Saturday, March 21, 2009

ပြတင်းပေါက် မှစောင့်ကြည့်သူလေးများ


ပြတင်ပေါက် အမှတ်(၁)

နင်ငါ့ကိုကြည့်နေလားဟင်?ငါလဲနင့်ကိုကြည့်နေတယ်
နင်ဘာပြောချင်လဲ?
အင်း…တခါတလေတော့ ဘာမှမပြောဘဲနေတာလဲပိုကောင်းပါတယ်
နင်ဘာတွေမြင်နေရလဲ?
ငါတော့ နင့်ရဲ့ ဖွဖွအပြုံးလေးနဲ့လျှို့လျှို့ဝှက်ဝှက်
အမူအယာလေးကိုတွေ့နေရတယ်
နင်အစစအရာရာအဆင်ပြေရဲ့လား?
ငါတော့အကုန်ကောင်း.....
နင့်ကြည့်ရတာ အင်မတန်မှကိုလောကကိုကျေနပ်နေပုံပဲ
ဘာလို့လဲဆိုတော့.....
ငါကအခု နင့်ကိုသိပ် သိပ် သိပ်လှတဲ့
မှန်ပြတင်းလေးကနေတဆင့်ကြည့်နေလို့ပဲပေါ့


ပြတင်ပေါက် အမှတ်(၂)

နင် ဆီ မှာအခု ဘယ်လိုရာသီလဲ?
နွေဦးလား နွေလား ဆောင်းဦးလား ဆောင်းလား
စိတ်ထဲမှာ အေးချမ်းတာ ပူလောင်တာတွေကရော
ဘယ်သူက ဆုံးဖြတ်တာလဲ
ဘုရားသခင်လား? ကိုယ်ကိုယ်တိုင်လား?
ဒါမှမဟုတ် တို့ဘ၀ရဲ့ဖြတ်လျောက်တွေလား?
ငါကတော့ အေးစက်စက် ဆောင်းထဲမှာ
နွေဦးရာသီ ရဲ့ ဥယျာဉ်ထဲမှာ
လမ်းလျောက်နေတယ် လို့အိပ်မက်မက်နေတယ်
……………………..
နိုးလာတော့
မွေးရနံ့တွေ တကိုယ်လုံးသင်းပျံ့လို့


ပြတင်ပေါက် အမှတ်(၃)

ဟိုးအရင်တုံးကတော့ ငါလဲ ငါးကန်ထဲကငါးတွေလိုပဲပေါ့
ရှေ့တိုး၊ ကိုယ်လှည့်၊ ရှေ့တိုး၊ ကိုယ်လှည့်၊ ရှေ့တိုး…………. ကိုယ်လှည့်………………
တခါတခါလဲ ငြီးငွေ့စိတ်ပျက်မိပါရဲ့
နောက်ကျတော့ ငါးကန်ကြီးရဲ့အပြင်လောက ကိုရောက်တော့လဲ အရင်လမ်းဟောင်းတိုင်းပဲ
ရှေ့တိုး၊ ကိုယ်လှည့်၊ ရှေ့တိုး၊ ကိုယ်လှည့်၊ ရှေ့တိုး…………. ကိုယ်လှည့်………………
ဒီလိုနဲ့ပဲ တဖြည်းဖြည်းချင်း အပြင်လောကကြီးမှာ
ငါ အလိုက်သင့်အလျားသင့် ရှေ့တိုး တတ်လာတယ်၊
လှလှပပ ကျကျနနလေး ကိုယ်ကိုလှည့်တတ်လာတယ်
ဘာလိုလိုနဲ့ သူ့အလိုလိုလေ့ကျင့် ပြီးသားဖြစ်သွားရော
ပြီးတော့ အမြဲ အေးအေးဆေးဆေး လေးလေးနက်နက်နဲ့
တခုတခုကို တွေးနေသလိုပုံစံလေးနဲ့ ဟန်ဆောင်ပြီးနေတတ်လာတယ်လေ……………..


ပြတင်ပေါက် အမှတ်(၄)

အပြင်မှာ နေသာနေပြီ အိမ်ထဲမှာတော့ မိုးရွာနေတုံးပဲ
ငါပြုံးနေတိုင်းလဲ ပျော်နေတာမဟုတ်ပါဘူး
ငါထီးဆောင်းထားတိုင်းလဲ မိုးစိုမှာစိုးလို့မှမဟုတ်တာ
ငါဘာတွေတွေးနေတယ်ဆိုတာ နင်ဘယ်တော့မှနားလည်မှာမဟုတ်ပါဘူး
လူတွေအားလုံးကိုပွေ့ဖက်ထားပေးချင်ပါတယ်ဒါပေမယ့်
ကိုယ်ဟာကိုယ်အရင်နွေးထွေးအောင်လုပ်ရအုံးမယ်လေနော်
ငါ့ကိုသည်းခံပါနော်ဘာလို့လဲဆိုတော့......
နင့်ကိုဘယ်လိုသည်းခံရမလဲဆိုတာငါလေ့ကျင့်နေတာကြာလှပြီ


ပြတင်ပေါက် အမှတ်(၅)

ဆည်းဆာတုံးက ပင်လယ်နားမှာ ကျောက်တုံးတတုံးနဲ့တွေ့တယ်
သူက သူ့ကို ခရီးထွက်ဖို့ခေါ်သွားပါလားလို့ ပြောလာတယ်
အဲဒါနဲ့ ကျတော် က
“မင်းကိုငါ မနိုင်ဘူး ဒါပေမယ့် မင်းအတွက် ပြတင်းတပေါက်တော့ ဖွင့်ပေးနိုင်တယ်” လို့ပြန်ပြောလိုက်တယ်။
ဒီလိုနဲ့ပဲ တနွေလုံးလုံး ကျတော် ခက်ခက်ခဲခဲပင်ပင်ပန်းပန်းနဲ့
သူ့အတွက် ပြတင်းတပေါက်ဖွင့်ပေးခဲ့ပါတယ်
အံ့မခန်းဆန်ဆန် ပြတင်းတပေါက် သူ့အတွက်ဖွင့်ပေးနိုင်ခဲ့ပါတယ်
လေတိုက်တဲ့အခါ ဇင်ယော်တွေဖြတ်ပျံသွားတဲ့အခါ
လှိုင်းခေါင်းဖြူဖြူတွေ ၀င်တိုးသွားတဲ့အခါ
ကျောက်တုံးက ပျော်ပျော်ရွှင်ရွှင်နဲ့ တ၀ုန်းဝုန်းအသံပြုလေရဲ့………….

(pics from jimmy lao)

9 comments:

  1. ပြတင်းပေါက်တံခါးကိုဖွင့်ပါ
    အဲဒါမင်းအတွက် အကောင်းဆုံးပဲ

    သီချင်းလေးကို သတိရသွားတယ်။

    တီချမ်း အရေးအသားတွေ ပိုပြီးညက်လာတယ်ဗျာ Good

    ReplyDelete
  2. ကြိုက်တယ်။။။အရမ်းကြိုက်တယ် တီချမ်းရေ...၁...၄ နဲ့ ၅ ကို အကြိုက်ဆုံးပဲ။
    ရေးထားလိုက်တာများ အားကျစရာ။။။:)
    တီတီချမ်း ပျော်ရွှင်ပါစေ။ :)

    ReplyDelete
  3. ပြတင်းပေါက်နားမှာသွားထိုင်ပြိးfeelအပြည့်
    ခံကြည့်လိုက်အုံးမယ်။

    ReplyDelete
  4. ပြတင်းပေါက်နားအကြာကြီးဘာသွားလုပ်နေတာလည်း
    တီချမ်းရ

    ReplyDelete
  5. ပြတင်းပေါက်မှာထိုင်ကြည့်နေရတာထက်..ထွက်ပေါက်တစ်ခုသာပေးပါ
    ချမ်းရေ...

    ReplyDelete
  6. :D
    ခက်တယ်နော်... သိပ်ရေးတတ်တာပဲ လို့ပဲ ပြောရမလား မသိတော့ပါဘူး။

    ReplyDelete
  7. အရမ်းရေးတတ်တာပဲ အားတောင်ကျလာပီ :P

    ReplyDelete
  8. အရမ်းမိုက်တယ် .. အရမ်းကြိုက်တယ် .. (စိုင်းစိုင်း သီချင်းဟုတ်ဘူးနော် :D)

    ReplyDelete
  9. ဒီစာလေးကိုလည်း အရမ်းကြိုက်ပါတယ်။
    တီ့ပရိသတ်ပါ။ တီဟောတဲ့ အချစ်ဒဿနတရားတွေကို အမြဲလာနာနေတဲ့သူပါ :)

    ReplyDelete