Sunday, March 22, 2009

ညစ်

ညစ်

ငါ့အတ္တတွေ စိတ်ညစ်လို့
သေချင်းတရားနဲ့ လက်တကမ်းအကွာကို
ငါစစ်တိုက်ထွက်ချင်တယ်

ရန်သူကငါ့ကို ဓါးနဲ့ခုတ်ရင် သွေးတွေပွက်ထွက်ပစေ
သေနတ်ကျည်ဆန်တွေ ငါ့ကိုယ်ကို ဖောက်ထွက်ပစေ
ငါမကြောက်….

ငါ့ညီအကို တပ်သားတို့ ၀ိညဉ်တွေ တဖြုတ်ဖြုတ်ကြွေလဲ
ငါတို့ သွေးတွေမြေကျပစေ ငါတို့မမှု

ဝေးမယ့်တစ်နေ့ တွေးခဲ့မမေ့
အဆင်သင့်ဖြစ်နေတာကြခဲ့ပါပေါ့

လူဆိုတာသေတနေ့မွေးတနေ့
ငါဆိုတာ အဖြေမရှိသေးသ၍
နေစရာ မလိုပါ သေနေ့ မွေးနေ့
ငါသည်သာ ထွက်ခွာရာ
ငါသည်သာ လွတ်မြောက်ရာ

ဒါကြောင့်
နင်မလာနဲ့
ငါ့ဘာသာ သွားမယ်
ငါသေရင်လဲ ငါ့အတွက်မငိုပါနဲ့
နင့်ကိုယ်စား နင့်မျက်ရည်တွေ
ငါနှမြောမိလို့ပါ

ငါ့အလောင်းကို မြေမှာမမြုပ်ပါနဲ့
မြေလွှာတွေပျက်မှာစိုးလို့ပါ
ရေမှာမမျောပါနဲ့
ငါးတွေအဆိပ်သင့်မှာစိုးလို့ပါ
ငါဆိုတာအညစ်အကြေးတွေနဲ့ အဲလိုကောင်ပါ

ဒါ့ကြောင့်
ငါ့ခန္ဓာ လောင်မီးနဲ့မြိုက်ပြီးမှ
ပြာမှုန်တွေကို လေမှာလွှင့်ပေးပါ
လေနဲ့အတူ “ငါ” ဆိုတဲ့ “ငါ”
ဝေလွင့် ပျောက်ခွာ ပါရစေ

နောက်ဆုံးတနေ့
နင် ငါ့ကိုသတိရလို့
ဟိုမှာ တဘက်ရောက်
ငါ့ကို လာကြည့်ရင် သာ
ပန်းလေးတော့ ယူခဲ့ပေါ့
ငါသိပ်ကြိုက်တဲ့
လာဗင်းဒါးတွေရေ
နင်တို့ပွင့်နေပြီလား။ ။

A Chen
1:32 am
22nd March 2009
Home
Bkk

15 comments:

  1. တီတီ ဘာတွေဖြစ်...။
    ဘာကို စိတ်ညစ်နေတာလည်း ...။
    ဘာကြောင့်လည်း...........။

    ပျော်ပျော်ပဲနေနိုင်အောင် ကြိုးစား ပါတီရယ်..........။

    ReplyDelete
  2. Definition of ညစ်
    1. ညစ်ပတ်
    2. စိတ်ညစ်
    3. ညစ် (တစ်ယောက်ကို တစ်ယောက်က ချောက်ချသည်။)

    ReplyDelete
  3. Conclusion of the post
    ရည်းစားနှင့်ရန်ဖြစ်ထားသည်။

    ReplyDelete
  4. ငါ့ညီအကို တပ်သားတို့ ၀ိညဉ်တွေ တဖြုတ်ဖြုတ်ကြွေလဲ
    ငါတို့ သွေးတွေမြေကျပစေ ငါတို့မမှု..

    တီချမ်း တီချမ်း သေတာတောင် တစ်ယောက်တည်း မသွားဘူး...:P

    စိတ်ညစ်တယ်ဆိုတာ လွယ်ပါတယ်
    တွေးကြည့်ရင် စိတ်ညစ်စရာတွေမှ အများကြီး

    ပျော်ရွင်ပါစေ တီချမ်းရေ ...

    ReplyDelete
  5. T chan
    one day we may leave all the things what we belong to...
    one day they may leave us whom we love.
    but we dont know ONE DAY..
    it may be today or tomorrow....
    but it may be sure that we will be very happy with our friends...
    till the last breath.......

    paing

    ReplyDelete
  6. read = ဖတ်သွားသည်...

    ReplyDelete
  7. နင် စိတ်ညစ်နေတာ ဖတ်ပြီး နင့်အကြောင်းလေး ရေးမိတယ်။
    နင် စိတ်ဆိုးမှာ စိုးလို့ အခု ပြန်ပြီး hide လုပ်ထားတယ်။
    သေခါနီမျဉ်းတွေကြောင့် အဓိက စိတ်ညစ်တာ မဟုတ်လား။
    တစ်ခါတစ်လေ အတွေးလေးတွေက စိတ် ခံစားချက်တွေကို ပြောင်းပစ်တတ်တယ်။
    မနေ့က အကြောင်းတစ်ခုကြောင့် တော်တော်လေး စိတ်ညစ်သွားတယ်။
    အခုတော့ ကိုယ်တွေးတဲ့ ပုံစံကိုပဲ ပြောင်းပစ်လိုက်တယ်။
    နေလို့ရသွားတယ်။
    အမြန်ဆုံး ပြန်ပြီး စိတ်ချမ်းသာပါစေလို့ ဆုတောင်းပေးနေတယ်။
    cu online.

    ReplyDelete
  8. သမီးချစ်တဲ့ တီတီချမ်း...အရမ်းသတိရတယ်။
    စိတ်ညစ်နေလား။ဘာပြန်ပြောရမှန်းမသိပေမဲ့ ခဏလေး
    အေးအေးဆေးဆေးနဲ့  အားလုံးကိုပြန်သုံးသပ်ပြီး အကောင်းဆုံး
    ဖြစ်မဲ့ အရာတွေကို လုပ်။ နော်။ တီတီချမ်းစိတ်ကို အနှောင့်အယှက်
    ဖြစ်စေမဲ့ အကြောင်းတွေအများကြီးမတွေးနဲ့ ။အားလုံးအစဉ်ပြေသွား
    မှာ။:)

    ReplyDelete
  9. အင်း...
    သုံးနေကျပဲသုံးပါမည်
    စီရုတ်လို jia yo
    အင်ဂုလိလို keep goin on
    မြန်မာလို အားတင်းပြီး ဆက်လုပ်။

    ReplyDelete
  10. ငါ့အတ္တတွေ စိတ်ညစ်လို့ (ကြံရည်ကြိတ်စက်ထဲ ထည့်ညစ်တာ)
    သေချင်းတရားနဲ့ လက်တကမ်းအကွာကို (လက်ဆွဲနှုတ်ဆက်ဖို့အသွား)
    ငါစစ်တိုက်ထွက်ချင်တယ် (သေနတ်ပေးမယ်)

    ရန်သူကငါ့ကို ဓါးနဲ့ခုတ်ရင် သွေးတွေပွက်ထွက်ပစေ (ဂျာ သတ္တိရှိလိုက်တာနော် ဂယ်ပဲ)
    သေနတ်ကျည်ဆန်တွေ ငါ့ကိုယ်ကို ဖောက်ထွက်ပစေ
    ငါမကြောက်…. (မိုက်တယ်ကွာ ၄ စားသွားပြီ)

    ReplyDelete
  11. တီချမ်း စိတ်ညစ်နဲ့နော်.. စိတ်ရှုပ်စရာတွေ သိပ်မတွေးနဲ့။ လောကကြီးက နေတတ်ရင် ပျော်စရာပါတဲ့။ တီချမ်းပျော်နေတာပဲ ဘာဘာမြင်ချင်ပါဒယ်ဗျို့

    ReplyDelete
  12. တီချမ်း ပျော်အောင်နေကွယ်... ဘာတွေစိတ်ညစ်နေတုန်း။ တီချမ်းမပျော် ဒီဒီလည်း ပျော်ဖူးးးးးးးးးးး

    ReplyDelete
  13. တီတီ...
    ကဗျာကမိုက်တယ်..
    တီတီညစ်နေတာကတော့မိုက်ဘူး..
    ညစ်နဲ့နော်.. အားလုံးအဆင်ပြေပါစေ..

    ReplyDelete
  14. ဘာကိုစိတ်ညစ်ကြမလဲ .. ခုညစ်နေတာတွေက ခဏနေ ရီစရာဖြစ်သွားနိုင်သားပဲ .. အားတင်းထားတီချမ်း .. တီချမ်းကိုချစ်တဲ့လူတွေ ဘယ်လောက်များလဲ .. နေတတ်မယ်ဆို ပျော်စရာကြီးပဲး)

    ReplyDelete
  15. ပျော်ရွှင်ပါစေဗျာ။

    ReplyDelete