Thursday, March 26, 2009

အထီးကျန် သူရဲကောင်း

အထီးကျန် သူရဲကောင်း

ယောက်ျားတွေ က ကိုယ့်ကိုယ် ကို သူရဲကောင်းအဖြစ် မျှော်လင့် ချင်ကြတယ်။ အနည်းဆုံး အနေနဲ့ လူတွေအများကြီး ရဲ့ရင်ထဲက သူရဲကောင်းမဟုတ်ရင်တောင် ကိုယ့် မိန်းကလေးရဲ့ မျက်လုံးထဲမှာတော့ သူရဲကောင်းဖြစ်ချင်ကြတာချည်းပဲ။
ဒါပေမယ့် သူရဲကောင်းဆိုတာ ပေးဆပ်မှုတွေနဲ့ပါ။

သူရဲကောင်းဆိုတဲ့ ပုံရိပ် ကို တည်ဆောက်ဖို့အတွက် ယောက်ျားတွေဟာ မျက်ရည်မကျဖို့ ကို ထိန်းကြတယ်။ ဘယ်လောက်ပဲ စိတ်ထိခိုက်နာကျင်စရာ အဖြစ်နဲ့ ကြုံ ကြုံ၊ ဘယ်လောက်ပဲ ကြေကွဲ ယူကြူံးမရ ဖြစ်နေနေ သူငိုတာ ကို သူချစ်တဲ့ မိန်းကလေး ဘယ်တော့မှမမြင်စေရဘူး။

သူရဲကောင်းရဲ့ မာကျောမှု၊ ခံနိုင်ရည်ရှိမှု ကိုပြသဖို့အတွက် ဘယ်တုံးကမှ သူ့ရဲ့ စိတ်ထဲက ခံစားချက် ကို မဖော်ပြဘူး၊ မထုတ်ပြောဘူး။ ပြောလိုက်ရင် အဲဒါက သူ့ကို လူပျော့လူညံ့ အဖြစ် မြင်စရာဖြစ်သွားမှာ စိုးတယ်လေ။

သူရဲကောင်းတွေ ဟာ ဘယ်အရာကိုမဆို စိတ်ထဲမှာ ၀ှက်ကွယ်ထားပြီး တယောက်တည်း ကြိတ်မှိတ် ခံစားချင်ကြတယ်၊ကိုယ်ချစ်တဲ့ သူနဲ့ အတူတူ လက်တွဲရင်ဆိုင်မယ် ဆိုတာမျိုးမရှိဘူး။

သူတို့အမြဲပြောလေ့ရှိတဲ့ စကားက “ ငါတို့ နှစ်ယောက် ဒီလောက်ချစ်ကြတာ၊ ကိုယ်ရဲ့ ရင်ထဲက ခံစားချက်တွေကို မင်း နားမလည်ဘူးလား” တဲ့လေ။

မိန်းမတွေ ဟာ ယောက်ျားတွေ ရဲ့ နှလုံးသားထဲ မှာ အသံသာတဲ့ ချူလေး၊ ဆွဲလည်းလေးတော့ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ အချိန်တိုင်း သူတို့ ကို သာယာသံလေးနဲ့ နှိုးဆော်ပေးနေတယ်ဆိုရင်တောင်လေ။

ဒါပေမယ့် ကျမတို့ က သူတို့ဗိုက်ထဲက ပုဏ္ဏားလေးမှ မဟုတ်ပဲလေနော်။

တချို့တ၀က်တော့ နားလည်မှာပေါ့လေနော် သူတို့စိတ်ထဲဘာဖြစ်နေလဲဆိုတာ ဘယ် အကုန်လုံးတော့ အမြဲတတ်သိနားလည်နေပါ့မလဲ။ ဥပမာပြောရရင် ယောက်ျားတွေ ကလဲ မိန်းမတွေရဲ့စိတ်ကိုနားမလည်နိုင်သလိုပဲပေါ့နော်။

ယောက်ျားတွေကအမြဲ မိန်းမတွေဟာ နားလည်ရခက်တယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ် နဲ့ ပြောလေ့ရှိကြတယ် မိန်းမတွေ လဲ တပြိုင်တည်းမှာပဲ ယောက်ျားတွေနဲ့ပတ်သက် ပြီး အဲလိုခံစားနေကြရတာ ကိုမသိကြဘူး။
(မူး စရာကောင်းလိုက်တဲ့ ယောက်ျားနဲ့ မိန်းမတွေပဲနော်။ ။ဤကားစာရေးသူ၏စကားချပ်။)

ဒါပေမယ့် မိန်းမတွေရဲ့ စိတ်ကူးအတွေးတွေ ကတော့ ယောက်ျားတွေနဲ့မတူပါဘူး။
ကျမ တို့ က သူရဲကောင်း ဖြစ်ချင်စိတ်လဲ တယ်မရှိကြပါဘူး။
တကယ်လို့ သူရဲကောင်းဆိုတာ အထီးကျန်ကျန်နေရရင် သေချာတယ် ကျမတို့ မိန်းမတွေ က သူရဲကောင်းလုံးဝ မဖြစ်ချင်ပေါင်။

တကယ်လို့ သူရဲကောင်းဆိုတာ မငိုရဘူးဆိုရင်လဲ သေချာတယ် မိန်းမတွေဘယ်တော့မှသူရဲကောင်းဖြစ်ဖို့ စိတ်မ၀င်စားနိုင်ဘူး။ မျက်ရည်ဆိုတာ ကျမတို့အတွက် မရှိမဖြစ်အဖော်ပါ။ ၀မ်းသာရင်လဲငိုတယ်၊ ၀မ်းနည်းရင်လဲငိုမယ်၊ စိတ်ထိခိုက်ရင်လဲငို အိုဘာပဲ ဖြစ်ဖြစ် အမြဲမျက်ရည်က လိုကိုလိုတယ်တယ်။

တကယ်လို့ သူရဲကောင်းဆိုတာ ရင်ထဲခံစားရသမျှ ကို ထိန်ချန်ဖုန်းကွယ်ပြီး သိုဝှက်ထားရမယ်ဆိုရင် ကျမတို့တွေ ဘယ်နည်းနဲ့မှ သူရဲကောင်းမဖြစ်နိုင်ဘူး။ မိန်းမတွေ ဟာ သူတို့ ရဲ့ အချစ်ဆုံး ယောက်ျားတွေနဲ့ ပတ်သက်လာရင် စိတ်ခံစားချက်ကို လျှို့ဝှက် ဖုန်းကွယ်နိုင်မှု အားနည်းလွန်းပါတယ်လေ။

ပြီးတော့ ကျမတို့လိုချင်တာကလဲ အသွေးအသား အသည်းနှလူံးမရှိတဲ့ သူရဲကောင်းတွေမဟုတ်ပါဘူး။ သူရဲကောင်းဆိုတာ စက်ရုပ်မှမဟုတ်တာပဲလေနော်။

တကယ်လို့ ကျမ ယောက်ျားတယောက်ကို ချစ်မိတဲ့အခါကျရင် ကျမကတော့ သူ့ရဲ့မျက်ရည် ကို အားနည်းချက် ပျော့ညံ့မှုလို့မြင်မှာမဟုတ်ပါဘူး။ စိတ်ခံစားချက် လို့ပဲမြင်ပေးမှာပါ။

သူရဲကောင်းရေ

တကယ်လို့သာ မောင်က အဲလောက် အထီးကျန်ဆန်ဆန်နေနေ ရမယ်ဆိုရင် ကျမကတော့ မောင့်ကို ရိုးရိုး သာမန်လူပဲဖြစ်စေချင်ပါတယ်။

တီချမ်း
၁၁း၄၅ မိနစ်
၂၇ ရက်နေ့၊ ၃လပိုင်း၊ ၂၀၀၉ ခုနှစ်။
နေအိမ်
ဘန်ကောက်။

15 comments:

  1. ပထမဆုံး Comment ပေးခွင့်ရတဲ့သူ အနေနဲ့ ဝမ်းသာမိပါတယ်။:)
    အမှန်တိုင်းဝန်ခံရရင်...ဒီPost လေးဖတ်ပြီးစဉ်းစားခန်းဝင်မိပါတယ်။
    ကိုယ့်ကိုယ်ကို ကကော ဘာများလဲလို့ လေ။ :)
    တီချမ်းပြောထားတာလေးတွေက တော်တော်မှန်ပါတယ်။။။။
    ဒါပေမဲ့လို့ တီချမ်းရေ....တီချမ်းသမီး ကျမကတော့
    ခုချိန်ထိ မိန်းမသူရဲကောင်းတယောက်အဖြစ်...:P

    ReplyDelete
  2. 27 Mar 09, 00:15
    THT: တီချမ်းကလဲ Peace ပါဆို
    26 Mar 09, 23:58
    THT: တီချမ်း Peace

    တီချမ်းရေ Good Luck ပါခင်ဗျာ။
    ပျော်ရွှင်ချမ်းမြေ့ပါစေ။

    ReplyDelete
  3. ခံစားသွားပါ၏၏၏၏

    ReplyDelete
  4. သူရဲကောင်းမဖြစ်ချင်နေပါ..
    သာမန်လူလဲမဖြစ်ချင်ပါဘူး..
    နည်းနည်းတော့ထူးချင်တယ်..ရူးတယ်ပဲပြောပြောပေါ့..

    ReplyDelete
  5. :)
    :)
    ဖတ်ရှုသွား ပါသည်..။

    ReplyDelete
  6. အင်း.... ဖတ်သွားသည်။
    အချစ်ကို ဒီလိုရေးပြတတ်ချင်လိုက်တာ.. ဒီကပဲ ကူးချပြီးပြောရင်ကောင်းမလား...လား..လား...လား.... ???????

    ReplyDelete
  7. သူရဲကောင်းတော့ မဖြစ်ချင်ပါဘူးဗျာ။ ဒါပေမဲ့ ကိုယ်ချစ်တဲ့သူကို စိတ်ညစ်စရာတွေ မပေးချင်တာပါ။ ချစ်သူကို စိတ်ခွန်အားတွေ ကိုပဲ ပေးချင်တယ်။ လုံခြုံနွေးထွေးတဲ့ ဘ၀တစ်ခုပေးချင်တယ်။ ဒါက ယောက်ျားတွေရဲ့ သဘာဝပါ။
    တီ စာရေးကောင်း၏။

    ReplyDelete
  8. သူရဲကောင်းတဲ့လား .. ကြိုက်တယ်တီချမ်း .. ရေးတတ်ချင်တယ် .. ဆင်ဆင်လိုတွေးသွားတယ် .. :D

    ReplyDelete
  9. ရေးထားတာက အမှန်တွေပဲတီတီ...
    တီတီတော်တယ်...
    သူရဲကောင်းတစ်ယောက်အနေနဲ့အဲလိုအထီးကျန်ဆန်ဆန်နေရမယ်ဆိုရင်တော့ အင်းပေါ့.. သာမာန်လူပဲကောင်းပါတယ်...
    (အိပ်မက်ထဲက ကိုယ့်ရဲ့သူရဲကောင်း.. ဘယ်အချိန်တွေ့ခွင့်ရမှာလဲ...)
    ဖြူဖြူကျော်သိန်းသီချင်းကိုသတိရသွားလို့ :P

    ReplyDelete
  10. ဖဖကသ ဆိုလို့လွမ်းတောင်သွားတယ်

    အားလုံးမင်္ဂလာပါ............................
    (ဖဖကသ စတိုင်လ်အတိုင်း အော်၍ပြောသည်)

    ReplyDelete
  11. တီချမ်း အရေးကောင်းတယ်။
    ဖိုးဂျယ်လေးလဲ စဉ်းစားခန်းဝင်လိုက်ဦးမယ် :)

    ReplyDelete
  12. ခံစားချက်တွေ.. ဘယ်ကလာတဲ့ခံစားချက်တွေလဲမသိ...

    ReplyDelete
  13. တီချမ်းရယ် ရေးတတ်တွေးတတ် ခံစားတတ်လိုက်တာနော်

    ReplyDelete
  14. အမြဲစိမ်း ဖြိုးက တီ့ကိုလာလာကလိနေတယ်နော်
    ကဲ သိချင်ရင် ပြောပြမယ်
    ၁) တီ က အချစ်ကိုလုံးဝ မယုံ
    ၂)တီ လုံးဝ မချစ်တတ်
    ၃)ယောက်ျားတွေကိုလဲ တီမယုံ

    အဲတော့ ကွန်ကလူးရှင်းက ဘာလဲ?
    အငှားခံစားချက်တွေပေါ့ကွယ်
    မွေးစားထားတာတွေ ရှင်းလား ခစ်ခစ်ခစ်
    မရှင်းရင် ရှင့်ကို လာမွေးစားမယ် ဟွန်း
    အဲလေ ရှင့်ခံစားချက်တွေ ကိုပြောတာ

    ReplyDelete
  15. ငါ တစ် ချို့  အ ချက် တွေ ကို သ ဘူ မ တော ဘူး တ နယ် ဂျင်း
    မိန်း က လေး တိုင်း မ ဟုတ် ပါ ဘူး ဟာ

    ReplyDelete