Thursday, March 19, 2009

တီချမ်း ကြွားလုံးထုတ်ခြင်း(မောင်ငယ်ကိုမကျေနပ်၍)

မောင်ငယ်ဆိုသောအကောင် ကိုမကျေနပ်၍ ဒီ ပိုစ့်ကိုရေးပါသည်
ဒါလောက်တော့ တီချမ်းက စွမ်းပါသေးတယ် အဟင်းဟင်း ထမင်းထမင်း ဆိုပြီးချက်ချင်းကိုချရေးပစ်လိုက်တယ်


ဖြစ်ပုံကဒီလိုပါ (အောက်မှာသာရှု့တော့ မောင်ငယ် ထံမှ ကွန်ဆင့် consent ယူပြီး) ထုံးစံအတိုင်းဂျီတော့ကပါ (မှတ်ချက် ဂျီပုန်းများသာ “တော့” တာမဟုတ်)




မောင်ငယ်: တီဘာဟင်းချက်တုန်း
Addy: ဟင်းရည်
မောင်ငယ်: အယ် အကောင်းစားတွေမချက်နဲ့ နော် ..သားသား ကသိပ်မစားတတ်ဘူုး ဟိဟိ
Addy: ကြက်ဟင်းခါးသီးရယ်၊ မှို ရယ်၊ ၀က်နံရိုးရယ်၊ သခွါးသီးရယ်ကိုမီးအေးအေးလေးနဲ့ ပြုတ်နေတာ
အားအရမ်းရှိမှာအဟိ အစ်မတော်နေမကောင်းလို့လေ ပြီးရင်သွားပို့မှာ
မောင်ငယ်: ဟုတ်လား လူနာတော့မသိဘူး ကျွန်တော်တောင် စားချင်လာ ပ့ါ
Addy: အေးအရမ်းကိုကောင်းတာနော် ဟင်းရည်က ကြည်ကြည်လေးလေ နောက်မနေဘူး
စွပ်ပြုတ်အမိုက်စားလေးပေါ့ကွယ်
မောင်ငယ်: အမ် ဟင်းရည်ကြည်တဲ့စွပ်ပြုတ်ဆိုတော့ ဘယ်လို လေးတုန်း တီတော့ ပညာပြနေပြီနဲ့ တူတယ်နော်

Addy: ဘာတုန်း အေးဓါတ်ပုံရိုက်ပြီးတင်ပေးမယ် ဟွန်း
မောင်ငယ်: ဟိဟိ စတာပါ တီတီ့  ပညာ တွေ ကိုလေးစား ပ့ါ
Addy: ဒီ မှာ မောင်ငယ် တီ က

၁) ၀င်ငွေ အရမ်းကောင်းတယ် (ဘယ်တူမှတိစေနဲ့ အခွန်လိုက်လာမှာစိုးလို့)
၂) ကလေးချစ်တတ်
၃) အိမ်မှုကိစ္စနိုင်နင်း (သိမ်းဆည်း၊လှည်းကျင်း၊လျှော်ဖွတ်၊ မှတ်ချက်။ ။အိမ်ဖော် အငှားလိုက်သည်နာရီဖြင့်)
၎) ကုတင်ပေါ်က ကိစ္စမှာလဲတော်တီးတီး တော် (မိန်းကလေးများကျော်ဖတ်ရန်) (ယောက်ျားလေးများ သင်တန်းလိုချင်ရင်ဆက်သွယ် ဒါက ကြားဖြတ် ကြေညာဝင်တာ ဇာတ်လမ်းတွဲဆိုတော့)
၅) ရုပ်ရည် က လဲ ကြည့်ပျော်ရှုပျော်ထက်ကိုတော်တော်လေးကျော် ပြီးကြည့်ကောင်း
၆) လူမှုဆက်ဆံရေးလဲကြေညက်
၇) ဘာသာစကား ၅ မျိုးရ (မြန်မာ၊ဗမာ၊တရုတ်၊ကွမ်တုံ(မမကွမ်တုန်တာမဟုတ်ဘူးနော်)ယိုးဒယား၊ အင်္ဂလိပ်)
၈) ဟင်းချက်တာ အလွန်တော်၊ ကောင်း၊ အရသာရှိ

အဲတော့ ဘာလိုသေးလဲကံကောင်းမယ့်ကောင် ပဲလိုတာ အဟိ (ခက်တာကအဲဒီကောင်က မမွေးသေးဟိဟိ)


မောင်ငယ်: ဟမ်
Addy: အံမလေး မကုန်နိုင်ဘူးနော် ရေးရတာ လက်ညောင်းလို့ ဒီမှာပဲ ရပ်ထားလိုက်မယ်
မောင်ငယ်: မာကဓ ဘာသာ စကား ပါနားလည်ရင် တီ့ကို ရီးစား စကားပြောမယ့်သူ ရှိတယ်သိလား
Addy: အဟွင်းဟွင်း မောင်ရင် ကို တီစဉ်းစားမယ်ပြောပြီးပြီလေ ထပ်ပြောရန်မလိုပါ
မောင်ငယ်: ဟိဟိ
Addy: စီဗီ ကိုကြည့်ပြီးပြီ အင်တာဗျူးခေါ်မယ့်ရက် ကိုစောင့်နေ
မောင်ငယ်: လုပ်နဲ့လေနော်...။ သားသား ကခုမှကလေး ပဲရှိသေးတာ

ဒါက ပိုစ့် ပထမ အပိုင်း (ကိုရီးယားကားလိုပဲနော်) နောက်အပိုင်းက အောက်မှာဆက်ဖတ်နော်



ဒီနေ့ အရင် အလုပ်က finance department က ex-colleague အစ်မတယောက် ဘန်ကောက်လာတယ်(အင်းနွေးနေခြည် ရဲ့ကျေးဇူးတွေ “တစ်” ပြီးမှ “စ”သတ် ကိုပြန်ဖြုတ်လိုက်ရတယ် အဟိ အဲနနခ ရေ အစ်မ ကရော “စ”သတ်ရမှာလား?)

ပါလာတဲ့ ပစ္စည်းတွေကတော့
အဲ့အပေါ်ကပုံထဲမှာ ပြထားတာတွေပဲ နိုင်ငံခြားရောက်မြန်မာဘလောခ်ဂါများအားလုံးကိုကြွားပစ်လိုက်သည်။
အရင် တစ်ပိုစ့် မှာမမကွမ်ပြောလို့ ဒီတခါ အိပ်ရာပေါ်မှာရိုက်ထားပါတယ် ခိခိခိ
အောက်မှာ အသေးစိတ်လာပါတော့မယ် ဒန်ဒန့်ဒန့်............
အဲလိုကို မြင်မကောင်းရှုမကောင်းအောင်သေတ္တာတလုံးနဲ့အပြည့်နော် ခစ်ခစ်ခစ်



စာရင်းနဲ့အတိအကျတင်ပြပါ့မယ်နော်

၁) ငရုပ်သီးအကျက်မှုန့် (စာရင်းကိုင်အစ်ကိုကြီးနှင့် သူ့ဇနီးမှ သူတို့ ဘန်ကောက်လာတုံးက တီ
ဧည့်ဝတ်ကျေလွန်းတာကိုကျေးဇူးအထူးတင်ရှိသောကြောင့်)
၂) ပဲနီလေးနှင့် ပဲဝါလေး (အရင်အထက်အရာရှိမှ တီ့ အားချစ် လွမ်း သတိရသောကြောင့်)
၃) ပဲပုပ်မှုန့် (သရက်သီးစိမ်းနှင့်တို့စားရန် တီမှာ၍ ချစ်မေက ပို့)
၎)လက်ဖက်အကြော်များ အထုပ်ကြီး ၂ ထုပ် (တီ့ ချစ်သူဟောင်းကိုကြီးမှ ဟိဟိ ကပ်ကြွား ကပ်ကြွား)
၅) နေကြာစေ့ ၂ ထုပ်၊ “မောင်”တံဆိပ် ဇီးထုပ် ၂ထုပ်၊ သရက်ပြား ၃ထုပ်၊ မရမ်းပြား ၁ ထုပ် ဒါတွေအားလုံးတီ ဗိုက်ကြီးတုန်းက အမြဲစားတဲ့ဟာတွေ ဟိဟိ ဪ လျှို့ဝှက်ချက်တွေပြောမိပြန်ပြီ (ဒါတွေကစာရင်းကိုင်နောက်အစ်မကြီးကပေးတာ)
၆) ဘာလချောင်ကြော် အချို ၁ ထုပ် အစပ် ၁ ထုပ် အိမ်ကြော် ( ပရိုဂရမ် အော်ဖစ်ဆာ အစ်မကြီးပေးတာ) သူ့ကလေးလေးကို တီကအရမ်းချစ်တာ သူ့ ကိုတီနာမည်ပေးထားတယ် ကလိုကလူလေးလို့ လေ သူ့ပုံလေးကဒီမှာ ပါ (ချစ်စရာလေးနော်) သူ့အတွက် တီ ပေးစာတစောင်တောင်ရေးထားသေးတယ် ရှာဖတ်




၇)ငါးနီတူ အစပ်ကြော် တီ့အကြိုက်ဆုံး ၁ပိဿာ (ဟိဟိ သိတယ်ပြောတော့မှာကို) တမင်ကြော်ခိုင်းတာ ကြိုက်လို့ (ချစ်ဆုံး သူငယ်ချင်းညီမလေး အမေ ကြော်ပေးတာ အဲဒီညီမလေးနဲ့ ကခင်တာ ၁ နှစ်ကျော်ပြီ သူ့အမေ ကို တခါမှမမြင်ဖူးဘူး ဒါပေမယ့် တီ ကို အဲဒီအမေက (တီကလဲအမေဌေးလို့ပဲခေါ်တာ) အရမ်းချစ်တာ အဲလို အဲလို...
၈) ငါးကျည်းခြောက်စပ် (ဒါက စာရင်းကိုင်ချူပ်မမအပျိုကြီးကသူ့ညီမကိုကြော်ခိုင်းတာ)


ကဲကုန်ပြီ။


ဒီလောက်ဆို တီ့အကြောင်းနဲ့ တီ ကို လူချစ်လူခင် ဘယ်လောက်များတယ် ဆိုတာ သိကြပြီထင်ပါ့နော်
ခင်ချင်ရင် မြန်မြန် ဆက်သွယ်ပါ အကန့်အသတ်ဖြင့်သာ လက်ခံခင်မင်သည် ဟိဟိ (စတာ)

တီတီချမ်းရဲ့

ကြွားလုံးတွေကို ဒီအထိဆုံးအောင်သည်းခံဖတ်ရှု ပေးတဲ့ အတွက် အဲဒီစားစရာတွေ ကို မျှဝေမယ် အီးမေးလ် ကနေတစ်ဆင့် စားချင်သူများအားလုံးကိုပို့ပေးမယ် မော်နီတာ ကနေတစ်ဆင့် ထုတ်ယူပါ

ဒါ အဆင့်လွန်နည်းပညာ (ဒါပဲ) ကိုညီလင်းဆက် တို့တောင် မတတ်သေးဘူး အဟွင်း အဟွင်း အဟွင်း နောက်မှ နည်းပညာ ပိုစ့် ဆိုပြီး ရေးမယ် ခွိခွိခွိ

အားလုံးကို သိပ်သိပ်သိပ် ချစ်တဲ့

တီချမ်း ၁၀ နာရီ ထိုးရန် ၁၅ မိနစ် အလို ဟင်းရည် ချက်အပြီး နေအိမ် ဘန်ကောက် (ဆိုသောရွာ)

22 comments:

  1. ဟင့် ကြည့်နေ နာလည်း ရန်ကုန်ကပြန်လာမှ ပါတာတွေ ကြွားပစ်ဦးမယ်

    ReplyDelete
  2. ချက်ထားတာတော့ မဆိုးဘူးပြောရမယ်..
    ကြည့်ရတာ တခုတော့လိုနေတဲ့ ပုံပဲ..
    အဲဒါက အရသာ နဲ့တူတယ်။
    ခင်မင်မှုဖြင့် စနောက်ခြင်းဖြစ်သောကြောင့်
    ရန်လာမတွေ့ရန် မျှော်လင့်ပါသည် ..ဟဲဟဲ....။

    ReplyDelete
  3. ငါးကျည်းခြောက်စပ် စားချင်တယ်..။ တီချက်တဲ့ ဟင်းရည်ကြည်တဲ့စွပ်ပြုတ် ကို တွေ့ ဖူး သွား ပြီ ..။ ယုန် ဧ်။

    ဒါပေမယ့်အနော့်လောက် တော့ မချက်တတ်ကြောင်း သိသွား ပြီ..။
    စိတ်မကောင်းဘူး တီချမ်းရယ်...။ လူကြုံပါးတဲ့ပစ္စည်းက အဲ့လောက်တောင်ပဲ နည်း လား မောင်ငယ်တို့ အိမ်က ပို့ လိုက်တဲ့ပစ္စည်း တွေ များပြချင်လိုက်တာ..။
    နေ ဦး ကင်မ ရာ သွားရှာလိုက်ဦးမယ်..ပြီးမှ ပြမယ်ကြည့်နေ...။
    (လူကြဲုပစ္စည်းပါ)

    ငရုပ်သီးအကျက်မှုန့် တစ် ၀က်ခွဲ ပေး..။
    ပဲနီလေး တစ် ၀က်ပေး..။
    ပဲပုပ်အကုန်ယူမယ်..။ (တီမစားနဲ့ တော့နော်..)


    တော်ပြီဒီလောက် ပဲ ...။

    မောင်ငရ်
    ခေတ္တလူ ပြည်

    ReplyDelete
  4. အနည်းငယ်ယူသွားသည်

    ReplyDelete
  5. khin oo may said...

    အန်တီချမ်း
    တီချမ်းမိုက်တယ်ဗျာ ဂယ်ပဲ

    ရင်တွေ ခုန်ပါတယ်။ မရဲ့မောင်လေး....အသည်းတွေ တုန်တယ်..မရဲ့မောင်လေ.။။။။ဒီမှာ ချစ်နေပြီဟေ..ူး..........
    (တီချမ်း ကိုယ်စား သီဆိုသွားသည်။။)
    March 20, 2009 12:12 AM

    ReplyDelete
  6. ဂယ်ပဲ..ဂယ်ပဲ...ပြောကိုမပြောချင်တော့ဘူး...

    ReplyDelete
  7. တီချမ်းရတဲ့ လက်ဆောင်တွေ ကျနော့် သခင်နဲ့သခင်မ အကြိုက်ပဲ

    ReplyDelete
  8. ဟင်းတွေကြည့်ပြီး သားရည်ယိုသွားပါတယ်--
    တီချမ်း------

    ReplyDelete
  9. comment ၁ - တို့က စာလုံးပေါင်း ပွဲစား လုပ်လိုက်တာပါနော်..
    သိချင်ရင် ဦးအောင်သာငယ်ကိုသာ မေးကြည့်

    comment ၂ - ဟင်းရည်ထဲက ကြက်ဟင်းခါးသီး ဖယ်ပေး.. ကြိုက်ဘူး.. ဟွင့်

    comment ၃ - လူချစ်လူခင်များကြောင်း ယုံကြည်ပေးလိုက်သည်။

    comment ၄ - ဟိုလူပို့ ဒီလူပို့ နဲ့ ကုန်ကြမ်းပစ္စည်းတွေကတော့ ရပြီ... ကုန်ချောထုပ်ပြီးရင်လည်း တခါးလာခေါက်ပါဦး

    ReplyDelete
  10. ဖတ်ရင်း သရေယို .. ကြည့် .. ပြန် .. ထပ်ကြည့် ထပ်သရေယို .. မပြောတော့ အပ်ကြောင်းထပ် .. တကယ်ပြန် :P

    ReplyDelete
  11. ဆားသောက်ဆိုင်ဖွင့်ဖြစ်ရင်
    စာဖိုမှူးသီးသန့် ရှာစရာ မလိုတော့တာ ကံကောင်းတယ်။

    (ဓနုဖြူ ဒေါ်စောရီတော့ မြောင်းထဲ ရောက်တော့မယ်)

    ReplyDelete
  12. ဒီလိုရရိုးလား တီချမ်း ချက်ချင်း သင်္ဘောပေါ်ကို တ၀က်လွှဲပါ .. ဒီမှာ ငတ်နေပီ :D

    ReplyDelete
  13. ဟင်းရည်ကို စိတ်ဝင်စား၏။ ကြက်ဟင်းခါးသီးထည့်ပြုတ်တာ ဆိုတော့ တော်တော်ခါးလားမသိဘူး..။ စမ်းကြည့်ချင်သော်ငြား အရမ်းခါးလို့ မစားနိုင်ရင် ဝက်နံရိုးနဲ့ မှို နှမျောစရာ.....။

    ကျော်ဖတ်ခိုင်းသောနေရာကို တကယ်ကျော်ဖတ်သွားသည်။ အဟိ

    ငါးကျည်းခြောက်စပ် နဲ့ ငါးနီတူကြော် လိုချင်ထှာ အေ.....(အသင့်စားရုံပဲမို့လို့)

    ReplyDelete
  14. ဟင်းရည်မြင်တော့ ဗိုက်ဆာ၏ ။ လက်ဆောင်ပစ္စည်းများတစ်ယောက်တည်း မစားကောင်းပါ။ တ၀က်ခွဲပေးမှ စားကောင်း၏ မြိန်၏ အရသာရှိ၏ ။ မဟုတ်လျှင် စားမကောင်း။ ဟင်းရည် (၀က်နံရိုးများများ ) နှင့် ပစ္စည်းတ၀က်
    cobx သို့မြန်မြန်ပို့ပေးနော် တီချမ်း။ မဟုတ်ရင် တကယ်ပဲ စားမကောင်းမှာ..ဟဲဟဲ

    ReplyDelete
  15. အလှူပေးတယ်ကြားလို့ နောက်ကလိုက်။ အလုပ်တန်းလန်း လွှင့်ပစ်ခဲ့ ။ ဗိုက်ဆာ လို့ သွားရည်ယို ။ ယိုသော်ငြား ငုတ်တုတ်ထိုင် ။ အလှူရှင် ကုတင်အောက် ပုန်းတော့ ။ ဒေါသူပုန်ထပြီး ပြန်သွားတယ်။

    ReplyDelete
  16. အောင် မျိုး ဘွတ် င ကြွား ကြီး

    ReplyDelete
  17. အော် ဗိုက်စာနေတဲ့အချိန်မှ ကြည့်မိတာ ကိုယ့်အမှား...း(
    ငါးနီတူခြောက်စားချင်လိုက်တာနော်...
    ငါးချည်းခြောက်စပ်လဲ ပါးစပ်ထဲရောက်လာရင်ကောင်းမယ်...
    မြင်သာမြင် မကြင်ရတဲ့ ဘ၀..
    သုခပဲနော်...
    တီတီချမ်း ရက်စက်ပုံ...
း(

    ReplyDelete
  18. ငရုတ်သီးအကျက်မှုန့်ရတာတော့ အားမကျပါဘူး။ ကိုယ့်ဘာသာ ဟင်းချက်စားရမယ့်အဓိပ္ပါယ်ပေါ့။ ကိုယ်ဆို အိမ်ဘေးကအစ်ကိုတွေ ချက်တာသွားစားရုံပဲ။ :P မနေ့ကတောင် တစ်အိမ်ကျော်က အစ်ကိုက စီးတီးဟောမှာ မြန်မာအစားအသောက် အကောင်းစားတွေလိုက်ကျွေးသေးတာ။ တီကြွားလုံးတွေမခံနိုင်လို့ ကပ်ကြွားသွားတာ။ ဒါပဲ။ :D

    ReplyDelete
  19. ဗိုက်ဆာနေတာနော် ဘာမှ မရှိလို့ ညစ်နေတား(
    အခုတော့ ပုံတွေပဲ အ၀ ကြည့်သွားရတယ်။

    ReplyDelete
  20. ဟင်းရည်ကြည်တဲ့စွတ်ပြုတ်တဲ့ သခွားသီးနဲ့စွတ်ပြုတ်လုပ်တာ စားဘူးဖူး
    မြင်ဘူးသွားပြီ သွားရည်ယိုသွားတယ် ရှလွတ် ...

    ReplyDelete
  21. လာလည်ပါဦး တီချမ်း။ ပူးမှာလည်း စားစရာတွေရှိပါတယ်။

    ReplyDelete