Sunday, March 15, 2009
မမ ကို သတ်မယ်.....................
ခုတခါမှာတော့ အန်တီချမ်းက ပုံပြင်လေးတစ်ပုဒ်ပြောပြချင်တယ်လေနော်။ ကောင်မလေးတစ်ယောက်အကြောင်းပါလေနော်။ တခါကကောင်မလေးတစ်ယောက်ဟာ သူ့အမေရဲ့အသုဘမှာ သူ့ဘ၀မှာ တခါမှမတွေ့ဘူးတဲ့ လူတစ်ယောက်ကိုတွေ့ပါသတဲ့။
အဲဒီသူဟာဆိုရင်ဖြင့် ကောင်မလေးရဲ့ အိပ်မက်ထဲကနတ်သားလေးလိုပဲတဲ့ကွယ်။ အင်မတန်ကိုချောလှပြီးသကာလ ၊ ယောင်္ကျားဆန်ဆန် သဘောထားပြည့်ဝ အပြစ်ဆိုတာလဲမြူတစ်မှုံစာမျှတောင်ရှာမတွေ့နိုင်သူပါတဲ့လေနော်။ အဲဒီတော့ ကောင်မလေးဟာဆိုရင်မြင်းမြင်းချင်းနွားနွားချင်း (အဲလေ) မြင်မြင်ချင်းကိုချစ်မိပါတယ်တဲ့ကွယ်။ ဒါပေမယ့်အကြောင်းကြောင်းကြောင့် ကောင်မလေးဟာအဲဒီလူရဲ့ ဖုန်းနံပါတ်၊
ဆက်သွယ်ရန်လိပ်စာ၊ အီးမေးလ် လို့ခေါ်နေကြတဲ့ ဓါတ်ချောစာ လိပ်စာ
စတာတွေကိုမေးဖို့မေ့ သွားပါသတဲ့။ ဒါ့အပြင် အသုဘ ပြီးသွားတဲ့အခါမှာလဲ သူဘယ်သူလဲ၊
ဘယ်ကလာတာလဲ ဆိုတာ ဘယ်သူမှမသိလိုက်ကြပါဘူးတဲ့ကွယ်။
ကိုရီးယားဆန်တဲ့ ဇာတ်လမ်းလေးပဲနော်။ အဲ ဒီလိုနဲ့ နောက်ရက်အနည်းငယ်အကြာမှာတော့
ကောင်မလေးဟာ သူ့အစ်မအရင်းကိုသတ်ပစ်လိုက်ပါသတဲ့ ။
ကဲမေးခွန်းလေးကတော့
ဘာဖြစ်လို့ ကောင်မလေးက သူ့အစ်မကိုသတ်ရတာလဲတဲ့ကွယ်
(အကြောင်းအရင်းကိုမေးတာနော်)
သေချာလေးတွေးကြည့်စေချင်တယ်လေနော်။
24 comments:
  1. ဖြေလိုက်မယ်နော်...မသိဘူး...ထင်တာကတော့ ဟိုလိုလိုပဲ...ဟီ
    ReplyDelete
  2. ...Imm....ဖြစ်နိုင်တယ် တီတီ။ :)...ဒါကြောင့်ပဲနေမှာ ။ နေအုန်း..
    ညီမရဲ့ အစ်ကိုအမွှာနှစ်ယောက် လာပြီးဖြေပေးလိမ့်မယ်။ သမီးပြောထား
    တယ်။ဟဲဟဲ....ကဲ..ကိုဂျိုကာနဲ့ ..ကိုpm....တာဝန်ကျေပါစေ...ဟေဟေ..:P
    ReplyDelete
  3. သူ့အမ ချစ်သူဖြစ်နေလို့ပေါ့
    ReplyDelete
  4. ဒီချာတိတ်မ အမေ အသုဘမှာတောင် ..
    တယ်... ငါနော်
    ReplyDelete
  5. ဝှက်ထားတာတစ်ခုခုတော့ ရှိရမယ် ဟွင်းဟွင်းဟွင်း O_o
    ReplyDelete
  6. သူ့အမေ အသုဘ မှာ လာသွားတယ်ဆိုတော့ သူ့အစ်မ အသုဘ ကျရင် လာမယ်လို့ မျော်လင့်လို့ပေါ့...
    ReplyDelete
  7. သူ့အမ အသုဘ မှာ အဲဒီကောင်လေး ထပ်လာလို့ ထင်လို့
    ReplyDelete
  8. သူ့အမ အသုဘ မှာ အဲဒီကောင်လေး ထပ်လာမယ်လို့ ထင်လို့
    ReplyDelete
  9. ဟဲဟဲ..အဲ့ဒါမှ အသုဘအခမ်းအနား ထပ်လုပ်လို့ ရမှာလေ။ အဲ့တော့ သူ့ကိုကိုချောချောက အသုဘကို ထပ်လာ။ အဲ့ခါကျမှ သူလဲ အရင်တစ်ခေါက်က မမေးလိုက်ရတဲ့ ဖုံးနံပါတ်တွေ အီးမေးလ်တွေ မေးဖို့ အခွင့်အရေးထပ်ရမှာပေါ့။ အဲ့တစ်နည်းပဲ ရှိတယ်လေကွယ်။
    မှန်တယ်ဟုတ်။
    မှန်မှန် မမှန်မှန် မှန်တယ်ဖြေ။
    မဟုတ်ရင် တီတီကို သတ်မယ်။။ ဟိဟိ
    ReplyDelete
  10. စာရှည်နေတာနဲ့ သူများတွေ ဦးအောင် ဖြေတွားပီ။။။ အဟင့် အဟင့်
    ReplyDelete
  11. အင်း တီချမ်း တီချမ်း ခေါင်းစားအောင် လုပ်ပြန်ပြီ။
    ၁ သူ့အစ်မ အသုဘ ကျရင် ထပ်လာမယ်ထင်လို့။
    ၂ .....
    ၃ .......
    ReplyDelete
  12. ဘုရားဘုရား မိဘာ ညည်းအေ ဘယ်သူ့ကိုလိုချင်လဲပြောပါအေ့
    ငါ့တော့မသတ်ပါနဲ့
    ဘာဘာ ဘာမှမသိဘူးလေနော်
    ညည်းလိုချင်တာ/တဲ့လူပြော ရစေ့မယ် ဟိဟိ
    ReplyDelete
  13. အင်း....သိါဘူး....
    ကိုရီးယားကားတွေသိပ်မကြည့်ပါ..။
    သီဟသစ်ပြောတဲ့ အချက်ဖြစ်နိုင်ခြေများကြောင်း
    ReplyDelete
  14. ဖြေခိုင်းလို့သာ ဖြေရတယ် ပုံကြည့်ပြီးကတည်းက လူကအင်တင်တင် ဖြစ်နေတာ။
    မသိဘူး။
    ကျေနပ်ပြီလား။
    ReplyDelete
  15. အပေါ်ကလူတွေပြောတာဖြစ်နိုင်တယ်
    :P
    ReplyDelete
  16. အေး ငါလည်းဖြေပေးမယ်နော်၊ အသုဘမှာတွေ့တဲ့ ယောက်ျားကိုတွေ့လို့ နင်ကကြိုက်တယ်ဆိုတော့ နင်လည်းသုတ်သန်မှာ အမြဲသာထိုင်စောင့်နေ (သို့မဟုတ်) စန္ဒာလလုပ်ပါလား၊ ဒါဆိုအသုဘမှာ လိုက်ပို့တဲ့သူတွေရော ၊ သေတဲ့သူတွေပါတွေ့မယ် ကြိုက်ရင် စာရင်းပြုစုထား ၊ သူ့အမေအသုဘမှာတွေ့တယ်ဆိုတော့ နင့်အစ်မယောက်ျားဖြစ်မှာပေါ့ဟ
    ReplyDelete
  17. အယ် နေဦး ထပ်ပြောဥိးမယ် ၊ နင်တွေ့တာ နင်လည်းဂေါက်သီးဖြစ်ချင် ဖြစ်နေမယ်။ နင့်အစ်မ ရည်းစားဖြစ်မယ်လို့လည်း ဟီဟီ ထင်တာပဲ၊ ယောက်ျားမဟုတ်တော့ ရည်းစားပေါ့ဟာ နော်......ဒန်.. ဒန်.. ဒန်.
    ReplyDelete
  18. ကိုနိုင်ဆိုသောသူ
    ဒီဘလောခ့်လေးက မောင်နှမတွေဖတ်တာပါ
    အရေးအသားတွေ ကိုသတိထားစေချင်ပါတယ်
    ကျေးဇူးပါ
    ReplyDelete
  19. သူ့အစ်မ အလှည့်ကျရင် အဲဒီလူလာမယ်ထင်လို့နေတာဘဲ။
    ဒီလောက်လွယ်တဲ့မေးခွန်းကို မမေးလောက်ဘူးထင်တာဘဲ။
    ဒီထက်လည်းပိုမတွေးတတ်တော့ဘူး။
    ReplyDelete
  20. အဟမ်း အဟမ်း..။
    ကျွန်တော့
    အီးမေလ်းတွေ ဖုန်းနံပါတ်တွေ လိုချင်တာများ လူမသတ်ပါနဲ့တီချမ်းရယ်..။
    သိချင်ရင်ပြော ပြ မှာပေါ့...။
    :D
    ReplyDelete
  21. သူ့ အမ၇ဲ့ ၇ည်းစား ဖြစ်နေလို့လို့ ထင်တာပဲ။ဒီထက် မစဉ်းစားတတ်တော့ဘူး
    ReplyDelete
  22. သူ့အမေ ၇ဲ့ အသုဘ ကို လာတယ်ဆိုထဲက တယောက်ယောက်နဲ့ သိလို့လာတာပေါ့။ သူ့အမ ၇ည်းစားဘဲ
    ReplyDelete
  23. နှာ -ူး မ ။ကိုယ့်အစ်မကိုယ်တောင် ဖ္ဂန်ကြောင်ပြီးသတ်တယ်။
    ဟဲ ဟဲ ...ဘဲဘဲ ကိုထပ်တ္ဂေ့ချင်လို့နေမှာပေါ့
    ReplyDelete
  24. အဟီး အနော်က အပေါ်က အဖြေ ကိုဖတ်ပြီးမှ အမေး ကိုဖတ်တာဆိုတော့ မဖြေတော့ဘူးနော်။ ဇွတ်ဖြေခိုင်းရင်တော့ မှားအောင်ဖြေရမှာပဲ။ ဟီးဟီ။
    ReplyDelete