်တယ် မောင့် ကိုယ့်နံ့ ကိုစွဲနေတတ်ပါတယ်။

လူတိုင်းရဲ့အရေပြားပေါ်မှာ သူ့တယောက်စာ ရနံ့ တမျိုး ရှိတတ်ပါတယ်။ အဲ့တာ ဘယ်သူနဲ့မှ မတူတတ်ဘူး။ လူတယောက်နဲ့တူတူနေတာ ကြာလာတဲ့ အခါ အဲ့ဒီ လူရဲ့ ကိုယ်နံ့ကို မှတ်မိလာတတ်ပါတယ်။ စွဲလာတတ်ပါတယ်။ အဲ့ ရနံ့ ကို ဘယ်လိုဟာမျိုးလဲ လို့ ခွဲခြားပြောပြတတ်မှာ မဟုတ်ဘူး။ ဒါပေမယ့် အဲ့အနံ့ကို ကိုယ်ပဲ သိတယ်။ တခြား ဘယ်သူ့ဆီမှာ မှ မရှိသလို ရလဲ မရဘူးဘူး ကိုယ့်ချစ်သူ တယောက်ထဲမှာ ပဲ ရှိတယ်။ တချို့တွေ ပြောကြတယ် သစ်တော်သီး ရနံ့ လေးသင်းနေတယ် ဘာညာလေ အဲ့တာ ညာတာ။ ဘယ်လိုပြောမလဲ ကိုယ်ထင်တယ် ချိုအီ တာကို တင်စား ပြောချင်တာ ဖြစ်မယ် နည်းနည်း သက်ညှာပေးလိုက်တယ်။

တခါတခါ မောင့်ကို အရမ်းချစ်စနိုး ဖြစ်လာရင် မောင့် လည်တိုင်လေးကို ကပ်ပြီးတော့ မောင့် ကိုယ်နံ့လေးကို ကိုယ် ခိုးနမ်းတတ်ပါတယ်။ (အရင် ရည်းစားတွေ ကော အနံ့မမှတ်မိဘူးလားဆိုတော့ မောင့်လောက် ချစ်ခဲ့တာ တယောက်မှ မရှိလို့ပေါ့) မိုက်တယ်နော် တီချမ်း တို့ က အကာနဲ့ အပင့်နဲ့ဟပ်နေတာပဲ။ တခါတခါလဲ မောင့်ကို တင်းတင်းကြပ်ကြပ်လေး ဖက်ပြီးတော့ မောင့် ကိုယ်နံ့ကို ခပ်ပြင်းပြင်း တချက် ရှိုက်ရှုတတ်ပါတယ်။ (of course not when he is sweating and dirty LOL) ဟုတ်တယ် အဲ့ဒီ အနံ့ က ကိုယ်ရင်းနီးတဲ့ ပြီးတော့ ကိုယ်နဲ့ နီးစပ်တဲ့ ရနံ့။ မောင် ရဲ့ ကိုယ်ပိုင် ရနံ့၊ မောင့် ကိုယ်သင်းနံ့။ အဲ့ဒီအနံ့ပဲ။ မောင့် ရနံ့ က နှစ်သိမ့်မှု တမျိုးပဲ။ တခါတခါ ကိုယ် အထီးကျန်တဲ့ အခါမျိုးမှာ (အခုလိုအချိန်မျိုးပေါ့ မောင် ညနေကပဲ ရန်ကုန်ကို ပြန်သွားပြီ) မောင့် ရနံ့ ကို ကိုယ် သတိရတတ်ပါတယ်။ မွတ်သိပ်တတ်ပါတယ်။

တချို့မိန်းမတွေက ကိုယ့်ယောက်ျားရဲ့ အင်္ကျီတွေကို မလျှော်ခင် နမ်းကြည့်တတ်ကြတယ်လေ။ တွေ့ဘူးလား။
ကိုယ်တိုင်ကော ကြုံဖူး လုပ်ဖူးကြလား။ အနည်းဆုံးရုပ်ရှင်ထဲမှာတော့ တွေ့ဖူးကြမှာပေါ့။ မြန်မာကားတွေမှာပါ တတ်တယ် အဲ့လို အခန်းတွေ။ အဲ့လို မိန်းမမျိုးတွေကကျတော့ အနံ့ ခံတဲ့ နေရာမှာ သူတို့ မှတ်ဥာဏ်တွေ နှာခေါင်းတွေက အဲ့လောက် အထိကို sensitive ဖြစ်ကြတယ် (အမဲလိုက်သွားရင် ခေါ်မယ်)။ သူတို့ ယောက်ျားရဲ့ အင်္ကျီပေါ်မှာ သူနဲ့ မဆိုင်တဲ့ အနံ့ တခုခု ရှိမရှိ ကို အဲ့လို နမ်းရှုကြည့်ယုံနဲ့ သိနိုင်တယ်။ ကိုယ့်နှာခေါင်းကတော့ အဲ့လောက်မစွမ်းပါဘူး။ နောက် ကိုယ်က အင်္ကျီကို နမ်းရတာ မကြိုက်ဘူး။ လူကိုနမ်းရတာပဲ ကြိုက်တယ်။ အဲ့လို ကိုယ်ခန္ဓာက ကိုယ်ငွေ့နဲ့ အရေပြားပေါ်က ချွေးစက်လေးတွေ အငွေ့ပျံ ဖြစ်စဉ်နဲ့ ထွက်လာတဲ့ ကိုယ်သင်းနံ့ လိုမျိုးကိုပဲ ပိုစွဲမက် နှစ်ခြိုက်တယ်။ ခုတော့ လောလောဆယ် မောင့် ကိုယ်နံ့ကို သဘောကျနေတာပေါ့။

ခုနက ပြောသလိုပဲ အရင်ရည်းစားတွေ ရဲ့ ကိုယ်နံ့ တော့ တဖြည်းဖြည်းနဲ့ မေ့ပျောက်ကုန်ပါပြီလေ။ ရနံ့ ဆိုတာမျိုးက ကြာရင် မေ့တတ်တာကလား မန်မိုရီက အဲ့လောက် မကောင်းတော့ တာလဲ ပါမယ်။ စိတ်ပြတ်သွား လို့ မမှတ်ထားတော့တာလဲ ဖြစ်နိုင်တယ်။ တချိန်ချိန် တနေရာရာမှာ ရင်းနှီးခဲ့ဖူးတဲ့ ရနံ့တချို့ ရရင်တော့ လှပခဲ့ဖူးတဲ့ မန်မိုရီ တချို့ ကိုလဲ အမှတ်ရကောင်းပါရဲ့။

ကိုယ့်ကိုကိုယ်တော့ ဘယ်လို ရနံ့ ရှိလဲ မသိဘူး။ သေချာတာကတော့ ကိုယ့် ကိုယ်နံ့က သိပ်မနံ့ဘူး။ ကိုယ့် ကိုယ်နံ့ နဲ့ ပတ်သက်ပြီး တခြားသူတွေ ကွန်ပလိမ်း တက်တာ မကြုံဘူးဘူး။ နောက် ကိုယ် Deodorant သုံးစရာမလိုဘူး အဲ့တော့ ကိုယ့်မှာ ဂျိုင်းပတ်စော် မနံတာလဲသေချာတယ်။

တခါကတော့ ယောက်ျားတယောက်က ကိုယ့်ကိုပြောဖူးတယ်။ ကိုယ့်ကိုယ်မှာ ကလေးသေးသေးလေးတွေနွားနို့
သောက်ပြီးကာစကလို အနံ့မျိုးရတယ်တဲ့ (ချဉ်စုပ်စုပ်လို့ ပြောချင်တာနေမှာပေါ့ အားနာနေတာနေမယ်)။
သေချာတယ် အဲ့တာ ကိုယ် ငယ်ငယ်ကတည်းက အခုချိန်ထိနွားနို့ သောက်တာများလွန်းလို့ပဲ ဖြစ်ရမယ်။
တကယ်က ကိုယ်က ကိုယ့်ကိုယ်နံ့ကိုဖြစ်နိုင် ရင် လာဗင်ဒါးလို အနံ့မျိုးလေးဖြစ်စေချင်တာပါ။
ရေချိုးတာတောင် အဲ့လို ဆပ်ပြာခရမ် ကိုပဲ အမြဲ သုံးတယ်။ ဒါပေမယ့်လဲပေါ့လေ.....အဲ့လို အနံ့မျိုးဖြစ်နေရင်လဲ ကြောင်တောင်တောင်နေမယ် ထင်တာပဲနော်။ လူ့ ကိုယ်နံ့ ဆိုတာဘာပဲ ဖြစ်ဖြစ် ချွေးနံ့လေး နည်းနည်းတော့ ပါရမှာပေါ့ အဲ့တာမှ သဘာဝကျမယ်။ မဟုတ်ရင် ခုမှ ရေမွှေးပုလင်း မှောက်ကျလာသလိုဖြစ်နေ မယ်။ ယောက်ျားတွေ မွှေးကြိုင်နေရင် ပိုဆိုးတယ်။

ခုတော့ မောင့်ကိုယ်နံ့ လေးကို လွမ်းရင်း.......သတိရနေတဲ့........


A Chen
6:24 PM
Wednesday
14th Mar 2012
Home
Bangkok

10 comments:

  1. တီပြောတာဟုတ်တယ်။ အနံ့တွေနဲ့တွဲပြီး မှတ်မိနေတဲ့ အဖြစ်အပျက်မျိုးတွေရှိဖူးတယ်။ မှတ်မှတ်ရရ ကျောင်းတက်ခါစတုန်းက စိတ်ညစ်နေတဲ့အချိန်မှာ အတူတူနေတဲ့ အစ်မကြီးကအနံ့ပြင်းတဲ့ ရေမွှေးတစ်မျိုးဆွတ်တာ မှတ်မိတယ်။ ခုထိ အဲဒီရေမွှေးနံ့ကို မတော်တဆရမိရင် အရင်တုန်းက စိတ်ညစ်ဖူးတာတွေ ပြန်မြင်ရောင်တယ်

    ReplyDelete
  2. ဂျာဆူးဆိုတာ Earth တဲ့

    ReplyDelete
  3. အီဗီ ဟုတ်တယ် တီလဲ မြန်မာပြည်မှာ မင်္ဂလာဆောင်သွားရတာ သိပ်မုန်းတယ် ဖြစ်နိုင်သလောက် မသွားဘူး
    ရေမွှေးနံ့တွေနဲ့မူးလို့ မြန်မာမင်္ဂလာဆောင်ဆိုရင် ရေမွှေးနံ့မူးမူးကြီးနဲ့ တွဲမှတ်မိနေတတ်တယ်

    တယ်မှန် အနောရေ

    ReplyDelete
  4. ထောက်ခံတယ် တီချမ်းရေ

    အနံ့ နဲ့ လူ တွဲမှတ်မိတာမျိုး နေရာဒေသကို တွဲ မှတ်မိတာမျိုး

    KP

    ReplyDelete
  5. T chan

    please
    new post
    new post
    new post....
    :)

    zune

    ReplyDelete
  6. ဟမ်
    တင်ထားတယ်လေ ၄ ပိုစ့်တောင်

    ReplyDelete
  7. but i saw this profile only on the othe blogger's page.

    I thought it was latest.

    :)

    ReplyDelete
  8. a Heee :D

    I didn't check beside title...

    ReplyDelete
  9. မောင့် ရနံ့ က နှစ်သိမ့်မှု တမျိုးပဲ။ တခါတခါ ကိုယ် အထီးကျန်တဲ့ အခါမျိုးမှာ (အခုလိုအချိန်မျိုးပေါ့ မောင့် ညနေကပဲ ရန်ကုန်ကို ပြန်သွားပြီ) မောင့် ရနံ့ ကို ကိုယ် သတိရတတ်ပါတယ်။ မွတ်သိပ်တတ်ပါတယ်။

    absolutely rite !

    ReplyDelete