Tuesday, March 31, 2009

တီ ချမ်း ၏ ချစ်သူများ......................

ဒီမနက် တီ အစောကြီးနိုးပါတယ် အဲဒါမနေ့ညက တင်တဲ့ ပိုစ့် ကိုပြန်ကြည့် ရင်း လက်က ဘောပင်ဆီရောက်သွားတယ်
ဘေးမှာ ရှိတဲ့စာရွက်ကို ခေါက်လိုက်တယ်
ပြီးတော့ ဒေါ်ရီတာ နဲ့ က စကားပြောလက်စဆိုတော့ သူ့အကြောင်းအရင်ဆုံးခေါင်းထဲရောက်လာတယ်
နောက်တော့ လက်က ဦးနှောက်နဲ့ပေါင်းပြီးတော့ သူ့ဘာသာ အလုပ်လုပ်သွားတော့ တာပဲ
လက်ရေးက သိပ်မလှတော့ အောက်မှာပြန်ရိုက်ပေးလိုက်တယ်နော်
တခါတလေ လဲ ကွန်ပျူတာနဲ့ရေးပါတယ် ဒါပေမယ့် လက်နဲ့ရေးရတာ ပိုအားသာတယ် အဲလို အဲလို
ပြီးတော့ တီ က မကောင်းတာတခု က ဟိုတစ ဒီတစ လျောက်ရေးတတ်တာပဲ
အရင်က ရေးထားတာလေးတွေလဲ အဲလိုနဲ့တိုလီမွစလေးတွေ ဖြစ်ပြီးပျောက်ကုန်တာအများကြီး

တအားစိတ်ထဲကနေ ခင်နေတဲ့ မမတွေ ဥပမာ ဦးမွန် မမကွမ် မမသီရိ
ကောင်လေးတွေ သဟသ တို့ ဖျော်မိုး မောင်ငယ် အမြဲစိမ်းဖြိုးတို့ ရှိပါသေးတယ်
မပါလို့ စိတ်ဆိုးကြနဲ့အုံးနော်

ပြီးတော့ ဖြိုးမော်လေးရဲ့မွေးနေ့ မနက်ဖြန်အတွက်လဲ သီချင်းလေးတစ်ပုဒ်တင်ပေးနိုင်ဖို့ကြိုးစားနေတယ်လေနော်

ခုက အရင်တင်ပေးတာ ဖတ်ရအောင်လို့ သမီးလေးတွေ အရင် လေဒီ ဖတ်စ် လေ နော်

တချို့သမီးလေးတွေ ကို တီ က အရင် သူတို့ ပရိုဖိုင်းကြည့်လိုက်ပါတယ်
အဲဒီကနေ ရေးလို့ ရမယ့် ဟာလေးတွေယူရေးတာလေနော်
ပြီးတော့ တီ က တီ့ထက်ငယ်ရင်သမီးပဲခေါ်တတ်တာအကျင့်ဖြစ်နေပြီ
မကြိုက်ရင်လဲ စိတ်ဆိုးကြနဲ့နော်


ချီးကျူးမိသူလေးများ

စာပြင်းပြင်းတွေဖတ်
အတွေးပြင်းပြင်းတွေတွေးတဲ့
အပျင်းစားမိန်းမ “ဒေါ်ရီတာ”

သေသေချာချာလေ့လာ
သေသေချာချာမှတ်သား
သေသေချာချာ ထည့်ကြွားတတ်တဲ့ “သူသူ”

အရွယ်လေး က ငယ်
မငယ်တာက ဇ
ပန်းချီ ကိုဝါသနာပါ “နန်းညီ” ရေ က

မိသားစု အပေါ်တာဝန်ကျေ
သားလိမ္မာလေး
ချစ်စရာကောင်လေးငယ် “ဖိုးစိန်” တဲ့လေး

ကဗျာတွေကောင်း စာတွေကောင်း
အတွေးကောင်းတွေ ကို ကတုံးကြီးနဲ့တွေး
“ကိုရင်” နော် တဲ့လေး



ချစ်ရတဲ့ မီးလေးတွေ

“မာလာ” က ငယ်ငယ်
ပန်းလှလှ မူး
ရေးလိုက်တဲ့စာတွေ ရွရွ
ပန်းလှလှဖူး

မနက်ကိုနာရီနဲ့ ထ
“မေဒီ” တဲ့ဟ
နေတာက ထိုင်ဝမ်မှာ
ကော်ဖီခါး မှ

ရေးတာတော့မဖြစ်ညစ်ကျယ်
“မိုးခါး”တဲ့လား
ကောင်မလေးအကြွားပို မောင့်ကိုချစ်ဆုံး

တွေးမိပါတယ် “မိဘာဘာ”
ရေးမှာက ဘာတွေတုန်း
မင်းကိုလဲတီကခင်တော့
မုန့်ဝယ်လို့ကျွေး

နာမည်လေးက “ဏီဏီ”
တီတီ့တူမ
မေတ္တာသုတ်မှန်မှန်ရွတ်
လိမ္မာ သဟ

လူလေးငယ်ငယ်
ပညာမသေး
ဟင်းချက်ကောင်း “နွေးနေခြည်”
အောင်သွယ်မလေး

စာရေးကောင်းတဲ့ “လွမ်းသုရင်”
မိန်းမစိမ်းလေး
တကယ်တန်း သူမစိမ်း
ဝတ္ထု ထဲလေး

ခံစားတဲ့ လူမလေး
“မေ့သမီးလေး”
တီကလဲချစ်ကာ ခင်တော့
တီ့သမီးလေး

မိုင်ဒီယားလေး “ဒိုင်ယာရီ”
စာမှန်မှန်ရေး
ပြောချင်တာတွေ ရင်ဖွင့်
စာမျက်နှာ လေး

တီချမ်း
ညနေ ၄း၁၀ နာရီ
၃၁ ရက် မတ်လ ၂၀၀၉ ခုနှစ်
ဘန်ကောက်ရုံး။

18 comments:

  1. အင်း Addy ရေးမှပဲ ကိုယ်ဟာကိုယ် "ပြင်း" နေတာလား "ပျင်း" နေတာလား ပြန်စဉ်းစားရဦးမယ်။ သေချာတာကတော့ ဒုတိယတစ်ခုပါ။
    အကြောင်းမသိတဲ့သူတွေကသာ ပထမတစ်ခုလို့ အထင်လွဲနေကြတာ။

    ဒါနဲ့ နေပါဦး။ သေသေချာချာ ကြွားတတ်တဲ့ သူသူ ဆိုတာ "သပသ" ကိုပြောတာလား။ ကောင်းပါပေ့။

    ReplyDelete
  2. အင်းပေါ့..ဖိုးစိန်နာမည်ပါလို့ ... မပါလို့ ကတော့ ချမ်းကို
    ပေါင်ချိန် ခွေးခေါင်ဓားစက်နဲ့ ကိုဖြတ်ပြစ်မယ်..
    ကျေးဇူးတင်ပါတယ်ချမ်းရေ..
    ကျနော့်ကိုအမှတ်တရ ရှိလို့ ပါ..
    ချစ်တဲ့
    ဖိုးစိန်

    ReplyDelete
  3. ခစ်ခစ်.. ချစ်သူများထဲမှာ မီးဏီဏီလဲပါတယ်ပေါ့လေ..
    ကျေးဇူးပါတီတီ.. အာဘွား 100 minus 99 :P
    pyoukkssss :)***

    ReplyDelete
  4. အင် မပါလို့ ဘယ်ဖြစ်မလဲ
    စိန်က ခေါင်းဆောင်မင်းသားပဲဟာ ခိခိ
    ချစ်ပါတယ်ကွယ် တီ ကလဲ
    အမြဲတမ်းစိတ်ထဲရှိ
    အမှတ်တရ ဖြစ်
    အူထဲရှိ အသည်းထဲရှိ ခစ်ခစ်ခစ်

    ReplyDelete
  5. တော်သေးတယ် ဦးမွန် မပါသေးတာ တီနော် တီ့ကို ဦးက ခင်လို့ ဘာညာကွိကွလေး တွေ ပြောထားတာ ထပ်မစပ်နဲ့နော် ချစ်သောတီ က လိမ်မာတယ် လက်ဖက်နှပ်ပေးမယ် တီချမ်းချစ်သူများဆိုလို့ ရန်အောင် ချစ်သူများကို ယူကျူ့မှာ နားထောင်နေတယ်

    ReplyDelete
  6. Addy: ကွိကွိ ဘာအခုမှကြောက်ပါပီလဲ ဦးမွန်နော်


    minsuumon: ဟဲဟဲ


    Addy: ဦးမွန်အကြောင်းတွေ က များနေလို့ ပြောရမှာ ၀တ္ထုရေးနေတယ် ဟိ

    ReplyDelete
  7. တီတီနော် ... တီ့ကို အချစ်ပိုအောင် သိပ်လုပ်တတ်တယ်။
    အမှတ်တရလေး ဖြစ်လို့ ကျေးဇူးပါရှင့်

    ReplyDelete
  8. Hi Aunty Chan @ Aung Myo

    Nice Job, can i share my experiences from here? I have very exotic exp and i hope ur blog will be more popular!

    hehe

    Ur sis from Philippines

    Ricric

    ReplyDelete
  9. ပထမထဲမှာ မပါလို့ စိတ်ကောက်ချင်တယ် နော်..း)
    ချမ်း.. က မမ ရဲ့ စိတ်ကောက်တတ်သူ မဖတ်ရသေးဘူး ထင်တယ်.. :P

    ReplyDelete
  10. အရီးတားကလည်း.. အနော့်နာမည်က ကိုပိုင်ပါ.. သူသူဟုတ်ပါဘူး..
    နော်...
    တီတီနော်

    ReplyDelete
  11. ဟင့် တူများကို။ မဟုတ်တာမပြောလို့ခွင့်လွှတ်လိုက်တယ်။ ကဗျာရေးပေးလို့ ကျေးဇူး။ အာဘွားရှလူးသွားတယ်။ (အကြည်တော်လေသံနှင့်) :P

    ReplyDelete
  12. တီက ကဗျာလေးလဲ တော်တယ်နော်း)

    ReplyDelete
  13. တီချမ်းကိုတော့ ရမ်းရမ်းချစ်တွားဘီ.. :D

    ReplyDelete
  14. ဟေးးးး ... တီချမ်းက ဘာဘာကို တကယ်မုန့်ဝယ်ကျွေးမှာလား ..
    ဟိ..နောက်တာပါ.. ဘာဘာကို မမေ့မလျော့ ထည့်ရေးတဲ့ အတွက် တီချမ်းကို မုန့်ပြန်ဝယ်ကျွေးဦးမှာ.. အကြွေးမှတ်ထားနော် တီ..

    ReplyDelete
  15. တီတီရေ... ချစ်သူများထဲပါခွင့်ရလို့ ကျေးဇူးတစ်သိန်းးးးး ဒါကြောင့် တီက အရမ်းချစ်ဖို့ကောင်းတာ... ခစ်ခစ်ခစ်

    ReplyDelete
  16. ခေါင်းစဉ်လေးစဖတ် ကတည်းက မာလာ ဆိုတာပါလာမယ်လို့ 
    လုံးဝ မထင်မိပါဘူးတီချမ်းရယ်။။။။။။။
    ကျေးဇူးတင်တယ်ဆိုတယ်ဆိုတာလးပဲ ကျေကျေနပ်နပ်ကြီးပြော
    ချင်တယ်။။။။။:)
    အေးချမ်းပါစေလေနော်။။။။။
    တီတီ့ သမီး....:)

    ReplyDelete