Thursday, March 26, 2009

အဖြေပေးပြီ................


ကဲကဲ အဖြေကိုပြောမယ်
သေချာနားထောင်နော်
အင်းအမှန်က အဖြေဆိုတာထက်
ထပ်ဆွေးနွေးထားတယ် လို့ပြောမှပိုမှန်မယ်
ကြက်ငှက် တုပ်ကွေးဖြစ်လာရင်တယောက်ကိုတယောက် စောင့်ရှောက်ကြမယ်လို့
ကြက်၊ ငှက် တကောင်က ပြောလာရင်
ဘယ်လောက်ယုံရမလဲ
နောက်ဥပမာ တခုပေးမယ်နော်
လူလိမ်တယောက်က
ကျတော် လူလိမ် ပါလို့လာပြောရင် ဘယ်လောက်အထိယုံမလဲ
အဆိုးမြင်တယ်ပဲပြောပြော
ဒီကမ္ဘာကြီးမှာ ဘယ်နေရာမှ မလုံခြုံဘူးလို့ကျတော်ပြောရင်
ခင်ဗျား ဘယ်လိုသဘောရလဲ
ဒီတကွက် ကာတွန်းလေးက လောက ကြီးရဲ့ ကမောက်ကမတွေကို
ပုံဖော်ထားတာပါဆိုရင်ရော
ခင်ဗျားလက်ခံမှာလား? ငြင်းဆိုမှာလား?
ကြိုက်တာလုပ်ပါ
အဲလိုပဲ ကျတော်လဲ ကြိုက်တာလုပ်တယ် လုပ်မယ်
ပြီးတော့ တကယ်လို့သာ.....
ကြက် ငှက်တုပ်ကွေးတကယ်ဖြစ်လာခဲ့ရင်လဲ ကျတော်
ခင်ဗျားကိုစောင့်ရှောက်မှာပါ
အဲလိုပေါ့
ဒါပါပဲ
ရှင်းချင်လဲရှင်းသွားမယ်
မရှင်းရင်လဲ ပိုရှုပ်သွားတယ်ပေါ့
ဒါပါပဲ
ကဲ
ဘယ်လိုသဘောရလဲ?
တီချမ်း
၂း၃၇ မနက် အာရုံ
၂၆ ရက် မတ်လ ၂၀၀၉ ခုနှစ်
နေအိမ်
ဘန်ကောက်မြို့

3 comments:

  1. ကျွန်တော် ပြောတယ် မယုံဘူးလို့ ..။
    လူတွေ တောင်အချင်းချင်း ယုံကြည်မှု အတိုင်းအတာ တွက်နေကြ တာ..။
    ကြက်တစ်ကောင်က လာပြောမယ်ဆိုရင် ပိုဆိုးတယ်..။

    တီချမ်း ကစောင့်ရှောက်မယ်ဆိုလည်း မယုံဘူး...။ ကိုယ့်အလုပ်ကိုယ် လုပ် တာ တောင် မအားလပ် နိုင်တဲ့ ခေတ်ကြီး မှာ နင့်ကို ငါ ဘယ် အခြေအနေ မှာဖြစ်ဖြစ် စောင့်ရှောက်မယ်ဆို တာ တော့ ......................................

    ယုံကြည်ပေမယ့် ကိုးစားလို့ မရဘူး
    စေတနာမှန်ပေမယ့် အခြေအနေ မဟန် ဘူး.......။

    ReplyDelete
  2. ကိုယ်က ကျူး ကိုယ့်ဒူးတောင်ကိုယ်မယုံရဘူးတဲ့ .. ဒီတော့ ဘယ်သူ့သွားယုံမလဲ ..

    ReplyDelete
  3. နာလဲ မယုံဘူး. စောင်မကြည့်ရု့မယ်ဆိုတာ ပိုတောင် ကြောက်သေး

    ReplyDelete