Monday, March 2, 2009

ဖက်တီးလေး




ဖက်တီးလေး

ဖက်တီးလေးက ရေကန်လေးဆီကိုသွားတယ်
ရေထဲကသူ့အရိပ်သူမြင်ပြီး
ဘာလုပ်ရမှန်းမသိဘူး
သူကိုယ်သူပြည့်ဝသလိုခံစားရတယ်
ဂုဏ်လဲနည်းနည်းယူမိသလိုပဲတဲ့
ဪ နုနယ်လှတဲ့ မီးတောက်လေးပါပဲ
ဘယ်သူမှ သူနဲ့တူတူမမြင်ယောင်ကြပါဘူး

ဖက်တီးလေးက ဒီလိုနဲ့
သူ့ရဲ့နေ့ရက်တွေကိုဖြတ်ကျော်နေတယ်
ရယ်စရာကောင်းမယ့်ဟာလေးတွေကို
ဘယ်လိုပြောရမလဲစဉ်းစားတယ်
ဥပမာ
“ဒါငါကစားနေကြကစားနည်းပေါ့”
ပြီးတော့
“ငါ့ကိုငါဒီအတိုင်းလေးပဲပိုသဘောကျတယ်”
စသဖြင့်ပေါ့လေ
ဪ နုနယ်လှတဲ့ မီးတောက်လေးရယ်
ဘယ်သူမှ သူနဲ့တူတူလိုက်ပါမခံစားကြချိန်မှာပေါ့

“ရှူး”
အိပ်တော့
ဘာမှမတွေးနဲ့
အစားပဲစား
ဖေ့ဖေ့ရဲ့သားငယ်လေး
မေမေရဲ့ ပျော်ရွှင်မှု နဲ့ ဂုဏ်သိက္ခာလေး
သူတို့တွေကမင်းကို
အရမ်းချစ်တာမင်းသိပါတယ်နော်
မင်းကိုပွေ့ဖက်ထားလို့သာမဟုတ်ဘဲနဲ့လေ

ဖက်တီးလေးကပြောတယ်
“ဒီလိုဆိုရင်မကောင်းဘူးလားဟင်?
တကယ်လို့သာ
ကျွန်တော့်ကိုကျွန်တော်
ရေခဲလိုဖျော်ချလို့ရမယ်ဆိုရင်လေ
ဒါမှမဟုတ်
ကျွန်တော့်အရေပြားကနေပြေးထွက်ပြီး
သန့်စင်တဲ့လေပြေလေးဖြစ်လိုက်မယ်လေ”
ဪ နုနယ်လှတဲ့ မီးတောက်လေးရယ်
တခါတလေ ငါလဲမင်းလိုပဲခံစားရပါတယ်။ ။

A Chen
7:01 am
2nd Mar 2009
Home
Bkk

4 comments:

  1. ကဗျာလေးလာဖတ်ပါတယ်--
    ကောင်းတယ်--
    ပျော်ရွှင်ပါစေ--

    ReplyDelete
  2. ကျေးဇူးပါအစ်မရယ်
    စကားမစပ်
    ကဗျာမဟုတ်ဘူးအဲဒါ
    သီချင်းကိုပြန်လည်ခံစားထားတာပါ
    လာလည်တဲ့အတွက်ကျေးဇူးပါနော်

    ReplyDelete
  3. သိပါဘူးကွယ်---
    တော်တော်ကောင်းတယ်--

    ReplyDelete
  4. ကျေးဇူးပါမသက်ရယ်

    ReplyDelete