Monday, March 23, 2009

မင်းသားလေး တစ်ယောက်အကြောင်း

တခါတုံးက ဆွဲခဲ့တဲ့ အမှတ်တရလေးပါ
E L လို့ခေါ်တဲ့ လူတယောက် နဲ့ သိခဲ့ဖူးတယ်
၂၁ရက်။ဒီဇင်ဘာလ ၂၀၀၇ ခုနှစ်။
မှာ.....................
သူနဲ့ ကိုယ်က ကပွဲခန်းမအလယ် မှာစတွေ့ခဲ့တာပေါ့
ထူးဆန်းတဲ့ တိုက်ဆိုင်မှုလေးတွေနဲ့လေ
N မျိုးအောင် နဲ့ အောင်မျိုး H
အိမ်အမှတ် (၁၄) နဲ့ (၄၁)
နောက်ထူးဆန်းတာတစ်ခုက
မင်းနဲ့ကိုယ့်ရဲ့ English နာမည်ကလဲအသံထွက်တူတယ်
စာလုံးပေါင်းပဲကွဲတယ်
ကိုယ့်အမေနဲ့ တနေ့တည်းမွေးတဲ့
သိလ်ရာသီဖွားမင်းကကိုယ်နဲ့တစ်နှစ်ထဲ ပါပဲ
Leo နဲ့ Scorpio ပေါ့
ထူးဆန်းတဲ့ တိုက်ဆိုင်မှုတွေနဲ့
ကိုယ့်ဘ၀ထဲဝင်လာတဲ့
မင်း........
မင်းကိုသတိရလို့.....
ကိုယ်....
ကဗျာလေးရေးထားတယ်
မင်းဖတ်မိရင်
ကိုယ့် ခံစားချက်တွေ ကို သိမှာပါ.....................

ဒီပုံလေးက ခံစားမိတုံးက ခြစ်ထားတာပါ
အဲဒီတုံးက ခံစားချက်ကို
ဘယ်တော့မှပြန် “မရ” လောက်တော့ဘူးထင်တာပဲ
အဲဒါကြောင့်
ပုံလေးက သိပ်မကောင်းပေမယ့်
ပြန်တင်ပေးလိုက်တယ်
ခံစားခဲ့ဖူးပါတယ်



(ဘယ်သူပြောချင်သေးလဲ
အချစ်စစ် ကိုမတွေ့ဘူးဖူး လို့
ဒါမှ တီချမ်း တကယ့်ကိုအပြင်းစားခံစားထားတာပါ)







ဒါလေးက ကိုယ့် လက်ရေးမူ မူရင်းလေးပါ








‘E L ကိုလွမ်းတဲ့ည’’


တကယ်လို့သာ
ဒီနေ့ညကောင်းကင်မှာ
လမင်းနဲ့ကြယ်ကလေးတွေကို
မင်းမတွေ့ရဘူးဆိုရင်
အဲဒါကိုယ်
ခဏ ခိုးယူသွားလို့ပဲ


တကယ်လို့
မနက်ဖြန်ညကောင်းကင်မှာ
လမင်းနဲ့ကြယ်ကလေးတွေကို
မင်းပြန်တွေ့ရပြီဆိုရင်
အဲဒါ ............
ကိုယ် ဆော့ရတာ ရိုးသွားလို့
ပျင်းစရာကောင်းတဲ့
ကောင်းကင်ကြီးဆီကို
ပြန်ပေးလိုက်လို့ပဲ..................

A Chen 11th Feb 2008
Written time not remember
Edited at 12:21 am
2nd Feb 2009

17 comments:

  1. ဖတ်သွား၏။ ထူးဆန်းသောအချစ်ကို တွေးနေသည်။
    လက်ရေးက နေမျိုးဆေးလက်ရေးနဲ့တူသလိုပဲနော်။

    ReplyDelete
  2. အပေါ်ဆုံးအပိုဒ်ကိုလည်း ဖတ်ဖူးနေတယ်...

    ReplyDelete
  3. အပေါ်ဆုံးပိုဒ်က ဟိုအရင် တခါတင်ဖူးတဲ့ ဒိုင်ယာရီ ထဲက ပြန်ယူတယပါ
    အဲမှာလဲ ဒီကဗျာ ကို ဒိုင်ယာရီ ပုံစံနဲ့တခါတင်ပြီးသားပါ
    ပုံတွေသာမပါတာပါ
    ခုက ပုံလေးတွေနဲ့ ပြန်ပြီး တင်ထားတာပါ
    အရင်ပိုစ့်တွေကို လူမဖတ်ဘူးထင်နေတာ
    ဟိဟိဟိ
    ပြန်ရှာကြည့်ပါ ရှိပါသေးတယ်
    အရင်ပို့စ်နာမည်ကိုက
    ‘‘E L ကိုလွမ်းတဲ့ည’’ ပဲလေ
    ဘလောခ် စရေးခါစ က ပုံမတင်တတ်သေးတဲ့အချိန်ကရေးထားတာပါ စာချည်းပဲ ဖေဖော်ဝါရီ လလောက်ကပါ

    ReplyDelete
  4. စကားမစပ်
    ပုံကော လက်ရေးကော လူကော အသံကော
    နေပုံထိုင်ပုံကော စတိုင်လ်ကျနလှပမှုကော
    အပြောအဆိုကော
    နေမျိုးဆေးထက်လှပါတယ်နော်
    ဟွန်း
    ဟိဟိဟ

    ReplyDelete
  5. ဪ မေ့လို့ အရင် ဘလောခ် စပေါ့မရေးခင် မာတီပလိုင်းမှာရေးတုံးကလံ တင်ဖူးပါတယ် အဲဒီ ‘‘E L ကိုလွမ်းတဲ့ည’’ ဆိုတဲ့ ပိုစ့် ပါပဲ
    ဒိုင်ယာရီ ပုံစံနဲ့ပါပဲ

    ReplyDelete
  6. ဟီး.. ဟီးး ပိုကိုပိုတယ်

    ReplyDelete
  7. သိတ်မခံစားပါနဲ့လေ. လက်ရှိရည်းစားကို အချစ်ဆုံးမဟုတ်လား။

    ReplyDelete
  8. အပြင်းစားခံစားထားတာဆိုပဲ။ တီချမ်း ဘယ်လောက်ပြင်းလဲ။ ရေမရောဘူးပေါ့။ :P အချစ်အကြောင်းကိုယ်တော့ နားမလည်။ :D

    ReplyDelete
  9. ဒါလေးဖတ်ပြီး တီချမ်းရဲ့ နှလုံးသားက နုညံ့လိုက်တာလို့ ခံစားမိသွားတယ်

    ReplyDelete
  10. အပြင်းစား လား အပျင်းစား လားတော့ မသိဘူး..ကြည့်လိုက်ရင် ကုတင်ပေါ် ကမထဘူး..နော်.. ။

    သိပ်လည်းခံစားမနေနဲ့  ...ကြံ ပြားဖြစ်သွားဦးမယ်နော်. တီချမ်း..။

    လက်ရေး ကတော့ အမိုက်စား ပဲနော်..။ ခက်တာ က မောင်ငယ့်လောက် မလှဘူး (:P)

    ReplyDelete
  11. မမကွမ် ကြီးလာလာစနေတယ်နော် သူများကို
    သူ့အကြောင်းကို ရေးအုံးမယ် ဟွန်း
    မင်း “၀” အောင်စားထားပေတော့
    မေ့သမီးရေ တီ တခါက ရေရောဖတ်လို့ပြောပြီး အချစ် ရဲ့ အဓိပ္ပါယ်ဖွင့် ဆိုချက်ကိုပေးဖူးတယ်လေနော် ခုဟာက အပြင်းသားခံစားထားတဲ့ အနုစားခံစားချက်ပါ
    နနခ ရေ တီ က နုတဲ့အခါလဲနုပါတယ်လေနော်
    မယ်ငေါင် တီပြောပြီးသားနေမျိုးဆေးထက်တောင်လှပါတယ် ဆိုမှဟာပဲ ဟာပဲ ဟာကို

    ReplyDelete
  12. တီချမ်း
    နူးညံ့နှလုံးသားရှိ၍ အချစ်စစ်စစ်များစွာရှိသူ
    (စိုးမြတ်သူဇာရဲ့ အချစ်စစ်စစ်များ ထက်ပိုမှာနေမှာ)

    ReplyDelete
  13. ဆော့သွားတာရိုးသွားလို့ တဲ့လား...
    မကောင်းဘူး.။..မကောင်းဘူး.။။

    ReplyDelete
  14. အရင်ပို့စ်တွေကို လူဖတ်ပါသည်။ အစဉ်လိုက်မဟုတ်ပေမယ့် စိတ်ဝင်စားတဲ့ခေါင်းစဉ်ကို ယူဖတ်ပါသည်။

    ReplyDelete
  15. တီချမ်း Peace ဗျာ
    တီချမ်းကို လူဆိုး မပြောတော့ဘူး။
    ကျွန်တော့်ဆီ အပေါက်တွေ လာမမန့်နဲ့တော့နော်။
    Thanks.

    ReplyDelete
  16. တီချမ်းရဲ့ အပြင်းစားခံစားချက်ကို ခံစားသွားကြောင်းး)

    ReplyDelete
  17. နေကန်းတယ်နော်..... ခံစားချက်တွေအင်း အင်း...

    ReplyDelete