Thursday, April 19, 2012

တီချမ်း နဲ့ ဆေးရောင်စုံ ထမင်းပွဲ




တလောက ချက်ထားတာလေးပါ။ ဘလောခ်က ပုံစံ အသစ်ဖြစ်သွားပြန်ပြီ။ မုန်းတယ် ဂျီမေးကောပဲ မသုံးတော့ရင် ကောင်းမယ်။ သောက် ဂူဂဲ (stupid google) ခဏခဏ ပြောင်းပြောင်းနေတယ်။ အလကားရ လို့ သုံးနေတာ ခုတော့ သောက်မြင်ကပ်လာပြီ။ ထားတော့ ......

အရင်တလောက ချက်စားတာလေး ပုံတွေ တင်ထားတာ ခု ပြန်ကြည့်တော့ မှ draft ထဲရောက်နေတာ
တွေ့တယ် အဲ့တာနဲ့ ဖုံခါပြီး ပြန်တင်ပေးလိုက်တယ်နော်။

ပိုစ့်နာမည်ကတော့ ဆေးရောင်စုံ ထမင်းပွဲ လို့ပေးထားပါတယ်။ တခါကလဲ ရေးဖူးတယ် မှလား တရုတ်တွေ က ဟင်းချက်ရင် အရောင်စုံအောင် ချက်ကြတယ်တဲ့။ ထမင်းကြော်ဆို အနီရောင် အတွက် ဥနီ၊ အဝါအတွက် ဘေဘီကွန်း သို့ ကြက်ဥ အစိမ်းအတွက် အရွက် တမျိုးမျိုး ပဲသီး တသဖြင့် ပေါ့ အဲ့လို အရောင် လှအောင် ကြော်လေ့ရှိကြတယ် လို့ အမေပြောတာ မှတ်သားဖူးတယ်။

ခုလဲ တီချမ်းတယောက် ချက်မယ် စိတ်ကူတော့ ရှိတာ အကုန် ထုတ် ချက်ပြုတ် လုပ်ချလိုက်တယ်။




အရမ်းကိုဒေါသထွက်နေပြီ ရေးရင်းနဲ့ သောက် ဘလောခ်ဂါ နဲ့ သောက် ဂူဂဲ (stupid google and it's new interface) ပုံတွေ တင်ပြီးသားကို အဆင်မပြေတော့ဘူး။

ထားတော့။

ပထမဆုံး ကြော်မယ့် ဟင်းပွဲက ကြက်ဥ နဲ့ ဝက်သားချဉ်ပါ။ ပုံမှ ပြထားတဲ့ အတိုင်း ကြက်ဥ လိုသလောက် ကို ဆား အချိုမှုန့် ငရုတ်ကောင်း မှုန့် တို့ နဲ့ ခေါက်၊ ထည့်မယ် ဝက်သားချဉ် ကို စိတ်ကြိုက် လှီးရင်လဲ လှီး မလှီးရင်လဲ ချေထားပေးပါမယ်။





ပြီးရင် ဝက်သားချဉ် ကို ကြက်ဥထဲရောပြီး မွှေပေးပါ။





ဆီပူလေးနဲ့ ပွပွလေးကြော်လိုက်ရင်တော့ အရသာရှိတဲ့ ဝက်သားချဉ် ကြက်ဥ မွှေကြော်တခွက်ရတာပေါ့ အဝါရောင်နော်။





မုန်ညှင်းဖြူ ဟင်းရည် ချက်ပါမယ်။ မုန်ညှင်းဖြူ ထုပ်ကို ကြိုက်သလို လှီးထားပါ အကြီးအသေး အနေတော်ပေါ့လေ နောက် ဝက်တုံး ၃ တုံးလေက်ကို တည်မယ့် ဟင်းရည်အိုးထဲထည့်ပါ အရည်ဆူရင် မုန်ညှင်းရွက် ခတ်လိုက်ပါ။





လွယ်ကူ ပြီး ပေါ့ပေါ့ပါးပါး မုန်ညှင်းဖြူ တခွက်ရတာပေါ့နော်။ ဒါက အဖြူပေါ့နော်။





အစိမ်းရောင်အတွက်တော့ ဘိုစားပဲ သီးလေးလဲ ကြော်ပါမယ် ကြော်မယ့် ပဲသီးတွေကို တစောင်းလေးတွေလှီးထား ရေဆေး စစ်ထားပေးပါ။





မကပ်တဲ့ အိုးထဲ ကို ဆီ နည်းနည်းလေးအရင်ထည့်ပါ ငရုတ်သီးခြောက်ကို တခါတည်း ထည့်ပါ ဆီပူ မှ မထည့်ပါနဲ့ နော် မီးကျွမ်း တတ်လို့ပါ။ ပြီးလို့ ငရုတ်သီး မွှေးလာရင် ပဲသီးထည့် နောက် ခဏ မွှေပြီး ကြော်လိုက်ပါ။ ဆားအချိုမှုန့် ထည့် ခရုဆီ ကြိုက်တတ်ရင် နည်းနည်းထည့် ရင် ရပါပြီ။ အစိမ်းရောင်ဟင်းပေါ့နော်။





နောက်တခွက်ကတော့ ဝက်သားမုန်ညှင်းချဉ်ကြော်ပါ။ အရင်ကလဲဒီနေရာမှာ ကြော်နည်း ပေးပြီးသားပါ။





ဝက်သားနဲ့ ကြော်မယ့် မုန်ညှင်းချဉ် ကို တောက်တောက်စင်းထားပါ။





ကြက်သွန်နီ ဥ ကို ၈ စိတ် လှီးထားပါ။ ဝက်သားက ကြိတ်သားပဲ အလွယ် ဝယ်ပါတယ်။





ခုနက လိုပဲ ဆီမပူခင် ငရုတ်သီးခြောက်ကို ထည့်ပါ။ နောက် ကြက်သွန်နီထည့်၊





ပြီးတော့ ဝက်သားထည့်၊ ဝက်သားကို မထည့်ခင် အရင် ကော်မှုန့် ဆားအချိုမှုန့်ငရုတ်ကောင်းမှုန့် တို့ နဲ့ ပဲငံပြာရည် နည်းနည်းထည့်ပြီး အရင်ကြိုနှပ်ထားရင် ပိုကောင်းပါတယ်။ ပြီးရင်တော့ ဝက်သားကို ခုန က ကြော်လက်စ ကြက်သွန်နဲ့ ငရုတ်သီခြောက်ကြော်ထဲထည့် ခဏ ကြော်ပေး အသား ကျက်လာရင် မုန်ညှင်းတောက်တောက်စင်းထားတာတွေ ထည့်။





သကြားနည်းနည်းထည့် ရေနည်းနည်းထည့် ပြီးတော့ ခဏ ပေးဆူ ပြီး ရေခန်းကာနီးရင် ချလို့ ရပါပြီ။ ဒါလေးကတော့ အနီပေါ့လေ။





ကဲ အငွေ့တွေ တထောင်းထောင်းနဲ့ တရုတ်စာ အမြန်အဆန် ကြော်လှော်ချက်ပြုတ် ထားတဲ့ ရောင်စုံ ထမင်းပွဲပေါ့နော်။ အားပေးကြပါအုံး။

တောက် မုန်းတယ် စောက်သုံးမကျတဲ့ စောက် ဂူဂဲလ် stupdi google stupid blogger stupid stupid

A Chen
4:13 PM
Thursday
19th Apr 2012
Office
Bangkok


6 comments:

  1. ဂူဂဲတွေ ဘလော့ဂါ တွေအဲလိုဖြစ်နေတယ်လို့ ရတ ဖဘ မှာပြောပြောနေသား.. သိပ်မသုံးဖြစ်လို့ မသိ
    ဝက်မုန်ညင်းချက်တာ ဒီနည်း ကြိုးစားကြည့်အုံးမယ်...။ ဝက်သားကို ပုံမှန်ချက်ပြီးမှ မုန်ညင်းချဉ်တွေရော.. တစ်နပ်ပဲ စားဖြစ်ပြီး ခါတိုင်း သွန်သွန်ပစ်နေရတာ ၃- ၄ ခါရှိပြီ...

    .စင်ဒလား

    ReplyDelete
  2. တီချမ်း Blog ကို နေ့တိုင်းနီးပါး လာဖတ် ဖြစ်ပေမယ့် တစ်ခါမှ Comment မရေးဖူးဘူး ..... တီချမ်း ဟင်းချက်နည်း Post တွေအရမ်းကြိုက်တယ်.....ကျေးဇူးလဲတကယ်တင်ပါတယ်..... တီချမ်း Post တွေဖတ်...ဖတ်ပြီး ချက်စားဖြစ်နေတာ... :) အဲ့ဒါကြောင့် တီချမ်း နည်း ...ပျားသံပုရာနဲ့ပဲ ၀ိတ်ပြန်လျော့နေရတယ်...... (ဒါပေမယ့် ရဘူး) :P
    ဟုတ်တယ် ..... အရမ်းမုန်းဖို့ကောင်းတဲ့ Google.... :))
    NTZ

    ReplyDelete
  3. တီချမ်း ဒယ်အိုးကြီး သဘောကျတယ်။
    အဲလို အိုးမျိုး ၀ယ်ရဦးမယ်။
    ဒီလို အသုံးမကျတဲ့ ဂူဂဲလ်မှာတောင် ပုံတွေ သပ်သပ်ရပ်ရပ် တင်နိုင်သေးတယ်နော်
    သူ သိပ် တော်

    ReplyDelete
  4. တီချမ်း
    “ချေ” တယ်ဆိုတာ ဘာအဓိပါယ်လဲဟင်။
    ဘယ်လိုမျိုးမှာသုံးတာလဲ။
    ဒီပို.စ်နဲ.ဘာမှမဆိုင်ပေမယ်. သိချင်လို.သပ်သပ်မေးသွားတာပါ။
    ကျေးဇူးပါနော်

    ReplyDelete
  5. တီချမ်း

    ဂျီမေးလ် အသစ်ပုံစံကို စိတ်ကုန်နေတာကြာပြီ
    အဖော်ရှိသေးသကိုး
    ဘလော့ ကတော့ မရေးလို့ မသိ

    စားချင့်သဖွယ်ဟင်းများပါတကား

    Zune

    ReplyDelete
  6. ချေတယ် ဆိုတာ တင်စီးလိုက်တာ ကြွားဝါလိုက်တာ အဲ့လို သုံးတာပါ အခြောက်စကားလုံးကနေ ပြည်သူသုံးဖြစ်လာတာတာပေါ့ ဂွမ်းတယ် ဆိုတာမျိုးပဲလေ အခြောက်တွေ စသုံးတယ် နောက်တော့ အဆိုတော်တွေသီချင်းထဲ ထည့်သုံးတယ် နောက် ရုပ်ရှင်တွေ ဗီဒီယိုတွေ ထဲ ရောက်တယ် ခုလဲအဲ့လိုပဲ

    ဟုတ်တယ် ဇွန် ဂျီမေးကိုလဲအသစ် ပြောင်းပြောင်းသွားလို့စိတ်ကုန်နေတာကြာပြီ
    ကွန်ပလိမ့်လဲ တက်ထားတယ်

    ReplyDelete