Monday, March 16, 2009

နန်းညီ နှင့် ၁၆ မတ် ၂၀၀၉

ညီ တစ်ညလုံးညီ့ဘလောခ်ကိုဖတ်ပြီး မှရေးထားတယ်အစကတော့ ကဗျာကိုမော်ဒန်ပုံစံရေးမလားလို့ပဲနောက်တော့မှညီကကလေးလေးပဲလေ
ဆိုပြီးရွှေသွေးပုံစံရေးပေးထားတာ
နောက်ပြီး ဟန်အသစ်လေးဖြစ်သွားအောင်ပေါ့
ညီ့ဆီမှာဒါမျိုးမရှိသေးဘူးလေနော်
တစ်ညလုံးမအိပ်ရသေးလို့အိပ်တော့မယ်တာ့တာတီချမ်း

နန်းညီလေးဆီလည်လည်သွားချင်တယ်ဆိုရင်တော့........



နန်းညီ နှင့် ၁၆ မတ် ၂၀၀၉

ပန်းချီရေးတဲ့ မနန်းညီ
ဓါတ်ပုံလဲရိုက်သည်
သူ့လက်ရာတော်တော်ကောင်း
ငယ်ပေမယ့် တော်ကြောင်း

ဒီကနေ့မှာသူမွေးသည်
၂၁ ပြည့်ပြီ
လုပ်ဆောင်ချက်တွေပြန်ပြောင်းကြည့်
မှတ်တိုင်တွေကောင်း၏

သူပေါင်းနေတဲ့ ကောင်လေးတွေ
ညီ အန် ဂျဲ ဘွိုက်စ် လိန်
သူ့မွေးနေ့အတွက် ဆုတောင်းပေး
တီချမ်း ကဗျာကိုလက်ညောင်းရေး

စိတ်ကြိုက်ဖြစ်အောင်ဘ၀ကိုနေ
လွတ်လပ်ပျော်ရွှင်လူငယ်ပေ
လူသာငယ် ဂေါ်လီမ
ပညာတွေကိုတော်တော်ပြ

သူ့အကြောင်းတွေရေးရင်လေ
ပိုက်ဆံမက်တာလဲပါနေ
ဘလောခ်ပေါ်မှာစာတွေရေး
“ညီ”ကကောင်မလေး

ပေါတောတောမို့ ဆရာတင်
ငါးပါးမှောက်တာပင်
ကြိုက်တာတောင် “အရူး”သီချင်း
R and B ကိုငြင်း

ငပေါများရဲ့ အိမ်ဂေဟာ
စည်းရုံးရေး အမှုဆောင်နေတာ
ပေါတာတောင် နေရာရှိ
ဒီလောက်ဆိုလူတော်တော်သိ

မုန်းမိနေတာ ရေခဲပါ
ခေါင်ရေသောက်ချင်တာ
ကြယ်တွေကို သူစွဲလမ်း
မီးမှန်မှန်လာစမ်း

မိနန်းညီလေး ရွယ်ရောက်လာ
တော်တော်ကြိုးစားရှာ
ဘာအတွက်လဲမေးကြည့်တော့
မြန်မြန်သူ….ယူမှာပေါ့

ဒီနေ့ကနေ ရှေ့ဆက်လျှင်
အောင်မြင်မှုတွေရစေချင်
တီချမ်းကလေဆုတွေတောင်း
ညီညီမာစေကြောင်း။ ။




အန်တီချမ်း
တစ်ညလုံးမအိပ်ပဲရေးသည်
နံနက် ၇း၀၇ မိနစ်
၁၄ (စနေ) မတ်လ ၂၀၀၉ ခုနှစ်

စာကြွင်း။ ။
(ဟိဟိ တွေးချင်တာကို….မှာထည့် ပြီးချဲ့တွေးနော်
ဪ ဥပမာ-ဘွဲ့ ဘာညာပြောပါတယ်။
သိနေတယ်နော် ဘာတွေတွေးနေလဲဆိုတာ
ဟွန်း ဒါပဲ မပြောချင်ဘူး
ပြောကိုမပြောချင်ဘူး)

ခက်ဆစ်။ ။
ညီ အန် ဂျဲ ဘွိုက်စ် လိန်
(ညီမင်းစံ၊အန်ဒီကောင်၊ဂျဲဂျယ်၊ဘွိုက်စ်၊ဗီလိန်)

8 comments:

  1. တီချမ်းကို ကျေးဇူးအထူးတင်ရှိပါကြောင်းး)

    ReplyDelete
  2. မိနန်းညီလေး ရွယ်ရောက်လာ
    တော်တော်ကြိုးစားရှာ
    ဘာအတွက်လဲမေးကြည့်တော့
    မြန်မြန်သူ….ယူမှာပေါ့
    ဘာပြောတာလဲတော့ မသိဘူး :P

    ReplyDelete
  3. အပေါ်က crazybloggergroup က ဖိုးဂျယ်ပါ
    ဂေဟာကို ၀င်ပြင်နေရင်း မေ့ပီး ကော့မန့်ပေးမိတာ
    မွေးနေ့မှာ ပျော်ရွှင်ပါစေ မယ်ညီလေးရေ

    ကိုကို

    ReplyDelete
  4. မောင်ဂျယ်
    ပြောထားတယ်နော် တွေးနေမယ်ဆိုတာ သိတယ်လို့ ဟွန်း
    သိနေတယ်နော် ဘာတွေတွေးနေလဲဆိုတာ
    ဟွန်း ဒါပဲ မပြောချင်ဘူး
    ပြောကိုမပြောချင်ဘူး

    ReplyDelete
  5. အန်တီချမ်းတို့ကတော့ ရေးလိုက်ရင်မြုပ်ကွက်တွေချည်းနဲ့ဘဲ..
    သူ့အပြစ်မဟုတ်ဘဲ စာဖတ်သူအပြစ်ဖြစ်အောင်လုပ်နေတယ်........။

    ReplyDelete
  6. စီဘော့စ်က လူစည်ကားလွန်းလို့ ရေးစရာ နေရာ မရှိဘူး။
    ပျောက်နေလို့။
    နေကောင်းရဲ့လား။
    အလုပ်များ နေတာလား။
    bs ကို ပြောပြနေတာ addy က ဘာလုပ်လုပ် အောင်မြင်တယ်လို့။
    အခု blog မှာ တိုး မပေါက်ဘူး။
    Facilitation skill ကတော့ you are "the gay"ပါ။
    င်္င်္Facilitation အကြောင်းလေး PH in myanmar မှာ ရေးပေးပါလား။
    သူများတွေ အကျိုးရှိရအောင်။
    You are my teacher in facilitation လေ။
    PLHIV ဘယ်လွှဲရမလဲလို့ မေးနေတဲ့ သူတွေ ရှိတယ်။
    I need most updated info.

    ReplyDelete
  7. မမတွန်းရေ
    ဒီနေ့ UN Excutive Director ယူအန် ဒါရိုက်တာအသစ် regional welcoming ရီဂျင်နယ် ၀ဲလ်ကမ်းလုပ် မိတင်သွားရ
    ဦးမင်းသွယ်နဲ့တွေ့
    များကြီးပြောဖြစ် ကောင်း
    လုပ်ပေးမယ်
    လောလောဆယ် ချိန်မရှိ အိုင်ကပ် ICAAP 9th Bali ကိစ္စ ရှုပ်နေ
    လာမယ် ကြာမယ် စောင့်
    ပီအိခ်ျအေ PLHIV ဘယ်လွှဲရ သတင်းတောင်းပေးမယ်
    ကေ?
    ဖယ်ဆီလတေးရှင်း Facilitation အကြောင်းလဲရေးပေးမယ် နော်
    နောက်မှ
    အဲဒါတော့လုပ်ချင်သေးတယ်
    ခုလဲ ဒီအလုပ်မှာသိပ်မပျော်တာ အဲဒါမလုပ်ရလို့လေ
    လခကောင်းလို့မှေးလုပ်နေတာ ဘယ်ဒူမှလျောက်ကြောနဲ့နော်
    အမှန်က မမတွန်း ကသာ တို့ ကို ဇွတ်တွေ အထင်ကြီးနေတာ ပါ
    တီက အဲလောက်လဲဟုတ်ပါဘူးနော် ဟွန်း

    ReplyDelete
  8. ကဗျာလေးလာဖတ်သွားပါတယ်--
    ပျော်ရွှင်ပါစေ--

    ReplyDelete