Sunday, March 1, 2009

ဟိုတစ်စ ဒီတစ်စ ချစ်ခြင်းလေးတွေ

ဟိုတစ်စ ဒီတစ်စ ချစ်ခြင်းတွေ

စာနဲ့ချစ်ခြင်း

ထည့်လိုက်ပြီးတဲ့စာတွေကို
ပြန်ယူချင်လို့မရတော့ပါဘူး
ပေးခဲ့ဖူးတဲ့ချစ်ခြင်းတွေလိုပဲပေါ့
တကယ်လို့ပြန်ရခဲ့မယ်ဆိုရင်တောင်
ငါ့နှလုံးသားမှာထားဖို့နေရာ
မရှိတော့ပါဘူး
(မားစ် ဂြိုလ်ပေါ်ကလူအတွက်ဆိုပြတဲ့ သီချင်း ၁၀ ပုဒ်)

အတိတ်က

တကယ်လို့များ
တစ်ယောက်ယောက်က
မင်းရဲ့ဘ၀မှာ
လူဘယ်နှစ်ယောက်လောက်
ချစ်ခဲ့ဖူးသလဲလို့မေးလာရင်
ငါ့တစ်ယောက်ကိုလဲ
ထည့်တွက်ဖို့မမေ့ပါနဲ့
(စိတ်မကောင်းစရာက ငါတို့ရဲ့ ချစ်ခြင်းတွေ လွဲမှားတဲ့အချိန်မှာတွေ့ခဲ့ကြတယ်)

ဝမ်းနည်းခြင်း

“ဘာလို့လဲဆိုတော့ မျက်ရည်မှာလဲ
အလေးချိန်ရှိတယ်လေ”
“ထုထည်လား?.....”
“မဟုတ်ဘူး….
နာကျင်မှုပါ”
(မငို)

အလကား

ငါ့ကိုအမြဲငိုကြွေးစေတဲ့
ယောက်ျားက
တကယ့်တကယ်မှာတော့
ငါ့မျက်ရည်တစ်စက်တောင်
တခါမှမမြင်ဖူးပါဘူး
(မငို)

အထီးကျန်

စကားပြောချင်နေတဲ့အချိန်မှာ
အသံပြန်ပြုမဲ့
တစ်ယောက်တောင်မှမရှိဘူးလေ
(မငို)

စားသောက်ဆိုင်

မီးတွေကလဲမှိန်လိုက်တာ
သီချင်းကလဲပျင်းသွဲ့သွဲ့နဲ့
ဝေေ၀၀ါးဝါး
ကုလားထိုင်လေး ၄ လုံး
၂ လုံးမှာ ငါ့တို့ထိုင်နေပြီးတော့
၂ လုံးကတော့ အထီးတွေကျန်နေလေရဲ့
(အထီးကျန် ယဉ်စွန်းတန်း)

ပြီးဆုံးခြင်း

တခါတလေတော့လဲ
ပြီးဆုံးခြင်းဆိုတာ မဖြစ်သင့်တဲ့အရာပါ
ဘာလို့လဲဆိုတော့
တချို့ကိစ္စ (အကြောင်းအရာ)တွေဟာ
ဘယ်တော့မှပြီးဆုံးမသွားတတ်ကြလို့ပေါ့
ဥပမာ
ချစ်ခြင်း
သတိရခြင်း
လွမ်းဆွတ်ခြင်း
တမ်းတခြင်း
(အထီးကျန် ယဉ်စွန်းတန်း)

အဖျားလား?

လူတစ်ယောက်ရဲ့ကိုယ်အပူချိန်ဟာ
ရိုးရိုးသာမန်
ကိုယ်အပူချိန်တစ်ခုပါပဲ
ဒါပေမယ့်
လူနှစ်ယောက်ရဲ့ကိုယ်အပူချိန်ကတော့
ချိုမြိန်သာယာခြင်းတစ်ခုဖြစ်တယ်
(အချစ် မတတ်နိုင်တာ ဘာမှမရှိ)

ပြယုဂ်

လမ်းခွဲကြပြီးပြီဆိုရင်
ပျော်ရွှင်စရာဆိုတာကျန်ပါအုံးမလား
ပျော်ရွှင်တယ်ဆိုတာ
ခံစားမှု ပြယုဂ် တစ်ခုပါ
အချိန်ကာလ ရဲ့ပြယုဂ် တစ်ခုမဟုတ်ပါဘူး
(ကြောင်ချစ်မိတဲ့ ပျော်ရွှင်ခြင်းကို ငါးကဘယ်လိုသိပါ့မလဲ)

အချစ် တစ်ပတ်လည်

ပြန်တွေ့ကြတယ်ဆိုတာ…
နှဖူးစာပါလို့လား
အချစ်မပြယ်သေးလို့လား
ရင်ခုန်ခဲ့ဖူးတဲ့အမာရွတ်တွေ
ကျန်နေသေးလို့လား
ဒါမှမဟုတ်
ဘယ်တုံးကမှ
စိတ်မကုန်ခဲ့လို့လား
???
(ကြောင်ချစ်မိတဲ့ ပျော်ရွှင်ခြင်းကို ငါးကဘယ်လိုသိပါ့မလဲ)

သပ်သပ်စီ

“အချစ်နဲ့ပျော်ရွှင်ခြင်းဆိုတာ
သပ်သပ်ကိစ္စ နှစ်ခုပါ” လို့
ဂျေဂျေ ကပြောဖူးတယ်
ဂျေဂျေ ပြောတာမှန်တယ်
ဒါပေမယ့်
ဘယ်တုံးကမှ
မှန်တဲ့အတိုင်းမလုပ်ခဲ့ဘူး
(အချစ်…..တို့အပေါ်မှာ အကြွေးတစ်မိနစ်တင်နေတယ်)

ငါတို့ရဲ့ ဘိုင်အိုဂရုပ်ဖီ

“ဘယ်လိုအကြောင်းနဲ့ပဲဖြစ်ဖြစ်
နင်နဲ့ငါ့အကြောင်းကိုတော့
ချရေးဖြစ်အောင်ကြိုးစားမယ်”
တကယ်လို့များတစ်ယောက်ယောက်က
“ဘာလို့လဲ” လို့မေးလာခဲ့ရင်
“ဘာလို့လဲဆိုတော့…………..
ဒီဘ၀မှာ နင့်လောက်
ဘယ်ယောက်ျားတစ်ယောက်ကိုမှ
ငါဒီလောက်ထပ်ချစ်လာနိုင်မှာမဟုတ်လို့ပဲပေါ့
ငတုံးလေးရဲ့”
(စိတ်မရှိပါနဲ့ နင့်ကိုငါချစ်တယ်)

ရသ

ဆောင်းဦး မှာတကယ်တော့
အထီးကျန်နေဖို့မကောင်းပါဘူး
ဘာလို့လဲဆိုတော့
ဆောင်းဦးကအမြဲတမ်း
အထီးကျန်ခြင်းရဲ့ ရသ
ကိုသတိရနေစေတတ်လို့ပဲ
(စိတ်မရှိပါနဲ့ နင့်ကိုငါမေ့လိုက်ပြီ)

ကော်ဖီ

အချိုလွန်နေတဲ့ကော်ဖီက
သောက်တုံးက
ပါးစပ်ထဲမှာ ချဉ်တင်တင်နဲ့
ပါးစပ်ကိုဖွင့်လိုက်တဲ့အခါ
အချစ်ရဲ့
ခါးသက်သက် အရသာကို
ငါရလိုက်ပါရဲ့
(စိတ်မရှိပါနဲ့ နင့်ကိုငါမေ့လိုက်ပြီ)

ဆုတောင်း

ငါ့ကိုသတိမရရင်နေပါ
နင်ပျော်နေရင်ပြီးတာပါပဲ
(ပျော်ရွှင်ခြင်းရေ မလာမချင်းစောင့်နေနော်)

မာရသွန်

အချစ်ဆိုတဲ့တာဝေးပြေးလမ်းမှာ
ငါဟာလူသစ်တန်းတစ်ယောက်ပါ
ဒါတောင်
ငါပထမဆုံးချစ်မိတဲ့ “မင်း” က
စံချိန်တင်အပြေးသမားတစ်ယောက်
ဖြစ်နေတယ်နော်
အဲဒါ ငါ
ကံကောင်းတာလား
ကံဆိုးတာလား…ဟင်?
(တွေ့ဆုံခြင်း)

မွေးဖွားခြင်း

“တော်သေးတာပေါ့ မင်းကိုမွေးဖွားခဲ့ပေလို့”
ကိုယ်ရဲ့မွေးနေ့မှာမင်းပြောခဲ့တာပါ
ကိုယ်ရဲ့မွေးနေ့မှာ ကိုယ့်ကို
“မင်းမွေးခဲ့လို့တော်သေးတာပေါ့” လို့
မင်းပြောခဲ့တယ်နော်
“မင်းမွေးခဲ့လို့တော်သေးတာပေါ့”
မင်းသာမမွေးခဲ့ရင်
ဒီဘ၀မှာ
ကိုယ်ဘာလုပ်ရမလဲ
ကိုယ့် ကို ကိုယ် သိမှာမဟုတ်ဘူး
(တွေ့ဆုံခြင်း)


တေ့လွဲ

အစကတည်းက
သူငယ်ချင်းဖြစ်ဖို့
မရှိတဲ့လူနှစ်ယောက်ဟာ
တကယ်တန်းဝေးသွားတဲ့အခါကျမှ
တကယ့် ကံကြမ္မာ ရဲ့
လွဲမှားမှုတဲ့လား?
(နင့်ရဲ့အချစ် ရှေ့တည့်တည့်ကငါ)


ရွေးချယ်မှု

တို့နှစ်ယောက်ဟာ
သူငယ်ချင်းအနေနဲ့သာ
ပိုပျော်ကြရမှာပါ
အဲဒါကြောင့်
မင်းရဲ့အချစ်ရှေ့မှာ
ရပ်နေဖို့ကိုယ်
ရွေးချယ်ခဲ့တာလေ
(နင့်ရဲ့အချစ် ရှေ့တည့်တည့်ကငါ)
William ……………….သို့

တံခါး

နှလုံးသားတံခါးကို
ပိတ်ထားလိုက်တာက
ပိုလုံခြုံပါတယ်
အထီးကျန်နေတယ်
ဒါပေမယ့်
ပိုလုံခြုံတယ်
(စိတ်မရှိပါနဲ့ နင့်ကိုငါ သတိရလို့ပါ)

ချစ်?

ပြဿနာက
လူနှစ်ယောက်
မစွန့်စားရဲကြရင်
ဘယ်လိုချစ်မလဲ…..?
(သူငယ်ချင်းပဲနော်)

Q & A

မေး။ ။ပျော်ရွှင်ဖို့ကြိုးစားဖို့လိုလို့လား?
ဖြေ။ ။မကြိုးစားရင် ပျော်ရွှင်မှုကိုဘယ်လိုရမှာလဲ
(သူငယ်ချင်းပဲနော်)

ဟန်ဆောင်ခြင်း

လူတစ်ယောက်ကို
ချစ်ဟန်ဆောင်ရတာ
သိပ်လွယ်ပါတယ်
မချစ်ဟန်ဆောင်ရတာကမှ
တကယ်ခက်တာ
(အချစ်ကောင်း၊ အချစ်ဆိုး)


အဆုံးသတ်

လူတစ်ယောက်ရဲ့ခေါင်းမာမှုက
ခေါင်းမာမှု သက်သက်ပဲ
လူနှစ်ယောက်ရဲ့ခေါင်းမာမှုကတော့
ပြီးဆုံးခြင်းပေါ့
“အချစ်” က ကျန်နေသေးတယ်
ဆိုရင်တောင်မှလေ
(နင်ဘယ်သူ့ဘေးမှာရှိနေနေ ငါ့ရင်ခွင်ထဲက ကွက်လပ်လေးပါ)

အကြွင်း

အချစ်ဝင်လာတယ်
အချစ်ပြန်ထွက်သွားတယ်
ချန်ထားခဲ့ခံရတဲ့ငါတို့မှာ
ဘာတွေများကျန်နေခဲ့သလဲ?
(နင်ဘယ်သူ့ဘေးမှာရှိနေနေ ငါ့ရင်ခွင်ထဲက ကွက်လပ်လေးပါ)

ကြောင်လိုယောက်ျား

တချို့ယောက်ျားတွေကကြောင်လိုပဲ
မင်းကိုနာကျင်အောင်ခြစ်ကုတ်ပြီးတာတောင်မှ
အပြစ်မရှိတဲ့မျက်နှာလေးနဲ့
မင်းကိုကြည့်နေတတ်သေးတယ်
(နင်ဘယ်သူ့ဘေးမှာရှိနေနေ ငါ့ရင်ခွင်ထဲက ကွက်လပ်လေးပါ)

ရည်းစားဟောင်း

ဟိုးအရင်တုံးက
အရမ်းကိုနက်နက်ရှိုင်းရှိုင်း
ချစ်ခဲ့ဖူးတဲ့ ချစ်သူ
အခု
ဘယ်လိုပုံစံများလဲ…?
(နင်ဘယ်သူ့ဘေးမှာရှိနေနေ ငါ့ရင်ခွင်ထဲက ကွက်လပ်လေးပါ)

ခွဲခြမ်းခြင်း

အချစ် ဆိုတာ….
ကြင်နာခြင်းရဲ့
ထာဝရ
အနူးညံ့ဆုံးနဲ့
အရေအထူဆုံး
အပိုင်းပါ
(နင်ဘယ်သူ့ဘေးမှာရှိနေနေ ငါ့ရင်ခွင်ထဲက ကွက်လပ်လေးပါ)

အကန့်ပျက်

တချို့ကိစ္စတွေက
သင်တိုင်းလဲ
သင်လို့လဲ
မတတ်ပါဘူး
ဥပမာ
ဘယ်လို “ချစ်”ရမလဲဆိုတာမျိုးပေါ့
(နင်ဘယ်သူ့ဘေးမှာရှိနေနေ ငါ့ရင်ခွင်ထဲက ကွက်လပ်လေးပါ)

တစ်ခါတည်းပါ

တကယ်လို့ တစ်သက်လုံးမှာမှ
အဲဒီတစ်ခါတည်းပဲဆိုရင်တောင်မှ
တစ်ခါတည်းပါပဲ
အဖော်လိုလို့
ငါ့ဆီလာတာမျိုးမဟုတ်ပဲနဲ့
ငါ့ကိုတကယ်
သတိရလို့ ငါ့ဆီလာတာမျိုးလေ
(ငါလိုချင်တာ ပွေ့ဖက်မှုလေးတစ်ခုတည်းပါ)

စက်ရုပ်

အသဲနှလုံးမရှိတဲ့လူတွေက
ချစ်ရတာလွယ်တယ်
ဒါပေမယ့်
အသဲနှလုံးမရှိတဲ့လူတွေက
များသောအားဖြင့်
တကယ်မချစ်တတ်ကြဘူး
ဘာလို့လဲဆိုတော့
အသဲနှလုံးမရှိတဲ့လူတွေက
အချစ်ပဲခံချင်ကြတာလေ
(ငါလိုချင်တာ ပွေ့ဖက်မှုလေးတစ်ခုတည်းပါ)

ကာရံမဲ့ကဗျာ

ငါ့ကိုအချစ်တော့ပေးတယ်
ဒါပေမယ့်
အချစ်တော့မခံချင်ဘူး
ကဗျာတစ်ပုဒ်
ကာရံမရှိတာကို
ကဗျာရှင်ကိုပြန်ပြီးတော့
နဘေ နဲ့ရွတ်ပြနေသလိုပဲ
(မချစ်ဘူးဆိုတာလဲ ချစ်နေတာတစ်မျိုးပါပဲ)

5 comments:

  1. ၀မ်းနည်းခြင်း

    “ဘာလို့လဲဆိုတော့ မျက်ရည်မှာလဲ
    အလေးချိန်ရှိတယ်လေ”
    “ထုထည်လား?.....”
    “မဟုတ်ဘူး….
    နာကျင်မှုပါ”
    (မငို)
    "ဒီ အ ပိုဒ် လေး ကို ငါ ကြိုက် တယ်."
    MOST OF PPL USE TO SAY "I CAN FEEL IT, UNDERSTAND & IMAGINE" BUT THEY CAN'T REALLY EMPATHIZE AT ALL HOW DOES IT PAIN.
    ချစ်?

    ပြဿနာက
    လူနှစ်ယောက်
    မစွန့်စားရဲကြရင်
    ဘယ်လိုချစ်မလဲ…..?
    (သူငယ်ချင်းပဲနော်)
    "သူ ငယ် ချ င်း ပဲ နော် က ဘာ ကို ရည် ညွှန်း တာ လဲ ?"

    ReplyDelete
  2. သူငယ်ချင်းပဲနော် က Tagged လုပ်ထားတာပါ
    အမျိုးမျိုးယူလို့ရပါတယ်
    ကိုယ်ခံစားချက်နဲ့ ကိုက်ညီသလိုပေါ့
    ဥပမာ
    (မငို) ရှိတယ်
    (ငါလိုချင်တာ ပွေ့ဖက်မှုလေးတစ်ခုတည်းပါ) ဒီအောက်မှာဆိုနှစ်ပုဒ်ရှိတယ်လေ
    ငါ့ခံစားချက်နဲ့ကိုက်တာလေးတွေကိုတူရာ Tagged ထားတဲ့သဘောပါ
    ဘာမှမရည်ရွယ်ပါဘူး

    ReplyDelete
  3. ဟန်ဆောင်ခြင်း

    လူတစ်ယောက်ကို
    ချစ်ဟန်ဆောင်ရတာ
    သိပ်လွယ်ပါတယ်
    မချစ်ဟန်ဆောင်ရတာကမှ
    တကယ်ခက်တာ
    (အချစ်ကောင်း၊ အချစ်ဆိုး)

    ဒါလေး ကိုအရမ်းကြိုက်တယ်..။
    တစ်ခြားအပိုဒ် တွေ မကြိုက်ဘူး မဟုတ် ဘူးနော်...။ အကုန်ကြိုက်တယ်..။
    မှတ်ချက်-စာများသာ(တီချမ်းမပါ)

    ReplyDelete
  4. မောင်ငယ် ငနာလေး

    ReplyDelete
  5. comments:
    သက်ပိုင်သူ said...
    အချစ်တစ်ပတ်လည်
    အလကား
    မျက်ရည်ထုထည်ကို ကြိုက်တယ်

    March 8, 2009 7:47 PM
    chenaddy said...
    မောင်ပိုင် မန့်တာနေရာမှားနေတယ်
    ကျုပ်တောင် နားလည်အောင်တော်တော်ကြည့်ယူရတယ်
    ဘာပြောချင်တာလဲလို့

    March 10, 2009 1:54 AM
    chenaddy said...
    ကျုပ်ကလဲပြန်မရွေ့တတ်တော့
    ကဲကဲရှိစေတော့

    March 10, 2009 1:55 AM

    ReplyDelete