Monday, April 9, 2012

ကျန်းမာရေး နဲ့ မုန့်လက်ကောက် (ဘာမှမဆိုင်)

ပုံကိုကြည့်ပြီး ဘာလဲ တွေးနေတာလား မတွေးပါနဲ့လေ ဦးနှောက်တွေပူပါတယ် တီချမ်းတယောက် ရေသောက် တာပါ ငှဲငှဲ ခုတလော ညည အိပ်မရပါဘူး ဘာလို့လဲတော့ မသိပါဘူး ညဘက်မအိပ်ပဲနဲ့ နေ့ဘက်တွေချည်းပဲ အိပ်နေမိတယ် ဖြစ်ချင်တော့ သောကြာနေ့ကတည်းက ခု တနင်္လာနေ့အထိ ရုံးတွေပိတ်ပါတယ် သောကြာနေ့က Chakri နေ့ မို့လို့ပိတ်တာပြောပါတယ် တနင်္လာနေ့ကတော့ မင်းသမီးသေတဲ့အထိန်းအမှတ်နေ့ပါ။ ကိုယ့်အတွက်
ကတော့ ဘာ့ကြောင့်ပိတ်ပိတ် ပိတ်ဖို့ပဲအရေးကြီးပါတယ်။ ထားတော့ အဓိက ပြောချင်တာကပိတ်ရက်တွေကများ
တော့ နေ့ညပြောင်းပြန်ဖြစ်နေတာပါ။ အလကားပြောတာ ပိတ်ရက်များများ မများများ တီချမ်းက နေ့ညပြောင်းပြန်
ဖြစ်နေတာ ကလေးဘဝကတည်းကပါ။ ရေသောက်တာကလဲ ဗျူတီအတွက်ဘာဘာညာညာ မဟုတ်ပါဘူး ကိုယ့် ဘာသာသောက်ချင်လို့ပါ ရေတော့ကြိုက်တယ် တခြားဟာတွေထက်စာရင် နောက် နို့လဲ ကြိုက်တယ် အဲ့တာ
ကြောင့် များများသောက်ဖြစ်တယ် ကော်ဖီအသောက်များတာကိုလဲ ပြန်ဖြေချင်တာပါပါတယ်။ ခွက်ကိုကြည့်လိုက် မီလီ ၅၀၀ ပါ တနေ့ကို ဒီခွက်နဲ့ရေ ၆ ခွက်လောက်သောက်နိုင်ဖို့ကြိုးစားပါတယ်။ ပုံမှန်ကတော့ ၂ လီတာပေါ့ တီကတော့ ဆေးတွေသောက်ရတာများလို့အသည်းကို ကူညီဖို့ ရေပိုသောက်ရပါတယ်။ အဲ့တာကြောင့် ခေါင်းစဉ် ကိုဒီလိုတပ်ထားတာပါ။ ကျန်းမာရေး အကြောင်း ကြီးကြီးကျယ်ကျယ်ရေးမလို့မဟုတ်ပါဘူး။ လူတွေက မေးကြ တယ် တီချမ်း ဘာ့ကြောင့်ဒီလောက်စားပြီးတော့ မဝတာလဲတဲ့ တီထင်တယ် တချို့လူတွေက ဘယ်လောက်စား စားမဝသလို တချို့လူတွေကျတော့လဲ ဘယ်လောက် အစားရှောင်ရှောင် ဝကြတာပါပဲ။ တီ့ ညီမဝမ်းကွဲတယောက်
ရှိတယ် ရေသောက်ရင်တောင် သူ့ခမျာ ဝရှာတယ် အဲ့တော့ တီချမ်းလဲ ဘာမှ မတတ်နိုင်ပါပဲ။ တခုတော့ ဘတ်ဘူးတယ် ငှက်ပျောသီးစားပါ။ ဖီးကြမ်းပေါ့ ရနိုင်ရင်။ သူက ဝတဲ့သူကို ပိန်စေပြီးတော့ ပိန်တဲ့သူကို ပြည့်စေပါ တယ်တဲ့ အမျှင်ဓါတ်ဘာညာကြောင့်ဖြစ်မှာပါ။ တီချမ်းကတော့ချွေးထွက်မယ့် ကိစ္စ ဆို တခုပဲလုပ်တယ်။ အားရင် ကစားတာကလဲ ဖဲ ပဲဆော့တယ်။ စားချင်တာစားတယ် ပျော်အောင်ပဲနေတယ်။ အိပ်ချင်တဲ့ အချိန်အိပ်တယ် စားချင် တာကို စားတယ် စားချင်တဲ့ အချိန်မှာ စားတယ် အဲ့တာတွေကြောင့်ပဲ စိတ်ချမ်းသာပြီး မဝတာလား မသိ။
ထားတော့.......နောက်ကပုံကိုကြည့်ပါ ဘယ်ရုပ်ရှင်ကားထဲကလဲ ဖြေပါ။ (၂ မှတ်)





ညီဝမ်းကွဲတယောက်ရောက်နေပါတယ်။ ဝဝလေးပါပဲ။ သူနဲ့ တီက ငယ်ငယ်ကလေးတည်းက တတွဲတွဲပါ ဘာလို့ လဲဆိုတော့ အစားအသောက်သောင်းကျန်းကြတာတူလို့ တနေ့တနေ့ ဘာလုပ်စားရမလဲ ဘယ်သွားပြီး ဘာစားရ မလဲပဲစဉ်းစားနေကြတာ။ နှစ်ယောက်ရှိပါတယ်။ ခု သူဘန်ကောက်ကို သင်္ကြန်ရှောင်ရောက်နေတော့ တခုပြီး တခု လုပ်စားကြ ချက်စားကြ လုပ်နေကြပါတယ်။





ညီဝမ်းကွဲရောက်တဲ့နေ့မှာပဲ မာလာဟင်း ထပ်လုပ်စားကြပါသေးတယ်။ လုပ်နည်းကိုတော့ ဒီမှာကြည့်လိုက်ကြပါ။
ငရုတ်သီးဆီချက် ကုန်နေလို့တောင် ထပ်ချက်ရသေးတယ်။ ငရုတ်သီး မစပ်ရင် စားမကောင်းပါဘူး။ မာလာ လေ နော် မစပ်ရင် မ“လာ”ပဲ “မာ”ရုံမာနေမှာပေါ့နော်။





ဆီကို အိုးထဲထည့်ပါ နောက်ပြီးတာနဲ့ ချက်ချင်းလိုလို ငရုတ်သီး အစိမ်းမှုန့် အကြမ်းမှုန့် ကိုထည့်ပါ။ နောက် ဝှားကြောဝ်းလို့ ခေါ်တဲ့ ငရုတ်ကောင်းမှုန့် နဲ့ ဆင်ဆင်တူတဲ့ အပွင့်သေးသေးလေးတွေ (တရုတ်မဆလာ တမျိုး) ကို အမှုန့် ကြိတ်ပြီး လှော်ထားတာ ထည့်ပါတယ်။ တချို့လဲ ဆားလေး နည်းနည်းထည့်ပါသေးတယ်။ ပြီးတော့ ဆီပူလို့
မွှေးလာပြီဆိုရင် ရပါပြီ ငရုတ်သီးကြော်ရင် အရမ်းသတိထားရပါတယ်။ မဟုတ်ရင် တူးတတ်လို့ပါ။





နောက်နေ့ကျတော့ မာလာဟင်းကနေ ပိုနေတဲ့ မှို (ပင်အပ်မှို နဲ့ ရှိတာကိ အစို) ကို မုန်ညှင်းဖြူထုပ်နဲ့ ရောကြော်ပါတယ်။ မုန်ညှင်းဖြူက မာတဲ့အတွက် မှို အရင်ကြော်ပါတယ် နောက် မုန်ညှင်း ထည့် ရေလေး စပ်စပ်ထည့် ပါတယ် နောက် အဖုံးတခုခုနဲ့ ခဏအုပ်ပေးပါ။ ပြီးရင် ဆားအချိုမှုန့် ထည့် မြည်းကြည့် အိုကေပြီဆိုရင် ခရုဆီ နည်းနည်း ထည့် ပြီးရင် ချလို့ ရပါပြီ။





ညဘက်ကျတော့ မုန့်လက်ကောက် လုပ်စားကြပါတယ်။ လွမ်းလို့ပါ။ တီက မြန်မာမုန့်တွေလဲ အကုန်ကြိုက်ပါ တယ်။ မုန့်လက်ကောက်၊ ဘိန်းမုန့် မုန်းစိမ်းပေါင်း မုန့်ဘိုင်းတောင့် မုန့်လိပ်ပြာ မုန့်လုံးကြီး ထန်းသီးမုန့် မုန့်လုံးရေပေါ် မုန့်ကြာစိ မုန့်ဖက်ထုပ် အို မုန့် ဆိုပြီးရော အကုန်ကြိုက်တယ် ရေမုန့် ခေါက်မုန့် မုန့်လင်မယား မကျန်စေရပါဘူး။ ငယ်ငယ်က အမ နဲ့ တီ၊ အမတို့ အိမ်ရှိတဲ့ လမ်းထဲမှာ မုန့်လင်မယား ရောင်းကြပါသေးတယ်။ လမ်းသွား လမ်းလာတွေကို ရောင်းတာပါ မနက်မနက်ဆို အဒေါ် (အမ အမေဆီက) ပိုက်ဆံ ၁၅၀ ထင်တယ် ချေးကြတယ်။ အဲ့တာနဲ့ ဆန် နို့ဆီဘူး တလုံး နောက် ရွှေကြည်မှုန့်စတာတွေ ဝယ်ပြီးတော့ အိမ်နားက ကြိတ်စက်မှာ သွားကြိတ် ပြီးတော့ ပိုတဲ့ ပိုက်ဆံနဲ့ကြက်သွန်မြိတ် နဲ့ ပဲပြုတ် ဝယ် ပြီးတာနဲ့ မီးသွေးမီးဖိုလေး ဖိုပြီးတော့ အိမ်ရှေ့မှာ ထိုင်ရောင်းတော့တာပါပဲ။ အဲ့ဒီ အချိန်က အမ တို့ အိမ်က သကြားလုံး စက်ရုံ ထောင်ထားတာ အဲ့တော့ အဲ့မှာ သကြားလုံး နေ့စားနဲ့ လုံးတဲ့ အလုပ်သမတွေ ရှိပါတယ်။ တနေ့လုံးရောင်းလို့ မကုန်ရင် ညနေကျတော့ အဲ့အလုပ်သမတွေကို အကြွေးနဲ့ ရောင်းပေးပါတယ်။ နောက်နေ့
ကျမှ အဒေါ်ဆီက သူတို့ လုပ်ခ ထုတ်တော့ ပြန် ဖြတ်ယူပါတယ်။ နောက် အိမ်နားမှာရှိတဲ့ အချဉ်ထုပ် စက်ရုံကနေလဲ အချဉ်ထုပ်တွေယူယူပြီးတော့ ကျောင်းမှာ ပြန်ရောင်းပါတယ်။ တထုပ်ကို ဆယ်ပြားလား မသိဘူး မြတ်တယ်။ ဆကယ်ထုပ်ရောင်းရင် တကျပ်မြတ်တယ်။ ဒီလိုပါ တီချမ်းတို့က ငယ်ငယ်ကတည်းက ဒီလို ကိုယ့်မုန့်ဖိုး ကိုယ်ရှာပြီး ကျောင်းတက်လာတာပါ။ ထားတော့ စကားတွေ ထုံးစံအတိုင်း လေးရောက်နေပြန်ပါပြီ။ ခုတော့ လောလောဆယ် ရှိတာနဲ့အလွယ် ပဲ လုပ်ဖြစ်တာကတော့ မုန့်လက်ကောက်ပါ။





ပထမဆုံး ကောက်ညှင်းမှုန့် ကို လိုသလောက် နယ်မယ့်ဇလုံထဲ ထည့်ပါ။ အထုပ် ကို မသိမှာ စိုးလို့ ပုံပြထားပါတယ်။ ဒီမှာ ဝယ်တာဆိုတော့ ယပလက်လိုပဲ ရေးထားတယ် နောက် တရုတ်လိုပါတယ်။ အီးလိုမပါပါဘူး တကယ်ပါပဲ ယပလက်တွေ တုံးချက်နော်။ ထားတော့ အဲ့ဒီ ကောက်ညှင်းမှုန့် ကို ကော်မှုန့် နည်းနည်းထည့် ဆားနည်းနည်းထည့် (နောက်ကြော်တဲ့ အကြော်ကို မြန်မာပြည်မှာ အရပ်ထဲမှာ လည်ရောင်းတဲ့ အကြော်သည်တွေလို ကြွပ်ကြွပ်ကလေးနဲ့ မာစေချင်ရင် ကြော်တဲ့အခါ ဆီထဲမှာ ရေသန့်ဘူးထည့်ကြော် (စတာနော် စတာ တကယ်ကြော်ရင် တီချမ်းနဲ့ မဆိုင်))ဆန်မှုန့် နည်းနည်းကို နယ်တဲ့ အခါထည့်နယ်ပါ။ တီကတော့ ဆန်မှုန့်လဲ အလွယ်မရှိတာကြောင့်မထည့်ဖြစ်ပါဘူး။ ပြီးရင် ရေလေး နည်းနည်းစီ ထည့်ပြီး နှံ့အောင်
နယ်ပေးပါ။ ပြီးရင် ပုံ ၃ မှာ ပြထားသလို အလုံးလိုက်ဖြစ်သွားပါမယ်





ကဲ ကောက်ညှင်းမှုန့်ကို နယ်ပြီးရင် ကြော်ဖို့ အဆင်သင့်ဖြစ်ပါပြီနော်။ မုန့်လက်ကောက် လို့ ပြောတဲ့ အတွက် လက်ကောက်ပုံစံလေးတွေဖြစ်အောင် အလုံးလေးတွေလုံးပြီးတော့ ရှည်ထွက်လာအောင် လက်နှစ်ဘက်နဲ့ လိပ် ပြီးရင် ထိပ်နှစ်ဘက်ကို ဆက်ပေးလိုက်ရင် ပုံမှာ ပြထားသလို မုန့်လက်ကောက် ကွင်းလေးရလာတာပေါ့နော်
ပြီးရင်တော့ ဆီပူအိုးထဲကို ထည့်လိုက်ပါ။





ဟိုဘက်ဒီဘက် အကျက်ညီအောင် တူလေးနဲ့ လှန်ပေးပါ။ ကောက်ညှင်းက ပွတက်လာတတ်ပါတယ်။ နောက်ပြီး
ပေါက်လဲပေါက်တတ်ပါတယ် ကြော်ရင် သတိထားပါနော်။ ကြော်လို့ ကျက်သွားတဲ့ မုန့်လက်ကောက်တွေကိုတော့ ပန်းကန်ထဲမှာ တစ်ရှုးဖြန့်ပြီးတော့ တင်ထားပါနော်။





ထညက်လေး ၁၀ လုံးလောက် အလုံးအနေကိုလိုက်ပြီးတော့ ကိုယ်လိုချင်သလောက် ကို ရေသန့်သန့်နဲ့ ကြိုပါ။ ထညက်လုံးတွေအကုန်ပျော်ကုန်ပြီဆိုရင် မီးလျော့လိုက်ပြီးတော့ မီးအေးနဲ့ထညက်ရည် ညောင်စေးကျတဲ့ အထိ ကြိုပါနော်။ ထညက်မစေးရင် စားမကောင်းပါဘူး။





ပြီးရင်တော့ ခုနက ပန်းကန်ထဲမှာ ဖြန့်ထားတဲ့ မုန့်လက်ကောက်ကို ထညက်ရည် စေးစေးလေးနဲ့ တို့တို့ပြီး စားလို့ ရပါပြီ။ လုပ်ရတာလဲလွယ် စားလို့လဲကောင်းတဲ့ အိုအိရှိပါပဲ။


A Chen
12:41 AM
Tuesday
10th Apr 2012
Home
Bangkok

16 comments:

  1. မုန့်လက်ကောက် ကြိုက်တယ်... လုပ်ထားတာ စားချင် စရာလေး စမ်းကြည့်အုံးမယ်....

    ReplyDelete
  2. အာကွာ.. တီ့ မုန့်လက်ကောက်ကြီးက ဖြူရော်ရော်ကြီး.. လှဝူး.. =(

    ReplyDelete
  3. Is that NIKITA? I guess she is Amanda. :D

    ReplyDelete
  4. မဟုတ်မှလွဲရော နီကီတာ ပဲ ဖြစ်ရမယ် CW လို့ရေးထားတာလဲတွေ့တယ်ဆိုတော့ကာ

    TC

    ReplyDelete
  5. အစုတ်ပလုတ်နန်းညီနဲ့ နှလုံးသားပြတိုက် ဘဲစားဘဲခြေပါ

    ဂလိုရီယာနဲ့ တီစီ တယ်တော် ကြပါလား ဟုတ်တယ် နီကီတာပါ

    ကဲ အဲ့တာဆို အဲ့လောက်တော်နေတဲ့ နှစ်ယောက်ကို နောက် တခု ထပ်မေးမယ် အမန်ဒါပါတဲ့ နောက်တကားကိုဖြေ

    ReplyDelete
  6. စားချင်လိုက်တာနော်။ ရုပ်ရှင် သိပ်မကြည့်တော့ တီမေးသမျှကားတွေအားလုံးကို မဖြေနိုပ်ပါ :-(

    ReplyDelete
  7. The vampire diaries :P
    I am team Damon.. How about you?

    ReplyDelete
  8. For VD, We are on team Klus, the original .. ha ha
    But Amanda is not in VD :D.

    TC

    ReplyDelete
  9. တီချမ်း Secret Circle ရောကြည့်ဖြစ်လား? Not bad.
    အဲ့ဒါလဲ CW ကပဲ။

    ReplyDelete
  10. Yes she is. She is Matt mother Kelly who make out with Taylor once. :P

    ReplyDelete
    Replies
    1. Yes , u r rite. How about GG?

      TC

      Delete
    2. Gosh I am so sick of GG. Season 5 is more than enough for their drama. But I want to see Blair and Chuck happily ever after in the end. Waiting for final episode. :D

      Delete
  11. Opps.. I was wrong.. my friend told me that she also play in VD. :D
    TC

    ReplyDelete
  12. hi both TC (is that initial for T Chen???LOL) and Gloria,

    nah i don't think she is in VD? but may be i am wrong.........@-@

    BTW i am team Damon as well like him since boone from LOST

    and NO you both are wrong the answer to my question is TRUE BLOOD and i am a team Eric

    i also watch GG and of course serena is my fav

    not care about teh rest very much LOL and hate vanessa and dan but most of all LIly is the best

    and bnow we back to the post

    thanks Evy it is really delicious

    ReplyDelete
    Replies
    1. တီချမ်း Amanda က True blood မှာမပါဘူး Pam က Amanda နဲ့ဆင်တာ သူကသက်သက်တစ်ယောက်။ haha ဒီကလဲ Team Eric ပဲ။ စူကီ က book မှာတော့ Eric နဲ့ယူလိုက်တယ် on screen မှာတော့ ဘယ်လိုလဲ မသိဘူး။ Season 5 က June 10 မှာလာမှာ so looking forward to it. :D

      Delete
  13. အစုံပဲ..။
    မာလာဟင်းစားချင်သွားပြီ..။
    အိမ်ကိုသတိရတယ်..။
    ပြန်ရင်အိမ်မှာပဲ ချက်စားဖြစ်တာများလို့..။
    ကွကိုတော့ ချက်လေ့မရှိ..။
    ခဝဲသီးမဟုတ်ကြောင်း လာပြောချင်လို့ပါ..
    ဘာရယ်တော့မဟုတ်ပါ..။အဟိ
    ဟိုအသီးက zucchini သီးပါ..။
    ကိုရီးယားမှာရှိတယ်..။
    ဥရောပမှာပေါတယ်..။
    မစူးနွယ်ဘလော့မှာချက်တာတွေ့ဖူးတယ်..။

    ReplyDelete