Tuesday, March 31, 2009

ယောက်ျား

အင်းပြောပြရအုံးမယ် တခါသားကပေါ့ကွယ် တီ (မမကွမ်လိုပဲ) အင်္ကျီတွေ တပုံကြီး ၀ယ်ခဲ့တုံးက ၊
“မင်းအင်္ကျီတွေဝယ်ပြန်ပြီ၊ ဘာလဲ မင်းမှာ ၀တ်စရာတွေ မရှိတော့ဘူးလား? ဗီဒိုထဲကဟာတွေက ဘာတွေလဲ?” လို့ သူတခါမှမပြောခဲ့ဖူးဘူး။

အင်း…သူ့ရုပ်ရည်က လဲ သူငယ်ချင်းတွေကြားထဲမှာ တီမျက်နှာငယ်စရာလို့ တခါ မှ မခံစားစေခဲ့ရဘူး။ သူ့ရဲ့ရုပ်ရည်ကြောင့် တီ တခါမှ ကိုယ်ကိုယ်ကိုယ် နှစ်သိမ့် သလိုနဲ့ “ယောက်ျားတယောက်အတွက် စိတ်လှတာ လူလှတာထက်ပိုအရေးကြီးပါတယ်” လို့ မပြောခဲ့ရဖူးဘူး။

ပြီးတော့ သူက တီ အရင်ချစ်ခဲ့ဖူးတဲ့ ရည်းစားဟောင်း ခေါင်းမာမာနဲ့အကောင် ထက် အများကြီးပိုမို တောက်ပ အရောင်လက်တယ်။

သူက ပညာလဲတတ်တယ်၊ နှာဗူးလဲမထ ဘူး။

သူက ပိုက်ဆံလဲအရှာတော်တယ် မာန်မာနလဲမကြီးဘူး သူ့ကိုယ်လုံးက လဲချွေးနံ့ နံမနေသလို၊ ချိုင်းပတ်စော်လဲမနံဘူး။

ပြီးတော့ တီ စိတ်ညစ်လို့ စကားပြောရင်ဖွင့် ချင်ရင်လဲ သူကနားထောင်ပေးတတ်တယ်၊ ပြီးတော့ တီ့ ဘ၀အကြောင်း၊ မိသားစု အကြောင်း၊ သူ့ အရင်ရည်းစားတွေ အကြောင်းပြောပြ ရင်လဲ စိတ်ရှည်ရှည်နဲ့နားထောင်ပေးတတ်တာပဲ။

တီ့ ကို သူပေးတဲ့လက်ဆောင်တွေ ဆိုလို့ရှိရင်လဲ အမြဲတမ်း တီလိုချင်နေလို့ (၇) ပိုင်းလောက်သေနေတဲ့ ဟာမျိုးတွေချည်းပဲ။ သူပေးတဲ့လက်ဆောင်ကို လက်ခံ ရရှိတဲ့ အချိန်မျိုး ဆို တခါ မှ တီ က ဟန်ဆောင်ပြီး “အဲ ချစ်စရာလေးတော့ ကြိုက်လိုက်တာ” လို့ လုပ်ပြောနေစရာမလိုဘူး။ အဲလိုအဖြစ်ကလဲ အမြဲတမ်း လိုလိုပါပဲ။

ပြီးတော့ သူက တီ နဲ့ ဘုရားအကြောင်းတရားအကြောင်းလဲပြောနိုင်တယ်၊ ဟော နိုင်ငံရေးအကြောင်းလဲရ၊ သမိုင်းလာမလား၊ သိပ္ပံ လာမလား၊ အင်းနောက်ဆုံးအနုပညာပဲပြောအုံးမလား ဘာလာလာ ဒေါင်း (အဲလေ) ဘာလာလာ အကုန် လုံးစေ့ပတ်စေ့ မဟုတ်တောင် စကားဝိုင်းဖြစ်အောင်တော့ အမြဲပြောနိုင်တယ်။ နောက်ဆုံးကုန်ကုန်ပြောမယ်ကွယ် တီ တို့ စိတ်ဝင်စားတဲ့ မိန်းကလေး သဘာဝ အလှအပ ရေးရာ၊ ဖက်ရှင် က အစ ရေစီးကြောင်းမီအောင်ပြောနိုင်တဲ့သူ။ (ယောက်ျားလေး များ အဲကောင်က ခြောက်နေလို့နေမှာပေါ့လို့တွေးနေတယ် မှလား၊ ခိခိ ဒါတကယ့် လိုအပ်ချက်တွေနော် မိမိ တို့ရဲ့ ကောင်မလေး ချစ်သူ များ အပေါ် အမောင်တို့ သကောင့်သားတွေ ဘယ်လောက်အရေးထားတယ် ဆိုတာ ဒါတွေ ကိုကြည့်ပြီး တီ တို့က ဆုံးဖြတ်တာ ဟွန်း အဲတော့ အမှတ် များများ လိုချင်ရင် စာများများကျက် ခိခိ။ ။ ဤကားစာရေးသူ၏ စေတနာစကားချပ်)

တခါသားတုန်းကဆို အင်း………..တီ ၀ိတ်ချတုံးကပေါ့ (ပြန်မပြောတော့ဘူး လို့ဆုံးဖြတ်ထားတာ ဒီကိစ္စ ခုတော့ သမီးလေးတို့အရေးလေ အင်းပေါ့…) သူက တီ့ ကို တခြားယောက်ျားတွေလို ဟိုဟာ ဒီဟာတွေ စားချင်လာအောင် တခါ မှ လာမမြူဆွယ်ဘူး၊ “ဒါလေး လာစားပါလား အချစ်ရယ် အရမ်းကောင်းတာ၊မင်းအကြိုက်လေ” လို့ တီ့ ၀ိတ်ချ ပရိုဂရမ် ကိုပျက်အောင်လဲ ဖျက်လိုဖျက်ဆီးဘယ်တော့မှမလုပ်ဘူး၊ တီ ကို “ချစ်က မ၀ နေပါဘူး၊ ချစရာမလိုပါဘူး၊ မောင်ကချစ် “၀”နေလဲ ချစ်မှာပါ လို့ လိမ်နေတာ သိသာတဲ့ စကားတွေ၊ တီ စိတ်ပျက်စေမယ့် စကားတွေ လုံးဝမပြောဘူး။

သူဟာဆိုရင် တီ့ ကို ဘယ်တော့ မှ၊ လုံးဝ “နိုး” ဆိုတဲ့ အငြင်းဝါကျ ကို မပြောရက်၊ မပြောရဲ၊ မပြောချင် သူပါကွယ်။ ဘယ်တော့ မှလဲပြောမှာမဟုတ်ဘူး။

သူမှာလေ မကောင်းတဲ့ အကျင့် ဆိုလို့ ဘာဆိုဘာမှ မရှိပါဘူး၊ ပြီးတော့
အသက်ကလဲရှည်မယ့် ရုပ်၊ တသက်လုံး တီ့ ကိုသူက စောင့်ရှောက်သွားမှာတဲ့၊ နောက်ဆုံး တီ မျက်စိ နှစ်လုံးမှိတ်သွားတဲ့အချိန်အထိပေါ့ကွယ်။ တီ့ ကိုစောင့်ရှောက်ပြီး တီ မျက်ကွယ် ပြု သွားချိန်မှ သူက တီမပါတဲ့ သူ့ရဲ့ အဓိပ္ပါယ်မဲ့နေပြီ ဖြစ်တဲ့ ဘ၀ ကို ဆက်မှာတဲ့ကွယ်။

ပြီးတော့ မပြောမပြီး မတီးမမြည် ပြောရအုံးမယ် မိန်းကလေးများကျော်ဖတ်ရန်……

တီ ဟိုဟာ ကို မလိုချင်တဲ့ အချိန် ဆို သူက လိမ်လိမ် မာမာ လေး သွားအိပ်နေတတ်ပြီး
တီ လိုချင်တဲ့ အချိန် ဆို သူက ချက်ချင်း ခုန်တက်လာတတ်တယ် အဟိ…

အခုပြောခဲ့တာတွေ အားလုံးက တီ တို့ မိန်းမတွေ လိုချင်တဲ့ယောက်ျားမျိုးပါ။ အမှန်တော့ ဒီလောက ကြီးမှာ အဲလို ကောင်းတဲ့၊ အဲလောက်ကောင်းတဲ့ ယောက်ျား မရှိလောက်ပါဘူးထင်ပါတယ်။

တွေ့ရင်လက်တို့ ကြနော် တဦးတည်းမောင်ပိုင်မစီးနဲ့ (မယ်ပိုင်လဲ မစီးနဲ့နော် ဒါပဲ မစီးနဲ့)

အဲဒီယောက်ျား က အဖေ၊ မောင်၊ အကို၊ သား၊ ချစ်သူ၊ သူငယ်ချင်း၊ ကိုယ်ရံတော် အိုနောက်ဆုံး ကုန်ကုန်ပြောရရင် ဘလောခ်ဂါ မိတ်ဆွေ တွေလဲ ဖြစ်နိုင်တယ်လေနော် အားလုံးပေါင်းလိုက်ရင် တော့ ရချင်ရမှာပေါ့နော်။

ဒီပို့စ်လေး က တီ့ ညီမ၊ တူမ ၊မမ၊ ဒေါ်ဒေါ် တွေ ဒီလိုယောက်ျားကောင်းကောင်းလေးတွေ ရှာယူနိုင်ဖို့၊ ကြီးတော်ကွမ် (ခိခိ စတာနော် စိတ်ဆိုးရဘူး ခင်လို့ပါတော် ရပြီးရင်လဲ ထပ်ရှာယူ နောက်တယောက် ခစ်ခစ်) နောက်ပြီး တီ့ တူ၊ သား၊ မောင်၊ ကိုကို၊ ဦးဦး၊ ဘဘကြီး လေးတွေ အဲလိုယောက်ျားကောင်းကောင်းလေးဖြစ်ချင်လာအောင် ကြိုးစားချင်စိတ် ရှိကြဖို့ ရည်ရွယ် တယ်လေနော်။ သားကောင်းသမီး ရတနာလေးတွေ ဖြစ်ကြပါစေကွယ်။

တီချမ်း၊ ၁၂ နာရီ ၄၆ မိနစ် ဘန်ကောက်မြို့နေအိမ်။

12 comments:

  1. အော် နတ်သမီးပုံပြင်လေးလိုပါပဲလားနော်။ နောက်နေ့မှ ဆက်ဆွေးနွေးမယ်။ ခုတော့ အိပ်ပြီ။

    ReplyDelete
  2. တီပြော သော အရည်အချင်းများ ကိုမှီရန် လေ့လာ ပါဦးမည်....။

    :P

    ReplyDelete
  3. အဲဒီရည်းစား ယောကျာ်းက အခုဘယ်မှာလဲ ချမ်းရဲ့ ..
    မရှိတော့ဘူးမဟုတ်လား..
    အဟီး....
    တခါတုန်းကပုံပြင်တွေ ...
    တစ်ထောင့်တညပုံပြင်တွေ....
    အကောင်းရှိရင်အဆိုးရှိမည်..
    ဘယ်သောအခါမှ ရာနှုန်းမပြည့်နိုင်
    ကျနော့်အထင်နော်...
    မရှိဘူးလို့ မပြောဘူး..
    ကျနော်ကိုယ်တိုင် တစ်ခုလိုနေကျဆိုတော့
    ခင်တဲ့
    ဖိုးစိန်

    ReplyDelete
  4. တီတီကတော့ လုပ်ပီ.. မိန်းကလေးတွေ ကျော်ဖတ်ဆိုပြီးလည်း ရေးထားတယ်... မင်နီကြီးကလည်း ပြူးနေတာပဲ... တားတားရှက်ရှက်....

    စကားမစပ်.. တီတီအမျိုးသားက စိတ်ကူးထဲကလားဗျာ... ဟီးဟီး (နှံသွား၏)

    ReplyDelete
  5. အမှန်တော့ ဒီလောက ကြီးမှာ အဲလို ကောင်းတဲ့၊ အဲလောက်ကောင်းတဲ့ ယောက်ျား မရှိလောက်ပါဘူးထင်ပါတယ်။
    လို့ရေးထားတယ်လေ သပသရဲ့ လူဇိုးပဲ ...။

    ReplyDelete
  6. ဟုတ်ပါ့နော် အဲဒီ သပသ က စာကိုသေချာမဖတ်ဘူး
    သူက စိန်စိန် ကိစ္စ နဲ့ တီ့ ကိုဆိုရင် ခွတ်ဖို့ပဲချောင်းနေတော့တာ ခိခိ

    ReplyDelete
  7. ယောက်ျား.. ယောက်ျား..
    အဲလို perfect ဖြစ်တဲ့သူမျိုးရှိပါ့မလားတီတီ..
    ဟဲ ..ဟဲ ဖတ်သွားတယ်နော်. တချို့စာသားလေးတွေကို ကျော်ပီးတော့...

    ReplyDelete
  8. Addy: တီ သစ်တင်တယ်
    ဖတ်ချင်လားကွဲ့
    ခိခိ
    ကျော်မရခွမရ ဂွကကျ နန်းညီမ


    nye: ဟုတ်ပ ဟုတ်ပ တီချမ်းရာ သိပ်စိတ်ညစ်နေတာ


    Addy: ဖတ်မလားလို့
    ပို့ပေးမယ်


    nye: မန့်လို့ရအောင် လုပ်ပေးကြပါဦး
း(


    Addy: မသိတော့ဘူး
    ညည်းအကိုတော် ဆိုက်တောင်ဝင်မရတော့ဘူး
    သူလဲဘ၀ပျက်နေ
    ညီမန့်ချင်တာပြောလေ
    စီပုံးမှာလာအော်လိုက်
    တီ ပြန်ကူးပြီးထည့်ပေးမယ်
    နော်


    Sent at 10:10 AM on Tuesday
    nye: အခုဒီမှာမန့်မယ် တီပြန်ရေးပေးနော်
    ခဏ ပီးအောင်ဖတ်ဦးမယ်
    ဟီး
    အဟုတ်လားလို့
    တီ လူနောက်


    Addy: အဲဘာလဲ
    လိုချင်တာပြောတာလေ
    ခိခိ


    nye: “ဒါမျိုးလေးများ ရနိုင်ရင်တော့ လိုချင်သားကွယ်”
    လို့ မန့်ပေး
    ဟိ


    Addy: ကေ

    ReplyDelete
  9. တီနော် ငိုချင်လာအောင် လက်မတို့နဲ့

    ဒင်းတို့လား ဒီလောက်ကောင်းရင်..မပြောတော့ဘူး..
    အားလုံးနဲ့ ပြောင်းပြန် အချိုးချသွားတယ်..
    နိုး နိုး နိုးနိုး ...........ပဲ

    ရှိဘူး ဒီလောကမှာ တီလူလို လူ...အဟုတ် ပြောတာ
    ထက်ထက်တို့က ကိုယ်တွေ့ ဘလိုင်းမကြွားဘူး နိုင်းစတားပဲ သုံးတယ်

    ReplyDelete
  10. အဲဒီ စန္ဒာ ကြီး က ဦးမွန်ပါ အရပ်ကတို့
    သူ့မှာ နာမည် က ၇၅ မျိုးလောက်ရှိတယ် ခိခိ

    ReplyDelete
  11. အော် တီကလဲ ဘာများလဲလို့
    စိတ်ကူးယဉ်နေတာကိုး
    တားနဲ့ တော်တော်များများတော့ ကိုက်ညီပါတယ်။
    နည်းနည်း လိုအပ်တာလေးတွေ ဖြည့်ယုံပါပဲ :)
    နောက်ထပ် အချက် ၁၀၀ လောက်ဆို ပြည့်ပါပီ :)

    ReplyDelete